တိတုသြဝါဒစာ ၃

၅။ ဝတ်ပြုအစည်းအဝေး၌ တိုက်တွန်းအားပေးခြင်း (:၁၁)

          : တိတုနှင့်တကွ ကရေတေအသင်းတော်ဝင် ယုံကြည်သူများအား အစိုးရ၏အမိန့်အာဏာ လေးစား လိုက်နာကြရန် တွန်းအားပေးထားသည်။ အစိုးရသည် ဘုရားသခင်၏ စီမံခွဲခန့်ရာများဖြစ်သည် (ရော ၁၃:၁)အစိုးရသည် မယုံကြည်သူဖြစ်စေ၊ အန္တိခရစ်ယာန်ဖြစ်သည် ဖြစ်စေ လေးစားရသည်။ အုပ်စိုးသူ မရှိခြင်းထက် မည်သည့်အစိုးရမဆို ကောင်းပါသည်။ အုပ်စိုးသူ အစိုးရမရှိခြင်းသည် မင်းမဲ့တိုင်းပြည်ဖြစ်၍ သူတစ်လို ငါတစ်မင်း ကြီးနိုင်ငယ်စား တောဥပဒေပြုကျင့်သော နိုင်ငံဖြစ်သည်။ ထိုအစိုးရမင်းသည် မယုံကြည်သူဖြစ်လျှင်လည်း ဘုရားသခင်ခန့်အပ်ထားသူ ဖြစ်သည်။ ထို့ကြောင့် ယုံကြည်သူ ခရစ်ယာန်တိုင်းသည် အုပ်စိုးသူမင်းအား လေးစားရန်တာဝန်ရှိသည်။ သို့သော်လည်း ထိုမင်းက ဘုရားသခင်အား ဆန့်ကျင်ရန် ခိုင်းလာလျှင်ကား မလိုက်နာရ။ “လူ၏စကားထက် ဘုရားသခင်၏ စကားကို နားထောင်သင့်၏” (တ၅:၂၉)။ အကယ်၍ အပြစ်ဒဏ်ချမှတ်လျှင် နာမတော်မြတ်၌ ယဉ်ကျေးစွာ လက်ခံရမည်။ ပုန်ကန်တော်လှန်ခြင်း၊ ရုန်းရင်းဆန်ခတ်ခြင်း မပြုရပါ။

ခရစ်ယာန်နှင့်လောကီ

ယုံကြည်သူများသည် စည်းကမ်းဥပဒေများကို လေးစားလိုက်နာရသည်။ မီးပွိုင့်အချက်ပြမှ စ၍ ဝင်ငွေခွန်အပါအဝင် အခြားအမိန့်၊ ဥပဒေများကို လေးစားရသည်။ ဥပဒေဘောင်အတွင်းတွင် နေရသည်။ လေးစားရသည်။ နာခံရသည်။ ခရစ်ယာန်များအနေဖြင့် စဉ်းစားဆင်ခြင်ရမည့် နယ်ပယ်(၃)ခုရှိသည်။ မဲဆန္ဒပေးခြင်း ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းနှင့် စစ်မှုထမ်းဆောင်ခြင်းဖြစ်သည်။ မဲဆန္ဒပေးခြင်းနှင့် ရွေးကောက်ပွဲဝင်ခြင်း အကြောင်းကို သမ္မာကျမ်းစာနှင့် ယှဉ်ပြလိုပါသည်။

၁။        ခရစ်ယာန်သည် လောကမှာနေရသော်လည်း လောကီထဲမှာ နေရာသည်မဟုတ်။ (ယော ၁၇:၁၄-၁၆)

၂။         လောကကြီးတစ်ခုလုံးသည် စာတန်လက်ထဲတွင် ရှိ၍ ဘုရားသခင်၏ ရှုတ်ချရာဖြစ်သည်။ (၁ယော ၅:၁၉၊ ၂:၁၇၊ ယော ၁၂:၃၁)

၃။        ခရစ်ယာန်၏ ရည်ရွယ်ချက်မှာ လောကအမှုအား ပံ့ပိုးရန်မဟုတ်။ လောကသားများအား ကယ်တင်ရန်ဖြစ်သည်။

၄။        ယုံကြည်သူသည် မလွှဲသာမရှောင်သာ၍ လောကနိုင်ငံသားဖြစ်သည်။ ဘူမိနက်သန်နိုင်ငံမှာ ကောင်းကင်နိုင်ငံကို အမြဲအာရုံစုးစိုက်ရသည်။ (ဖိ ၃:၂၀၊၁ပေ ၂:၁၁)

၅။        မည်သည့် စစ်သည်တော်မဆို၊ အထက်အရာရှိ၏ အားရကျေနပ်မှုရှိအောင် လုပ်ရစမြဲဖြစ်သည်။ သခင်စိတ်မချမ်းမြေ့မည့်အလုပ် ဘယ်သောအခါမှ မလုပ်။ (၂တိ ၂:၄)

၆။        သခင်ယေရှုက “ငါ၏နိုင်ငံသည် ဤလောကနှင့်မဆိုင်” (ယော၁၈:၃၆)ဟု မိန့်ဆိုထားပါသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ သံတမန်များဖြစ်သည့်အားလျော်စွာ ဤလောကသို့ သမ္မာတရား ပျံ့နှံ့စေရသည်။

၇။        နိုင်ငံရေးသည် ပျက်စီးတတ်သော သဘောရှိသည်။ ခရစ်ယာန်များသည် ပျက်စီးခြင်းတရားနှင့် ကင်းစင်ရသည်။ (၂ကော၆:၁၇-၁၈)

၈။        သာမန်အားဖြင့် သင့်တော်မည့်သူကို မဲပေးလေ့ရှိကြသည်။ သို့သော် ဘုရားသခင်သည် အနိမ့်ဆုံးလူကို ကူမ စေချင်သည် (ဒံ၄:၁၇)။ ဤကိစ္စတွင် ဘုရားသခင်၏ အလိုတော်ကို မည်သို့ နားလည်နိုင်မည်နည်း။

နောက်တစ်ခုမှာ အုပ်စိုးသူမင်းက တိုက်ပွဲဝင်ခိုင်းလျှင် တကယ်သွားရမည်လား။ ထိုအကြောင်းနှင့် ပတ်သက်၍ အလေးအနက် ချင့်ချိန်စဉ်းစားစရာရှိသည်။ (၁) သခင်ဘုရားက “ငါ၏နိုင်ငံသည် ဤလောကနှင့်စပ်ဆိုင်လျှင် ငါသည် ယုဒလူတို့ လက်သို့ မရောက်စေခြင်းငှါ ငါ၏လူတို့သည် တိုက်လှန်ကြလိမ့်မည်” (ယော ၁၈:၃၆)ဟု ဆိုထားသည်။ (၂) “ဓားကိုကိုင်သောသူရှိသမျှတို့သည် ဓားဖြင့်ဆုံးမခြင်းခံရမည်” (မ ၂၆:၅၂)။ (၃) အားလုံးခြုံလိုက်လျှင် စစ်တိုက်ခြင်းသည် သခင်ဘုရား၏ “သင့်ရန်သူကိုချစ်လော့” (မ ၅:၄၄)ဟူသော နှုတ်ကပတ်တော်နှင့် ဖီလာဆန့်ကျင် နေသည်။

ထို့ကြောင့် ထိုတိုင်းနိုင်ငံတွင် နိုင်ငံသားဖြစ်ပါလျက်နှင့် စစ်သားမလုပ်၊ တိုက်ပွဲမဝင်၊ လက်နက်မဆွဲကိုင်သူသည် မင်္ဂလာရှိသူဖြစ်သည်။

သို့သော် တစ်နည်းအားဖြင့် စစ်သည်တော်များကို လေးစားရမည်။ ဓမ္မသစ်ကျမ်းတွင်လည်း (ဥပမာ ကောနေလိယနှင့် ယုလိယ) ဝိညာဉ်တိုက်ပွဲအကြောင်းကို ယှဉ်ပြထားသည် (ဧ ၆:၁၀-၁၇)။ အကယ်၍ စစ်မှု ထမ်းဆောင်ခြင်းသည် မကောင်းသော အမှုဟုဆိုလျှင် ရှင်ပေါလုက ကျွန်ုပ်တို့အား “ခရစ်တော်၏ စစ်သည်တော်ကောင်းများ” ဖြစ်စေခိုင်းမည်မဟုတ်ပါ။ အကယ်၍ ထိုစကားကို ဘဝင်မကျလျှင်လည်း ရှုတ်ချခြင်း ပြစ်တင်ခြင်းမပြုရ။ သဘောထားမတူညီခြင်းသာ ဖြစ်ပါစေ။

နောက်ထပ်ပြောချင်သည်မှာ တပည့်တော်ခရစ်ယာန်များသည် ကောင်းသောအကျင့် ကျင့်ကြံရန် အမြဲတမ်း အဆင်သင့်ဖြစ်နေရသည်။ အလုပ်အကိုင်တိုင်းသည် လေးစားကြည်ညိုစရာမဟုတ်ပါ။ ယနေ့ခေတ်ကာလတွင် ကြော်ငြာလုပ်ငန်းသည် မုသာပေါ်တွင် အခြေခံသည်။ အချို့စီးပွားရေး လုပ်ငန်းများသည် လူ့ကျန်းမာရေး စိတ်ခံစားချက်နှင့် ဝိညာဉ်များကို ထိခိုက်စေပါသည်။ စိတ်ကောင်းနှလုံးကောင်း ရှိသူတိုင်းသည် ဤလုပ်ငန်းမျိုးကို ရှောင်ကြဉ်ရသည်။

: ခရစ်ယာန်မှန်လျှင် မကောင်းသော စကားတစ်လုံးတစ်ပါဒမျှမပြောရ။ အထူးသဖြင့် အုပ်စိုးသူမင်းများအပေါ် မကောင်းစကားမပြောရ (ထွ ၂၂:၂၈၊ တ၂၃:၅)။ ခရစ်ယာန်များသည် အချိန်တိုင်းတွင် နိုင်ငံရေးပယောဂ၊ စုံစမ်းစစ်ကြောခြင်း ကြုံတွေ့နိုင်သူများဖြစ်သည်။ ထိုအခါမျိုးတွင် ပြက်ရယ်ပြုခြင်း၊ ကလဲ့စားချေခြင်း၊ ညစ်ညမ်းသောစကား တုံ့ပြန်ခြင်း၊ ဂုဏ်သိက္ခာ ထိခိုက်အောင် အကြပ်အတည်း တွေ့စေကာမူ ထွက်ပေါက်အဖြစ် ဖရုဿဝါစာ မသုံးရ။

ခိုက်ရန်ဖြစ်ပွားခြင်းကိုလည်း ရှောင်ကြဉ်၍ အေးငြိမ်းစွာနေရသည်။ ရန်ဖြစ်ခြင်းသည် နှစ်ဦးနှစ်ဖက် စိတ်မချမ်းမြေ့စရာဖြစ်သည်။ တစ်ခါက Dr.Ironside အား ရန်လာတွေ့ကြရာ ဤသို့တုန့်ပြန်ခဲ့သည်။ “ကောင်းပါပြီ၊ ညီအကို ဤကိစ္စနှင့်ပတ်သက်၍ ကောင်းကင်နိုင်ငံမှာ ဆုံတွေ့ကြသောအခါ အဖြေမှန်သိပါလိမ့်မည်။ ကျွန်တော်မှားဖို့ များပါတယ်” ဟု ဆိုသည်။ ထိုစကားက ရန်ပွဲ အဆုံးသတ်စေခဲ့ပါသည်။

ယဉ်ကျေးသိမ်မွေ့ရမည်။ သခင်ယေရှုမပါရှိလျှင် ယဉ်ကျေးသိမ်မွေ့ဖို့ မစဉ်းစားနိုင်ပါ။ ကိုယ်တော်သည် ယဉ်ကျေးသည်၊ ဖော်ရွေသည်၊ သနားတတ်သည်၊ အေးငြိမ်းစွာ နေတတ်သည်။ ရန်စွယ်ငြိမ်းသည်၊ စိတ်ရှည်ခြင်း၊ အောက်ကျို့ခြင်းတရားကို သင်ပြသည်။ ယဉ်ကျေးပျူငှါခြင်းသည် ခရစ်ယာန်အသက်တာ၏ တန်ဖိုးအမြင့်ဆုံးအကျင့် သိက္ခာတစ်ခုဖြစ်သည်။ ထိုသို့ ယဉ်ကျေးပျူငှါနိုင်ရန် ဦးစွာ မိမိကိုယ်ကို အောက်ကျို့၍ အခြားသူများကို ဦးစားပေးရသည်။ ကျေးဇူးစကားပြောရသည်။ ကျေးဇူးပြုရသည်။ အခြားသူများကို အခွင့်အရေးပိုပေးသည်။ ယဉ်ကျေးပျူငှါခြင်းသည် ဘယ်သောအခါမှ မရက်စက်ပါ။ မရိုင်းစိုင်းပါ။ အတင်းအဓမ္မမလုပ်တတ်ပါ။

: တဖန် ကိုယ်ကျင့်သိက္ခာအလယ်၌ ကယ်တင်ခြင်းအကြောင်းကို သွန်သင်သည်။ ကယ်တင်ခြင်းရရှိသူသည် ကောင်းသောအကျင့်၌ စိတ်အားကြီးရမည့်အကြောင်းဖြစ်သည်။ ကယ်တင်ခြင်းမရမီကာလ(ငယ်၃)၊ ကယ်တင်ခြင်း၏ သဘောသဘာဝ(ငယ် ၄-၇)။ ကယ်တင်ခြင်း၏ သဘောသဘာဝ(ငယ် ၄-၇)။ ကယ်တင်ခြင်း၏ လက်တွေ့အသက်တာ (ငယ်၈)ဟူ ၍ဆိုထားသည်။ ဘုရားသခင်က ကယ်တင်ခြင်းတရားကို အချည်းနှီးမဖြစ်စေလိုပါ။ အဘယ်သို့ဆိုသော် လူသည် စင်စစ်အားဖြင့် ရူးသွပ်သူများဖြစ်သည်။ ဝိညာဉ်ရေးရာ သမ္မာတရားကို နားမလည်၊ ရွေးချယ်တတ်ရန် အသိပညာမရှိ။ ဘုရားသခင်၏ စကားတော်ကို မနာခံသကဲ့သို့ မိဘများ၏ ဆုံးမဩဝါဒကိုလည်း မခံယူကြ မာရ်နတ်၏ လှည့်စားခြင်းကို ခံလျက် အပြစ်စီရင်ခြင်း ခံရမည့်လမ်းသို့ လိုက်လျှောက်ကြသည်။ သမ္မာလမ်းလွဲလျက် သေရွာလမ်းသို့ လိုက်ကြသည်။ အမျိုးမျိုးသော မစင်ကြယ်သည့် အကျင့်ပျက်စာတန်၏ ကျွန်ခံနေကြသည်။ လူသည် မနာလိုမစ္ဆေရစိတ် ရှိသူဖြစ်သည်။ ကိုယ်ကျို့ကြည့်၍ အခြားသူများကို ငြိုငြင်တတ်သည်။ အချင်းချင်းမုန်းသော်သူဖြစ်သည်။ အိမ်နီးနားခြင်းများနှင့် မသင့်မတင့် ဖြစ်ခြင်း လုပ်ဖော်ကိုင်ဖက်များနှင့် စကားများခြင်း၊ မိတ်ဆွေများနှင့် စီးပွားရေးပြိုင်ဆိုင်ခြင်း၊ မိသားစုအား ကျွေးမွေးရန် အားနည်းခြင်းများသည် ဝမ်းနည်းဖွယ်ကောင်းပါသည်။

: ထိုညစ်ညမ်းဆိုးယုတ်သော လူ့အကျင့်စိတ်ဓာတ်ကို ချေဖျက်နိုင်သည့် နည်းလမ်းကို သမ္မာကျမ်းစာက သွန်သင်ပါသည်။ ဘုရားသခင်က ထိုသူအား မဖျက်ဆီးခင် အချိန်မှီ သွန်သင်ပေးသောကြောင့် ကျေးဇူးတော်ကြီးမားလှပေစွ။ သေရွာငရဲလမ်းဆိုးသို့ လမ်းမှား မလိုက်နာရန် ဘုရားသခင်က ခေါ်ထုတ်နေပါသည်။

အရှင်ဘုရားသခင်၏ စေတနာတော်နှင့် လူတို့ကိုချစ်တော်မူသော မေတ္တာတော်သည် ပေါ်ထွန်းတော်မူ၏။ ဤကျမ်းစာစကားသည် နှစ်ပေါင်းနှစ်ထောင်ခန့်က ခရစ်တော်ဘုရားပေါ်ထွန်းခြင်း အကြောင်းဖြစ်သည်။ တမျိုးပြောရလျှင် ဘုရားသခင်၏ စေတနာတော်နှင့် မေတ္တာတော်ကြောင့် ကယ်တင်ခြင်းရရှိကြသည်။ ဆိုးသွမ်းမိုက်ကန်းနေသော လောကသားများကယ်တင်ဖို့ရန် တစ်ပါးတည်းသော သားတော်ကို အသေခံစေခြင်းသည် အံ့ဖွယ်မေတ္တာတော်ဖြစ်ပါသည်။ လောကသားများကို ချစ်တော်မူသောကြောင့် ဟု ဆိုထားသည်။ ထိုစကားလုံးသည် ဂရိဝေါဟာရ Philanthrophy မှ ဆင်းသက်လာခြင်းဖြစ်သည်။ ချစ်ခြင်းမေတ္တာကျေးဇူးပြုခြင်းနှင့် စာနာခြင်း သုံးခုပေါင်း အဓိပ္ပါယ်သက်ရောက်သည်။ ကယ်တင်တော်မူသော ဘုရားရှင်သည် ဘုရားသခင်ကိုရည်ညွှန်း၍ လောကအပြစ်သားများအတွက် အသက်ပေးလှူခြင်းကို ဆိုလိုပါသည်။ သခင်ယေရှုကို ကယ်တင်ရှင်သခင်ဘုရား (၂:၁၃)ဟုလည်း ခေါ်သည်။ ကျွန်ုပ်တို့ အပြစ်ဒဏ်ခံရမည့် အပြစ်စီရင်ခြင်းမှ ခွင့်လွှတ်သူ ဖြစ်သည်။

: အပြစ်သားများ အပြစ်စီရင်ခြင်းမှ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလသုံးပါးစလုံး ကင်းလွတ်ရန် ကယ်တင်ခဲ့သည်။ ကိုယ်တော်အသေခံခြင်းဖြင့် လူ့အနာဂတ်ကံကြမ္မာအား စီရင်ပေးသည်။ သို့သော် ထိုသမ္မာတရားအား လက်ခံရန် အလွန်ခက်ခဲနေကြသည်။ ကယ်တင်ခြင်းသည် ကောင်းမှုကုသိုလ်ပေါ်တွင် အခြေမတည်ပါ။ ခရစ်ယာန်ဖြစ်ခြင်း၊ ခရစ်ယာန်အသက်တာရှိခြင်းအပေါ်တွင်သာ အခြေပြုသည်။ ကောင်းကင်တိုင်ငံသို့ ဝင်ခွင့်ရသော လူကောင်း တစ်ယောက်မှမရှိပါ။ မိမိအစွမ်းအစဖြင့် မည်သူမှ ကောင်းကင်နိုင်ငံမရောက်ထိုက်ဟု ကျမ်းစာက အတိအလင်းဆိုထားပါသည်။ (ဧ၂:၉၊ ရော၃:၂၀၊၄:၄-၅၊ ၉:၁၆၊ ဂလာ ၂:၁၆၊ ၃:၁၁) လူသည် ကောင်းသောအကျင့်ရှိယုံမျှဖြင့် မိမိကိုယ်ကို မကယ်တင်နိုင်ပါ။ လူ၏ကောင်းမှုကုသိုလ်ဟူသမျှသည် ဘုရားအမြင်တွင် အစုတ်ပလုတ်မျှသာဖြစ်သည် (ဟေရှာ၆၄:၆)။ မိမိကိုယ်ကို ခရစ်ယာန်ဟု သိရုံမျှဖြင့် စစ်မှန်သောခရစ်ယာန်မဖြစ်လာနိုင်။ ဘုရားသခင်၏ ကျေးဇူးတော်ဖြင့်သာ ကောင်းကင်နိုင်ငံ ဝင်ရောက်ခွင့်ရရှိခြင်း ဖြစ်သည်။

ကောင်းမှုကုသိုလ်အားဖြင့် ကယ်တင်ခြင်းမရနိုင် ကောင်းမှုကုသိုလ်သည် ကယ်တင်ခြင်း၏ အသီးအပွင့်များသာ ဖြစ်သည်။ ထို့ကြောင့် ငါတို့ကျင့်သော ဖြောင့်မတ်ခြင်းအားဖြင့် မဟုတ်ဘဲ၊ မိမိသနားခြင်း ကရုဏာတော်နှင့်အညီ ဟု ကျမ်းစာက ဆိုထားပါသည်။ ကယ်တင်ခြင်းကို ကရုဏာတော်ကြောင့် ရရှိခြင်းဖြစ်သည်။ ထိုက်တန်၍ ရရှိခြင်းမဟုတ်ပါ။ စီရင်ဆုံးဖြတ်ခြင်းဖြင့် ရရှိသည်မဟုတ်။ ကရုဏာတော်သည် အပြစ်စီရင်ခြင်းကို ဖယ်ရှားပေးပြီး ဖြောင့်မတ်ရာသို့ ရောက်စေပါသည်။

ဘုရားရှင်က ဒုတိယမွေးခြင်းနှင့် ဆိုင်သော ဆေးကြောခြင်းဖြင့် စင်ကြယ်ဖြောင့်မတ်စေသည်။ အသက်တာပြောင်းလဲခြင်းသည် အသစ်သောသတ္တဝါ ဖန်ဆင်းခြင်းဖြစ်သည် (၂ကော၅:၁၇)။ ဤကျမ်းပိုဒ်တွင် အသစ်သော သတ္တဝါကို ဆေးကြောခြင်းဟု သုံးထားသည်။ သခင်ယေရှုကလည်း တပည့်တော်များအား အသက်တာဆေးကြောခြင်းရှိမှသာလျှင် ပျက်စီးခြင်းမှ ကင်းစင်မည့်အကြောင်း သွန်သင်ထားသည် (ယော ၁၅:၃)။  နှစ်ခြင်းမင်္ဂလာ ခံစားခြင်းသည် ဤဆေးကြောခြင်းနှင့်မဆိုင်ပါ။ ခရစ်တော် အသေခံခြင်း သင်္ဂြိုဟ်ခြင်းနှင့်သာ သက်ဆိုင်သည် (ရော ၆:၄)။

အသစ်တဖန် မွေးဖွားခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်ပြုပြင်ခြင်းဖြစ်သည်။ ဘုရားသခင်၏ တိညာဉ်တော်က ကြီးမားသော ပြောင်းလဲခြင်း ပြုစေနိုင်သည်။ လူအိုကြီးပေါ်သို့ အဝတ်အစားသစ် ဆင်မြန်းခြင်းမျိုးမဟုတ်ပါ။ အဝတ်အစားသစ်အား ဝတ်ဆင်သော လူငယ်ကဲ့သို့ ဖြစ်ပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် အသစ်သောအသက်တာနှင့် နှုတ်ကပတ်တော်အကြားတွင် အသုံးခံတန်ဆာပလာကဲ့သို့ ဖြစ်သည်။

: ဘုရားရှင်သည် သန့်ရှင်းသော ဝိညာဉ်တော်အား ကျွန်ုပ်တို့ပေါ်သို့ ကြွယ်ဝစွာ သွန်းလောင်းပါသည်။ ယုံကြည်သူတိုင်းသည် အသစ်တဖန်မွေးဖွားသော အချိန်မှစ၍ ဝိညာဉ်တော် သွန်းလောင်းခြင်း ခံရသူများဖြစ်သည်။ ဝိညာဉ်တော်ကို အသစ်သော အသက်တာအတွက် လုံလောက်စွာ သွန်းလောင်းပါသည်။ ထိုဝိညာဉ်တော်သည် ကယ်တင်ရှင် ယေရှုခရစ်တော်ဖြင့် သွန်းလောင်းသည်။ ဖရောက ယာကုတ်နှင့်သားများအကြားတွင် စေ့စပ်ပေးသဖြင့် ယာကုပ်ထံသို့ သွန်းလောင်းခဲ့သော ဘုရားရှင်၏ ကောင်းကြီးမင်္ဂလာများသည် ဝိညာဉ်အားဖြင့် သခင်ယေရှုထံသို့ ဆက်လက်စီးဆင်းပါသည်။ ယေရှုသည် ယုံကြည်သူများ၏ “ယောသပ်” ဖြစ်သည်။

ယုံကြည်သူများ၏ ကယ်တင်ခြင်းရရှိခြင်းတွင် ကောင်းကြီးမင်္ဂလာပြုသူ (၃)ပါး ပါဝင်သည်။ အဘဘုရားသခင် (ငယ်၄)၊ ဘုရားသားတော် (ငယ်၆)တို့ဖြစ်သည်။

: လက်ငင်းအကျိုးရလာဒ်မှာ ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်၍ ထာဝရအသက်ကို မျှော်လင့်သည်နှင့်အညီ အမွေခံဖြစ်ကြမည်။ ယေရှုခရစ်တော်ဖြင့် ရွေးနှုတ်ခြင်းခံရ၍ ဘုရားသခင်၏ အံ့ဖွယ်ကျေးဇူးတော်ဖြင့် ဖြောင့်မတ်ခြင်း အသိအမှတ်ပြုခံရသည်။ ဘုရားသခင် ချစ်ခင်မြတ်နိုးသူတိုင်း အမွေတော်ခံဖို့ ပြင်ဆင်ပေးထားသည်။ အရာခပ်သိမ်းသည် ခရစ်တော်၌ တည်သောကြောင့် ခရစ်တော် ယုံကြည်သူများသည် ခရစ်တော်ကဲ့သို့ ထာဝရအသက်ရှင်ရသည်။

:ဤစကားသည် သစ္စာစကားဖြစ်၏ဟု ဆိုရာ စကားဆက်ရှိနိုင်သကဲ့သို့ စကားနိဂုံးသတ်ခြင်းလည်း ဖြစ်နိုင်သည်။ စကားလေသံအရ ကယ်တင်ခြင်းသည် ကြွယ်ဝချမ်းသာဖို့ရန် အထက်ကောင်းကင်မှ ခေါ်သံဖြစ်သည်ဟု နားလည်ရသည်။

တိတုသည် ကရေတေယုံကြည်သူများအား ၌သမ္မာတရားကို လေးနက်စွာသွန်သင်ခဲ့သည်။ ကောင်းသောအကျင့်ကို ဆင်ခြင်ရန်ဆုံးမသည်။ ကောင်းသောအကျင့်သည် လေးစားကြည်ညိုဖွယ်သိက္ခာ၊ ပညာရဲရင့် ပွဲလယ်တင့်ခြင်းဖြစ်သည်။ ခြုံလိုက်လျှင် ကောင်းသောအကျင့်သည် အပြစ်ရှာ၍မရ။ အထူးသဖြင့် ယုံကြည်သူခရစ်ယာန်နှင့် အကျင့်ကောင်းသည် ရေနှင့် ငါးပမာ ခွဲခြားမရသကဲ့သို့ နေနှင့်လ၊ ရွှေနှင့်မြပမာ လိုက်ဖက်ညီသည်။ သွန်သင်ချက်များသည် ဘဝအသက်တာတွင် အသုံးဝင်သော အရာများချည်းဖြစ်သည်။

: ယနေ့ကာတွင်လည်း ဘုရားသခင်၏ အစေခံများသည် ရှင်ပေါလု၏ သွန်သင်ချက်ကို အလေးထား ဆင်ခြင်သင့်သည်။ ဝိညာဉ်ရေးရာ ထိခိုက်စေနိုင်သောအရာ များကို ကြိုတင်ရှောင်ကြဉ်ရသည်။ ဥပမာအားဖြင့် ရှေးဦးယုံကြည်သူများက ဝိုင်၊ စပျစ်ရည်သောက်သုံးသင့် မသင့်၊ ပွဲတော်မုန့်တွင် တဆေးပါခွင့် ရှိမရှိ စစ်ကြောခြင်း၊ ဖလားတစ်ခုတည်းတွင်သာ အသွေးတော် သုံးဆောင်ခြင်းများသည် သမ္မာကျမ်းစာတွင် အထူးအရေးကြီးသော မေးခွန်းများ ဟုတ်ပါသလား။

အယူသေး၊ ဝိဝါဒကွဲပြားစရာ ဟုတ်ပါသလား။

သမ္မာတရားတစ်ခုတည်း ရှိသလား။ အခြားသမ္မာတရား ရှိသေးပါသလား။

ထိုအယူဝါဒစွန့်လွှတ်အောင် သမ္မာကျမ်းစာအား လိုရာဆွဲဆန့်အပ်ပါသလား။

သမ္မာတရားဝါဒကို မည်သူကမှ မတည်းဖြတ်နိုင်ပါ။

နိုင်ငံရေးလမ်းစဉ်နှင့် ခရစ်ယာန်လမ်းစဉ်သည် ဖီလာဆန့်ကျင်သည်။ ခရစ်ယာန်လမ်းစဉ်ကို နိုင်ငံရေးကဲ့သို့ သဘောထား၍ မရပါ။

ယိုယွင်းပျက်စီးတတ်သော လောကအရာတွင် အသက်တာဖြုန်းတီးခြင်းသည် နှမြောဖွယ်ရာ ကောင်းပါသည်။

:၁၀ သင်းခွဲသောသူသည် နှစ်ကြိမ်မြောက်ဆုံးမ ထိုက်သူဖြစ်သည်။ ထိုသူသည် လူများကို သေရွာသို့ တွန်းပို့သူဖြစ်သည်။ သူ့ပတ်ဝန်းကျင်တွင်လည်း လောကကြီးကို မကောင်းမြင်သူများသာ စုရုံး၍ မကြာခင်တဖန် ဝေးလွင့်ကြပြန်သည်။ ညီညွှသင့်မြတ်ခြင်း မရှိဘဲ တဖန်လေပူဖောင်းကဲ့သို့ ကွဲကြပြန်သည်။ အသင်းတော်လည်း မယ်မယ်ရရမရှိ။ ထောက်ခံအားပေးခြင်းမရှိကြ။ အသင်းသားများသည်လည်း တစ်ကြိမ်း၊ နှစ်ကြိမ် သတိပေးဆုံးမလျှင် ပါဝင်ခြင်းမရှိကြတော့ပါ။ ထို့ကြောင့် ထိုအသင်းတော်သည် ဒေသန္တရအသင်းတော် အမည်ခံသော်လည်း လူမှုရေးအဖွဲ့အစည်းမျှသာဖြစ်သည်။ ထိုသို့ဝိုင်းပယ်မှု ခံရခြင်းသည် နောင်တရ၍ နှုတ်ကပတ်တော်နှင့် ချင့်ချိန်စရာ ဖြစ်သင့်သည်။

:၁၁ ထိုသူသည် ကိုယ်အပြစ်ကိုသိလျက်နှင့်ပင်အပြစ်ပြု၍ မှောက်လှန်သောစိတ်ရှိသူ ဖြစ်သည် ဟုတမန်တော်ကဆိုသည်။ အပြုအမူများသည် လည်းကောက်ကျစ်စဉ်းလဲ၍ တယူသန် တစောက်ကန်းဖြစ်သည်။ သူ၏ဆိုးသွမ်းကောက်ကျစ်သော အကျင့်ကြောင့်မိမိကိုယ်ကို ရှုတ်ချသူ ဖြစ်သည်။

၆။ နိဂုံးစကား (:၁၂၁၅)

:၁၂ တိတိအား တိုတိုတုတ်တုတ်နှုတ်ဆက်ခြင်းဖြင့် ကျမ်းစာအဆုံးသတ်ထားသည်။ တိတုထံသို့အာတေမ သို့မဟုတ် တုခိတ်အားစေလွှတ်ဖို့ ကြံရွယ်ထားသည်။ တုခိတ်နာမည်ကို (တ ၂ဝ:၄၊ ဧ ၆:၂၁၊ ဗကာ ၄:၇) တို့တွင်တွေ့ခဲ့ရသော်လည်း အာတေမနာမည်ကိုမူ မကြားဖူးကြပါ။ သို့သော် (၂တိ ၄:၁၂) ကျမ်းပိုဒ်အရတုခိတ်အား ကရေတေသို့မလွှတ်ဖြစ်ဘဲ ဧဖက်သို့လွှတ်သည် ဟုသိရသည်။ ထို့ကြောင့်တိခိတ်အစား အာတေမအားကရေတေသို့ လွှတ်ခြင်းဖြစ်နိုင်သည်။ အာတေမရောက်လျှင်ရောက်ခြင်း တိတုသည်နကောပလိသို့ ပေပါလုနှင့်အတူ ဆောင်းရာသီတခုလုံး အတူအကွ သီတင်းသုံးရန်ထွက်သွားပါလိမ့်မည်။ ထို့ကာလ၌နိကောပလိတွင် အသင်းတော်(၇)ပါး ထက်မနည်းရှိသည်။ သို့သော်လည်း တိတုသည် ဂရိအနောက်ပိုင်းရှိ ဧပိရတ်ကိုရွေးချယ်သည်။

:၁၃   တိတုသည် ရှေ့နေဇေန၊ အာပေါလုနှင့် သွားရောက်လည်ပတ်ချင်သည်။ ထိုသူများ သည်ပေါလုထံမှ စာယူလာပေးသူများဖြစ်သည်။ ထိုကာလတွင် ရှေ့နေနှစ်မျိုးနှစ်စားရှိသည်။ ဘာသာ ရေးရှေ့နေများနှင့် နယ်ဘက်ရှေ့နေများဖြစ်သည်။ ဇေနသည် ညီအကိုရင်းကဲ့သို့သော ရှေ့နေဖြစ်သည်။ ထို့ကြောင့် တိတုအား မောရှောစီရင်ထုံးတွင် အကူအညီပေးနိုင်သည် (ငယ်၉)။ အကယ်၍အရပ် ဘက်ရှေ့နေဖြစ်လျှင်လည်း ဖြောင့်မတ်သူဖြစ်သည်။ အာပေါလုသည် (တ ၁၈:၂၄-၂၈) နှင့် ၁ကော တွင်တွေ့ရှိရသူဖြစ်သည်။ ရှင်ပေါလုက တိတုအား ထိုနှစ်ယောက်စေလွှတ်မည့် အကြောင်းနှင့် အသွားအပြန်အတွက် ဧည့်ဝတ်ကျေပြွန်ရန်မှာကြားပါသည်။

:၁၄   တိတုသည် ယုံကြည်သူများအား ဧည့်ဝတ်ကျေပြွန်ခြင်း၊ နေမကောင်းမကျန်းမာသူ ဂီလာနများပြုစုစောင့်ရှောက်ခြင်း၊ မရှိဆင်းရဲချို့တဲ့သူများအား စွန့်ကြဲပေးကမ်းခြင်းများ သွန်သင် ပေးသူဖြစ်သည်။ မိမိလုပ်ငန်းတွင် နစ်မြုပ်မနေဘဲ၊ ခရစ်ယာန်ပီသစွာ တပါးသူများကူညီရန်၊ ငွေကြေးမစရန် သွန်သင်သူဖြစ်သည် (ဧ ၄:၂၈)။ ထိုသို့ပြုလုပ်ခြင်းသည် အတ္တဖယ်ရှားခြင်း၊ အချိန်ဖြုန်းတီးမှုမရှခြင်း၊ မြုံသောအသက်တာအား သီးပွင့်စေခြင်းဖြစ်သည်။

:၁၅   အဆုံးသတ်နှုတ်ဆက်စကားသည် ခပ်ပေါ့ပေါ့သဘောထားစရာမဟုတ်ပါ။ ထိုကာ လတွင်တိုင်းနိုင်ငံများ၌ ယုံကြည်သူလုနည်းစုသာရှိကြသည်။ စုံစမ်းနှောင့်ယှက်ခြင်း၊ ဆင်းရဲဒုက္ခ ခံစားနေကြရသည်။ အားပေးကူညီခြင်း၊ မိတ်ဖွဲ့ခြင်း၊ နှုတ်၏ဆောင်မခြင်းသည် အားဆေးဖြစ်သည်။ ထို့ကြောင့် တိတုနှင့်တကွယုံကြည်သူများအား ပေါလုက ယုံကြည်ခြင်းနှင့် တကွငါတို့ကို ချစ်သောသူများဟု နှုတ်ဆက်ခြင်း ဖြစ်သည်။ နောက်ဆုံးတွင်ဘုရားသခင်၏ ကျေးဇူးတော် အပေါင်းသည် သင်တို့အ​ပေါ်၌ သက်ရောက်ပါစေဟုအဆုံးသတ်ထားသည်။

မှတ်စု

(၁:၁) ဘုရားသခင်၏ရွေးကောက်တော်မူခြင်း အကြောင်းပိုမိုပြည့်စုံနားလည်ရန် ဧဖက်ဩဝါ ဒစာအခန်း ၁ နှင့် ရောမဩဝါဒ အခန်း၉တို့ကိုလည်း ဖတ်ရှုပါ။

(၁:၆) လူအများကမူ လင်မယားပြတ်စဲခြင်းသည် တခါတရံသင့်တင့်လျောက်ပတ်သည်ဟု ခံယူကြသည်။ သို့သော်အသင်းတော်အမှုတော်ဆောင်အား လင်မယားကွာရှင်းရန် အခွင့်မပြုပါ။

(၂:၇) NKJV အောက်ခြေမှတ်စုကိုကြည့်ပါ။ အရေးပါသောလက်ရေးမူ mss အများစုသည် အီဂျစ်မှပါလာသောလက်ရေးမူများကို အခြေခံကြသည်။ KJV, NKJV တို့သည် ယေဘုယျအားဖြင့် အစဉ်အလာTR ကို အလေးထားသော်လည်း အမြဲတမ်း လမ်းရိုးလိုက်သည်တော့ မဟုတ်ပေ။ mss အများစု  M ကလည်း ဤအတိုင်းကျင့်သုံးကြသည်။

(၂:၁၄) ယနေ့ခေတ်ကာလတွင် (peculiar) ဟူသောစကားလုံး အသုံးအနှုန်း အနက်ရွေ့လျော လာသည့်အတွက် ”တမူထူးခြားခြင်း” ကို quaint အသုံးပြုပြန်ဆိုကြသည်။ KJV ကျမ်းသည် ဘာသာပြန်ခြင်း၌အလွန်တိကျသော ကျမ်းဖြစ်သည်။ (ဤအပိုဒ်မှာကဲ့သို့) ”အမှားအယွင်း” ဟုဆိုကြ သည့်ဘာသာပြန်ဆိုချက်များမှာ ရာစုနှစ်လေးခုအတွင်း အင်္ဂလိပ် စာပေရေစီးကြောင်း၏ ပြောင်းလဲမှုကြောင့် သာလျှင်ဖြစ်သည်။

(၃:၁ဝ) KJV ၌’သင်းခွဲခြင်း’ heretic ဟူသောဂရိစကားလုံးကို NKJV တွင် divisive ဟုသုံးနှုန်း သည်။ အသင်းတော်တွင် လွဲမှားသောအယူကို သွန်သင်၍သင်းခွဲစေခြင်း ဖြစ်သည်။ hairetikos ဟူသောဂရိစကားလုံးမှ ပေါက်ဖွားလာခြင်းဖြစ်သည်။

Previous Article
Next Article