ကောရိ န္တု သြဝါဒစာဒုတိယစောင် ၁

၁။ပေါလု၏ အမှုတော်လုပ်ငန်း(အခန်း၁)

(က)နှုတ်ခွန်းဆက်သခြင်း(:)

          : ပေါလုက သူသည် ဘုရားသခင်အလိုတော်အားဖြင့် ယေရူခရစ်တော်၏ တမန်တော်အဖြစ်ခန့်အပ်သောသူဖြစ်ကြောင်းကို သူ့ကိုယ်သူမိတ်ဆက်ထားသည့်ကာလတွင် ကောရိန္သုအသင်းတော်၌ ပေါလုသည် တကယ်တမန်တော်ဟုတ် မဟုတ် အငြင်းပွားနေချိန်ဖြစ်သောကြောင့် ထိုစကားသည် အရေးပါသည်။ပေါလု ၏တမန်တော် ထမ်းဆောင်ခြင်းသည် သူကိုယ်တိုင် ရွေးချယ်ခြင်း မဟုတ်သကဲ့သို့ လူအများ၏ ယုံကြည်လက်ခံလာကြသောကြောင့် ကယ်တင်ခြင်းရရှိကြသည်။ အခက်ခဲမည်မျှလှိုင်းကြီး လေထန်စေကာ မူ ခရစ်တော်ဘုရားကို သိကျွမ်းတွေ့ရှိရသောအခါ တမန်တော်ပေါလု ဝမ်းမမြောက်ဘဲ မနေနိုင်။ကျေးဇူးတော် အဖန်ဖန်ချီးမွမ်းသည်။ ပေါလုနှင့် ရင်းနှီးကျွမ်းဝင်သော လူအုပ်စုဖြစ်သည်။ ထို့ကြောင့် ကောရိန္သုအသင်းတော်သာမက အခါယပြည်တော်သည်များ သို့ သိစေခြင်းဖြစ်သည်။အခါယ ပြည်သည် ဂရိပြည်တောင်ပိုင်း တွင်ရှိသည်။ ယခု ဤစာရေးသော မာကေဒေါပြည်သည် ဂရိပြည်မြောက်ပိုင်းအရပ်တွင် ရှိသည်။

:   တမန်တော် ပေါလုက ယုံကြည်သူညီအစ်ကို မောင်နှမများအား ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းဖြင့်နှုတ်ဆက်သည်။  ပေါလု၏ ဆန္ဒမွန်မှာ ယုံကြည်သူများ ရွှေငွေရတနာ ဖြင့် ကြွယ်ဝချမ်းသာကြရန် မဟုတ်၊ ထိုငွေရွှေများသည် ယိုးယွင်းပျက်စီးတတ်သော လောကအရာများဖြစ်၍ တန်ဖိုးမထား။ မပျက်စီးနိုင်သော ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း ကောင်းကင်ကောင်းကြီးမင်္ဂလာများကိုသာ ပြည့်ဝချမ်းသာစေချင်သည်။ ဆင်းရဲသားလောက အပြစ်သားများအဖို့ အဖိုးအနဂ္ဃထိုက်တန်သော ရတနာများဖြစ်သည်။ Dennyက ကျေးဇူးတော်သည် သတင်းကောင်းစကား၏ အစနှင့် အဆုံ:ဖြစ်သည်။ ငြိမ်သက်ခြင်းသည် ဝိညာဉ်ရေးရာ မင်္ဂလာ၊ ခရစ်တော်၌ ဝိညာဉ်အသက်တာပြည့်စုံခြင်းဖြစ်သည်။” ဟုဆိုသည်။ ဤကောင်းကင်ကောင်းကြီးမင်္ဂလာများသည် ဘုရားသခင်ထံမှ စိမ့်ထွက်၍ ခရစ်တော်ရေကြည် စမ်းချောင်းဖြစ်သည်။ ဘုရားသခင်နှင့် ယေရူခရစ်တော် ကို တခုစီသီးခြားမပြခြင်းမှာ ခမည်းတော်ဘုရားနှင့် ယေရူခရစ်တော်သည် သုံးပါးတစ်ဆူအဝင်များဖြစ်ကြ၍ အတူတူလည်းဖြစ်ကြသည်။

()အမှုတော်၌ဆင်းရဲဒုက္ခရောက်စဉ် ချမ်းသာယာ ရရှိခြင်း(:၁၁)

          : အငယ်၃-၁၁ တွင်အမှုတော်ထမ်းဆောင် နေစဉ် စိတ်ပျက်အားငယ်ဖွယ်ရာ ကြုံတွေ့ သည့်အခါ များ၌ ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် အောင်မြင်ကျော်လွှားပုံ ရေးထားသည်။ ထိုစကားမှာ တိတုယူဆောင်လာသော မင်္ဂလာသတင်း လည်း ပါဝင်မည် သေချာ သည်။ အမှုတော် ဆောင်တဦး အနေနှင့်သူကြဲခဲ့သော  မျိုးစေ့များ အောင်မြင်ဖြစ်ထွန်းမှု သတင်းကောင်းသည် မင်္ဂလာသတင်း မဟုတ်ပါလော။ ကျေးဇူးတော် ချီးမွမ်းခြင်း ဆိုသည်မှာ ဘုရားသခင် ယေရူခရစ်တော်အား ဂုဏ်တော် ချီးမွမ်းခြင်း ဖြစ်သည်။  ကျေးဇူးတော် ချီးမွမ်း ခြင်းသည် ဓမ္မသစ်ကျမ်း၏ ဆောင်ပုဒ်တခု ဖြစ်သည်။ ယခင်ကအာဗြဟံ၏ ဘုရား၊ဣဇာက်၏ ဘုရား၊ယာကုပ်၏ ဘုရားသခင်ဟုခေါ်ဆိုရာမှ ယခုမူ အဘဘုရား၊ယေရူခရစ်တော် ၏ခမည်းတော် ဟု ခေါ်ဝေါ်ခွင့်ရရှိသည်။ ထိုစကားသည် သခင်ယေရူခရစ်၏ လူသားတော်နှင့် ဘုရားဟုဆိုခြင်းမှာ လူသားတော် ယေရူနှင့် ဘုရားသခင်၏ တော်စပ်မှုကို ပြသခြင်းဖြစ်သည်။ ဘုရားသခင်သည် ယေရူခရစ်တော်၏ ဘုရားဖြစ်သကဲ့သို့ ခမည်းတော်လည်းဖြစ်သည်။

: စိတ်ဆင်းရဲသောအခါ ပေါလုနှင့် အတူ ဘုရားသခင်ရှိကြောင်းကို ဆင်ခြင်ခြင်းဖြင့် စိတ်ချမ်းသာယာရရှိသည်။ ဘုရားသခင်၏ ငြိမ်သက် နှစ်သိမ့်မှု ရရှိသည့်အကြောင်း အမျိုးမျိုး ရှိသည်။ ဘုရားသခင်၏ ငြိမ်သက်ခြင်းရရှိသကဲ့သို့ အခြားသူများကိုလည်း နှစ်သိမ့်မှု ပေးချင်သည်။ နှစ်သိမ့်ခြင်း ဆိုသည်မှာ လူမှုရေးတွက် ဝမ်းနည်းပူဆွေးသည့် အချိန်၌ စိတ်ချမ်းသာမှု ရယူခြင်းမျိုး ဖြစ်သည်။ ဓမ္မသစ်ကျမ်းတွင်မူ ထို့ထက် ကျယ်ပြန့်သည်။ ခွန်အားပေးခြင်း၊ ရဲစွမ်း သတ္တိ ရှိစေခြင်း၊ နိုးဆွ လှုံ့ဆော်ခြင်း ဟု အနက်ရသည်။ လက်တွေ့ ကျသောသင်ခန်းစာ ဖြစ်သည်။ အခြားသူများ အားနှစ်သိမ့် သောအခါ ခံစားရသောဝေဒနာ ပျောက်ကင်းစေရုံ သာမက၊ နေ့သစ်၊ နံနက်သစ် ၊မျှော်လင့် ခြင်း အသစ်ပေးနိုင်သည်။ ဂီလာနအိမ်များ၊ ပူဆွေး ဝမ်းနည်းသော မိသားစုများ ကိုလည်း အားပေးနှစ်သိမ့် ရသည်။ မျက်ရည်များကို အပြုံးသို့ ပြုပြင်ပေးသည်။

: အခြားသူများကို နှစ်သိမ့်ရခြင်းမှာ ထိုသူများ ဆင်းရဲ ခြင်းအား ခရစ်တော်ဘုရား ဆင်းရဲခြင်း ကဲ့သို့ မှတ်ယူခြင်းဖြစ်သည်။ ထို ဆင်းရဲခြင်း ဆိုသည်မှာ လူသားများအပြစ်ဖြေဖိုရာ ခရစ်တော်ဘုရား ခံစားသည့် ဆင်းရဲခြင်းမဆိုလို။ ထိုဆင်းရဲခြင်းကား လူသားများ မခံနိုင်ပါ။ သို့သော် ခရစ်တော်၌ ပါဝင်ကြသော ညီအစ်ကို များအတွက် မူ အချင်းချင်း ကိုယ်ချင်းစာ မျှဝေ ခံစား နိုင်ကြပါ။ ဥပမာ အားဖြင့် ငြင်းပယ်ခြင်း၊ မုန်းတီးခြင်း၊ ရှောင်ကြဉ်ခြင်း၊ အဖေါ် အဖက်မလုပ်ခြင်း၊ သစ္စာဖောက်ခြင်း များခံရသည်။ ထိုဆင်းရဲဒုက္ခမျိုးသည် သခင်ယေရူကိုယ်တိုင် ကြုံတွေ့ ခံစားပြီးဖြစ်ပါသည်။ ခရစ်တော်၏ ခန္ဓာကိုယ် အနွယ်ဝင်ဖြစ်သော ယုံကြည်သူများသည်လည်း ထိုဆင်းရဲဒုက္ခမျိုး ခံစားရသောအခါ အထူးအဆန်း မဟုတ်တော့ပါ။ ယုံကြည်သူ များ၏ ဆင်းရဲဒုက္ခ မျိုးသည် သခင်ယေရူကိုယ်တော် ဘုရား၏ ဆင်းရဲဒုက္ခ ရောက်ခြင်းနှင့် တူသည်။ (ဟေရှာ၆၃:၉ ကိုယှဉ်ဖတ်) ။ သို့သော် ထိုသို့ဆင်းရဲဒုက္ခ ရောက်ခြင်းသည် စိတ်ပျက်အားငယ်စရာ မဟုတ်ပါ။ ခရစ်တော် ထံတော်ပါး မှနှစ်သိမ့်ခြင်း ရရှိသကဲ့သို့ အချင်းချင်း လည်း နှစ်သိမ့် အားပေးရသည်။

: တမန်တော်က ဆင်းရဲဒုက္ခရောက်ခြင်း နှင့် နှစ်သိမ့်ခြင်း နှစ်ခုစလုံးသည် ကောင်းသောလက္ခဏာ များဖြစ်သည်ဟုဆိုသည်။ ထိုနှစ်ခုစလုံ:ကို လက်ဝါးကပ်တိုင်၌ စင်ကြယ်သွားပြီ။ ဆင်းရဲဒုက္ခသည် သန့်ရှင်းသူများ အတွက် နှစ်သိမ့်ခြင်းနှင့် ကယ်တင်ခြင်း ရရှိရာဖြစ်သည်။ ဤနေရာ၌ ကယ်တင်ခြင်းသည် ဝိညာဉ်ကယ်တင်ခြင်း မဟုတ်။ စုံစမ်းဆင်းရဲခြင်း ဒုက္ခမှ ကယ်တင်ခြင်း ဖြစ်သည်။ ထို ဆင်းရဲ ဒုက္ခကို အောင်မြင်ကျော်လွှားရန် ဘုရားသခင်က ပေါလုသို့ အားပေးသနား သကဲ့သို့ ပေါလုတို့ ကလည်း ကောရိန္သု သားများအား ကယ်လွှတ်ခြင်း ပေးပါသည်။ Samuel Rutherford က”ဘုရားသခင်၌ ထိုဆင်းရဲ ဒုက္ခကြုံတွေ့ ခြင်းသည် ဘုရားသခင်၏ အကောင်းဆုံးဝိုင် မြည်းစမ်းခြင်း ဖြစ်သည်” ဟုဆိုသည်။ သူသည်လည်း ပေါလု ထံမှ သက်တန့် ရောင်စုံရှာတွေ့ ခြင်းဖြစ်သည်။

တမန်တော်ကြီး ရှင်ပေါလု ဆင်းရဲဒုက္ခ ရောက်သော အခါ ဘုရားသခင်ထံမှ နှစ်သိမ့်အားပေးခြင်း ရရှိသကဲ့ သို့ ကောရိန္သုသားများ ကိုလည်း နှစ်သိမ့်အားပေးသည်။ ထိုကဲ့သို့ မိမိကိုယ်တိုင် ခံစားမှု ကို နားလည်နိုင်သည်။ နားလည်မှ သာလျှင် နှစ်သိမ့်အားပေးစကား ဆိုနိုင်သည်။ သားသမီး ဆုံရှုံးသွားသော မိခင်ကသာလျှင် သားသမီးဆုံးရှုံးသော မိခင်၏ ရင်ကွဲနာကိုမျှဝေ ခံစားနိုင်သည်။ တပါးတည်းသော မိခင်၏ ရင်ကွဲနာကိုမျှဝေ ခံစားနိုင်ပါသည်။ တပါး တည်းသော သားတော်စွန့်လွှတ်ရသည့် ခမည်းတော် ဘုရားကသာလျှင် ကြေကွဲ ဝမ်းနည်းသူများ၏ ဝေဒနာ ကိုဖြေသိမ့်ပေးနိုင်သည်။

: ခရစ်တော်ခံစားရသော ဆင်းရဲဒုက္ခများကို ကောရိန္သု သားများကိုယ်ချင်းစာ မျှဝေခံစားတတ်လောက်ပြီ။ ထို့ကြောင့် ခရစ်တော်၏ နှစ်သိမ့်ခြင်း ကို နားလည်ကြပေမည်။ ခရစ်ယာန် အသက်တာတွင် ဆင်းရဲဒုက္ခချည်းသာလာသည်မဟုတ်။ ဝေဒနာနောက် တွင် နှစ်သိမ့်ခြင်းက အမြဲ လိုက်ပါသည်။ ထိုသို့ ရှေ့နောက်တွဲလျက်ရှိကြောင်းကို ဤကျမ်းပိုဒ် ၃-၇ တွင် သွန်သင်ထား ပါသည်။ အားယူဖတ်ရှု ကြည့်ကြ ပါစို့။

“နှစ်သိမ့်မှု၏ အရှင်၊ကရုဏာတော်နှင့် ပြည့်စုံကြွယ်ဝတော်မူသောအဘ၊ အရှင်ယေရူခရစ် ခမည်းတော်၊ ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော် ကို ငါတို့ ချီးမွမ်းကြပါစို့။ ငါတို့ သည် ဆင်းရဲဒုက္ခ အမျိုးမျိုးခံရ ကြာသောအခါ ကိုယ်တော်သည် ငါတို့အား နှစ်သိမ့်တော်မူ၏ ငါတို့သည်လည်း ဘုရားသခင်ထံတော်မှ ယင်းသို့ ရရှိသည်။ နှစ်သိမ့်မှုပင်လျှင် ဒုက္ခဆင်းရဲအမျိုး မျိုးခံ ရကြသူတို့အား နှစ်သိမ့်စေနိုင်ကြပေသည်။ ငါတို့သည် ခရစ်တော် ခံစားရသော ဆင်းရဲ ဒုက္ခများကို ပါဝင်ခံစားရကြသည့် နည်းတူ၊ ခရစ်တော် အားဖြင့် ဘုရားသခင်ပေးတော်မူသော နှစ်သိမ့်မှုနှင့် ကယ်တင်ခြင်း ရရှိရန် ဖြစ်၏။ ငါတို့ နှစ်သိမ့်မှုရရှိလျက် ငါတို့ခံရသော ဆင်းရဲဒုက္ခမျိုးကို သည်းခံသောစိတ်နှင့် ခံနိုင်သော ခွန်အားရရှိကြ၏။ သို့ဖြစ်၍ သင်တို့အတွက် မယိမ်းမယိုင် သောမျှော်လင့် ချက် ငါတို့၌ ရှိ၏။ သင်တို့သည် ငါတို့ ခံရသည့် ဆင်းရဲဒုက္ခ မျိုးကိုခံ ကြရသည့် နည်းတူ နှစ်သိမ့်မှုကိုလည်း ရရှိကြောင်း ငါတို့ သိကြရ၏”

: ဆင်းရဲဒုက္ခ ခံစားရခြင်းနှင့် နှစ်သိမ့်ခြင်း အကြောင်း ယေဘုယျရှင်းပြပြီး နောက် သေလုမြောပါး လတ်တလော ခံစားခဲ့ရသော စုံစမ်းခြင်းကို ဖောက်သည်ချသည်။ ပေါလုတို့ ကြုံတွေ့ခဲ့ရသည့် အိမ်မက်ဆိုး ကိုကောရိန္သု ညီအကို များ မသိကျိုးနွံ မပြုစေလို သောကြောင့် အမှတ်တရ ပြောပြခြင်း ဖြစ်သည်။ (အာရှပြည် ဟုဆိုရာ တွင် မျက်မှောက်ကာလရှိ အာရှ တိုက်ကို ဆိုလိုသည် မဟုတ်၊ ဥရောပ အနောက်တောင် ပိုင်းအရပ် အာရှမိုင်း နားဒေသကို ဆိုလိုသည်)။ ထိုအရပ်တွင် မည်သည့်ဘေးအန္တရာယ် ကြုံတွေ့ ခဲ့ကြသနည်း။ ဧဖက်မြို့တွင် အသက်ဘေးအန္တရာယ် ကြုံတွေ့ခဲ့ ရသည့် ရုန်းရင်းဆန်ခတ်မှု ဖြစ်နိုင်သည်။ (တ၁၉:၁၂၃-၄၁)။ အချို့က သေဇောငင်သည့်တိုင်အောင် ဖျားနာခြင်း ဟုဆိုသည်။ အချို့ ကနှလုံးကြွေပြုန်းမတတ် ခံစားရသည့် ကောရိန္သု အသင်းတော်၏ အမင်္ဂလာ သတင်း ဖြစ်သည် ဟုဆိုကြသည်။ သို့သော် ကံအားလျော်စွာ နှင့် ထိုမကြားလို၊ မနာလိုသော သတင်းဆိုးကို စာမျက်နှာပေါ်တွင် မတွေ့ရှိရပါ။

မည်သို့ဖြစ်စေ၊မျက်လုံး မျက်ဆန်ပြူး ထွက်အောင် နဖူးတွေ့၊ ဒူးတွေ့ ကြုံတွေ့ ခံစားခဲ့ရသည့် ပေါလု၏ ကံကြမ္မာမျိုး တော်ရုံတန်ရုံလူသားများ မခံစားနိုင်ကြသည်မှာ သေချာသည်။ ဘုရားသခင် ပါရှိခြင်းဖြင့်ခံစား နှစ်သိမ့်နိုင် ခြင်းဖြစ်သည်။

ထို့အကြောင်းကို ဖိလစ်က”ထိုအချိန်ကာလတွင် ငါတို့ သည် လုံ:ဝဥဿုံ ချေမုန်း ခြင်းခံရသည်။ ဝန်ထုတ်ဝန်ပိုးကို တွန်းလှန်ခံယူနိုင်ခြင်း မရှိတော့ပါ။ ထိုအချိန်သည် ဘဝနောက်ဆုံ: စက္ကန့်ပိုင်းဟု ခံယူခဲ့ကြသည်” ဟု ပြန်လည် ဖောက်သည်ချခဲ့သည်။

          : လူများသည် သေမိန့် ချမှတ်ခံရသူများ ပမာခံယူထား ကြပါသည်။ ထိုသို့ ခံယူစေခြင်း မှာ မိမိ ကိုယ်ကို ယုံကြည်အား ထားဖွယ်ရာ မရှိတော့ကြောင်း ၊ မိမိထက် အစွမ်းရှိသူ လိုအပ်ကြောင်း ၊ မိမိ ကိုယ်ကို ကယ်တင်နိုင်သူ မှာ ဘုရားသခင်သာဖြစ်ကြောင်း သိရှိနိုင်ဖို့ အကြံတော် ဖြစ်သည်။ သေ ခြင်းမှ ထမြောက်တော် မူသော အရှင်သခင် သည် နေရာတိုင်းမှာ ဘုရားသခင် တတ်စွမ်းနိုင်သည်။ ထိုရှင်သခင်ကို ယုံကြည် ကိုးစားလျှင် သေခြင်းသည် ကြောက်စရာ မဟုတ်။ မျှော်လင့် ချက်ရှိ သေးသည်။

:၁၀ KJV ကျမ်းမူတွင် ပေါလု၏ ကယ်နှုတ်ခြင်း စကားလုံးကို အတိတ်၊ပစ္စုပ္ပန်၊ အနာဂတ်ကာလ သုံးပါးပြ စကားလုံ:ဖြင့် ရှင်းပြထားသည်။ ဧဖက်မြို့ အဓိကဂိုဏ်းသည် အတိတ်ကာလ လွတ်မြောက်ခြင်း အရှင်သခင်သည် နေ့ရက်စဉ်ဆက်တိုင်းလည်း လွတ်ခြင်းချမ်း သာပေးသည်။ ဤဆင်းရဲဒုက္ခလူ့ လောကမှ ဘုရားသခင်ထံတော်သို့ နောက်ဆုံး ရောက်ရှိသည့် တိုင် အောင် လည်း ကွယ်ကာစောင်မဦးမည်။

:၁၁ နှလုံ:ကြွေပြုန်း မတတ် စိတ်နာကြဉ်းချိန် တွင်ကောရိန္သု ယုံကြည်သူများ ဆုတောင်းပေးနေသည် ဟုယုံကြည်သည်။ အချို့ ယုံကြည်သူများက ပေါလု အား မေးခွန်းထုတ်ခြင်းဖြင့် အကျဉ်းအကြပ် ရောက်စေသည်။ မည်သို့ပင် ဖြစ်စေ သံသယရှိသူများအား စိတ်ချမ်းသာမှု ရရှိသည်မှာ သေချာသည်။ ဆုလက်ဆောင် အများအပြားပေးသည် ဆိုသည်မှာ ယုံကြည်သူအများ အပြား၏ ဆုတောင်းပေးခြင်းကို ဆိုလိုသည်။ သန့်ရှင်းသူများ၏ ဆုတောင်းပေးခြင်းကို ဆိုလိုသည်။ သန့်ရှင်းသူများ၏ ဆုတောင်းပေးချက်ကြောင့် စိတ်ဆင်းရဲခြင်းမှ ချမ်းသာခြင်းရရှိမည်။ သန့် ရှင်းသူများ ၏ ဆုတောင်းသံ အဖြေစကားကြားရသည် ဟုဆိုခြင်းဖြစ် သည်။

()ပေါလု စီမံချက် ပြောင်းလဲခြင်း(:၁၂:၁၇)

          :၁၂ ယုံကြည်သူများ၏ ဆုတောင်းချက်အား တည်မှီခြင်းသည် ထိုသန့်ရှင်းသူများနှင့် ရှေ့လျှောက်လက်တွဲ ရမည့်အကြောင်းဖြစ်သည်။ ထိုသို့ ဆုတောင်းပေးချက်များအပေါ် ပေါလု ဂုဏ်ယူသည်။ ဘုရား သခင်ထံတော်ပါးမှ ကျေးဇူးတော်ဖြင့် ခံစားရသော ပွင့်လင်းခြင်းနှင့် သဘောရိုးဖြူစင်ခြင်း ဖြစ်သည်ဟု ဆိုသည်။ လူ့နည်းလူ့ဟန်ကို အားမကိုးပါ။ အမှုအရာခပ်သိမ်းကို ဘုရားသခင်လက်ထဲသို့ အပ်နှံ ထား သည်။ ကျေးဇူးတော်ကိုသာ ရေတွက်သည်။ ထိုသို့ ပြုမှုခြင်းသည် ကောရိန္သုယုံကြည်သူများအတွက် ဖြစ်သည်။

:၁၃ ကောရိန္သုသား များအပေါ် တွင် ထားရှိသောခံယူချက်သဘောထားကို ဤစာစောင်တွင်အသေးစိတ် ဖေါ်ပြထားသည်။ ပြတ်ပြတ်သားသား ရှိစေချင်သည်။ ဆိုလိုသည်မှာ ဘဝသက်တာ ဆုံ:ခန်းတိုင်အောင် ယုံကြည်ခြင်း မြဲမြံစေချင် သည်။ နားလည်နိုင်အောင်လည်း ရေးသားထားပါ သည်ဟုဆိုသည်။

:၁၄ ကောရိန္သု အသင်းသားတချို့တဝက်က သာပေါလုကို သိရှိနားလည်ကြသည်။ ပေါလုနှင့် ထိုယုံကြည်သူများ အကြား သိရှိနားလည်းခြင်းသည် သခင်ဘုရားနေ့၌ အပြန်အလှန်ဂုဏ်ယူခြင်းနှင့် ဝမ်းမြောက်ခြင်း အကြောင်းဖြစ်သည်။ သခင်ဘုရားနေ့ ဆိုသည်မှာ ခရစ်တော်ဘုရားပလ္လင်ပေါ် စိုးစံ၍ မိမိတို့ လုပ်ဆောင် ကြသည့်အတိုင်း ဆုလက်ဆောင်ပေးမည့် အခမ်းအနား ဖြစ်သည်။ ထိုနေ့ရက်တွင် ပေါလုဟောကြားခြင်းဖြင့် ကယ်တင်ခြင်း ရရှိသူများ၏ မျက်နှာကို မြင်ယောင်သည်။ ထိုသူများ အား ခရစ်တော်ထံ သို့ပို့ဆောင်နိုင်သောကြောင့် ပေါလု၏ ဂုဏ်ယူစရာ များဖြစ်သည်။

:၁၅ ထိုသို့ စိတ်ချရခြင်း ဆိုသည်မှာ ကောရိန္သု သားများက ပေါလုအား ယေရူခရစ်တော်၏ တမန်တော် အစစ်အမှန် ဖြစ်ကြောင်းကို အသိမှတ်ပြုခြင်းဖြစ်သည်။ ထိုသို့ ယုံကြည်စိတ်ချ ကြသည့်အတိုင်း ပေါလု လည်း ထိုသူများထံ လည်ပတ်ချင်သည်။ မာကေဒေါနိသို့ မသွားမီ ဦးစွာသွားရောက် မိတ်ဖွဲ့ ချင်သည်။ မာကေဒေါနိမှ အပြန်တွင်လည်း တဖန်တရင်းတနှီး ဆက်ဆံ ချင် သေးသည်။ နှစ်ကြိမ်နှစ်ခါ တွေ့ဆုံ လိုခြင်းဖြစ်သည် နှစ်ထပ်ကွမ်းကောင်းကြီး မင်္ဂလာခံစားကြစေလိုခြင်း ဖြစ်သည်။

:၁၆ ဒုတိယအကျိုးအာနိသင်ကို ငယ်(၁၆) တွင်တွေ့ရသည်။ ဧဖက်မှ အခါယပြည်ကို ဖြတ်၍ ကောရိန္သု များသို့ သွားမည်။ ထိုမှတဆင့် မာကေဒေါနိသို့ ဆက်မသွားမီ ကောရိန္သု တွင် သီတင်းသုံ:မည်။ ကောရိန္သုများထံမှ အကူအညီ ဆိုသည်မှာ ငွေကြေးအလှူမဟုတ်၊ ဧည့်ဝတ် ကျေပွန်ခြင်းသာဖြစ်သည်။ ထိုသူများထံမှ အလှူငွေ မမျှော်လင့် ကြောင်းကို(၁၁:၇-၁၀) တွင်တွေ့ ရသည်။

:၁၇ ပေါလု၏ မူလအစီအစဉ်မှာ ဖြတ်သန်း သွားလာဖို့ မဟုတ်၊ ဧဖက်မှ တရောမြို့၊တရောမှ တိတုနှင့် မတွေ့လျှင် မာကေဒေါနိ သို့ တောက်လျှောက်သွားဖို့ ဖြစ်သည်။ ကောရိန္သု စာရင်းထည့်မတွက်ပါ။ ထို့ကြောင့် “ယင်းသို့ ကြံစည်ခြင်းမှာ ငါတွင်စိတ်နှစ်ခွ ဖြစ်နေသည် ဟုဆိုခြင်းဖြစ်သည်။ ထို့ကြောင့် လည်း ယခုစာကလေး ကြော်၊ ယခု ဆီထမင်း ဖြစ်နေသော ပေါလုကို တမန်တော်အစစ်အမှန်ဟုတ်ကြရဲ့လားဟု သံသယရှိကြခြင်းဖြစ်သည်။ထို့သို သံသယရှိကြခြင်းကို ပေါလုက ပြန်လည်စိမ်ခေါ် လိုက်သည်။ ထိုသို့ ပြောင်းလွယ်ပြင်လွယ်ဖြစ်ခြင်း သည် ငါ့ တကိုယ်ကောင်းကျိုး အတွက် တွေ့ကြပါ သလား။ဟင်း ဖတ်ကြီးရာ မျက်နှာလိုက်ခြင်း တွေ့ကြပါသလား ဟုစိမ်ခေါ် မေးမြန်းလိုက်သည်။ ထိုအကြောင်းကို ဖိလစ်က”ထို့သို အစီအစဉ် ပြောင်းလဲကြခြင်းမှာ စကားမတည်ခြင်း မဟုတ်ပါ။ ပုံမှန်အလုပ်နှင့် အရေးပေါ် အလုပ် ခွဲခြားခြင်းဖြစ်သည်ဟု ရှင်းပြထား သည်။

          :၁၈ ထိုခရီးစဉ်နှင့် ပတ်သက်ပြီး သူ၏ တရားဒေသနာကိုလည်း ပြင်ဆင်လိုက်သည်။ ခရီးစဉ်ပြောင်းလိုက်ခြင်း ကြောင့် စကားတည်သူမဟုတ်၊ လျှာနှစ်ခွရှိ သူဟုထင်မှတ်ကြလျှင် ပေါလု၏ တရားဒေသနာ များ သည်လည်း သမ္မာတရားဖြစ်သည် ဟုခံယူနိုင်ကြ မည် လားဟု ပြန်ထည့် လိုက်သည်။

          :၁၉ ပေါလုက”သူ့ လုပ်ဆောင် ချက်များသည် ယခုတမျိုး၊ တော်ကြာတမျိုး ပြောင်းတတ်သောအရာ မဟုတ်။ သခင်ဘုရား၏ သွန်သင်တော်မူချက်သည် ပရမတ္တသစ္စာတရား ဖြစ်၍ ထိုတရားကိုပင် သင်တို့အား ဟောပြောသည်” ဟုရှင်းပြသည်။ သိလွှာနု၊ တိမောသေ တို့နှင့်အတူ ပထမအကြိမ် လာရောက်ဟောပြောစဉ် (တ၁၈:၅) တရားဒေသနာများသည် ဘုရားသားတော်အကြောင်းဖြစ်၍ ခိုင်မာမှန်ကန် သည်ဟု ဆိုသည်။ ဘုရားသခင်၏ ဝိညာဉ်တော်မပါ ဘဲနှင့် မည်သူမှ ယေရူခရစ်၊ ဘုရားသားတော် အကြောင်း ဟောပြောနိုင်သည်မဟုတ်။ Denney က”ဤကျမ်းပိုဒ်မှ ပေါလု စကားသည် လေလုံးကြီးသည်၊ သို့သော်လည်း မည်သူမှ လုပ်ကြံမပြောရဲသော စကားဖြစ်သည်” ဟုဆိုသည်။ ဘုရားသခင်၏ အမှုတော်ဆောင်က တရားစကား မပြောဘဲ၊ မိမိတထွာတမိုက်ဉာဏ်နှင့် ပြောဝံ့ပါ့မည်လား။

          :၂၀ ဘုရားသခင်၏ ကတိတော်မြတ်ဟူသမျှ သည် ယေရူခရစ်တော်ထဲ၌ တည်ရှိသည်။ထို့ကြောင့် ခရစ်တော်ကို ယုံကြည်သူဟူသမျှသည် ကတိတော်နှင့် ပြည့်စုံကြ၏။ အာမင်။

          သမ္မာကျမ်းစာအုပ်ကို စာမျက်နှာဖွင့် လိုက်လျှင် ဘုရားသခင်ထံတော်ပါးမှ ကတိတော်တခုတွေ့ ရသည်။ ခရစ်တော်၌ အရာခပ်သိမ်းထည့်ပေးလိုက် ပြီဟုဆိုသည်။ ခရစ်တော် ကိုသာ ယုံကြည်ပါ။ “အာမင်” ခေါ်ပါ ဟုဆိုသည်။ ထို့ကြောင့် ယေရူခရစ်တော်နှင့်သာ စကားပြောရသည်။ ကတိတော်မြတ် ဟူသမျှကို ယေရူခရစ်တော်၌ ပါရှိသည်။ ထို့ကြောင့် “မှန်ပါသည် သခင်ဘုရား၊ သခင့်ကို ယုံကြည် ပါသည်” ဟုသာ အာမဘန္ဒေ ဆိုရသည်။

အရာခပ်သိမ်း ဆိုသည်မှာ ဘုရားသခင်၏ ဘုန်းတန်ခိုးအာနဘော် ဖြစ်သည်။ Denney က”လူ့ဝိညာဉ်နှင့် ဆက်ဆံသောအခါ လူ့ဝိညာဉ်အား ထွန်းလင်းစေ ပြီး ၊ဘုန်းအသေရေ ထွန်းတောက်စေသည်။ ထို့နောက် သားတော်ထံ၌ စိတ်ချစွာ အပ်နှံထားသည်” ဟုဆိုသည်။

ငါတို့အားဖြင့် ဆိုခြင်းမှာပေါလု ၊သိလွှာနဒ၊ တိမောသေ တို့၏ သွန်သင်ခြင်းဖြင့် ဘုရားသခင်၏ ကတိတော်ယေရူခရစ်နှင့် သိကျွမ်းခြင်း ဖြစ်သည်။ အကယ်၍ ပေါလု သည် လိမ်ညာ လှည့်စားသူမှန်လျှင် သူ့ရန်သူများ ၏ စွပ်စွဲချက်များကို မည်သို့ တုံပြန်ရဲမည်နည်း ၊ပတ္တမြား မှန်လျှင် နွံနစ်ပေမယ့် တောက်ပသည်။

:၂၁ ပေါလုက  တမန်တော်များနှင့် ကောရိန္သု သားများသည် ဘဝတူများ ဖြစ်သည် ဟုဆိုသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့် တမန်တော်များ သည် ခရစ်တော်ကို ယုံကြည်စေ၍ ထိုနည်းတူကောရိန္သုသားများ ကလည်း ယုံကြည်ကိုးစားကြသည်။ ဘုရားသခင်၏ ဝိညာဉ်တော်ဖြင့် ဘိသိတ်ပေးထားသူများ ဖြစ်သည်ဟု ဆိုသည်။

:၂၂ ထို့အပြင် ဘုရားသခင်က စိတ်နှလုံးထဲ သို့ သန့်ရှင်းသောဝိညာဉ်တော် အပ်နှင်း၍ တံဆိပ်ခတ်နှိပ်ထား သည်ဟုဆိုသည်။ ဤနေရာတွင် သန့်ရှင်းသောဝိညာဉ်တော်အပ်နှင်း ထားသည်ဟုဆိုသည်။ ဤနေရာတွင် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပတ်သက်၍ (၂) ချက်ရှိသည်။ တံဆိပ်ခတ်နှိပ်ခြင်း ဆိုသည်မှာ မူပိုင်ရှိကြောင်းနှင့် လုံခြုံမှု စိတ်ချရကြောင်း အသိမှတ်ပြုခြင်းဖြစ်သည်။ ထိုတံဆိပ်သည် လူ့မျက်စိဖြင့် မြင်နိုင်သည်မဟုတ်။ ခရစ်ယာန်များ သည် လည်း တံဆိပ်သင်္ကေတ တပ်ဆင်ထားသော အဝတ်အစား ဝတ်ဆင်မှ ယုံကြည်သူခရစ်ယာန် ဖြစ်ရသည် မဟုတ်။ ဝိညာဉ်အသက်တာရှိခြင်းဖြင့်သာ သိမှတ်ခြင်းဖြစ်သည်။ ထိုကဲ့သို့ပင်  ဘုရားသခင်သည် စိတ်နှလုံ:ထဲ တွင် ဝိညာဉ် တော်ပေးအပ်ခြင်းဖြင့် တံဆိပ်ခတ်နှိပ် ထားပါသည်။ ထိုဝိညာဉ်တော် ခံစားခြင်းသည်  ဘုရားသခင်၏ကောင်းကင်အမွေတော်ရခြင်း ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော် ကောင်းကြီးမင်္ဂလာ သည် မျက်မှောက်ဘဝအတွက်သာမက အနာဂတ်တွင်လည်း ရှိမြဲ ရှိနေသည်။

:၂၃ ကောရိန္သု သို့မလာဖြစ်သောကြောင့် ဝေဖန်ရှုတ်ချသူများကို (၁:၂၃မှ၂:၄) တွင် အကျိုးအကြောင်း ပြန်လည်ရှင်းပြထားသည်။ ပေါလု၏ အတွင်းရေးကိစ္စကို မည်သူမှ မသိနိုင်ပါ။ အကယ်၍ မူလစီစဉ်သည့် အတိုင်း ကောရိန္သု သို့သွားဖြစ်ခဲ့လျှင် ယခုကဲ့သို့ ဘုရားသခင်၏ သက်သေခံနိုင်မည်မဟုတ်။ သန့်ရှင်းသူ တယောက်ချင်းအား အပြစ်တင်စကား ပြောမိပေမည်။အသင်းတော်တွင် ယဉ်ကျေး သိမ်မွေ့ခြင်းမရှိ၊ နမော်နမဲ့နေပုံ များကို စိတ်မကောင်းစွာတွေ့ရမည်။ မျက်စိထဲတွင် ထော်လော်ကန့်လန့်တွေ့ရမည်။ အပြစ်ပြောဖွယ်ရာနှင့် စိတ်မကောင်းစရာဖြစ်ခဲ့မည်။ ထို့ကြောင့် မလာဖြစ်ခြင်းသည် ဘုရားသခင် ပြင်ဆင်ခြင်းဖြစ်သည် ဟု ခံယူသည်။

          :၂၄ သို့သော် အသင်းတော်အား ပေါလု၏သွန်သင်ချက်ကို အတင်းအဓမ္မယုံကြည်ခိုင်းခြင်း မဟုတ်။ မည့်သည် အရာ ယုံကြည်ရမည် ဟု အမိန့်မပေး။ သင်တို ရွှင်လန်းဝမ်းမြောက်မှု အတွက် သင်တို့နှင့် အတူ လုပ်ဆောင်နေခြင်းသာ ဖြစ်၏ ဟုဆိုသည်။ အာဏာရှင် ဆန်ဆန် ယုံကြည်ခိုင်းသည် ဟု မထင်မှတ်စေလို။ ကောရိန္သု သားများ ပျော်ရွှင်သော အသက်တာရရှိရေးအတွက် ပေါလုတို့အဖွဲ့က ကူညီပံ့ပိုး ခြင်းဖြစ်သည်။

ကျမ်းပိုဒ်အဆုံးပိုင်းတွင် ယုံကြည်ခြင်း ခိုင်မာသည့် ကြောင်း ရေးထားသည်။ ထိုစကားမှာ ကောရိန္သုသားများ၏ ယုံကြည်ခြင်းသည် ပြုပြင်ပေးစရာမလိုအောင် မှန်ကန်လုံလောက်သည်ဟု ဆိုလိုသည်။ ယုံကြည်ခြင်းတည့်မတ်ပေးစရာ မလိုသော်လည်း  လက်တွေ့ အသက်တာကိုမူ ပဲ့ပြင်တည့်မတ်ပေးရန်လိုသည်။

Previous Article
Next Article