ဖိလေမုန်ဩဝါဒစာ ၁

၁။ နှုတ်ခွန်းဆက်သခြင်း (:)

:      ရှင်ပေါလုက သူ့ကိုယ်သူ တမန်တော်အဖြစ် မိတ်ဆက်ခြင်း မပြုဘဲ၊ ထောင်သားအဖြစ် မိတ်ဆက်သည်။ တမန်တော်ဟု သုံးနှုန်းနိုင်သော်လည်း အနှိမ်ခံဘဝဖြင့် သူ့ကိုယ်သူ ချိုးနှိမ်ထားသည်။ ထိုသို့မိမိကိုယ်ကို ချိုးနှိမ်ခြင်းသည် ကောင်းကင်ကောင်းကြီးမင်္ဂလာခံစားရာ ဖြစ်သော်လည်း စင်စစ်တွင် ယေရှုခရစ်တော်၌ အကျဉ်းသားအမှန်ဖြစ်သည်။ ရောမအကျဉ်းထောင်၌ တမိနစ် ထောင်နန်းစံခြင်းသည် ဘုရင်တကာတို့၏ဘုရင် ဘုန်းတော်ဖူးမြင်ရာဖြစ်သည်။ သူ့စာစောင်အတိုင်းဆိုလျှင် တိမောသေလည်း ပေါလုနှင့် အတူတကွရှိနေသည်။

ဤစာစောင်တွင်ဖိလေမုန်အား လိပ်မူရေးသားထားသည်။ နာမည်ကိုလည်း ငါတို့လုပ်ဖော် ကိုင်ဆောင်ဘက်ချင်းဖိလေမုန်ဟု ချစ်ခင်ရင်နှီးစွာခေါ်သည်။

:      အပ္ပိဟူသောနာမည်သည် အမျိုးသမီးနာမည်ဖြစ်၍ ဖိလေမုန်၏ဇနီးဟုထင်ရသည်။ ငါ တို့ချစ်သောနှမဟုဆိုသောကြောင့် ယုံကြည်သူခရစ်ယာန်အမျိုးသမီးဖြစ်မည်မှာ သေချာသည်။ နောက်ပိုင်းတွင်ကျွန်သဖွယ်တွေ့လာမည် ဝိညာဉ်မျက်စိဖြင့် ကြည့်ရှုလျှင်ဖိလေမုန်၏သား အာခိပ္ပုကို ဝိညာဉ်တိုက်ပွဲတွင် စစ်သူရဲကောင်းအဖြစ်တွေ့ရမည်။ ရှင်ပေါလုကစစ်သူရဲဟု ဂုဏ်ပြုထားသည်။ သခင်ယေရှုခရစ်၏တက်ကြွသော တပည့်တော်အဖြစ်မြင်ယောင်နိုင်သည်။ ရှင်ပေါလုက အားကိုးအား ထားပြုပုံကို ”အာခိပ္ပုကိုလည်း၊ သင်သည်သခင်ဘုရား၏ လက်တော်မှခံရပြီးသော ဓမ္မဆရာသစ်၏ အမူအရာကိုပြည့်စုံစေခြင်းငှာ သတိပြုပါဟုပြောကြားလော့” (ကော ၄း၁၇)ဟူသောကျမ်းပိုဒ်ဖြင့်သိရှိ ရသည်။

ဖိလေမုန်၊ အပ္ပိနှင့်အာခိပ္ပုကဲ့သို့သော ဓမ္မသစ်အိမ်ထောင်မိသားစုများကို ပုံဖော်ကြည့်ပါ။ သင့် မိသားစုလည်းထိုအိမ်ထောင်စုမျိုး ဖြစ်သင့်သည်။ ထိုဖိလေမုန်မိသားစုအိမ်သည် ယုံကြည်သူများဝတ် ပြုစည်းဝေးရာဗိမာန်တော် အမှန်ဖြစ်ပေမည်။ ဝတ်ပြုကိုးကွယ်ခြင်း၊ ဒူးထောက်ဆုတောင်းခြင်း၊ သမ္မာ ကျမ်းစာလေ့လာခြင်းများ အတူတကွပြုလုပ်ကြမည်ဟုသေချာသည်။ ထိုနေရာမှစ၍ အမှုတော်စတင် ကြောင်းယုံကြည်ရသည်။ ပြင်ပပတ်ဝန်းကျင်က လက်သင့်မခံကြသည့်တိုင်အောင် မေ့နိုင်ကောင်းသော အိမ်ထောင်မိသားစုမဟုတ်ပါ။ ထိုအိမ်တွင် လာရောက်စုဝေးခြင်းဖြင့် ယေရှုခရစ်တော်၌ တလုံးတဝ တည်းဖြစ်သွားကြသည်။ သခင်နှင့်ကျွန်၊ ချမ်းသာသူနှင့်ဆင်းရဲသူ၊ အိမ်ထောင်မိသားစုဝင်၊ဘဝတူဖြစ် သွားကြသည်။ မိမိတို့လုပ်ငန်းကိုင်ငန်းအရ ဘဝကွာခြား သော်လည်းအတူတကွ ပွဲတော်ဝင်သည့်အချိန် တွင်ယုံကြည်သူအားလုံးသည် ဓမ္မယဇ်ပုရောဟိတ်များ ဖြစ်ကြသည်။ ဖိလေမုန်လည်း ဩနေသိမ်ထက် သာလွန်မြင့်မြတ်ခြင်းမရှိပါ။

:      ရှင်ပေါလု၏ လှိုက်လှိုက်လှဲလှဲဝမ်းသာမှုကိုတွေ့ရသည်။ ဘုရားသခင်၏ ကျေးဇူးတော် သည်သူ့လူများအပေါ်၌သက်ရောက်သည်။ ဤနေရာတွင်ငြိမ်သက်ခြင်းသည် ကျေးဇူးတော်အောက်၌ ဝိညာဉ်ရေးရာ ရင့်ကျက်တည်ငြိမ်ခြင်းကို ဆိုလိုပါသည်။ ထို ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်း ကောင်းကြီးမင်္ဂလာများသည် အဘဘုရားသခင်နှင့် သခင်ယေရှု ခရစ်တော်ထံမှ ရရှိခြင်းဖြစ်သည်။ ထိုသို့ပြော ရာတွင်သခင်တော်နှင့်ငြိမ်သက်ခြင်းအရာတွင် တန်းတူဖြစ်ကြောင်းဆိုလိုသည်။ အကယ်၍ခရစ်တော် သည်ဘုရားအမှန်မဟုတ်လျှင် ထိုသို့ပြောစရာ အကြောင်းမရှိပါ။

၂။ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် ဖိလေမုန်အတွက်ဆုတောင်းခြင်း (:)

:      ရှင်ပေါလုဆုတောင်းသည့်အခါတိုင်း ဖိလေမုန်ကဲ့သို့သော ညီရရှိသည့် အတွက် နာမတော်အား အစဉ်ချီးမွမ်းသည်။ ထိုသို့သော မိတ်ကောင်း၊ ဆွေကောင်းသည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ရွေးကောက်ပေးခြင်းဖြစ်သည်ဟု ယုံကြည်ရသည်။ ကျမ်းစာ တတ်ကျွမ်းသူများက ရှင်ပေါလုသည် နူးညံ့သိမ်မွေ့၍ ဆက်ဆံရေးပြေပြစ်သောကြောင့် ဖိလေမုန် အရည်ပျော်ခြင်းဖြစ်သည် ဟုသုံးသပ်ကြသည်။ ပေါလု၏နှုတ်ချိုစကားကြောင့် ဖိလေမုန်က ဩနေသိမ်အားပြန်လက်ခံခြင်းဖြစ်သည်။ ထိုသို့ဝေဖန်ခြင်းသည်ကျမ်းစာ၏ အရသာအား အပြစ်တင်ခြင်း ဖြစ်သည်။  ရှင်ပေါလုကထိုသို့ ဖြစ်ကြောင်းမပြောခဲ့ပါ။

:      ဤနေရာတွင်ဖိလေမုန်၏ အကျင့်လက္ခဏာ(၂)ခုက ပေါလုအားစိတ်ချမ်းမြေ့ စေသည်။ သခင်ယေရှုကိုယုံကြည်၍သန့်ရှင်းသူများအားချစ်ခင်ခြင်းဖြစ်သည် ခရစ်တော်ကို ယုံကြည်ခြင်းသည် ဘုရားသခင်၌အသက်တာအမြစ်တွယ်ခြင်း ဖြစ်သည်။ထိုသို့အမြစ်တွယ်ခြင်းဖြင့် အပင်ရှင်သန်လာကာ ယုံကြည်ခြင်း၏အသီးအပွင့်ဖြစ်သော သန့်ရှင်းသူများကိုချစ်ခင်ခြင်းများ သီးပွင့်ဝေဆာလာသည်။

(ဧ ၁:၁၅-၁၆) နှင့် (ကော၁:၁၃-၄)တွင်လည်း သန့်ရှင်းသူများအတွက် ကျေးဇူးတော်ချီးမွမ်း ကြောင်းထိုနည်းနှင်နှင်ရေးသားသည်။ ထိုကျမ်းပိုဒ်များတွင် ချစ်ခြင်းမေတ္တာရှေက၌ ယုံကြည်ခြင်း ထားရှိသော်လည်း၊ ဤကျမ်းပိုဒ်တွင်မူ ယုံကြည်ခြင်းရှေ့၌ ချစ်ခြင်းမေတ္တာဖြစ်သည်။ အဘယ်ကြောင့် ထိုသို့ ကွာခြားသနည်း။ Maclaren ကဤသို့ဆိုထားသည်။ ”ဤစကားသည်မိန့်မှာချက်အား ခွဲခြမ်းစိပ်ဖြာခြင်းဖြစ်သည့်အကြောင်း တရား၏အနက်ဆုံးဌာပနာကိုတူးဖော်ခဲ့သည်။ ကျမ်းပြိုင် များမှာ အမြစ်မှအ ပွင့်ထွက်လာခြင်းဟုဆိုကြသည်။

”သန့်ရှင်းသောသူအပေါင်းကို ချစ်သည်” ဟူသောကျမ်းပိုဒ်သည် စိတ်ဝင်စားဖွယ်ရာဖြစ် သည်။ ယေဘုယျအားဖြင့်သခင်ယေရှုအား ယုံကြည်ပြီးမှသာလျှင်၊ ယုံကြည်ခြင်း၏ အသီးအပွင့်အဖြစ် ချစ်ခြင်းမေတ္တာရှိရသည်။ ယုံကြည်ခြင်းသည်ခရစ်တော်၌ တည်ရှိသည်။ သို့သော်လည်းဖိလေမုန်သို့ စာရေးသားရာတွင် သူ့ကျွန်ဩနေသိမ်အားချစ်ခြင်း မေတ္တာပြသခြင်းဖြင့် ယုံကြည်မှုကို သက်သေထူစေ သည်မှာထူးခြားသည့်ကိစ္စဖြစ်သည်။ သန့်ရှင်းသူများအတွက် ရည်စူး၍၊ သီးသန့်မီးမောင်းထိုးပြခြင်း ဖြစ်သည်။

:      အထက်အပိုဒ်ငယ် (၆)ခုတွင်ပေါလု၏ ဖိလေမုန်ထံပြောသော ကျေးဇူးစကားကြားသိ ခဲ့ပါသည်။ တမန်တော်၏သဘောထားအမှန် သရုပ်မှန်ပြသခြင်းဖြစ်သည်။ ယုံကြည်ခြင်းကို ဆက်ဆံသောအရှိန်ကြီး၍ဟုဆိုခြင်းမှာ ဖိလေမုန်ကအခြားသူများသို့ လက်တွေ့သနားကြင်နာခြင်း ကို ဆိုလိုသည်။ ထို့ကြောင့်ခြင်းကြီမားရန် ဝေငှခြင်းဆိုသည်မှာနှုတ်ကပတ်တော် ဟောပြောခြင်း သာမဟုတ်ပါ။ ငတ်မွတ်သူအား ကျွေးမွေးခြင်း၊ မရှိနွမ်းပါးသောသူအား အဝတ်အထည် ပေးကမ်းခြင်း၊ စိတ်မသာညီတွားသူအား နှစ်သိမ့်အားပေးခြင်း၊ စိတ်ဖိစီးသူများအား သက်သာရာရ စေခြင်းတို့ပါဝင်သည်။ ယေရှုခရစ်တော်ကိုသိကျွမ်းခြင်းဖြင့် ဖိလေမုန်ပြုလုပ်သော အကျင့်ကောင်း များအတွက် ရှင်ပေါ လုကဆုတောင်ပေးခြင်းမေတ္တာစိုးမိုးလျှင် အံ့ဖွယ်တန်ခိုးအစွမ်းရရှိပါသည်။ ချစ်ခြင်းမေတ္တာအကြောင်း ကိုစာပေကျမ်းဂန်တွင်ဖတ်ရှုပြီး လူ့အသက်တာတွင် ထင်ဟပ် ပေါ်တွင်လွင် စေရသည်။

:      ဖိလေမုန်၏ သဘောထားကြီးခြင်းနှင့်ချစ်ခြင်းမေတ္တာကြွယ်ဝခြင်း သတင်းကောင်း သည်ပန်းသတင်းလေညှင်းဆောင်၊ လူ့သတင်းလူချင်းဆောင်သည့်အတိုင်း ကောလောသဲမှသည် ရောမတိုင်အောင်ပျံ့နှံ့ခဲ့သည်။ (ကျေးဇူးတော်ချီးမွမ်းဖွယ်ရာ ဖြစ်ခဲ့သည် NKJV Margin)။ ထို့အပြင် ခရစ်တော်၌ အကျဉ်းသားများအတွက်လည်း ငြိမ်သက်အားရဖွယ်ရာဖြစ်ခဲ့သည်။ ဖိလေမုန်အား ဘုရားရှင်ထံသို့ပို့ဆောင်ခြင်းသည် ရှင်ပေါလုအတွက်ကြီးမားသော အခွင့်ထူးဖြစ်သည်။ ထိုဘုရားသားသမီး အတွက်ဆုလက်ဆောင်သည် အမှန်တကယ် အဆင်သင့်ရှိနေပေမည်။ ဤ ချစ်ဖွယ်သော ဖိလေမုန်၏ ချစ်ခြင်းမေတ္တာကြောင့်သန့်ရှင်းသူများသည်လည်း အမှန်တကယ် စိတ်ရွှင်လန်းကြပါလိမ့်မည်။ မည်သည့်လူသားမှမိမိသဘောဖြင့် အသက်ရှင်၍၊ မိမိသဘောဖြင့် သေသူမရှိပါ။ မိမိဘဝကိုမည်သူမျှ မအုပ်စိုးနိုင်ပါ။ အကောင်းဘက်သို့၎င်း၊ အဆိုးဘက်သို့၎င်း မထိန်းချုပ်နိုင်ကြပါ။

၃။ ဩနေသိမ်အတွက် ပေါလု၏မေတ္တာရပ်ခံချက် (၁း၈၂ဝ)

:      သည်ကျမ်းစာ၏အဓိကအချက်ဖြစ်သည်။ ဩနေသိမ်အစား ကြားခံဝင်ရောက်ပေး သည်။ မည်သို့ချဉ်းကပ်သနည်း။ တမန်တော်ဖြစ်သည့်အားလျော်စွာ တရားမျှတစွာဖြင့်ဝင်ရောက် သည်။ ”ငါ့ညီဖိလေမုန်၊ သင်သည်ယုံကြည်သူတယောက်ဖြစ်သောကြောင့် သင့်ထံမှထွက်ပြေးသူအား ခွင့်လွှတ်ရမည်လို့ ငါပြောချင်တယ်” အစရှိသဖြင့်အထက်လေသံဖြင့်ပြောနိုင်ပါသည်။ ဖိလေမုန်က လည်းကြည်ဖြူစွာလိုက်နာမည်မှာ သေချာသည်။ သို့သော်အထက်စီးဖြင့်မပြောပါ။ နှိမ့်ချစွာပြောဆို ဆက်ဆံခဲ့သည်။

:      အကယ်၍ရှင်ပေါလု၏ ချဉ်းကပ်မှုမအောင်မြင်ခဲ့ပါက၊ ဩနေသိမ်၏အရေးမတွေးဝံ့ ပါ။ နာခံခြင်းသည် ချစ်ခြင်းမေတ္တာ၏အနှစ်သာရဖြစ်သည်။ ရှင်ပေါလုကလည်း ကယ်တင်ရှင်သခင် ဘုရား၏ ငါ့ကိုချစ်လျှင် ငါ့ပညတ်တော်ကိုစောင့်ထိန်းလော့ (ယေ ၁၄း၁၅)ဟူသောနှုတ်ကပတ် တော်ကိုစွဲလမ်းစိတ်ဖြင့်ရေးသားခဲ့သည်။ ထို့ကြောင့်အပေါ်ယံထက်ချစ်ခြင်းမေတ္တာကို ပြသခြင်းဖြစ် သည်။ ဖိလေမုန်၏မေတ္တာသည် ပင်လယ်ပြင်ကိုဖြတ်၍ ထောင်ကျနေသောခရစ်တော်၏ သံတမန်အို ကြီးထံသို့ရောက်နိုင်ပါသလား။ အကြောင်းနှစ်ခုရှိပါသည်။ ပေါလုသည်အသက်ကြီးသည့်အပြင် ထောင်နန်းစံနေရသည်။ ထိုအချိန်ကပေါလု၏အသက်ကို အတိအကျမသိရပါ။ (၅၃) နှစ်နှင့် (၆၃)နှစ် အကြားဖြစ်မည်ဟုခန့်မှန်းရသည်။ ယနေ့ခေတ်ကာလနှင့်ယှဉ်လျှင် အသက်ကြီးသည်ဟုမပြော ပလောက်ပါ။ သို့သော်ပေါလုသည်အမှုတော်တွင် ဇွဲနဘဲကြီးစွာဆက်ကပ်ထားသဖြင့် ရင့်ကျက်တည် ငြိမ်သူဖြစ်သည်။ ထိုရင့်ကျက်ခြင်းကိုအသက်ကြီးသည်ဟု ဆိုလိုဟန်ရှိသည်။ ထို့အပြင်ထိုအချိန်အခါ တွင်အမှုတော်အတွက်ကြောင့် ထောင်နန်းစံနေရသည်။ သို့သော် အသက်ကြီးသည်ဟုဆိုရာတွင် သူ့အားသနားစရာဖို့မဟုတ်ပါ။ ဖိလေမုန်မှ ချင့်ချိန်ဆုံးဖြတ်နိုင်ရန်ရေးသားခြင်းဖြစ်သည်။

:၁ဝ ငါဖြစ်ဘွားစေသောသား၊ဩနေသိမ်”ဟုဆိုထားသည်။ ဖိလေမုန်သည် ငယ်ကျွန်၏နာ မည်ကိုဖတ်ရှုသောအခါ လုံးဝလက်မှိုင်ချသွားသည်။ တေလေဂျပိုး၊ လူဆိုးလူသွမ်းတယောက် ခရစ်တော်သို့ ပြောင်းလဲသွားသည်ဟုဆိုလျှင် မအံ့ဩဘဲနေနိုင်ပါ့မည်လား။

ခရစ်ယာန်အသက်တာ၏ လျှို့ဝှက်ချက်မှာအသက်တာ၌ ဘုရားသခင်၏အံ့ဖွယ်ရာအမှု ထင် ရှားပြသခြင်းဖြစ်သည်။ ပေါလုသည်ဦးစွာ ဖိလေမုန်ကိုဘုရားသခင်ထံသို့ပို့သည်။ များမကြာမီပေါလု သည်ရောမအစိုးရ၏ ဖမ်းဆီးချုပ်နှောင်ခြင်းခံရသည်။ ဖိလေမုန်၏ ကျွန်လည်းသခင့်ထံမှ ထွက်ပြေးပြီး ရောမသို့ရောက်လာသည်။ ထောင်ထဲတွင် ပေါလုနှင့်တွေ့ဆုံသောအခါ အသက်တာ ပြောင်းလဲသွားသည်။ ယခုမူသခင်နှင့်ကျွန်နှစ်ယောက်စလုံး အသက်တာပြောင်းလဲသွားသည်။ တဦးတည်းသော ဒေသနာဖြင့် မတူညီသောနေရာနှစ်ခုတွင် ပြောင်းလဲကြသည်။ ထို ပြောင်းလဲခြင်းသည် တိုက်ဆိုင်မှု မဟုတ်ပါ။

:၁၁ ဩနေသိမ် ၏အဓိပ္ပါယ်မှာ ”အကျိုးရှိသော”ဟူ၍ဖြစ်သည်။ သခင့်ထံမှ ထွက်ပြေး သွားသောအခါ သခင်ဖိလေမုန်ကလူဆိုး၊ လူယုတ်မာအဖြစ်ပြန်ခေါ်ချင်သည်။ ရှင်ပေါလုကလည်း ”ဟုတ်သည်၊ကျွန်ုပ်တို့ကဲ့သို့အချည်းအနှီးကောင်ဖြစ်သည်။ သို့သော်ယခုတွင်မှု အသုံးဝင်သူဖြစ်နေပြီ” ဟုသူ့စာထဲတွင်ရေးလိုက်သည်။ ဆိုးသွမ်းယုတ်မာသောကြောင့် သခင့်အိမ်မှထွက်ပြေးသော ကျွန်သည် ပြန်လာသောအခါ အကျိုးရှိသောလူကောင်းဖြစ်နေသည်။ ထို့ကြောင့် ဓမ္မသစ်ကျမ်းတွင် ခရစ်ယာန် ကျွန်များသည် အခြားကျွန်များထက်ဈေးကွက်တွင် မျက်နှာပန်းလှသည်ဟု ဆိုခြင်းဖြစ်သည်။ ယနေ့ခေတ်ကာလတွင်လည်း မယုံကြည်သူ အလုပ်သမားများထက် ယုံကြည်သူ အလုပ်သမားများကို သခင်ကြိုက်ပိုများသည်။

:၁၂ သည်ဓမ္မသစ်ကျွန်များ အပေါ်ဆက်ဆံပုံများကိုတွေ့ရှိနိုင်သည်။ ရှင်ပေါလုသည် ကျွန်စနစ်ကိုရှုတ်ချခြင်း၊ တားမြစ်ခြင်းမရှိကြောင်း သတိပြုရသည်။ ဩနေသိမ်အား ကျွန်ပိုင်ရှင်ထံသို့ပြန်ပို့ ကြောင်းသာတွေ့ရသည်။ ကျွန်အကြောင်းနှင့်ပတ်သက်၍ Maclaren က ဤသို့ ရေးထားသည်။

ဓမ္မသစ်ကျမ်းသည် နိုင်ငံရေးနှင့်လူမှုရေးယန္တရားအား စွက်ဖက်ခြင်းမပြုပါ။ ပစ်ပယ်ရှုတ်ချခြင်း မပြုပါ။ လူများစိတ်တွင် ဖြစ်ရိုးဖြစ်စဉ်ဟုသာသဘောထားကြသည်။

လူမူတော်လှန်ရေးပြောင်းလဲခြင်းသည် သမ္မာကျမ်းစာက ဒုစရိုက်များ လူကောင်းဖြစ်ခြင်းနှင့် မတူညီပါ။ လူ့မာနထောင်လွှားခြင်းသည် လူ့ဘဝဆုံးရှုံးမှု၏ အချက်အလက်များဖြစ်သည်။ ဧဝံဂေလိ သတင်းကောင်းသည် ထိုစရိုက်အားအမြစ်ပြုတ်တွန်းလှန်၍ခရစ်တော်၌ အသစ်သောသတ္တဝါ ဖြစ်စေသည်။

သနားကြင်နာတတ်သော စိတ်ရှြိခင်းသည် လွတ်လပ်ခြင်းထက် စဉ်းစားစရာရှိပါသည်။ မှန်ပါသည်။ သခင်ခရစ်တော်၌ ကျွန်ခံခြင်းသည် လွတ်လပ်ခြင်းထက်ပိုကောင်းပါသည်။ ထွက်ပြေးသောကျွန်အား သခင့်ထံပြန်ပို့ခြင်းသည် တရားမျှတမှုမရှိဟုထင်ရသည်။ သို့သော် ဖိလေမုန်နှင့် ဩနေသိမ် တို့သည်ယုံကြည်သူများဖြစ်သည်။ ဖိလေမုန်က ခရစ်ယာန်တို့၏ သနားစုံမက်ခြင်းဖြင့် ဆက်ဆံနိုင်သကဲ့သို့ ဩနေသိမ်ကလည်း သစ္စာရှိသော ခရစ်ယာန်တစ်ယောက် အဖြစ်ခံယူသည်။ ထို့ကြောင့် ပေါလုက ရင်မှဖြစ်သောစကားလုံးများဖြင့် စာရေးသား ပေးပို့ခြင်းဖြစ်သည်။ မျက်နှာလိုက်ခြင်းမပြုဘဲ၊ စိတ်ရင်းစေတနာရှိသည့်အတိုင်း ပြုခဲ့သည်။

ဤနေရာတွင်အရေးကြီးသောအချက်ကို ကြည်ရအောင်။ ဩနေသိမ်သည် ကယ်တင်ခြင်း ရရှိသောကြောင့် သခင့်ထံသို့ပြန်သွားခြင်း ဟုတ်ပါသလား။ ”ဟုတ်ပါသည်။” ကယ်တင်ခြင်းသည် အပြစ်၏တန်ခိုးနှင့် အပြစ်ဒဏ်များကိုရွှေကလျောစေနိုင်သည်။ သို့သော် အကြွေးအဖြစ်မှတ်မထား။ အသစ်သောအသက်တာရရှိသူတိုင်းသည် အပြစ်ဟောင်းများကို လျှော်ပစ်ခွင့်ရသူများဖြစ်သည်။ သခင် ဟောင်းထံသို့ ဩနေသိမ်ပြန်လာသောအခါ အပြစ်အားလုံးခွင့်လွှတ်ပါသည်။ ခိုးယူသွားသော ပိုက်ဆံများ ပြန်ပေးစရာမလိုပါ။

:၁၃ တမန်တော်ကြီးသည် ရောမထောင်ထဲတွင် ဩနေသိမ်နှင့် အတူတူနေရသည့်ကာလကို အကျိုးရှိစွာအသုံးချခဲ့သည်။ ထောင်ထဲတွင် ဩနေသိမ်အသက်တာပြောင်းလဲခြင်းသည် အကြောင်း အမျိုးမျိုးရှိနိုင်သော်လည်း အဓိကဧဝံဂလိတန်ခိုးအားဖြင့် ဖြစ်သည်။ ဩနေသိမ်အား ပြန်လည်လက်ခံ ခြင်းသည် ဖိလေမုန်အတွက် အသက်တာအမှန်တကယ်ပြောင်းလဲကြောင်း သက်သေပြရာ အခွင့်အရေး လည်းဖြစ်သည်။

:၁၄ ပေါလုသည် ဖိလေမုန်ကိုဩနေသိမ်အား အတင်းအကြပ်လက်မခံခိုင်းပါ။ ပေါလုသည် ဖိလေမုန်ကဲ့သို့သော ဩနေသိမ်နှင့်ပတ်သက်သည်။ ထို့ထကိ ပိုစရာမရှိ။ အကယ်၍ စိတ်သဘောထား မှန်ကန် ရိုးစင်းစွာဖြင့် လုပ်ဆောင်ခြင်းမဟုတ်လျှင် သူ၏သနားကြင်နာစိတ်သည် အကျန်းတန်၊ အရုပ်ဆိုးသွားမည်။

:၁၅ ဘုရားသခင်၌စုစည်း၍ တလုံးတဝတည်းရှိသူများသည် ဝိညာဉ်ရေးရာတွင်၎င်း၊ လောကအမှုတွင်၎င်း စိတ်တူကိုယ်တူသဘောတူ လုပ်ဆောင်လေ့ရှိကြသည် (ရော ၈:၂၈ကိုကြည့်)။ သခင့်အိမ်မှ ဩနေသိမ်ထွက်ပြေးစဉ်တွင်၊ ဖိလေမုန်အတွက် များစွာဆုံးရှုံးခဲ့သည်။ သူ့ကျွန်များကို ပြန်တွေ့မည်ဟုမမှန်ရဲ။ ယခု ရှင်ပေါလုက တိမ်မဲညိုများကို သန့်စင်ပေးခဲ့ပြီ။ ယခု တသက်လုံး အတွက် ပြန်ရောက်လာသည်။ ခရစ်ယာန်များသည် ခွန်အားရယူစရာ ယုံကြည်မှုဆက်နွယ်ခြင်း အကြောင်းဖြစ်သည်။ ခွဲခွာခြင်းသည် တခဏ၊ ပြန်လည်ဆုံစည်းခြင်းသည် ထာဝရဖြစ်ပါသည်။

:၁၆ ဖိလေမုန်သည် ဩနေသိမ်ကို ပြန်လည်ရရှိသောအခါ လူကိုသာပြန်ရသည်မဟုတ်။ ယခင်ထက်ကောင်းမွန်သော အကျင့်စာရိတ္တများကိုလည်းရရှိသည်။ သခင်နှင့်ကျွန်အကြားတွင် မရှိဘူးသော ဆက်ဆံရေးအသစ်ဖွဲ့ နှောင်ကြသည်။ ယခုအခါတွင် ဩနေသိမ်သည် ကျွန်မဟုတ်တော့ပါ။ ဘုရားသခင်၌ချစ်ခင်မြတ်နိုးရသော ညီအစ်ကိုများအတွက် ဝမ်းမြောက် ရွှင်လန်းသည်။ ပေါလုသည်လည်း ထိုညီအစ်ကိုများအတွက် ဝမ်းမြောက်ရွှင်လန်းသည်။ ရှင်ပေါလု၏ဆုံးရှုံးခြင်းသည် ဖိလေမုန်အတွက် ကောင်းကျိုးချမ်းသာဖြစ်သည်။ ဘုရားသခင်၌၎င်း၊ အသွေးအသား၌၎င်း၊ ဩနေသိမ်သည် မွေးချင်းပေါက်ဖော်ဖြစ်နေပြီ။ ဩနေသိမ်သည် လက်တွေ့ လုပ်ဆောင်ချက်ဖြင့်၎င်း၊ အမှုတော်၌ ဆက်ကပ်ခြင်းဖြင့်၎င်း၊ တမန်တော်ကြီး၏ ယုံကြည်စိတ်ချမှု ရရှိသည်။

၁:၁ရ တမန်တော်ကြီးက နူးညံ့သိမ်မွေ့ခြင်း၊ ယဉ်ကျေးပျူငှာခြင်းဖြင့် ဖိလေမုန်ကို တောင်းပန်ခဲ့သည်။ ဩနေသိမ်အား ပြန်လည်လက်ခံရန် ခယသည်။ ”သင်သည်ငါ့ကို အပေါင်းအပါ ကဲ့သို့မှတ်လျှင်၊ သူ့ကိုငါ့ကဲ့သို့ပင် လက်ခံလော့”ဟု တောင်းဆိုသည်။ ထိုစကားသည် ကယ်တယ်ရှင် ဘုရားသခင်၏ အာဘော်အတိုင်းဖြစ်သည်။ သခင်ဘုရားက ”သင်တို့ကိုလက်ခံသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသူသည် ငါ့ကိုစေလွှတ်တော်မူသောသူကိုလက်ခံ၏”(မ ၁ဝ:၄ဝ)ဟု၎င်း၊ ”သင်တို့သည် ငါ့ညီတို့တွင် အငယ်ဆုံးသူတယောက်အား ပြုကြသမျှတို့ကို ငါ့အားပြုကြပြီ” (မ ၂၅:၄ဝ)ဟု၎င်း ဆိုထားပါသည်။ ကျွန်ုပ်တို့ကို ထိုသားတော်အားဖြင့် ဘုရားသခင်က လက်ခံကြောင်းနှင့် သားတော်အားဖြင့်အဘဘုရားသခင်ထံ ချဉ်းကပ်ခွင့်ရကြောင်း ထိုကျမ်းပိုဒ် များက သွန်သင်ပါသည်။

ဇိလေမုန်ကရှင်ပေါလုအား အပေါင်းအသင်းအဖြစ် အသိအမှတ်ပြုသကဲ့သို့ ဩနေသိမ်ကို လည်းအသိအမှတ်ပြုသည်။ ထိုသို့ဆိုရာ၌ ဩနေသိမ်အား ကျွန်မဟုတ်တော့ဘဲ၊ အိမ်ကြီးရှင် သခင်ဖြစ်သွားကာ အလုပ်လုပ်စရာမလိုဟု ဆိုလိုခြင်းမဟုတ်ပါ။ အစေခံသည်အစေခံပဲဖြစ်ပါသည်။ သို့သော် ခရစ်တော်ကို ပိုင်ဆိုင်သူနှင့် ယုံကြည်မှု၌ ညီအစ်ကိုပေါက်ဖော်များဖြစ်သည်။

:၁၈ ဩနေသိမ်က သခင့်အိမ်မှပစ္စည်းများခိုးယူထွက်ပြေးကြောင်း ကျွမ်းစာတွင်မတွေ့ရပါ။ သို့သော်ကျမ်းပိုဒ်၏ သဘောက ခိုးယူသည့်သဘောဆောင်သည်။ ခိုးယူခြင်းသည် ကျွန်များ၏ လုပ်ရိုး လုပ်စဉ်အကျင့်ဖြစ်သည်။ မည်သို့ဖြစ်သေ၊ ဩနေသိမ်အား တသဘောတည်းထားရန် စာရေးခြင်း ဖြစ်သည်။ ပြောင်းလဲခြင်းအသက်တာက ဩနေသိမ်၏ အပြစ်ကြွေးကို မပယ်ဖျက်ပေးပါ။ ထို့ကြောင့် ပေါလုက ဖိလေမုန်အား အပြစ်တေးမှတ်ခြင်း မရှိစေရန် တောင်းပန်ခြင်း ဖြစ်သည်။

ဤကျမ်းပိုဒ်ကိုဖတ်ရှုသောအခါ အပြစ်သားဘဝတွင် ကျူးလွန်မိုက်မှားခဲ့သော အပြစ်မပုံကြီး ကိုပြန်လည်မြင်မိကြမည်။ ထိုအပြစ်များကိုသခင်ယေရှုက မည်သို့လုပ်ပေးသနည်း။ ကရာနီကုန်းပေါ်တွင် အပြစ်သားများကိုယ်စား အသေခံပေးခြင်းဖြင့် အပြစ်ကြွေးဟူသမျှကို ပေးဆပ်ခဲ့သည်။ ခရစ်တော်သည် ကျွန်ုပ်တို့၏ တရားခံဘက်ရှေ့နေကောင်းလည်းဖြစ်သည်။ စာတန်မာရ်နတ်က ကျွန်ုပ်တို့ပြုခဲ့သော အပြစ်များကို လက်ညှိုးငေါက်ငေါက်ထိုး၍ စွဲချက်တင်သောအခါ သခင်ဘုရားက ”ထိုအပြစ်များ အတွက် ငါကိုယ်တိုင် ပေးဆပ်ခဲ့ပြီးပြီ ဟုချေပပေးပါသည်။ လူနှင့်ဘုရားအကြားပြန်လည်စေ့စပ် ငြိမ်းချမ်းခြင်းကို ဤကျမ်းပိုဒ်တွင် သရုပ်ဖော်ထားသည်။ ဩနေသိမ်သည် အပြစ်ဒုစရိုက်ပြုသောကြောင့် စိမ်းကားခဲ့ရသည်။ သို့သော်ရှင်ပေါလု၏ အမှုတော်ဖြင့် သခင်နှင့်ကျွန်အကြားခြားနားမှုများ ပပျောက် ခဲ့သည်။ သခင်နှင့်ကျွန်စေ့စပ်ပြေလည်ခဲ့သည်။ ထိုနည်းတူ ကျွန်ုပ်တို့သည် မိမိတို့အပြစ်ကြောင့် အဘဘုရား သခင် နှင့်ရင်းနှီးခွင့်မရကြ၊ သို့သော် သခင်ခရစ်တော် အသေခံပြီး၊ ပြန်လည်ထမြောက်ခြင်း ဖြင့် အဘဘုရားသခင်နှင့်ယုံကြည်သူများ ရင်းနှီးချစ်ကြည်ခွင့်ရကြပါသည်။

:၁၉ ရှင်ပေါလုသည် ဤစာကိုရေးနေကြပုံစံအတိုင်း အဆုံးသတ်သည်။ ကိုယ်တိုင်လက်ရေး ဖြင့် ရေးသားသည်ဟု တထစ်ချမဆိုနိုင်သော်လည်း ဩနေသိမ်အတွက် အကြွေးရှိကြောင်း ယူဆ၍ ရေးသားခြင်းဖြစ်သည်။ ဘုရားသခင်ထံသို့ပို့ဆောင်ပေးသည်။ လူ့အရိုက်အရာများနှင့် ကင်းစင်၍ ဝိညာဉ်ရေးရာကျွမ်ဝဖို့ သွန်သင်ပေးသည်။ သို့သော်ဩနေသိမ်အား အကြွေးများကို ပြန်ဆပ်ရမည်ဟု ဖိအားမပေးခဲ့ပါ။

:၂ဝ အသက်ကြီးသောပေါလုက ဖိလေမုန်းအား ညီအစ်ကိုဟုနှုတ်ဆက်ခြင်း ခရစ်တော်၏ နာမည်၌ရွှန်လန်းစေပါသည်။ သြနေသိမ်အား ကျေနပ်စွာပြန်လည်လက်ခံရန်၊ ပြစ်များကို ခွင့်လွတ်ရန်နှင့် ယခင်နေရာတွင်ပြန်လည်ခန့်အပ်ရန် လျှောက်လဲပေးသည်။ ထိုအတိုင်း ဩနေသိမ်အား ဖိလေမုန်က ပြန်လည်လက်ခံရုံသာမက၊ ဘုရားသခင်မိသားစု၌ ညီအစ်ကိုအဖြစ် လက်သင့်ခံသည်။

၄။      နိဂုံးချုပ် သိမှတ်ဖွယ်ရာများ (:၂၁၂၅)

:၂၁ တောင်းဆိုသည်ထက်သာ၍ကောင်းအောင် ဖိလေမုန်လုပ်ဆောင်မည်ဟုပေါလု ယုံကြည် စိတ်ချသည်။ သူကိုယ်တိုင်လည်း ခရစ်တော်၌ လွပ်လပ်သူဖြစ်သည် ထိုထက် လျှော့နည်း၍ဩနေသိမ်အား ဆက်ဆံမည်မဟုတ် ထိုအကြောင်းနှင့်ပတ်သက်၍ ဧဖက်ဩဝါဒစာတွင် ”အချင်းချင်း ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်းအပြစ်လွှတ်ခြင်းရှိကြလော့” (ဧ ၄:၃၂)ဟု ဆိုထားပါသည်။

:၂၂ ဖိလေမုန်က ဩနေသိမ်အား ထိုကဲ့သို့ဆက်ဆံကြောင်း မည်သို့သိနိုင်မည်နည်း။ ကောလောသဲသို့သွား၍ ဖိလေမုန်အား အကဲခတ်ရန် ပေါလုမျှော်လင့်ခဲ့သည်။ ခရစ်ယာန်များ၏ ဆုတောင်းပေးခြင်းကို ဘုရားသခင်နားညောင်း၍ ရောမအစိုးရအားစေလွှတ်ခိုင်မည်ဟု ယုံကြည်သည်။ ထို့ကြောင့် ဖိလေမုန်အား သူ့အတွက်အခန်းတခန်းပြင်ဆင်ထားပေးရန် ပြောခြင်းဖြစ်သည်။ ဖိလေမုန်ကလည်း ဩနေသိမ်အား ပေါလုအတွက် အခန်းပြင်ဆင်ထားခိုင်း ပေရော့မည်။ အမှန်တကယ် ရောက်ရှိခြင်း ရှိ၊ မရှိကိုမူ မသိပါ။ အခန်းကိုပြင်ဆင်၍ တမိသားစုလုံး ပေါလုလာမည့်အရေးကို မျှော်လင့်နေကြပုံကိုသာ မြင်ယောင်မိပါသည်။

:၂၃ ဧပဖြသည် ကောလောသဲအသင်းတော်မှဖြစ်ဟန်တူသည် (ကော ၁:၇-၈၊ ၄:၁၂-၁၃)။ ရောမထောင်ထဲတွင် ပေါလုနှင့် အတူထောင်ကျနေသည်။ သူ့အကြောင်းကိုလည်း ပေါလုက ဖိလေမုန်အား အသိပေးသည်။

:၂၄ ထိုအချိန်တွင်ပေါလုနှင့်အတူ မာကု၊ အာရိတ္တာခု၊ ဒေမနှင့် လုကာတို့လည်းရှိသည်။ (ကော ၄:၁ဝ-၁၄)တွင်လည်း ထိုသူများနာမည်တွေ့ရသည်။  ကော ၄ တွင် ယုတ္တုခေါ် ယေရှု၏ နာမည်လည်းတွေ့ရသည်။ သို့သော်ဤကျမ်းပိုဒ်တွင်မှုမတွေ့ရ။ မာကုသည် ခရစ်ဝင်ကျမ်းရေးသား သော ရှင်မာကုဖြစ်သည်။ အသက်တာပြောင်းလဲပြီးသောအခါ ခရစ်တော်၏သစ္စာရှင် အမှုတော်ဆောင် ဖြစ်လာသည် (၂တိ ၄:၁၁၊ တ ၁၃:၁၃၊ ၁၅:၃၆-၃၉)။ သက်သာလောနိတ်သား အာရိတ္တာခုသည် ရောမခရီးစဉ်အပါအဝင်သွားလေရာ၌ တကောက်ကောက်လိုက်ပါသော ပေါလု၏ အပါးတော်မြဲ ဖြစ်သည်။ (ကော ၄:၁ဝ)တွင်ပေါလုက ”ငါနှင့်အကျဉ်းခံသူ အာရိတ္တခု”ဟုဆိုသည်။ ဒေမသည် လောကအရာကိုခင်တွယ်၍ နောက်တွင်ပေါလုအား ခွဲခွာသူဖြစ်သည် (၂တိ ၄:၁ဝ)။ ဆေးဆရာကြီး လုကာသည် ဘဝဆုံးတိုင်အောင် သစ္စာရှိရှိဆက်ကပ်သူဖြစ်သည်။ (၂တိ ၄:၁၁)။

:၂၅ စာစောင်အား ကောင်းကြီးမင်္ဂလာပေးခြင်းဖြင့် အဆုံးသတ်ထားသည်။ သခင်ယေရှု ခရစ်တော်၏ကျေးဇူးတော်သည် ဖိလေမုန်၏ စိတ်ဝိညာဉ်နှင့်အတူရှိပါစေသတည်းဟု ကောင်းကြီး ပေးခဲ့သည်။ ခရစ်တော်၏ကျေးဇူးတော်ထက် လူ့ဘဝအား ထိန်းကျောင်းနိုင်သော မင်္ဂလာတရား မရှိပါ။ ကိုယ်တော်၏လူ့ဘဝခံယူခြင်းနှင့် အမှုတော်သည် နှလုံးသားရှိသူတိုင်း ခံယူအပ်သော တရားတော် ဖြစ်သည်။

နိဂုံးချုပ်လေပြီ။ ဤစာကို ဖိလေမုန်ထံသို့ ပို့ဆောင်ပေးကြသည်။ ဤဩဝါဒစာကပေးသည့် ခရစ်ယာန်အမူအကျင့်တွေ ရာစုနှစ်ချီ၍ လွှမ်းမိုးခဲ့သည်။ ချစ်ခြင်းမေတ္တာ၊ ယဉ်ကျေးဖော်ရွေခြင်းတွင် စံနမူနာကောင်းဖြစ်၍ ယနေ့ထက်တိုင်အောင် အတုယူဖွယ်ဖြစ်သည်။ အာမင်

မှတ်စု

(နိဒါန်း) မာတင်လုသာ။ J.B. Lightfoot, Saint Paul’s Epistles to the Colossians and to Philemon, pp. 317,318.

(ငယ်) မွတ်စလင်အမျိုးသမီး သို့မဟုတ် အခြားဘာသာဝင်အမျိုးသမီးများနှင့် နှိုင်းယှဉ် ကြည့်လျှင်၊ သခင်ယေရှုခရစ်သည် အမျိုးသမီးများကို လွပ်လပ်မှုရစေသူဖြစ်သည်။

(ငယ် ၇) mss ကျမ်းမူအများစုက ဝမ်းမြောက် (charan)အစား ကျေးဇူးတော်ချီးမွမ်း thanksgiving (charin) အသုံးပြုသည်။

(ငယ် ၉) ဂရိစကားဝေါဟာရတွင် ”သက်ကြီးသူ” aged (presbutes) နှင့် သံတမန် ambassador (presubeutes) တို့သည် ဆင်တူယိုးမှား ဖြစ်စေသည်။ Bendley က ပေါလုသည် ”ambasador” ကိုသုံးခဲ့သည်ဟု မှန်းဆထားသည်။

(ငယ် ၁၂) Alexander Maclaren ”Colossian’s and Philemon”. The Expositor’s Bible, p. 461.

Next Article