တိတုသြဝါဒစာ ၂

၄။ ဝတ်ပြုအစည်းအဝေးအား လှုံ့ဆော်ခြင်း (:၁၅)

          : မိစ္ဆာဆရာများသည် အသက်တာတစ်ခုလုံး အသရေပျက်သူများဖြစ်သည်။ အပြုအမူအားဖြင့် သမ္မာတရားကို ယုံကြည်ခြင်းမရှိ၊ ငြင်းပယ်သူများဖြစ်သည်။ ထိုမုသာ လိမ်ညာမှု၏ လုပ်စားမှုကို မည်သို့ တိုင်းတာသိရှိနိုင်မည်နည်း။ တိတု၏ ရည်မှန်းချက်မှာ ထိုသူများအား ခိုင်မာသော သမ္မာတရား သွန်သင်ဖို့ ဖြစ်သည်။ ဘုရားသခင်၏ လူများ အပြောနှင့်အလုပ် ကိုက်ညီအောင် သင်ကြရမည်။  ထိုအချက်သည် ဤဩဝါဒစာ၏ အဓိကသော့ချက်ဖြစ်သည်။ ခိုင်ခံ့သောအယူဝါဒသည် ကောင်းသော အသီးသီးသည်။ နောက်ကျမ်းပိုဒ်များတွင် ကောင်းသောအကျင့်အကြောင်းကို ဆက်လက်ဖော်ပြပါမည်။

: ဦးစွာ အသက်ကြီးသူများအကြောင်း ပြောပါမည်။ အသက်ကြီးသူများသည် အတွေ့အကြုံရင့်ကျက်သူများ ဖြစ်သည်။ စိတ်ရှည်သည်းခံနိုင်ကြသည်။ နေရာတကာတွင် ဂရုတစိုက် လုပ်တတ်သူများဖြစ်သည်။ ဣန္ဒြေသိက္ခာရှိ၍ တည်ကြည် ဖြောင့်မတ်သူများဖြစ်သည်။ ကြင်နာတတ်သူများဖြစ်သည်။ စိတ်ပျက်အားငယ်ခြင်းမရှိကြ။ အသက်ကြီးသူများသည် အမျက်ဒေါသမထွက်တတ်။ ချင့်ချင့်ချိန်ချိန် ပြုတတ်ကြသည်။ ယုံကြည်ခြင်းခိုင်မြဲသည်။ အချို့သူများအတွက် အသက်အရွယ်ကြီးခြင်းသည် ခါးသီးခြင်း၊ အနာအဆာများခြင်း၊ အကြင်နာမဲ့ခြင်းဖြစ်သော်လည်း ယုံကြည်ခြင်း ခိုင်မာသော မိဘများအတွက်မူ ကျေးဇူးတော်ချီးမွမ်းခြင်း၊ အပေါင်းအသင်းများခြင်းနှင့် အမြော်အမြင်ကောင်းများ ရရှိစေသည်။ ချစ်ခြင်း မေတ္တာကြီးမားသည်။ ချစ်ခြင်းမေတ္တာသည် အတ္တကိုဗဟိုပြုတတ်သည်။ တပါးသူများကိုသာ ပေးဆပ်လေ့ရှိသည်။ စိတ်ရှည်သည်းခံတတ်သည်။ အသက်အရွယ်ကြီးခြင်းက မသေချာခြင်းနှင့် အစွမ်းအစလျော့နည်းခြင်း ဖြစ်စေသည်။ သို့သော် သည်းခံလျှင် ခံနိုင်ရည်ရှိစေသည်။

: အသက်ကြီးသောမိန်းမသည်လည်း အပြုအမူတွင်လေးစားရိုသေထိုက်သူဖြစ်သည်။ မကောင်းသောအကြံဉာဏ်၊ အကျင့်ဓလေ့များမှ ကင်းလွတ်စေသည်။ ဂုဏ်သိက္ခာညှိုးနွမ်းခြင်းမရှိ။ ဤကျမ်းပိုဒ်တွင် ဂရိဝေါဟာရ “diabolos” မကောင်းဆိုးဝါးဟု သုံးထားသည်။ ညစ်နွမ်းသောအတင်းအဖျင်း စကားကို ဆိုလိုသည်။ အရက်၏ ကျေးကျွန်မခံ။ အစားအသောက် အဖျော်ယမကာနှင့် မူယစ်ဆေးဝါး၏ တမည့်ကျေးကျွန်မလုပ်။ ကျောင်းကန်ဘုရားတွင် လူအများအား သွန်သင်ဩဝါဒပြုခွင့် မရှိသော်လည်း မိသားစုအတွင်းတွင် သွန်သင်ရန်တာဝန်ရှိသည်။ သူ၏ အမှုတော်လုပ်ငန်းဆက်ကပ်မှုကို မည်သည့် ပေတံဖြင့် တိုင်းတာမည်နည်း။

ငယ်ရွယ်နုပျိုသော မိန်းကလေးသည် ခင်ပွန်းထံမှ ချစ်ခြင်းမေတ္တာသင်ယူရသည်။ အလုပ်သွားခါနီးတွင် နှုတ်ဆက်အနမ်းပေးခြင်းအပါအဝင် ချစ်ဖွယ်သော မယားဝတ်ပြုရသည်။ အိမ်ထောင်ဦးစီး၏ ဆုံးဖြတ်ချက်ကို နာခံခြင်းဖြင့် အိမ်ဦးနတ်အရာထားရသည်။ ခင်ပွန်းသည်၏ ဝတ်စားဆင်ယင်မှုကို ဂရုစိုက်ပေးရသည်။ ချိုသာစွာ ပြောဆိုဆက်ဆံရသည်။ အလိုလိုက်ရသည်။ ဆက်ဆံရေးအမြဲ ပြေလည်စေရသည်။ လူများရှေ့တွင် ခင်ပွန်းသည်အား ကတောက်ကဆ ပြောခြင်းမပြုရ။ ပါရမီဖြည့်ပေးရသည်။

သားသမီးများကိုလည်း မေတ္တာတရားသွန်သင်ရသည်။ အတူတကွ စာဖတ်ခြင်း၊ ဆုတောင်းခြင်းပြုရသည်။ ကျောင်းမှပြန်လာသည်ဖြစ်စေ၊ အပြင်မှပြန်လာသည်ဖြစ်စေ စည်းကမ်းတကျ ရှိစေရသည်။ လောကအရာထက် အမှုတော်တွင် မွေ့လျော်ရန် ထိန်းကျောင်းပေးရသည်။

: အမျိုးသမီးငယ်များသည် ဣန္ဒြေစောင့်ထိန်းတတ်အောင် သင်ရသည်။ ဆိုလိုသည်မှာ ယုံကြည်သူ ပီပီ သင့်တင့်လျောက်ပတ်စွာ ပေါင်းသင်းဆက်ဆံတတ်ရမည်။ အစွန်းနှစ်ဖက်ကို ရှောင်ရမည်။ ခင်ပွန်းသည် အပေါ်တွင် သစ္စာရှိရမည်။ ခင်ပွန်းသည်၏သွန်သင်မှုကို နာခံရမည်။ မစင်ကြယ်သော အပြောအဆို၊ အပြုအမူရှောင်ကြဉ်ရမည်။ အိမ်ရှင်မကောင်း ပီသရမည်။ ဗိုင်းကောင်းကျောက်ပိ နေရသည်။ ထိုသို့မယားဝတ်ကျေပြွန်ခြင်းသည် အလိုတော်နှင့်ညီသော မင်္ဂလာတရားဟု ခံယူရမည်။ အသက်ကြီးသော မိန်းမသည် အိမ်ထောင်ရှင်မ၊ အိမ်သားများ၏ မိခင်ဖြစ်ရုံသာမက ဘုန်းတော်ထင်ရှားစေသူ ဖြစ်အောင် ကြိုးပမ်းရမည်။ ငယ်ရွယ်သော အမျိုးသမီးသည် အခြားသူများ ကောင်းကျိုးပြုအောင်၊ ကောင်းမှုကုသိုလ်၊ ဧည့်ဝတ်၊ စေတနာသဒ္ဒါတရား သင်ယူလေ့ကျက်ရမည်။ ခင်ပွန်းသည်၏ အုပ်စိုးမှုကို နာခံရမည်။ အကယ်၍ ထိုအမျိုးသမီးသည် ခင်ပွန်းသည်ထက် ဝိညာဉ်ဆုလက်ဆောင် ပိုမိုရရှိထားပါက ခင်ပွန်းသည်အား ပါရမီဖြည့်ပေးရမည်။ အိမ်ထောင်မိသားစုတွင် ဖြစ်စေ၊ အသင်းတော်တွင်ဖြစ်စေ တက်ကြွစွာပါဝင်ရမည်။ စုံစမ်းနှောင့်ယှက်ခြင်းခံရလျှင် ဝမ်းနည်းမည့်အစား ကျေးဇူးတော်ချီးမွမ်းနိုင်ရမည်။ ပြုသမျှသည် အပြစ်တင်စရာ မရှိစေရ နှုတ်ကပတ်တော်အတိုင်း လိုက်လျှောက်ခြင်းဖြစ်ရမည်။

: ပေါလုသည် တိတုအား အမျိုးသမီးငယ်များ သွန်သင်ရန် မတိုက်တွန်း၊ အမျိုးသမီးငယ်များအား သွန်သင်ခြင်းသည် အသက်ကြီးသော မိန်းမများ၏ ဝတ္တရားဖြစ်သည်။ သို့သော် တိတုက ငယ်ရွယ်သော အမျိုးသားများကို နူးညံ့ယဉ်ကျေးဖို့၊ စိတ်ရှည်သည်းခံဖို့ သွန်သင်သည်။ ငယ်ရွယ်နုပျိုသော ကာလသည် စိတ်အား ထက်သန်ခြင်းအရွယ်၊ လုံ့လဝိရိယကောင်းသောအချိန်၊ အားကြိုးမာန်တက် လုပ်ဆောင်လိုသောကာလ ဖြစ်သည်။ နေရာဌာနတိုင်းမှာ ဖြစ်ချင်သည်နှင့် ဖြစ်ထိုက်သည်အား ချင့်ချိန်တတ်ကြရသည်။

: တိတုသို့ အထူးအကြံပြုထားပါသည်။ အမှုတော်ဆောင်ရာတွင် အရာရာ၌ ကောင်းသော အကျင့်ပုံသက်သေပြစချေင်သည်။ အယူဝါဒနှင့်အကျင့်လက္ခဏာရှေ့သွားနောက်ညီ ဖြစ်စေချင်သည်။ သွန်သင်ချက်များသည် တည်ကြည်ခြင်း၊ စင်ကြယ်ခြင်း၊ အပြစ်တင်မှုကင်းရှင်းခြင်း ရှိရသည်။ တည်ကြည်ခြင်း ဆိုသည်မှာ ယုံကြည်သူအားလုံး သန့်ရှင်းသူဖြစ်စေရမည်။ စင်ကြယ်ခြင်းဆိုသည်မှာ ဂုဏ်သိက္ခာမြင့်မြတ်၍ လေးနက်ရမည်။ အပြစ်တင်မှုကင်းရမည် ဆိုသည်မှာ သမ္မာတရားမှ သွေဖီခြင်းမရှိရဟု ဆိုလိုခြင်းဖြစ်သည်။

: စင်ကြယ်သောတရားသည် အပြစ်တင်ခွင့် ကင်းရှင်းသည်။ အစွန်းတရားရောက်ခြင်း၊ အစွဲအလန်းကြီးခြင်း၊ ရိုင်းစိုင်းခြင်း၊ လုပ်ဇာတ်မရှိစေရ။ ထိုအနာအဆာများနှင့် ကင်းလွတ်သော ဒေသနာသည် စင်ကြယ်၍ ကဲ့ရဲ့စရာမရှိ။ အပြစ်တင်စရာ ရှာကြံမတွေ့လျှင် အပြစ်ရှာသူသာ အရှက်ပြန်ရသည်။ ဖြောင့်မတ်စင်ကြယ်သော အသက်တာကို မည်သူကဲ့ရဲ့မည်နည်း။

: အစေခံကျွန်များသို့ သီးသန့်ဩဝါဒပေးခြင်း ဖြစ်သည်။ ကျမ်းပိုဒ်များသည် သမ္မာကျမ်းစာနှင့် မကိုက်ညီသော တရားများကို အသိအမှတ်ပြုပေးသည်ဟု မမှတ်ယူစေလိုပါ။ ဥပမာအားဖြင့် ဘုရားသခင်က မိန်းမများစွာယူရန် သဘောမတူသော်လည်း ကနဦးသခင်ကြီးများသည် မိန်းမအများအပြား ယူကြသည်။ ထိုကဲ့သို့ပင် ကျေးကျွန်ထားရှိခြင်းကိုလည်း ဘုရားသခင်က အသိအမှတ်မပြုပါ။ လာမည့်အနာဂတ်ကာလတွင် ကျွန်သခင်များ၏ ဝတ္တရားကို ကိုင်လှုပ်မည်။ ထို့အတူပင် ဓမ္မသစ်ကျမ်းကိုလည်း ပုန်ကန်ထကြွရန် မတိုက်တွန်းပါ။ ဧဝံဂေလိတန်ခိုးက ကျွန်စနစ်အား ရှုတ်ချထားပါသည်။ သမိုင်းတလျှောက်တွင်လည်း နှုတ်ကပတ်တော်အားဖြင့် ကျွန်စနစ်အား ပပျောက်စေနိုင်ကြောင်း တွေ့ရပါသည်။

သို့သော်  ထိုအချိန်ကာလ၌ ကျွန်စနစ်ရှိနေသေးသည်။ ကျွန်များသည် ခရစ်ယာန်ကောင်း တစ်ယောက် ဖြစ်ရန် အခွင့်အလမ်းမရနိုင်ကြရှာ။ ခရစ်တော်၏ သက်သေခံ၊ ကယ်တင်ရှင် ဘုရားသခင်အား လက်ခံယုံကြည်အခွင့်များသာ ရပိုင်ခွင့် ရှိကြသည်။ ထိုအကြောင်းကို ဓမ္မသစ်ကျမ်းတွင် တိုင်းသူပြည်သားများသည် ကျွန်များထက် အခွင့်အရေးရရှိပုံကို ထောက်ရှုခြင်းဖြင့် နားလည်ရသည်။ ထိုအချက်သည် ဘုရားသခင်၏ နိုင်ငံတော်သို့ ကျွန်များဝင်ရောက်ခွင့် ရှိကြောင်း သဲလွန်စခြေရာဖြစ်သည်။ ခရစ်ယာန်အစေခံများသည် သခင်ဘုရားအား နာခံခွင့်မရှိသည်မှာ လွဲ၍ သခင့်အပေါ်တွင် နာခံမှုရှိကြသည်။ ကျိုးနွံ၍ ကြိုးစားပမ်းစား အလုပ် လုပ်ကိုင်သူများ ဖြစ်သည်။ အရေအတွက်နှင့် အရည်အချင်း နှစ်ခုစလုံး ရှိကြသည်။ ခရစ်တော်ကဲ့သို့ နာခံခြင်းကောင်း၍ တာဝန်ကျေပြွန်သူများ ဖြစ်သည်။ စကားနောက်ပြန်ခြင်း၊ မစင်ကြယ်ပြုလုပ်ခြင်း မရှိကြ။ သခင်ယေရှုထံသို့ မိမိသခင်အား ပို့ဆောင်နိုင်သော ကျွန်များစွာရှိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရုပ်တုကိုးကွယ်သူများ၏ ကျွန်များနှင့် မတူညီ ခြားနားကြသောကြောင့် ဖြစ်သည်။

:၁၀ အဓိက ကွာခြားချက်မှာ ထိုခေတ်အခါက ကျွန်များ၏ ဖိစီးမှုကို အညံ့မခံခြင်းဖြစ်သည်။ ဥပမာအားဖြင့် အသေးအဖွဲအပြစ်မှာ ခွင့်မလွှတ်ခြင်းဖြစ်သည်။ ခရစ်ယာန်ကျွန်များသည် သမ္မာတရားက စောင့်ကြပ်သဖြင့် ကိုယ်ကျင့်တရားကောင်းကြသည်။ ခရစ်ယာန်ကျေးကျွန်များသည် အခြားကျွန်များထက် ဈေးကြီးခြင်းသည် အံ့ဩစရာဟုတ်ပါသလား။ အားလုံး ခြုံပြောရလျှင် သစ္စာရှိကြသည်။ အသက်တာတွင် ကယ်တင်ရှင်သခင်ဘုရားအား စွဲမှတ်ယုံကြည်၍ ဆက်ကပ်သူများဖြစ်သည်။ ယနေ့ကာလတွင် ခရစ်ယာန်လုပ်ငန်းရှင်များနှင့် ခရစ်ယာန်များအကြားတွင် မည်သို့ဖွဲ့နှောင်ကြပါသနည်း။

:၁၁ နောက်ကျမ်းပိုဒ်လေးခုသည် ကယ်တင်ခြင်းနှင့်ဆိုင်သော မင်္ဂလာတရားဖြစ်သည်။ ဤကျက်သရေမင်္ဂလာတရားနှင့် မဝေးကွာစေချင်ပါ။ ဘုရားသခင်၏ မိသားစုဝင် ယုံကြည်သူများ မနေမနား ပြုကျင့်ရမည့်အကြောင်း တိုက်တွန်းနှိုးဆော်ထားသည်။ ကယ်တင်ခြင်း၏ အဓိက အသီးအပွင့်တစ်ခုမှာ အရွယ်မရောက်သေးသူများအား မြင့်မြတ်စင်ကြယ်ခြင်း ပြသရန်ဖြစ်သည်။

ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ပေါ်ပေါက်လာသော ဟု အစချီထားသည်။ ဤနေရာတွင် ‘ဘုရားသခင်၏ ကျေးဇူးတော်’ ဆိုသည်မှာ ဘုရားသားတော်ကို ဆိုလိုခြင်းဖြစ်သည်။ သခင်ယေရှုလူ့လောက ကြွလာခြင်း၊ အထူးသဖြင့် လူတို့၏ အပြစ်များကို စောင်ကြဉ်းသွားခြင်းသည် ဘုရားသခင်၏ ကျေးဇူးတော် ပြသခြင်းဖြစ်သည်။ ကိုယ်တော်သည လူသားအားလုံးအား ကယ်တင်ဖို့ရန် ကြွလာသည်။ ကိုယ်တော်၏ လူသားများကိုယ်စား အသေခံခြင်းသည် ပြည့်စုံလုံလောက်သော အမှုတော်ဖြစ်သည်။ လူသားအားလုံး၏ အပြစ်အား ခွင့်လွှတ်ခြင်း ဖြစ်သည်။ သို့သော်လည်း ထိုအကျိုးကျေးဇူးသည် သခင်ဘုရားအား ကယ်တင်ရှင်အဖြစ် လက်ခံသူများအတွက် သက်ရောက်မှု ရှိသည်။ လူသားအားလုံး ကယ်တင်ခြင်း ရမည်ဟု မည်သည့်ကျမ်းစာသွန်သင်ချက်မှမရှိပါ။ ကမ္ဘာမြေကြီးသားအားလုံး ကယ်တင်ခြင်းဟူသော စကားသည် မာရ်နတ်၏ မူသာစကားသာဖြစ်သည်။

:၁၂ နောက်ကျေးဇူးတရားတစ်ခုမှာ ဖြောင့်မတ်စင်ကြယ်ခြင်း ဖြစ်သည်။ ထိုကျောင်းတော်တွင် “မ-ဘူး” ဟူသော စကားလုံးဖြစ်သည်။ ပထမဦးစွာ ဘုရားသခင် မကြိုက်သော ဘာသာရေးမလုပ်။ ဒုတိယအချက်မှာ လောကအရာ မတပ်မက်ဘူး။ ကိလေသာတပ်မက်ခြင်းသာမက၊ ချမ်းသာခြင်းတန်ခိုး၊ ကျော်စောခြင်း၊ ပျော်အပါးနှင့် အခြားလောကအရာများကိုလည်း တပ်မက်ခြင်းမရှိရ။

ထိုအရာများနှင့် ဆန့်ကျင်၍ နူးညံ့သိမ်မွေ့ခြင်း၊ ဖြောင့်မတ်စင်ကြယ်ခြင်း၊ အသင်းတော်ထဲ၌ ကျင်လည်ခြင်းများကို ကျေးဇူးတော်က သွန်သင်ပေးပါသည်။ ဤအကျင့်တရားများသည် အဖိုးထိုက်တန်သော ကိုယ်ကျင့်တရားများဖြစ်သည်။ ဤကမ္ဘာမြေသည် နောက်ဆုံးစံမြန်းရာ ဂေဟာမဟုတ်ပါ။ သာဝက ခရီးသည် ဘဝဖြင့် ခရီးတစ်ထောက် ရောက်ရှိခြင်းဖြစ်သည်။

:၁၃ ဤကမ္ဘာမြေပေါ်၌ နေကြရသော်လည်း ကြီးမားသော မျှော်လင့်ချက်ရှိရသည်။ ဘုရားသခင်နှင့် ကယ်တင်ရှင် ယေရှုခရစ်တော်၌ မျှော်လင့်ချက်ထားရှိရသည်။ ထိုအကြောင်းကို နှစ်မျိုးနှင့် နားလည်ရသည်။ ပထမအချက်မှာ ခရစ်တော်ပေါ်ထွန်း၍ အသင်းတော်အား ကောင်းကင်သို့ ချီဆောင်ခြင်း (၁သက် ၄:၁၃-၁၈) ဖြစ်နိုင်သည်။ သို့မဟုတ် ခရစ်တော်ဘုရား သူ့ရန်သူများအပေါ် အပြီးသတ်အောင်ပွဲခံ၍ နိုင်ငံတော်တည်ထောင်ခြင်း ဖြစ်နိုင်သည် (ဗျာ ၁၉:၁၁-၁၆)။ ပထမအချက်မှာ ခရစ်တော်ဘုရားက သတို့သမီး အသင်းတော်ကို လာရောက်ချီဆောင်ခြင်း ဖြစ်နိုင်သည်။ သတို့သားအဖြစ် ကြွလာသည်ဖြစ်စေ၊ ဘုရင်အဖြစ်ကြွလာသည်ဖြစ်စေ ယုံကြည်သူများသည် ကိုယ်တော်၏ ဘုန်းတော်မင်္ဂလာကို ဖူးမြော်ကြရမည်။

:၁၄ ကိုယ်တော်ဘုရား ကြွလာခြင်းကို မျှော်လင့်ရိုးမှန်လျှင် ထိုသို့ကြွာလာခြင်း အကြောင်းရင်းနှင့် မိမိကိုယ်ကို ပူဇော်သက္ကာပြုခဲ့ကြခြင်းအကြောင်းအား မမေ့မလျော့ ဆင်ခြေအောက်မေ့ရမည်။ ကိုယ်တော် အသေခံခြင်းသည် ကျွန်ုပ်တို့အား အပြစ်စီရင်ခြင်းမှ ကင်းလွတ်ရန် ကယ်တင်ခြင်းသာမက ကောင်းသော အကျင့်၌ စိတ်အားကြီးရန်လည်း ဖြစ်သည်။ ကောင်းသော အကျင့်၌ စိတ်ထားကြီးခြင်းသည် ကယ်တင်ခြင်းသည် အခြားတစ်ဝက်ဖြစ်သည်ဟု ဆိုနိုင်သည်။

ကိုယ်တော်သည် စင်ကြယ်သူဖြစ်ကြောင်းနှင့် ကိုယ်တော်၏ လူများ စင်ကြယ်စေဖို့ရာ အသေခံခြင်း ဖြစ်သည်။ 1611 King James က “ထူးခြားသော လူများ” ဟု ထူးထူးဆန်းဆန်း ဆိုထားသည်။ အမှန်တကယ်ပါ။ ယုံကြည်သူများသည် အတိထူးဆန်းသူများ ဖြစ်သည်။ သို့သော် ဘဝခရီးတစ်ဝက်တွင် ထူးထူးဆန်းဆန်းမဟုတ်။ ကိုယ်တော်အသေခံခြင်းသည် ကျွန်ုပ်တို့အား ထူးဆန်းစေလို၍ မဟုတ်ပါ။ ထာဝရပိုင်ဆိုင်ဖို့ ရန်ဖြစ်သည်။ မြေကြီးသားများအဖြစ်ဖြင့်၎င်း၊ ကိုယ့်ဘဝကို စီရင်သူများအဖြစ်ဖြင့်၎င်း ဘဝအချိန်မကုန်စေလိုပါ။ ကောင်းသောအကျင့်၌ စိတ်အားကြီးကြဖို့ရန် အသေခံပေးခြင်းဖြစ်သည်။ ကိုယ်တော်၏ ဘုန်းတော်နာမတော်၌ ကျင်လည်ကြရမည်။ အားကစားသမားများ၊ နိုင်ငံရေးသမားများနှင့် စီးပွားရေးသမားများ အားသွန်ခွန်စိုက် ဇွဲလုံ့လဝိရိယ ရှိသကဲ့သို့ ကောင်းသောအကျင့်၌ ကြိုးစားအားထုတ် ကြရမည်။

:၁၅ တိတုသည် သွန်သင်ရမည့်အချက်များ ရေးပေးလိုက်ခြင်းဖြစ်သည်။ ကယ်တင်ရှင် သခင်ဘုရား၏ခံစားခြင်းများကို ရည်မှတ်၍ သွန်သင်မှာကြားခြင်း ဖြစ်သည်။ သန့်ရှင်းသူများ လက်တွေ့ဘဝတွင် လိုက်နာကျင့်ကြံရမည့်အချက်များ တိုက်တွန်းသွန်သင်ချက်များ ဖြစ်သည်။ ထိုသွန်သင်ချက်များကို ကျင့်ကြံလိုက်နာဖို့ ခယတောင်းပန်စရာမလို။ ခပ်သိမ်းသော အာဏာဖြင့် ပြုရမည်။ တိတု၏ ငယ်ရွယ်သော အသက်တာ၊ တစ်ပါးအမျိုးသားဖြစ်ခြင်းနှင့် မွေးရာဗီဇ အားနည်းချက်များကို မည်သူကမှ မထီမဲ့မြင်မပြုရ။ သွန်သင်ချက်များသည် ဘုရားနှုတ်ကပတ်တော်ဖြစ်၍ ထူးခြားလေးနက်သည်။

Previous Article
Next Article