တိမောသေသြဝါဒစာပဌမစောင် ၁

၁။ နှုတ်ခွန်းဆက်ခြင်း (:)

          : ယေရှုခရစ်တော်၏ တမန်တော်အဖြစ် ရှင်ပေါလုက သူ့ကိုယ်သူမိတ်ဆက်ထားပါသည်။ တမန်တော်ဆိုသည်မှာ ဘုရားသခင်က စေလွှတ်သည့် အမှုတော်မြတ်၌ ဆက်ကပ်သူဖြစ်သည်။ ထို့ကြောင့် ငါတို့ကို ကယ်တင်တော်မူသော အရှင်ဘုရားသခင်နှင့် ငါတို့မျှော်လင့်ခြင်းအကြောင်းဖြစ်သော ယေရှုသည် ခရစ်တော်၏ ပညတ်တော်အားဖြင့်ဟု အစချီထားသည်။ ဆိုလိုသည်မှာ အမှုတော်မြတ်ထမ်းဆောင်ရန် ပေါလုကိုယ်တိုင်ရွေးချယ်ခြင်း အခြားလူများက ခန့်အပ်ခြင်းမဟုတ်ပါ။ ဘုရားသခင်က ဟောပြောရန်၊ သွန်သင်ရန်၊ ဆင်းရဲဒုက္ခခံစားရန် ခေါ်ဆောင်ခြင်း ဖြစ်သည်။ ဘုရားသခင်ကို ဓမ္မသစ်ကျမ်းအတိုင်း အဘဘုရားသခင် ဟုခေါ်၍ သခင်ယေရှုကို ကယ်တင်ရှင်ဟု သုံးနှုန်းထားသည်။ ထိုအသုံးအနှုန်းနှင့် ပတ်သက်၍ ဝိရောဓိဖြစ်စရာအကြောင်း မရှိပါ။ ဘုရားသခင်သည် လူများအား ကယ်တင်ခြင်းရရှိစေလိုသောကြောင့် သားတော်ကို လူ့လောကသို့ စေလွှတ်ခဲ့သည်။ ထိုသားတော်တွင် ဘုရားသခင်၏ ဘုန်းကျက်သရေ အကုန်ပါရှိပြီး၊ လူသားများအား ကယ်တင်ဖို့ရန် အနိမ့်ဆုံးသော သေခြင်း လက်ဝါးကပ်တိုင်မှာ အသေခံခဲ့သည်။ ထိုယေရှုခရစ်တော်၏ ပြည့်စုံသောလုပ်ဆောင်ချက်ကို လက်ခံယုံကြည်သူတိုင်းသည် ကယ်တင်ခြင်းရရှိ၍ ထာဝရအသက်ရကြသည်။

သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့၏ မျှော်လင့်ချက်ဖြစ်သည်။ (ကော ၁:၂၇) “ထိုစည်းစိမ်ကား ဘုန်းအသရေကို မျှော်လင့်ခြင်းအကြောင်းတည်းဟူသော သင်တို့အထဲ၌ရှိတော်မူသော ခရစ်တော်ပေတည်း”ဟူသော ကျမ်းပိုဒ်ကို ထပ်မံအတည်ပြုခြင်း ဖြစ်သည်။ ကောင်းကင်နိုင်ငံကို မျှော်လင့်၍ သခင်ယေရှုအမှုတော်တွင် တည်မှီပါသည်။ ထိုမျှော်လင့်ချက် သမ္မာကျမ်းစာတွင် ယေရှုခရစ်တော်အဖြစ် ဖော်ပြထားပါသည်။

ဧ ၂:၁၄ တွင်ခရစ်တော်သည် ကျွန်ုပ်တို့၏ ငြိမ်သက်ခြင်းဟု၎င်း (ကော ၃:၄)တွင် ကျွန်ုပ်တို့၏ အသက်အဖြစ်၎င်း ဖော်ပြထားပါသည်။ ခရစ်တော်သည် ကျွန်ုပ်တို့၏ ငြိမ်သက်ခြင်း၊ အတိတ်က အပြစ်ပြဿနာများ၏အဖြေ၊ မျက်မှောက်ဘဝပြဿနာများကို ဖြေရှင်းနိုင်သည့် တန်ခိုးအနာဂတ်တွင် ပြဿနာပေါင်းစုံမှ ကယ်တင်ရှင် ဖြစ်သည်။

: ဤစာကို ယုံကြည်ခြင်း၌ သားဖြစ်သော တိမောသေသို့ လိပ်မူရေးထားသည်။ ထို့ကြောင့် တိမောသေသည် ရှင်ပေါလု၏ သွန်သင်ခြင်းဖြင့် ကယ်တင်ခြင်းရသည်ဟု ယုံမှတ်ရသည်။ ပထမဆုံးအကြိမ် လုတ္တရသို့ ပေါလုရောက်စဉ်က ဖြစ်နိုင်သည် (တ ၁၄:၆-၂၀)။ တိမောသေသည် ရှင်ပေါလုနှင့် တွေ့တွေ့ခြင်း ပေါလုနှင့်လိုက်ရန် အဆင်သင့် ဖြစ်နေသည်။ (တ ၁၆:၁-၂)။ ထို့ကြောင့် တိမောသေသည် ပေါလုနှင့် စိတ်တူကိုယ်တူ ခံစားချက်တူသူဟု ဆိုနိုင်သည်။ အကျင့်သိက္ခာလည်း ချွတ်စွပ်တူသောကြောင့် ယုံကြည်ခြင်း၌သားဟု တော်ထိုက်ပါပေသည်။

ထို့ကြောင့် Stock က “ခရစ်ယာန်လူငယ်ခေါင်းဆောင်များသည် ပျော်ရွှင်ခြင်း ပိုင်ဆိုင်ကြသည်။ အထူးသဖြင့် ကြံတိုင်းအောင်၊ ဆောင်တိုင်းမြောက်သူများအတွက် ဖြစ်သည်”ဟု အဆိုရှိထားသည်။

ဓမ္မသစ်ဩဝါဒစာစောင်များတွင် ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သုံးနေကျနှုတ်ဆက်စကား ဖြစ်သည်။ တိမောသေ ဩဝါဒစာစောင်များက တိတုနှင့်ယောဟန်ဩဝါဒ ဒုတိယစောင်တို့တွင် အကျယ်ချဲ့၍ ကျေးဇူးတော်၊ ကရုဏာတော်နှင့် ငြိမ်သက်ခြင်းဟု သုံးထားသည်။ ဩဝါဒစာများ အသင်းတော်များသို့ ရေးသောစာများတွင် ကရုဏာတော်ဟူသော စကားလုံးကို ထပ်ဖြည့်ထားပါသည်။

          ကျေးဇူးတော်ဆိုသည်မှာ ခရစ်ယာန်အသက်တာတွင် မရှိမဖြစ်လိုအပ်သော ဘုရားရှင်ထံတော်မှ လာသည့်အရာ ဖြစ်သည်။ ကရုဏာတော်ဆိုသည်မှာ ဘုရားသခင်၏ ကွယ်ကာစောင့်ရှောက်ခြင်း၊ ဘေးရန်မခ၊ ဆုံးရှုံးခြင်း မရှိရလေအောင် ထိန်းသိမ်းကူမခြင်း ဖြစ်သည်။ ငြိမ်သက်ခြင်းဆိုသည်မှာ စိတ်နှလုံးချမ်းမြေ့စွာဖြင့် ဘုရားရှင်တော်အား ကြည်ညိုခြင်း ဖြစ်သည်။ ဤမင်္ဂလာတရား သုံးပါးစလုံးသည် အဘဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်ထံမှ သက်ရောက်လာခြင်း ဖြစ်သည်။ ခရစ်တော်၏ဇာတိတော်သည် အဘဘုရားသခင်ထံမှ ဖြစ်ပွားသောကြောင့် ခမည်းတော်နှင့် တန်းတူရည်တူရှိသည်ဟု ပေါလုကဆိုထားသည်။ သခင်ယေရှုခရစ်၏ ခရစ်တော်ဖြစ်ပုံကို ထင်ဟပ်ပေါ်လွင်စေသည်။ ဓမ္မသစ်ကျမ်းတွင် “ကယ်တင်ရှင်”ဟူသောစကားကို (၂၄)ကြိမ် သုံးထားပြီး “သခင်”ဟူသော ဝေါဟာရကို (၅၂၂)ကြိမ် သုံးထားသည်။ ဤစကားလုံး၏ လေးနက်ပုံကို မှတ်သားအပ်သည်။

၂။ တိမောသေသို့ ညွှန်ကြားချက် (:၂၀)

(က) မိစ္ဆာဆရာများအား ဆုံးမခြင်း (:၁၁)

          : ရောမတွင် ပထမဦးဆုံး ထောင်ကျပြီးနောက်ပိုင်းတွင် တိမောသေနှင့်အတူ ဧဖက်သို့ခရီးသွားပုံ ရသည်။ တိမောသေအား ဧဖက်တွင် ရှောင်တခင်နေရစ်ခိုင်းသည်။ ဧဖက်တွင် နှုတ်ကပတ်တော်သွန်သင်ရန်နှင့် မှားယွင်းသောဆရာများအား နာခံခြင်းမရှိကြရန် သတိပေးခိုင်းသည်။ ပေါလုသည် ကောရိန္သုတောင်ပိုင်းဒေသသို့ ခရီးဆက်ပြီး၊ ကောရိန္သုမှ ဤစာကို ရေးသားပေးပို့ဟန် တူသည်။ အငယ် ၃ တွင် တမန်တော်ကြီးက “သင်သည် အချို့သောသူတို့ကို ပညတ်ထား၍ ဧဖက်မြို့၌ နေရစ်စေခြင်းငှာ၊ ငါသည် မာကေဒေါနိပြည်သို့ သွားသောအခါ တောင်းပန်သည့်အတိုင်း နေလော့ဟုဆိုထားသည်။ သို့သော် ဤကျမ်းစကားက တိမောသေအား ဧဖက်အသင်းတော်တွင် သင်းအုပ်အဖြစ် ခန့်အပ်သည်ဟု မဆိုပါ။ ထိုသို့ ယူဆ၍မရနိုင်ပါ။ ရှောင်တခင် သာသနာပြုခြင်းသာ ဖြစ်သည်။ အသင်းတော်တွင် အယူမှားဆရာကြီးများ၏ သွန်သင်ချက်များကို သမ္မာတရားအဖြစ် ထင်ယောင်မှားကြသည့်ကာလ ဖြစ်သည်။ ထိုပြဿနာဘေးရန်မှ ရှောင်ခွာထွက်ပြေးလိုသော တိမောသေအား လက်မြှောက်အရှုံးမပေးရန်နှင့် ထွက်ပြေးခြင်းမပြုရန် ရှင်ပေါလုက ပြောကြားသည်။

: တိမောသေကိုယ်တိုင်ကလည်း အယူမှားဆရာများကို မှုမထားဖို့ ပြင်ဆင်၍ မကုန်နိုင်သော ဆွေစဉ်မျိုးဆက်စာရင်းများကို ပမာဏမပြုဖို့ ညွှန်ကြားသည်။ ထိုကာလမှာ ဒဏ္ဍာရီပုံပြင်စကား ဟောပြောသော ယုဒဆရာများ ပေါ်ထွန်းချိန်ဖြစ်သည်။ အချို့က ဒဏ္ဍာရီပုံပြင်နှင့်နွယ်၍ ဆွေစဉ်မျိုးဆက် တော်စပ်ကြသည်။ ယနေ့ခေတ်ကာလတွင်လည်း ဘာသာရေး နယ်ပယ်၌ ထိုအပြုအမူမျိုးတွေ့ရသည်။ စိတ်ဝင်စားဖွယ်ကောင်းသော ပုံပြင်ဇာတ်လမ်းများ ထိုမှားယွင်းသော ဘာသာရေးဆရာများထံမှ ပေါ်ထွန်းလာခြင်း ဖြစ်သည်။ ယနေ့ခေတ်ကာလတွင်လည်း ဘာသာရေးနယ်ပယ်၌ ထိုအပြုအမူမျိုး တွေ့ရသည်။ ဆွေစဉ်မျိုးဆက်စာရင်းအရေးကြီးသော ယုံကြည်ခြင်းတခုအဖြစ် ယူမှတ်ကြသည်။

ထိုသောင်တင်ရေမကျ အရေမရ အဖတ်မရ ကွမ်းစကားများသည် လူ့အတွေးတွင် စွဲထင်နေသည်။ ယုံကြည်ခြင်း၌ တည်သောဘုရားသခင်၏ သာသနာကို မပြုစုကြ။ ရွေးနှုတ်ခြင်းအစီအစဉ်တခုလုံးသည် ဘုရားသခင်၏ အစီအမံဖြစ်သည်။ ယုံမှားသံသယဖြစ်စရာအကြောင်း မရှိ။ နှလုံးသား၌ စွဲမြဲစွာ ဌာပနာသွင်းရန်သာ ဖြစ်သည်။ ဤဧဖက်အသင်းတော်ရှိ လူများသည် အချည်းနှီးသော ဒဏ္ဍာရီပုံပြင်နှင့် ဆွေစဉ်မျိုးဆက်စာရင်းရှုပ်မနေဘဲ ခရစ်ယာန် ယုံကြည်ခြင်း၌ ယုံကြည်ခြင်းအားကြီး၍ ကောင်းကြီးမင်္ဂလာ ခံစားကြရန် တိုက်တွန်းထားသည်။

: ပညတ်တော်ဆိုသည်မှာ မောရှေပညတ်ချက်သော်၎င်း၊ ပညတ်တော်ဆယ်ပါးသော်၎င်း ဆိုလိုခြင်းမဟုတ်။ ငယ် ၃ နှင့် ၄ တွင် ပညတ်တော်ဟူသည့်စကားလုံးသည် NKJV ကျမ်းချက်မှ ထုတ်ယူခြင်း ဖြစ်သည်။ ဤပညတ်တော်၏ရည်ရွယ်မှာ ချစ်ခြင်းမေတ္တာဖြစ်သည်။ တိမောသေအား “ပညတ်ထားခြင်း၏အချုပ်အခြာမူကား စင်ကြယ်သောစိတ်နှလုံးနှင့်၎င်း၊ ကိုယ့်ကိုကိုယ်သိသော စိတ်ကြည်လင်ခြင်းနှင့်၎င်း၊ မှန်သောယုံကြည်ခြင်းနှင့်၎င်း၊ စပ်ဆိုင်သောချစ်ခြင်းမေတ္တာတည်း”ဟု ရှင်းပြထားသည်။ ဤမင်္ဂလာတရားသည် ဘုရားသခင် ကျေးဇူးတော်သတင်းကောင်းနှင့် ဒွန်တွဲစမြဲ ဖြစ်သည်။

ချစ်ခြင်းမေတ္တာကို ဘုရားသခင်အား ချစ်ခြင်း၊  ယုံကြည်သူအချင်းချင်း မိဿဟာယဖွဲ့ခြင်းတွင် မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ ထိုချစ်ခြင်းမေတ္တာသည် စင်ကြယ်ခြင်းမရှိလျှင် ခရစ်ယာန်ချစ်ခြင်းမေတ္တာသည်လည်း  မကိန်းဝပ်နိုင်။ စိတ်နှလုံးကောင်းရှိသူတိုင်း ချစ်ခြင်းမေတ္တာရှိကြသည်။  အဆုံးစွန်ပြောရလျှင် စိတ်နှလုံး၏ ကြည်လင်ခြင်းကို ပြင်ပတွင်ပြသခြင်း ဖြစ်သည်။ ယုံကြည်ခြင်းနှင့်ဆိုင်သော ချစ်ခြင်းမေတ္တာသည် ဟန်မဆောင်တတ်။

မိစ္ဆာဆရာများတွင် ဤချစ်ခြင်းမေတ္တာမျိုးမရှိဟု ပေါလုကဆိုထားသည် ပုံပြင်ဒဏ္ဍာရီနှင့် ဆုံးစမထင်သော ဆွေစဉ်မျိုးဆက်အကြောင်း ရှေးဟောင်းနှောင်းဖြစ်များသာ သင်ပြတတ်ကြသည်။ စင်ကြယ်သောနှလုံး၊ ကြည်လင်သောစိတ်၊ မှန်သောယုံကြည်ခြင်းများသည် ဘုရားသခင်ကျေးဇူးတော်ဖြင့် ရရှိခြင်းဖြစ်သောကြောင့် ချစ်ခြင်းမေတ္တာသီးပွင့်ပါသည်။

အခန်းငယ် ၅သည် မှန်ကန်သော သွန်သင်ခြင်းအား ထောက်ပြခြင်းဖြစ်သည်။ ထိုကဲ့သို့ သီးပွင့်နိုင်ကြသည် မဟုတ်လား။

: ကောင်းသောအကျင့်ရရှိပြီးမှ အချို့သည် တစိုက်မတ်မတ် ဆုပ်ကိုင်ခြင်းမရှိဘဲ ဖောက်ပြန်ကြသည်။ ဖောက်ပြန်ခြင်းဆိုသည်မှာ မကျင့်ကြံခြင်း ဖြစ်နိုင်သကဲ့သို့ မေ့လျော့ခြင်းလည်း ဖြစ်နိုင်သည်။ ထိုသို့ ဖောက်ပြန်ခြင်းအကြောင်း မပြောလိုပါ။ ထိုသို့ ဖောက်ပြန်ကြခြင်းသည် တမင်ကြံရွယ်ခြင်းမတတ်ပါ။ မရေမရာ မချည်းနှီးစကားဖောင်ဖွဲ့ပြောခြင်းဖြင့် လွဲသွားခြင်း ဖြစ်သည်။ သွန်သင်ချက်များသည် ဟုတ်တိပတ်တိခိုင်မြဲသော ရည်ရွယ်ချက်မရှိ။ ဦးတည်ချက်ကင်းလျက် တရားနာသူများအတွက် ဖြောင့်မတ်ခြင်းခွန်အားမပေးနိုင်။

ထိုစကားလုံးကို ရှင်ပေါလုက ထပ်ခါတလဲလဲသုံးနှုန်းသည်။ ဤဩဝါဒစာ ရေးသားချိန်တွင် မှားယွင်းသောဆရာများသည် အသင်းတော်တွင် လူနည်းစုသာ ဖြစ်သည်။ ဒုတိယစာစောင်တွင်မူ “အချို့”ဟု သုံးနှုန်းထားသည်။ ချိန်ခွင်ညှာပြောင်းလဲသွားသည်။ သာမညသည် ပဓာနဖြစ်လာသည်။ လူနည်းစုသည် လူများစု ဖြစ်လာသည်။

: အထက်ကျမ်းပိုဒ်မှ မှားယွင်းဆရာများမှာ ယုဒဝါဒီများ၊ ယုဒဝါဒနှင့် ခရစ်ယာန်ဝါဒ၊ ပညတ်ချက်နှင့် ကျေးဇူးတော်မခွဲခြားတတ်ဘဲ ရောယှက်သူများဖြစ်သည်။ ခရစ်တော်၏ ကယ်တင်ခြင်းမလုံလောက်သဖြင့် ဖြည့်စွက်ရမည်ဆိုသူများ ဖြစ်သည်။ အရေးဖျားလှီးရမည်၊ မောရှေစီရင်ထုံးကို လိုက်နာရမည်ဟု လှေနံဓါးထစ်ခံယူသူများ ဖြစ်သည်။ ပညတ်တော်သည် ယုံကြည်သူများ၏ အသက်ရှင်ခြင်း ဖြစ်သည်ဟု သွန်သင်ကြသည်။ ယနေ့ကာလတွင် သမ္မာကျမ်းစာထက် ဂိုဏ်းဂနမူဝါဒကို ကိုးကွယ်ကြသည်။

ထိုမှားယွင်းသောဆရာများသည် အသင်းတော်သမိုင်းတွင် ရာစုချီ၍ တွေ့ရသည်။ ယနေ့ကာလတွင် ခရစ်ယာန်များအား ပလိပ်ရောဂါဆိုးအဖြစ် ဝင်ရောက်ဖျက်ဆီးနေသည်။ သို့သော် အသွင်ပုံစံပြောင်းလဲသည်။ ကယ်တင်ခြင်းရရန် ယေရှုခရစ်တော်ကို ယုံကြည်လက်ခံကြသည်။ နှစ်ခြင်းမင်္ဂလာခံယူဖို့ အသင်းတော်တွင် ပါဝင်ဖို့၊ ပညတ်ချက်များကို စောင့်ထိန်းဖို့၊ အလှူငွေနှင့် ဆယ်ဘို့တဘို့ပေးလှူဖို့၊  အကျင့်ကောင်းကျင့်ကြံဖို့ လက်ခံကြသည်။ ကောင်းသောအကျင့်ဖြင့် မဟုတ်ဘဲ ယုံကြည်ခြင်းဖြင့်သာ ကယ်တင်သည်။ ကောင်းသောအကျင့်ဖြင့် မဟုတ်ဘဲ ယုံကြည်ခြင်းဖြင့်သာ ကယ်တင်ခြင်း ရရှိကြောင်းကိုလည်း ခံယူကြသည်။ သို့သော် ကောင်းသောအကျင့်များသည် ကယ်တင်ခြင်း၏ အသီးအပွင့်၊ နောက်ဆက်တွဲအကျိုးရလဒ်အဖြစ် နားမလည်ကြ။ လူသည် အကျင့်ကောင်းကျင့်ကြံခြင်းဖြင့် ကယ်တင်ခြင်းမရသည်မှာ မှန်ကန်ပါသော်လည်း ခရစ်ယာန်တယောက်ဖြစ်လာသည့်နောက်ပိုင်းတွင် ကောင်းသောအကျင့် ရှိကိုရှိရသည်။ ခရစ်တော်ကိုမမြင်၊ ပညတ်တော်ကိုလည်း နားမလည်ကြ။ ပညတ်တော်ထဲ၌ နေသူသည် ကျိန်ခြင်း အမင်္ဂလာရှိကြောင်း သဘောမပေါက်ကြ။ ပညတ်တော်ကို မည်သူမှ စုံလင်စွာ လိုက်မလျှောက်နိုင်သောကြောင့် ထိုစဉ်ကတည်းက လူများကို သေခြင်းသို့ ပို့ဆောင်ခြင်း ဖြစ်သည်။ သို့သော် သခင်ခရစ်တော်ကျိန်ခြင်း မင်္ဂလာခံယူခြင်းဖြင့် ယုံကြည်သူများအား ကျိန်ခြင်းအမင်္ဂလာတည်းဟူသော ပညတ်တော်အောက်မှ ကယ်နှုတ်ပါသည်။

ထို့ကြောင့် ပညတ်တော်ဆရာများသည် မိမတို့ပြောသောအရာကိုလည်း နားမလည်ဟု ကျမ်းစာက ဆိုခြင်းဖြစ်သည်။ သူတို့ကိုယ်တိုင်၌ ပညတ်တော်ပြဌာန်းခြင်း၏ ရည်ရွယ်ချက်၊ ပညတ်ချက်နှင့် ယုံကြည်သူများ ဆက်စပ်မှုကို သဘောမပေါက် နားမရှင်းကြပါ။

: ပညတ်တော်နှင့် ယုံကြည်သူများ ဆက်စပ်ပုံကို ပေါလု ကောင်းစွာသဘောပေါက်သည်။ နောကြေသည်။ ထို့ကြောင့် (ရော ၇:၁၂)တွင် “တရားတော်သည် သန့်ရှင်းခြင်းရှိ၏။ ပညတ်တရားလည်း သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်း ရှိ၏”ဟုဆိုထားသည်။ သို့သော် “ပညတ်တရားသည် တရားသဖြင့် ကျင့်သောသူအတွက်မဟုတ်။ ကယ်တင်ခြင်းနှင့် တသားတည်းမရှိ (တ ၁၃:၁၉၊ ရော ၃:၂၀၊ ဂလာ၂:၁၆-၂၁၊ ၃:၁၁)။ ပညတ်တရားသည် အပြစ်ဒုစရိုက်များကို သိရှိနားလည်အောင် သွန်သင်ချက်စည်းမျဉ်း ဖြစ်သည်။ ထို့ကြောင့် ကယ်တင်ခြင်းနှင့်၎င်း အသက်တာစည်းမျဉ်းအဖြစ်၎င်း ခံယူစရာမဟုတ်။

ထိုအကြောင်းနှင့်ပတ်သက်၍  Guy ဘုရင်က ပညတ်ချက်သင်ပြသော သင်ခန်းစာမှာ “လုပ်သင့်ခြင်း၊ မရှိခြင်း၊ မလုပ်နိုင်ခြင်း” ဖြစ်သည်ဟု ထောက်ပြသည်။ လူသည် ပညတ်ချက်၏ ပြဌာန်းချက်အား လိုက်မလုပ်နိုင်ကြပါ။ ထို့ကြောင့် “အိုအဘဘုရားသခင်၊ ကျေးဇူးပြု၍ ကယ်မတော်မူပါ”ဟု အော်မြည်တမ်းတခြင်း ဖြစ်သည်။ မိစ္ဆာမများက ပညတ်ချက်ချိုးဖောက်ရုံနှင့် သေပြစ်မထိုက်ဟု သွန်သင်တတ်ကြသည်။ ထိုသွန်သင်ချက်မျိုးသည် ပညတ်တော်၏ အနှစ်သာရမဟုတ်။ အပြစ်ဒဏ်နှင့်ကင်းသော ပညတ်ချက်မျိုးမရှိပါ။

: ပညတ်ချက်သည် တရားသဖြင့် ကျင့်သောသူအတွက်မထား။ အကယ်၍ ဖြောင့်မတ်စင်ကြယ်နေလျှင် ပညတ်ချက်ကို မှုစရာမလို။ ပညတ်တော်သည် စစ်မှန်သော ယုံကြည်သူ ခရစ်ယာန်အတွက်မဟုတ်။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရရှိသူသည် ပညတ်တော်ဆယ်ပါးအပါအဝင် ပညတ်တော်အောက်မှာ မနေရသဖြင့် ဖြောင့်မတ်စင်ကြယ်သော အသက်တာ ရှိသည်။ ဘုရားသခင်၌ အသက်တာကျင်လည်သူသည် အပြစ်ဒဏ်စိုးရိမ်စရာမလို။ ကရာနီကုန်းပေါ်တွင် အသေခံတော်မူသော ကယ်တင်ရှင်ကိုသာ ရှေးရှုရသည်။

တမန်တော်ကြီးက ပညတ်တော်နှင့် ပတ်သက်နေသူများအကြောင်းကို ဆက်လက်ရှင်းပြထားသည်။ ကျမ်းစာလေ့လာသူများက ပညတ်တော်ဆယ်ပါးကို နှစ်ပိုင်းခွဲခြားကြသည်။ ပထမ(၄)ချက်သည် လူက ဘုရားသခင်အပေါ်သို့ ပြုကျင့်ရမည့်ဝတ္တရားဖြစ်၍ ကျန်(၆)ချက်သည် ကိုယ်နှင့်စပ်ဆိုင်သူများ၊ အိမ်နီးနားချင်းများ ဆက်ဆံရာတွင် ပြုကျင့်ရမည့် ကျင့်ဝတ်နိယာမ ဖြစ်သည်။ အောက်ပါကျမ်းချက်သည် ပထမပိုင်း ပညတ်တော်ဆယ်ပါးနှင့် ဆက်စပ်နေကြောင်းတွေ့ရမည်။ မတရားသဖြင့်ကျင့်သောသူ၊ ဘုရားကို မကိုးကွယ်သောသူ၊ အပြစ်ထင်ရှားသူ၊ မသန့်ရှင်းသူ၊ ဘုရားတရားကို မရိုမသေပြုသောသူ။ အချင်းချင်း ပြုကျင့်ရမည့် ကျင့်ဝတ်များနှင့်လည်း နီးစပ်သည်ကို ဆက်လက်တွေ့ရှိသည်။ လူ့အသက်ကို သတ်သောသူ ဟူသောစကားသည် ပညတ်တော်ဆယ်ပါးမှ ဆဋ္ဌမအချက်ဖြစ်သော လူ့အသက်မသတ်ရနှင့် ဆင်တူဖြစ်သည်။ လူ့အသက်သတ်ခြင်းဆိုသည်မှာ တမင်တကာ ကြံရွယ်၍ဖြစ်စေ၊ မတော်တဆဖြစ်စေ သေစေခြင်းကို ဆိုလိုသည်။

:၁၀ မတရားသောမေထုန်၌ မှီဝဲသောသူ၊ ယောက်ျားအချင်းချင်း မေထုန်ကိုပြုသောသူဆိုသည်မှာ စိတ်တဏှာရာဂပြင်းပြ၍ ကာမကျူးလွန်ခြင်းကို ဆိုလိုသည်။ ဤကျမ်းပိုဒ်သည် ပညတ်တော်ဆယ်ပါး၏ သတ္တမကျမ်းချက် “သူများသားမယားကို မပြစ်မှားရ”ဟူသော အပိုဒ်နှင့်အတူတူ ဖြစ်သည်။ လူကိုခိုးသွားသောသူ ဆိုသည်မှာ ပညတ်တော်ဆယ်ပါး၏ အဋ္ဌမကျမ်းပိုဒ် “မခိုးရ”ဟူသောအချက်နှင့် အတူတူဖြစ်သည်။ မုသာစကားကို သုံးသောသူ၊ မဟုတ်မမှန်ဘဲ ကျိန်ဆိုသူ ဟူသောကျမ်းချက်သည် နဝမပညတ်တော် သင့်အိမ်နီးနားခြင်းအမှု၌ မဟုတ်မမှန် သက်သေမကျိန်ဆိုရနှင့် အတူတူဖြစ်သည်။

စင်ကြယ်သောဩဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်သမျှအဘို့ ပညတ်တရားကိုထားသည်ဟူသော အချက်သည် ပညတ်တော်ဆယ်ပါးနှင့် တိုက်ရိုက်မပတ်သက်သော်လည်း ပညတ်တော်ဆယ်ပါးစလုံးကို ခြုံငုံခြင်း ဖြစ်သည်။

:၁၁ ဤပညတ်ချက်များသည် ရှေးယခင်ပညတ်တော်များနှင့် ခွဲခြားရန် ခက်ခဲသည်။ အပိုဒ် ၁၀ ပါ စင်ကြယ်သောဩဝါဒဆိုသည်မှာ ဧဝံဂေလိသတင်းကောင်းဆိုလိုဟန်ရှိသည်။ အခန်းငယ် (၈ မှ ၁၀)ပါ အချက်များသည် သတင်းကောင်းကို ဆိုလိုခြင်းလည်း ဖြစ်နိုင်သည်။ အခန်းငယ် (၃ မှ ၁၀)ပါသည့် မှားယွင်းသောဆရာများ အထုပ်ဖြေပြခြင်းကို သတင်းကောင်းဟု ဆိုလိုခြင်းလည်း ဖြစ်နိုင်သည်။ ထိုသို့မှန်လျှင် ထိုသတင်းကောင်းသည် ဝမ်းမြောက်ဖွယ်ရာ ဖြစ်သည်။ ဤကျမ်းပိုဒ်၏ အဓိကဖော်ပြလိုသည်မှာ အံ့ဩဖွယ်ရာ ဘုရားသခင်၏ မင်္ဂလာသတင်းစကား ဖြစ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်စင်ကြယ်ခြင်း၊ တရားမျှတခြင်းရှိသကဲ့သို့ ရှိကြရမည်ဖြစ်သည်။ ထို့အပြင် တချိန်တည်းတွင် ဘုရားသခင်၏ ကျေးဇူးတော်၊ ကရုဏာတော်နှင့် ချစ်ခြင်းမေတ္တာခံစားရမည် ဖြစ်သည်။ ဘုရားရှင်၏ ဖြောင့်မတ်စင်ကြယ်မှုကို ဆိုလိုသူတိုင်း ချစ်ခြင်းမေတ္တာနှင့်တကွ ရရှိကြသည်။ သခင်ယေရှုကို ယုံကြည်လက်ခံသူတိုင်း ထာဝရအသက်ရကြသည်။

ထိုတရားကို တရားသဖြင့် သုံးသောသူ၌ အကျိုးပေးတတ်သည်ဟု ဆိုထားပါသည်။ ထိုမင်္ဂလာ စကားမှာ သခင်ယေရှုခရစ်တော်ဖြစ်သောကြောင့် ယေရှုခရစ်တော်သည် ကယ်တင်ရှင်သာမဟုတ်၊ ဘုရားသခင်လည်း ဖြစ်ကြောင်း ကြားပြောကြပါစို့။

() ဘုရားသခင်၏ကျေးဇူးတော်အား ချီးမွမ်းခြင်း (:၁၂၁၇)

          :၁၂ မိစ္ဆာဆရာများသည် ဧဖက်မှယုံကြည်သူများအား ပညတ်တော်အောက်သို့ ပြန်လာရန် ဆွဲဆောင်ကြသည်။ ရှင်ပေါလုက သူ့အသက်တာ ပြောင်းလဲခြင်းသည် ပညတ်တော်လိုက်လျှေက်ခြင်းဖြင့် မဟုတ်၊ ဘုရားသခင်၏ ကျေးဇူးတော်ဖြင့် ပြောင်းလဲခြင်းဖြစ်ကြောင်း ရှင်းပြသည်။ တမန်တော်ကြီးသည် ဖြောင့်မတ်စင်ကြယ်သူ မဟုတ်ရုံသာမက အပြစ်ထွဋ်ခေါင်လုပ်ခဲ့သူ ဖြစ်သည်။ အငယ် ၁၂ မှ ၁၇တွင် ပေါလု၏ အသက်တာအတွေ့အကြုံနှင့်ယှဉ်၍ ပညတ်တော်အကြောင်းကို ရှင်းပြထားသည်။ ပညတ်ချက်သည် ပေါလုအတွက် ကယ်တင်ခြင်း နည်းလမ်းမဟုတ်။ အပြစ်စွန့်လွှတ်၍ အသက်တာပြောင်းလဲခြင်းနည်းလမ်းဖြင့်သာ ကယ်တင်ခြင်း ရရှိသည်။

ပထမဦးစွာ ခံစားရသောကောင်းကြီးမင်္ဂလာအတွက် ယေရှုခရစ်တော်အား  ဦးချချီးမွမ်းစကားဆိုသည်။ တာရှုသား ရှောလုအား အစွမ်းအစပေးသောကြောင့် ချီးမွမ်းခြင်းမဟုတ်။ ပေါလုအပေါ်တွင် သခင်ဘုရားပြုသော အမှုတော်မြတ်အား ချီးမွမ်းခြင်း ဖြစ်သည်။ အသက်တာအား ကယ်တင်ခြင်းပေးရုံသာမက သစ္စာရှိစွာ ဆက်ကပ်နိုင်အောင် ခန့်အပ်ခြင်းကို ဘယ်သောအခါမှမမေ့။ မချီးမွမ်းဘဲမနေနိုင်။ ထိုကျေးဇူးတော်မျိုး ဘယ်သောအခါမှ ပညတ်တော်ကမပေး။ ထိုသို့ ပေးဖို့နေနေသာသာ ရှောလုဘဝဖြင့် သေရွာသို့သာပို့နိုင်သည်။

:၁၃ ရှင်ပေါလုသည် အသက်တာမပြောင်းလဲခင်၊ ပညတ်တော်ဆယ်ပါးကို ချိုးဖဲ့ကြေမွစေသူ ဖြစ်သည်။ ကျမ်းပိုဒ်တွင် သူ့ကိုယ်သူ ကဲ့ရဲ့သောသူ၊ ကြမ်းကြုတ်သူ၊ ညှဉ်းဆဲသောသူအဖြစ် ဖော်ပြထားသည်။ ကဲ့ရဲ့သောသူဆိုသည်မှာ ခရစ်ယာန်နှင့်ယေရှုခရစ်အား ကြိမ်းမောင်းဆဲဆိုခြင်း ဖြစ်သည်။ ညှဉ်းဆဲသောသူ ဆိုသည်မှာ ခရစ်ယာန်ဘာသာရေးက ယုဒဘာသာရေးကို လွှမ်းမိုးလာသောကြောင့် ခရစ်ယာန်များအား ညှဉ်းဆဲသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ ထိုစကားလုံးများသည် အင်္ဂလိပ်ဝေါဟာရနှင့် အနီးစပ်ဆုံးကဲ့ရဲ့သူ၊ ညှဉ်းဆဲသူ၊  ကြမ်းကြုတ်သူဟု အဓိပ္ပါယ်ပြန်ဆိုခြင်းသာ ဖြစ်သည်။ ပထမအပြစ်သည် ဝစီကံဖြင့်ပြစ်မှားခြင်း၊ ဒုတိယအပြစ်သည် ယုံကြည်သူများအား ဆင်းရဲဒုက္ခရောက်စေသည့် ကာယကံပြစ်မှားခြင်း၊ တတိယအပြစ်မှာ နာကျင်စွာခံစားကြစေရန် မနောကံကြံရွယ်ပြစ်မှားခြင်း ဖြစ်သည်။

သို့သော် ရှင်ပေါလုသည် ကျေးဇူးတော်ခံစားရသည်။ ထိုမိုက်မှားခဲ့မှုများအတွက် အပြစ်ဒဏ်မခံရ။ မယုံကြည်သူ ဘဝတုန်းက မသိနားမလည်၍ မိုက်မှားမိခြင်းဖြစ်သည်။ ခရစ်ယာန်များကို ဖိနှိပ်ဒုက္ခပေးခြင်းကို ဘုရားသခင်အမှုတော်ဟု ထင်မှားခဲ့သည်။ ခရစ်ယာန်ဘာသာတရားသည် ဓမ္မဟောင်းကျမ်းရှိ ယေဟောဝါ ဘုရားသခင်ကို ဆန့်ကျင်သော ဘာသာတရားဖြစ်သည်ဟု မိဘများက သွန်သင်ခဲ့သောကြောင့် အားကြိုးမာန်တက်ဖြင့် ခရစ်ယာန်များကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

အားကြိုးမာန်တက်၊ စိတ်လိုက်မာန်ပါ လုပ်ဆောင်ခြင်းသည် အမှုတော်တွင် အရေးကြီးသည်။ ရှင်ပေါလု၏ အားကြိုးမာန်တက်လုပ်ခြင်းသည် အမှားသရုပ်ပြ ဖြစ်သည်။ မှန်ကန်သော လုပ်ဆောင်ခြင်းမဟုတ်။ အကယ်၍ လူတစ်ယောက်သည် မှားယွင်းသောအမှုကိစ္စတွင် စိတ်လိုက်မာန်ပါ လုပ်မိပါက အမှားပိုများပါသည်။ အမှားပိုများလေ၊ အပျက်အစီး ပိုများလေ ဖြစ်သည်။

:၁၄ ရှင်ပေါလုသည် အပြစ်စီရင်ခြင်းမှ လွတ်ငြိမ်းချမ်းသာခွင့်ရသည်သာမက ကရုဏာတော်သည်လည်း ခံစားရသည်။ သခင်ဘုရား၏ ကျေးဇူးတော်လည်း အတိုင်းထက်အလွန် ကြွယ်ဝခဲ့သည်။ အပြစ်နည်းလေ၊ ကျေးဇူးတော်ပိုမို ခံစားရလေ ဖြစ်သည် (ရော ၅:၂၀)။

ရှင်ပေါလု ခံစားရသော သခင်ဘုရား၏ကျေးဇူးတော်သည် နှုတ်ဖြင့်မြွတ်ဆို မမီနိုင်အောင် ကြွယ်ဝပုံကို ယေရှုခရစ်၌ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့်တကွ အတိုင်းထက်အလွန် ကြွယ်ဝကြောင်းဟု ကျမ်းစကား သက်သေထူခဲ့သည်။ ကျေးဇူးတော်သည် သခင်ဘုရားထံမှ ရောက်ရှိလာခြင်း ဖြစ်သည်။ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာသည် အထံတော်ပါး၌သာ တွေ့ရှိနိုင်သည်။ ဘုရားသခင်၏ ကျေးဇူးတော်  ဝင်ရောက်ခိုလှုံသူတိုင်းသည်  ငြင်းပယ်ခြင်းအလျဉ်းမရှိဟု ဆိုလိုသည်။ သို့သော် သခင်ယေရှုကို ယုံကြည်ကိုးစားမှသာလျှင် ကောင်းကြီးမင်္ဂလာ ခံစားရသည်။

          :၁၅ ဤကျမ်းပိုဒ်သည် သင်းအုပ်များသို့ ရေးသည့်စာစောင်များတွင် ယုံကြည်ခြင်းနှင့် ပတ်သက်သော ပထမဆုံးကျမ်းစကား ဖြစ်သည်။ ဤစကားသည် သစ္စာစကား ဖြစ်၏။ အကြွင်းမဲ့ခံယူသောစကားလည်း ဖြစ်၏ဟု ဆိုထားသည်။ ဘုရား၏ နှုတ်ကပတ်တော်ဖြစ်သောကြောင့် မုသာစကား မသုံးနိုင်သကဲ့သို့ ပြစ်မှားခြင်းလည်း မပြုနိုင်။ ယုံမှားသံသယမရှိဘဲ အကြွင်းမဲ့ခံယူအပ်သောစကား ဖြစ်သည်။ မယုံကြည်သူသည် ပညာမရှိသူ ဖြစ်သည်။ အကြွင်းမဲ့လက်ခံအပ်သည် ဆိုခြင်းမှာ ဤစကား၌ ကယ်တင်ခြင်းဆုလက်ဆောင် ပါရှိသောကြောင့် ဖြစ်သည်။

ယေရှုခရစ်၏ ဇာတိတော်ကို မီးမောင်းထိုးပြထားသည်။ ကိုယ်တော်သည် ကောင်းကင်မှမြေကြီးသို့ ကြွဆင်းလာသော ပထမဦးဆုံးဘုရား (ခရစ်တော်) နှင့် လူသား (ယေရှု) ဖြစ်သည်။ ဗက်သလင်တွင် မွေးဖွားခြင်းသည် ကိုယ်တော်၏ အစမူလမဟုတ်ပါ။ ကိုယ်တော်သည် အဘဘုရားသခင်ထံတွင် နိစ္စထာဝရ စံမြန်းသူ ဖြစ်သည်။ ထို့နောက်မှ လူ့လောကသို့ လူသားတော်ဘဝဖြင့် ဆင်းသက်လာခြင်း ဖြစ်သည်။ လူ့လောကတွင် ကိုယ်တော်ဘုရားရှိသောကာလကို ပြက္ခဒိန်အားဖြင့် A.D ဟုခေါ်သည်။ သခင်ဘုရား၏ နေ့ရက်ကာလဟု အဓိပ္ပါယ်ရသည်။ အဘယ်ကြောင့် လူ့လောကသို့ ဆင်းသက်လာသနည်း။ အပြစ်သားများကို ကယ်တင်ဖို့ ဆင်းသက်လာသည်။ လူကောင်းများကိုသာ ရွေးချယ်ကယ်တင်ဖို့ မဟုတ်ပါ။ ဤလောကတွင် လူကောင်းတစုံတယောက်မှ မရှိပါ။ ပညတ်တော်ကို စုံလင်စွာ စောင့်ထိန်းသူများ ကယ်တင်ဖို့မဟုတ်ပါ။ ပညတ်တော်များကို စုံလင်စွာ စောင့်ထိန်းသူ တယောက်မှမရှိပါ။

စစ်မှန်သော ခရစ်ယာန်နှင့် သွန်သင်ချက်များကို ယှဉ်ကြည့်ကြပါစို့။ မှားယွင်းသောဆရာများက ဘုရားသခင်၏ မျက်မှောက်တော်ရအောင် အကြိုက်ဆောင်နိုင်သည်ဟု သွန်သင်သည်။ သတင်းကောင်းကမူ လူသည် ပျောက်သောသူ၊ အပြစ်သား ဖြစ်သည်။ မိမိကိုယ်မိမိ မကယ်တင်နိုင်၊ ယေရှု၏ကပ်တိုင်၌ အသေခံခြင်းတရားဖြင့်သာ ကယ်တင်၍ ကောင်းကင်နိုင်ငံရောက်နိုင်ကြောင်း သွန်သင်သည်။ ရှင်ပေါလု သွန်သင်သည့်အတိုင်း ပညတ်တော်များသည် အသွေးအသားဇာတိနှင့် သက်ဆိုင်သည်။ ကြားသိရုံမျှဖြင့် မည်ကဲ့သို့ မိမိကိုယ်ကို ကယ်တင်နိုင်မည်နည်း။ သတင်းကောင်းကမူ ယေရှုခရစ်တော်တပါးတည်းသော နည်းလမ်းဖြင့်သာ ကယ်တင်ခြင်းရနိုင်သည်ဟု ဆိုသည်။ ထိုလူသည် အပြစ်မည်မျှပင် ဗလပွဖြစ်စေကာမူ ဘာမှကြိုးစား အားထုတ်စရာမလို။ ယေရှုကို ယုံကြည်လျှင် လုံလောက်သည်။

ဘုရားသခင်၏ ဝိညာဉ်တော်က ပေါလုအား သူသည် အမိုက်ထွဋ်ခေါင် ဖြစ်ခဲ့ကြောင်း အသိပေးခဲ့သည်။ တချို့ကျမ်းစာများက “အပြစ်သားများထဲက အဆိုးဝါးဆုံးလူ”ဟု ဆိုကြသည်။ အပြစ်အများဆုံးလူသား မဟုတ်ခဲ့လျှင်လည်း အပြစ်သားများထဲတွင် ပြစ်ချက်အမြင့်ဆုံးလူ ဖြစ်လိမ့်မည်။ “အပြစ်အကြီးဆုံးလူ” ဆိုသောစကားသည် အကျင့်စာရိတ္တပျက်ပြားခြင်း၊ ရုပ်တုကိုးကွယ်ခြင်းနှင့် မလုံလောက်ပါ။ ယုဒဘာသာတရား ကိုင်းရှိုင်းလျက် ခရစ်ယာန်ဘာသာကို ဖိနှိပ်သူနှင့်သာ ထိုက်တန်သည်။ သူ၏အပြစ်အမိုက်သည် ဘာသာရေးခံယူချက်မှားခြင်း ဖြစ်သည်။ သခင်ယေရှုခရစ်တော်နှင့် ခရစ်တော်၏အမှုတော်များကို လက်မခံငြင်းငယ်သည်။ ထိုအပြစ်သည် ဧရာမအကြီးမားဆုံးအပြစ် ဖြစ်သည်။

အပြစ်အကြီးဆုံးသူဖြစ်ခဲ့သည်သာမက ဖြစ်နေသည်ဟု ဆိုထားပါသည်။ ဘုရားသခင်၏ သန့်ရှင်းသူများသည် သူတို့အသိအာရုံထဲတွင် အပြစ်သားများဖြစ်ကြောင်းကို မကြာခဏ ဝန်ခံလေ့ရှိသည်။

၁ကော ၁၅:၉ တွင် ပေါလုက သူ့ကိုယ်သူအား အနိမ့်ဆုံး တမန်တော်ခံယူသည်။ အေဒီ ၆၀ခန့်တွင် ရေးသော (ဧ၃:၉)တွင်လည်း “သန့်ရှင်းသူအပေါင်းတို့တွင် အငယ်ဆုံးသောသူ”ဟု သူ့ကိုယ်သူ ဆိုထားသည်။ (၁တိ ၁:၁၅)တွင် “အပြစ်ရှိသောသူတို့တွင် အကြီးဆုံးသူငါ”ဟု ဆိုသည်။ ရှင်ပေါလု၏ အသက်တာရင့်ကျက် နှိမ်ချခြင်းရှိပုံကို မျက်ဝါးထင်ထင် တွေ့မြင်ရသည်။

Darby ဘာသာပြန်ကျမ်းတွင် အပြစ်အကြီးဆုံးသောသူကို “အပြစ်တွင် ပထမဖြစ်သူ”ဟု ဆိုသည်။ ထိုစကားများအရ ပေါလုသည် အပြစ်အဆိုးဝါးဆုံးလူ ဖြစ်သည်မှန်သော်လည်း ဣသရေလလူမျိုးနှင့် ပထမဦးဆုံး ဆက်ဆံနှီးနွယ်သူလည်း ဖြစ်သည်။ တမျိုးပြောရလျှင် သူ၏အသက်တာပြောင်းလဲခြင်းသည် ဣသရေလများ၏ အနာဂတ်ပြောင်းလဲခြင်းအတွင် တစ်ဦးတည်းသော ရှေ့ပြေးဖြစ်သည်။ သူသည် “အချိန်မတော် တမန်တော်ဖြစ်သွားသောသူ” (၁ကော ၁၅:၈)ဖြစ်သည်။ သူ၏ ဣသရေလလူမျိုးအတွက် တဖန်မွေးဖွားခြင်း ခံရသူဖြစ်သည်။ လူ့အရိုက်အရာ လုပ်ဆောင်ချက်များနှင့်မဆိုင်၊ ကောင်းကင်တရားဟု တိုက်ရိုက်ခေါ်ယူခြင်းဖြင့် ပြောင်းလဲရသကဲ့သို့ ဣသရေလလူမျိုးသည် ဘေးဒဏ်ကြီးကာလတွင် ကောင်းကင်တရားဖြင့် ရွေးနှုတ်ကယ်တင်ခြင်း ခံရမည်။ ဤစကားကို အငယ် ၁၆ တွင် “ပထမဦးဆုံး”နှင့် “ပုံသက်သေ”ဟုဖွင့်ဆိုသည်။

:၁၆ ပေါလုက ကရုဏာတော်ခံစားရပုံ ရှင်းပြထားသည်။ ယေရှုခပ်သိမ်းသော ခန္တီတော်ကို ပြတော်မူသည်ဟု ဆိုထားသည်။ တချိုန်က အပြစ်အကြီးဆုံးဖြစ်သော ပေါလုသည် ယခု ယေရှုသခင်၏ ကျေးဇူးတော်ခံစားနေရသည်မှာ နမူနာပုံသက်သေပင် ဖြစ်သည်။ W.Kelly မှ “အထက်က ရက်စက်ကြမ်းကြုတ်စွာ ယုံကြည်သူများကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်သောလူရမ်းကားအပေါ်တွင် ကိုယ်တော်၏ ချစ်ခြင်းမေတ္တာ သွန်းလောင်းတော်မူသည်”ဟု ဆိုထားသည်။

ပေါလု၏အသက်တာသည် တကယ့်စံနမူနာဖြစ်သည်။ ပုံနှိပ်လုပ်ငန်းတွင် စံနမူနာသည် ပထမဦးဆုံး ပုံဖော်ခြင်းဖြစ်သည်။ ထိုပုံစံနမူနာပုံဖော်ခြင်းမျိုး ဖြစ်သည်။ ပေါလု၏အသက်တာ စံနမူနာသည် ဇိအုန်တောင်ပေါ်သို့ ကယ်တင်ရှင်ကြွလာသောအခါ ဣသရေလလူမျိုးများ ပြောင်းလဲ၍ ဘုရားသခင်၌ စိုးစံရမည့်အကြောင်း ရှေ့ပြေးပုံရိပ် ဖြစ်သည် (ရော ၁၁:၂၆)။

ကမ်းကုန်အောင် ဆိုးသွမ်းမိုက်မဲ အပြစ်ကြီးမားသူလည်း ဘုရားရှင်၌ မျှော်လင့်ချက်ရှိပါသည်။ ပေါလုကဲ့သို့ ဆိုးသွမ်းသူပင်လျှင် ကျေးဇူးတော်၊ ကရုဏာတော်ခံစားနိုင်လျှင် အပြစ်သားတိုင်းလည်း ခံစားခွင့် ရှိသည်။ ကိုယ်တော်ကို ယုံကြည်ကိုးစားလျှင် ကျေးဇူးတော်၊ ကရုဏာတော်သာမက ထာဝရအသက်လည်း ရကြမည်။

:၁၇ သခင်၏ကျေးဇူးတော်၊ ကရုဏာတော် ခံစားကြောင်း သိရသောကြောင့် ပေါလုက ဘုရားသခင်ကို သာဓုမောဒနစကား ဆိုသည်။ အဘဘုရားသခင်ကို ရည်ညွှန်းသလား၊ သားတော်ယေရှုခရစ်တော်ကို ဆိုလိုသလား၊ မခွဲခြားနိုင်သော်လည်း ထာဝရဘုရင်ဟူသောစကားကို ကြည့်ခြင်းအားဖြင့် သခင်ယေရှုကို ရည်ညွှန်းသည်ဟု နားလည်ရသည်။ အဘယ့်ကြောင့်ဆိုသော် (ဗျာ ၁၉:၁၆)တွင် ခရစ်တော်အား “ဘုရင်တကာတို့၏ဘုရင်၊ သခင်တကာတို့၏သခင်” ဟုဆိုထားသည်။ မျက်မြင်မရ အရူပဖြစ်တော်မူထသော ဆိုသည်မှာ ယေရှုသည် လူ့မျက်စိဖြင့် မြင်ဖူးခဲ့ကြသောကြောင့် ဘုရားသခင်ကို ဆိုလိုခြင်းဖြစ်သည်။ ခမည်းတော်နှင့် သားတော်ကို တန်းတူထားရှိခံယူသော်လည်း ဘုရားသခင်၏ ဦးစီးဦးဆောင်မှုကို မပစ်ပယ်ခြင်း။

လောကဓာတ်တို့၏ဘုရင်ဆိုသည်မှာ ခပ်သိမ်းသောအရာတို့တွင် အနိစ္စသေခြင်းနှင့် ကင်းလွတ်ခြင်းကို ဆိုလိုသည်။ ဖောက်ပြန်ခြင်း၊ ပျက်စီးခြင်းမရှိခြင်းကို ဆိုလိုသည်။ ဘုရားသခင်ကို လူ့မျက်စိဖြင့် မမြင်နိုင်ပါ။ ဝိညာဉ်မျက်စိဖြင့်သာ သိရှိနိုင်သည်။ ဓမ္မဟောင်းကာလတွင် ဘုရားရှင်ကို ဖူးမြင်ခဲ့ကြရပြီး၊ ဓမ္မသစ်ကာလတွင် သခင်ယေရှုအပြစ်ဖြင့် ဘုရားသခင်ကို တွေ့မြင်ကြရသည်။ ဘုရားသခင်သည် အရူပဖြစ်သည်။ လူ့မျက်စိဖြင့် မမြင်နိုင်သော်လည်း ပညာမျက်စိဖြင့် မြင်နိုင်သည်။ ချုပ်လိုက်လျှင် အသိဉာဏ်ပညာသည် ဘုရားသခင်ထံမှ ရရှိခြင်းဖြစ်သည် (ယာ ၁:၅)။

() တိမောသေအား ထပ်မံညွှန်ကြားခြင်း (:၁၈၂၀)

          :၁၈ ညွှန်ကြားချက်ဆိုသည်မှာ အပိုဒ်ငယ် ၃ မှ ၅ တွင်​ဖော်ပြသည့် မိစ္ဆာဆရာများအား သတိထားရမည့်အကြောင်း ဖြစ်သည်။ ခရစ်ယာန်ယုံကြည်သူများအား ဦးဆောင်ရာတွင် ယုံကြည်ခြင်း၌ သားဖြစ်သော တိမောသေအား သတ္တိရှိရှိ ရဲဝံ့စွာ လုပ်ဆောင်ဖို့ အားပေးခြင်း ဖြစ်သည်။

သင့်ကိုရည်မှတ်၍ ဟောခဲ့သော အနာဂတ္တိစကားကို အမှီပြု၍ဆိုသည်မှာ ပေါလုနှင့်တွေ့ဆုံခဲ့ကြစဉ်က တိမောသေအား ဘုရားသခင်အမှုတော်၌ ဆက်ကပ်မည့်အကြောင်း ပြောကြားခဲ့ခြင်းကို ဆိုလိုသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် အနာဂတ္တိစကားသည် အသင်းတော်နှင့်ဆက်စပ်ရမည်။ ထိုလူငယ် တိမောသေသည် သူ့အနာဂတ်အား ယေရှုခရစ်တော်၏ အစေခံဘဝ၌ လုံးဝအပ်နှင်းရလိမ့်မည်ဟု မထင်မှတ်ခဲ့ပါ။ စုံစမ်းနှောင့်ယှက်ခြင်းခံရ၍ အနာဂတ္တိစကားကိုလည်း သတိရမည်မဟုတ်။ ကောင်းသောစစ်ကို တိုက်စေကြောင်းလည်း  အောက်မေ့မည်မဟုတ်။

          :၁၉ ဝိညာဉ်တိုက်ပွဲတွင် ယုံကြည်ခြင်းနှင့် စိတ်နှလုံးကြည်လင်ခြင်း မြဲမြဲစွဲကိုင်ရသည်။ ယုံကြည်ခြင်းနှင့် မလုံလောက်ပါ။ အချို့က ယုံကြည်ခြင်းရှိကြသော်လည်း စိတ်နှလုံးကြည်လင်ခိုင်မာခြင်း မရှိကြ။

ထိုအကြောင်းနှင့်ပတ်သက်၍ H.Smith က ဤသို့ဆိုထားသည်။

လူများအမြင်တွင် ဆုလက်ဆောင်ရရှိထားသည်ဟု ယုံမှတ်ကြသည့်အတိုင်း လူရှေ့သူရှေ့တွင် ဆက်ကပ်သည်၊ မနေမနား ဟောကြားသွန်သင်ကြသည်။ သို့သော် ဘုရားသခင်ထံတွင် အသက်တာ ဆက်ကပ်ခြင်း လျှို့ဝှက်ချက်ကိုမူ မေ့ထားကြသည်။ ဆက်ကပ်သော အသက်တာမရှိလျှင်လည်း ဟောပြောနိုင်လျှင် ဟောပြောပါစေဟု ကျမ်းစာတွင် ဖော်ပြချက်မရှိပါ။ အမှန်တကယ်ဆက်ကပ်သူ၏ အသက်တာသည် ဘုရားသခင်၌ အသီးအပွင့်များ သီးပွင့်၍ ကိုယ်တော်၏ နေ့ရက်ကျရောက်သောအခါ ဆုလက်ဆောင်ရရှိရာ ဖြစ်သည်။

အချို့သော ယုံကြည်သူများသည် ယုံကြည်မှုမခိုင်မြဲဘဲ၊ ယုံကြည်ခြင်းသင်္ဘော ပျက်စီးခဲ့ကြသည်။ သင်္ဘောပေါ်တွင် သံလိုက်အိမ်မြှောင်ကိုစွန့်ပြီး ရူးနေသော လှေသူကြီးလှော်ခတ်ရာသို့ လှေကြုံလိုက်သွားကြသည်။

ထိုလှေကြုံမှားစီးသူများသည် တချိန်က တကယ့်ယုံကြည်သူများ ဖြစ်ခဲ့ကြသည်။ သို့သော် ယုံကြည်မှု စိတ်ဓါတ်ခိုင်မာခြင်း မရှိကြ။ ခရစ်ယာန်အသက်တာကို ပင်လယ်ရေကြောင်းတွင် ခရီးနှင်ကြသော်လည်း ကုန်စည်အပြည့်ဖြင့် ပြန်လာခြင်းမပြုဘဲ ကျောက်ဆောင်တည်းဟူသော စုံစမ်းခြင်းနှင့်ဆောင့်မိ၍ သင်္ဘောကြီး ပျက်စီးကာ အရှက်တကွဲအကျိုးနည်းဖြစ်ခဲ့ကြသည်။

:၂၀ ဟုမေနဲနှင့် အာလေဇန္ဒြုအကြောင်းကို ကောင်းကောင်းမသိရပါ။ (၂တိ ၂:၁၇ နှင့် ၄:၁၄)တွင် တွေ့ရသော်လည်း သူတို့၏ ကဲ့ရဲ့စကားကိုမူ မသိရ။ ထိုသူများကဲ့သို့ ကဲ့ရဲ့ပြစ်တင်ခြင်းမပြုဘဲ စိတ်ကောင်း နှလုံးကောင်းရှိဖို့ သွန်သင်ထားပါသည်။ ဓမ္မသစ်ကျမ်းတွင် ကဲ့ရဲ့ခြင်းသည် မကောင်းသောစကားပြောခြင်းအား အမြဲတမ်းဆိုလိုသည် မဟုတ်ပါ။ တခါတရံ ခိုက်ရန်ဖြစ်ပွားခြင်း၊ တစ်ဦးနှင့်တစ်ဦးစကားခါးသီးခြင်းလည်း ပါဝင်သည်။ အမူအရာများနှင့် အာကြမ်းလျှာကြမ်းခြင်းကိုလည်း ဆိုလိုသည်။ ယုံကြည်ခြင်းသင်္ဘော ပျက်စီးသောကြောင့် အာကြမ်းလျှာကြမ်း အပေါက်ဆိုးဆိုးဖြင့် ဖရုသဝါစာ စကားပြောကြမည်။ ထိုအပြုအမူသည် ကဲ့ရဲ့သောအသက်တာ ဖြစ်သည်။

ထိုသူများ၏အသက်တာသည် တသမတ်တည်းမရှိ။ ဝင်္ကဘာအသက်တာ ဖြစ်သည်။ တချိန်က ခရစ်ယာန်အသက်တာရှိခဲ့သော်လည်း စိတ်ဓာတ်ခိုင်မြဲခြင်း၊ စိတ်သဘောဖြောင့်မတ်ခြင်း မရှိခဲ့ကြ။

ထိုသူများကို စာတန်လက်သို့ ငါအပ်လိုက်ပြီဟု ကျမ်းစာကဆိုထားသည်။ ဤကျမ်းပိုဒ်ကို အချို့ ဓမ္မပညာရှင်များက အဆက်အသွယ်ပြတ်တောက်ခြင်း ဖြစ်သည်ဟု အနက်ဖွင့်ကြသည်။ ထိုနှစ်ယောက်အား အသင်းတော်မှ ပထုတ်ခြင်းသည် နောင်တရ၍ ဘုရားသခင်၌ ပြန်လည်ဆောက်တည်လာရန် အရေးယူခြင်း ဖြစ်သည်ဟု ဆိုကြသည်။ နားလည်ရန်ခက်သည်မှာ ပေါလုနှင့် ဆက်ဆံနေရသော်လည်း အသင်းတော်၌ ပါဝင်ခွင့်မရခြင်းကို ဆိုလိုသလား။ (၁ကော ၅) တွင် ကောရိန္သု အသင်းတော်သာလျှင် ထိုကဲ့သို့ ပထုတ်လေ့ရှိသော်လည်း ပေါလုနှင့် အဆက်အသွယ်မပြတ်ကြောင်း တွေ့ရသည်။

ထိုအချိနက တမန်တော်များတွင် ပထုတ်ခွင့်ရှိကြသော်လည်း ယနေ့ခေတ်ကာလ၌ ထိုသို့လုပ်ပိုင်ခွင့် မရှိပါ။ အဘယ်ကြောင့်ဆိုသော် ယနေ့ခေတ်ကာလ အမှုတော်ဆော်များသည် တမန်တော်များမဟုတ်ပါ။ တမန်တော်များသည် အကျင့်အားဖြင့်ဖြစ်စေ၊ ရုတ်ဝတ္တုအားဖြင့်ဖြစ်စေ ဖောက်ပြန်သူများအား စာတန်လက်ထဲသို့ အပ်နှံခွင့်ရှိကြောင်း တွေ့ရသည်။ အာနနိနှင့် စဖိရာ (တ ၅:၁-၁၄) ကိုလည်း တွေ့နိုင်သည်။ ဤကျမ်းပိုဒ် ရည်ရွယ်ချက်သည် လမ်းမှန်ကမ်းမှန်ရောက်ဖို့ ထိန်းကျောင်းပဲ့ပြင်ခြင်း ဖြစ်သည်။ ကဲ့ရဲ့သောစကားကို ရှောင်ကြဉ်တတ်ဖို့ ဖြစ်သည်။ ထိုစကားနှင့် ပတ်သက်၍ ဆင်ခြေပေးစရာ ရှိမည်မထင်ပါ။ တထစ်ချ လိုက်နာရန်သာရှိသည်။

Previous Article
Next Article