ရောမသြဝါဒစာ ၁၂

၃။ ဧဝံဂေလိတရား ရှင်သန်ဖို့တာဝန်ဝတ္တရား (အခန်း ၁၂၁၆)

ကျမ်းစာအစောပိုင်းတွင် မေးထားသောမေးခွန်းအဖြေဖြစ်သည်။ ကျေးဇူးတော်ခံစားသူများ သည်နေ့စဉ်အသက်တာတွင်ဖြောင့်မတ်အောင်မည်သို့ လုပ်ဆောင်ကြမည်နည်း။ ကျေးဇူးတော် ခံစားသူများ၏နေ့စဉ်အသက်တာတွင် ဖြောင့်မတ်ခြင်းရှိကြောင်း၊ အခြားယုံကြည်သူများသို့ အသက်တာ ပြသရမည်။ ရင်းနှီးစွာဆက်ဆံရမည်။ ရန်သူများကိုလည်းချစ်ခင်ရမည်။ နိုင်ငံတော် အစိုးရကို လေးစားရမည်။ အားနည်းချို့တဲ့သူများကိုဖေးမရမည်။

(က) တဦးချင်း၏ အထွဋ်အမြတ် (၁၂း၁)

၁၂: အခန်း၁မှအခန်း ၁၁ထိ၊ ဘုရားသခင်၏ကရုဏာတော်သက်ရောက်ပုံကို သွန်သင်ပေး သည်။ ထိုသွန်သင်ချက်များကို ကောက်ချက်ဆွဲလျှင်ဘုရားသခင်လက်သင့်ခံ နိုင်အောင် မိမိတို့ အသက်တာအား ဖြောင့်မတ်ရမည်။ စင်ကြယ်ရမည်။ အသက်တာဆက်ကပ်ရမည် မိမိတို့ ရုပ်ခန္ဓာကိုယ်သည်ယုံ ကြည်သူများအပြင် အခြားသူများ၏ဆောက်တည်ဖွယ်ရာလည်း ဖြစ်ရမည်။

ခြုံငုံ၍ပြောရလျှင်နာမတော်၌ ပါဝင်ဆက်ကပ်ခြင်းဖြစ်သည်။ အရှင်းလင်းဆုံးသောစကား ပြောရလျှင်ဘုရားသားတော်သည် လူသားများအတွက်အသေခံခဲ့သည်။ ထို့ကြောင့်ကျွန်ုပ်တို့သည် လည်းထိုအသေခံတော်မူသော ယေရှုရှင်အတွက်အသက်ရှင်သင့်သည်။ ထိုအကြောင်းကို C T Studd က ”ငါအတွက်အသေခံရိုးမှန်လျှင် ခရစ်တော်အတွက်မပေးနိုင်စရာ ဘာမှမရှိ” ဟုဆိုသည်။ Isaac Watt ကလည်း” အံ့ဖွယ်မေတ္တာ၊ တန်ခိုးကြီးပေ၊ ငါ့စိတ်နှလုံး၊ ငါ့ဘဝငါ့ရဲ့အရာခပ်သိမ်း ဖြစ်ပေသည်” ဟုတေးသီထားသည်။

ကိုယ်တော်နှစ်သက်တော်မူသောအမှု ဆိုသည်မှာ ဝိညာဉ်ရေးရာဖြစ်သည်။ ယေရှုသခင်သည် ယုံကြည်သူများ၏ယဇ်ပုရောဟိတ်မင်းကြီးဖြစ်သည် နှင့်အညီယေရှုထံသို့တိရစ္ဆာန်ယဇ်ကောင်များ ယူလာစရာမလို။ အသက်ရှင်သောဝိညာဉ်အသက်တာဖြင့်ရောက်လာရမည်။ မိမိတို့တတ်စွမ်းသည့် အရာဖြင့်ဆက်ကပ်ရမည်။ (ရော ၁၅:၁၆) ချီးမွမ်းခြင်းဖြင့်ဆက်ကပ်ရမည် (ဟေ၁၃:၁၅)ရှိသမျှ အရာများဖြင့် ဆက်ကပ်ရမည် (ဟေဗြဲ၁၃:၁၆)။

၁၂: ဒုတိယအနေဖြင့် ယုံကြည်သူများသည်လောကီသားပုံ မဆောင်ရ။ ထိုအကြောင်းကို Philip က”လောကပတ်ဝန်းကျင်ထဲမှာ ကျင်လည်မနေနှင့်သင့်ကို ဖိသတ်သွားမည်”ဟုဆိုသည်။ ဘုရားသခင်၏နိုင်ငံတော်ထဲသို့ ဝင်ရောက်လာသောအခါ လောကီသားပုံစံဖြင့် ဝင်ခွင့်မရနိုင်။

လောကီဆိုသည်မှာမယုံကြည်သူများ၏ ပြုမူနေထိုင်ပုံဖြစ်သည်။ နိုင်ငံတော်ဆိုသည်မှာ ဘုရားသခင်၌ မွေ့လျော်ခြင်းဖြစ်သည်။ ဤလောကီအုပ်စိုးသူမင်းမှာ စာတန်ဖြစ်သည်။ (၂ကော ၄:၄၊ ယော ၁၂:၃၁၊ ၁၄:၃ဝ၊ ၁၆:၁၁)။ အသက်တာမပြောင်းလဲသူဟူသမျှသည် ထိုစာတန်နှင့်သက်ဆိုင်ကြ သည်။ လိုချင်သောမျက်စိရမ္မက်ပြင်းပြသော အသွေးအသားနှင့်ထောင်လွှားသောအသက် များသည် စာတန်၏ဆွဲဆောင်မှုဖြစ်သည်(၁ယော၂:၁၆)။ လောကီတွင်နိုင်ငံရေး၊ အနုပညာ၊ တေးဂီတ၊ ဘာသာရေး၊ ပွဲလမ်းသဘင်၊ အယူအဆဘဝပုံစံ၊ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာ သီးသန့်ရှိသည်။ ထိုအ ရာများသည်ခရစ်တော်နှင့်မသက်ဆိုင်။

ခရစ်တော်သည် ဤလူ့လောကီနှင့်ကင်းဝေးကြဖို့အသေခံ ပေးခြင်းဖြစ်သည်။ ဘုရားရှင်သည် လူ့လောကသားများအတွက် အသေခံသကဲ့သို့လူ့လောကသားများကလောကီအတွက်အသေခံမည်ဟု ဆိုလျှင်တရားနည်းလမ်းကျမည်မဟုတ်။ ဘုရားသခင်အားမရိုးမသား သစ္စာဖောက်ရာရောက်သည်။ လောကီတပ်မက်သူများသည် ဘုရားသခင်၏ရန်သူများဖြစ်ကြသည်။

ခရစ်တော်သည် လောကီနှင့်မဆိုင်သကဲ့သို့ယုံကြည်သူများသည်လည်း လောကအရာများ မဟုတ်ပါ။ ကယ်တင်ခြင်းကိုထင်ရှားသိမြင်နိုင်ကြရန် လူ့လောကထဲသို့စေလွှတ်ခြင်းဖြစ်သည်။ ထို့ကြောင့်လောကီအရာများကို ထိုးထွင်းသိမြင်၍ဝေးဝေးရှောင်ကြသည်သာမက အသစ်သော အသက်တာ၌ကျင်လည်ကြရမည်။ စိတ်သစ်လူသစ်ရှိနေမည်။ ထိုစိတ်သစ်လူသစ်ဆိုသည်မှာ သမ္မာ ကျမ်းစာပါ အသက်တာဖြစ်သည်။ သမ္မာကျမ်းကိုခင်တွယ်လျှင် အသက်တာကိုဘုရားသခင်က ဦးဆောင်လျှင် အသက်တာသည်ပြည့်စုံကောင်းမွန်ပေမည်။

အလိုတော်ကိုသိရှိနားလည်နိုင်ရန် သော့ချက်စကားလုံး (၃) ခုရှိပါသည်။ (၁) စိတ်အားထက် သန်ခြင်း (၂) လောကီနှင့်ကွဲကွာသောအသက်တာ (၃) စိတ်နှလုံးပြောင်းလဲသန့်စင်ခြင်းဖြစ်သည်။

()     ဝိညာဉ်ဆုကျေးဇူးဖြင့်ဆက်ကပ်ခြင်း (၁၂:)

၁၂: တမန်တော်ပေါလုကသူ့ကို သခင်ယေရှုထံမှ ကျေးဇူးတော်ခံစားသည်ဟု ဝန်ခံ ထားသည်။ ရိုးသားဖြောင့်မတ်စွာ ဝန်ခံချက်ဖြစ်သည်။

သူ၏လက်ဦးစကားတွင် ဧဝံဂေလိတရားကြောင့် မည်သူမှ ဝါကြွားထောင်လွှားခြင်း မပြုကြရန် သတိပေးသည်။ မိမိတို့ရရှိထားသော ဆုကျေးဇူးများကိုလည်း နှိမ့်ချစွာဝန်ခံကြရမည်။ မိမိကိုယ်ကို ဟုတ်လှပြီ၊ တောလှပြီဟု ဘဝင်နားထင်မရောက်စေရ။ အခြားသူများ၏ ဝိညာဉ်ဆု ကျေးဇူးများကိုလည်း မနာလိုမဖြစ်နှင့်။ မိမိတို့ရရှိသော အစွမ်းအစများသည်တစ်ဦးနှင့် တဦး မတူညီကြပါ။ ထိုမတူညီခြင်း သည်ဘုရားရှင်အမှုတော်၌တတောင့်တကဏ္ဍီမှ ပါဝင်ဖြည့်ဆည်းရန် ဖြစ်သည်။ ရရှိထားသောဆု ကျေးဇူးများသည်ဘုရားသခင် ပေးသနားရာဖြစ်သည်။ ထို ခွန်အားများကို အမှုတော်ကျယ်ပြန့်ဖို့ ဆက်ကပ်ရမည်။

၁၂: လူ့ခန္ဓာကိုယ်တွင် ခန္ဓာကိုယ်အစိတ်အပိုင်းအမျိုးမျိုးရှိပါသည်။ ထိုခန္ဓာကိုယ်အစိတ် အပိုင်းများသည် အသီးသီးထူးခြားချက်များရှိကြသည်။ ထိုအစိတ်အပိုင်းများ ကိုယ်စီအလုပ်လုပ် လည်ပတ်ကြခြင်းဖြင့်ခန္ဓာကိုယ်ကျန်းမာ ရပ်တည်နိုင်ခြင်းဖြစ်သည်။ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်း တွင် တာဝန်အသီးသီးရှိကြသည်။

၁၂: ယုံကြည်သူများသည် ခရစ်တော်၏ခန္ဓာကိုယ်နှင့်တူပါသည်။ ခန္ဓာကိုယ်အစိတ်အပိုင်း များဖြင့်ကိုယ်ခန္ဓာဖွဲ့စည်းခြင်းဖြစ်သည်။ ထိုအစိတ်အပိုင်းများသည် တခုနှင့်တခုအပြန်အလှန်အမှီပြု နေကြသည်။ ခန္ဓာကိုယ်အစိတ်အပိုင်းများသည် သီးသန့်ရပ်တည်ခြင်းမပြုနိုင်။ ထိုကဲ့သို့ပင် ဝိညာဉ်ဆုလက်ဆောင်များသည် တခုတည်းအသုံးမတည့်။ ခန္ဓာကိုယ်တည်းဟူသော ခရစ်တော် အတွက်ဖြစ်ရသည်။ မည်သည့်ဆုလက်ဆောင်ကမှပြည့်စုံခြင်းမရှိပါ ထိုအချက်ကိုနားလည်လျှင် (၁၂:၃) ကိုလည်း သဘောပေါက်ကြမည်။

၁၂: ဤအခန်းသည် ရရှိထားသောဝိညာဉ်ဆုလက်ဆောင်များ အသုံးပြုနည်းလမ်းညွှန်ဖြစ် သည်။ ဆုကျေးဇူးများကို အသေးစိတ်မပြောသော်လည်း ခြုံငုံ၍သွန်သင်ခြင်းဖြစ်သည်။

ဆုလက်ဆောင်ဆိုသည်မှာ ကျေးဇူးတော်အားဖြင့် ပေးသနားရာဖြစ်သည်။ လူတိုင်းလူတိုင်း ကို ပေးသောဆုလက်ဆောင်သည်မတူညီပါ။ ဆုလက်ဆောင်အမျိုးမျိုးပေးထားပါသည်။ မိမိနှင့် ထိုက်တန်သော အစွမ်းအစကိုပေးပါသည်။ သို့ကြောင့်ရရှိထားသော ဝိညာဉ်ဆုကျေးဇူးအတိုင်း အမှုတော်တွင် ပါဝင်ဆက်ကပ်ဖြစ်ပါသည်။

ပရောဖက်ဆုလက်ဆောင်ရရှိသူသည် ပရောဖက်ပြုချက်ဖြင့်ပါဝင်ရမည်။ ပရောဖက်ဆိုသည် မှာဘုရားသခင်၏နှုတ်ကပတ်တော်ကို အခြားသူများကြားသိစေသူဖြစ်သည်။ နှုတ်ကပတ်တော်ဆို သည်မှာ သတင်းကောင်းယူဆောင်လာသူ ဖြစ်နိုင်သည်။ သို့သော်မရှိမဖြစ်လိုအပ်ချက်မဟုတ် ပရောဖက် ပြုချက်နှင့်ပတ်သက်၍ Hodge ကဤသို့ရှင်းပြသည်။ ”ကနဦးအသင်းတော်ကာလတွင် ပရောဖက်များ ကိုဘုရားသခင်၏ဝိညာဉ်တော်က လွှမ်းမိုးအုပ်စိုး၍လူသားများသမ္မာတရား မွေ့လျော်ရေးလက်တလော လုပ်ဆောင်ရမည့်အချက်၊ အနာဂတ်ဖြစ်ပျက်မည့်အရာများကိုသီးသန့် ပေးခြင်းဖြစ်သည်။ ဟုဆိုသည်။ ထိုပရောဖက်ပြုချက်များသည် ဓမ္မသစ်၏ရှေ့ပြေးနိမိတ်များ ဖြစ်သည်။ မည်သူတစုံတဦးကမှ ပရောဖက်ပြုချက်ကို ဖြည့်ဆည်းပိုင်ခွင့်မရှိ။ ယနေ့ ယုံကြည်သူများသည် သန့်ရှင်းသူများ အဖြစ်ရွေးချယ်ထားသူများဖြစ်သည် (ယု၃ကိုကြည့်)။ သို့ကြောင့် ယနေ့ခေတ်ကာလတွင် ယုံကြည်သူများအတွက် ပရောဖက်သည်သမ္မာကျမ်းစာအုပ်သာ ဖြစ်သည်။ ထိုအကြောင်းကို Strong က ဤသို့ဆိုသည်။

ယနေ့ခေတ်ကာလ ပရောဖက်ပြုချက်များသည် ခရစ်တော်၏ ဧဝံဂေလိ သတင်းကောင်း သတင်းမှန်သာဖြစ်သည်။ ထိုပရောဖက်ပြုချက်များသည် အထွေအထူးရှာဖွေနားဆင်စရာမလို။ သမ္မာကျမ်းစာ သာဖြစ်သည်။

ထိုပရောဖက်ပြုချက်များသည် ယုံကြည်ခြင်းခိုင်မာစေဖို့ဖြစ်သည်။ ယုံကြည်ခြင်း၏ ”စံချိန်စံ ညွန်း”လည်းဖြစ်သည်။ သမ္မာကျမ်းစာပါ ယုံကြည်ခြင်းခံယူချက်များလည်း ဖြစ်သည်။ ယုံကြည်မှု တိုင်းတာရာလည်းဖြစ်သည်။ ထို့ထက်ပြောရလျှင်ဘုရားသခင်က ကျွန်ုပ်တို့အားယုံကြည်မှုခွန်အား ပေးခြင်းဖြစ်သည်။ ကျမ်းစာမူအများအပြားတွင် ”ကျွန်ုပ်တို့ကို”ဟု သုံးနှုန်းကြသော်လည်း မူရင်းကျမ်းတွင်မူ ထိုစကားလုံးမရှိပါ။

၁၂: သာသနာပြုခြင်းဟူသော ဝေါဟာရသည်ကျယ်ပြန့်သည်။ အမှုတော်ဆောင်များ၏လုပ် ငန်း၊ တာဝန်ဝတ္တရားမျှသာမဟုတ်ပါ။ အစေခံခြင်းစိတ်ဓာတ်ရှိသူများနှင့် သာသက်ဆိုင်သည်။ အမှု တော်မြတ်၌သူများကို ဖမ်းစားနိုင်မည့်အခွင့်အလမ်း မြင်တတ်သူများဖြစ်နေသည်။

ဓမ္မဆရာဆုလက်ဆောင်ရရှိသူသည် တရားနာပရိသတ်အားနှုတ်ကပတ်တော်ကို ဘဝင်ကျ အောင်စိတ်နှလုံးထဲသို့ထိုးဖောက်ဝင်နိုင်အောင် ရှင်းပြရသည်။ မည်သို့ဆိုစေ၊ ခြုံလိုက်လျှင်ရရှိထား သောဝိညာဉ်ဆုကျေးဇူးကို အစွမ်းကုန်ပြန်လည်အသုံးချဖို့ ဖြစ်ပါသည်။

၁၂: တိုက်တွန်းအားပေးခြင်းသည် ဘုရားရှင်ပေးသောဝိညာဉ်ဆု ကျေးဇူးတပါးဖြစ်သည်။ သူတပါးကို တိုက်တွန်းအားပေးတတ်ခြင်းဆိုရာတွင် မကောင်းသောအမှုအရာတိုက်တွန်းခြင်းမှလွဲ၍ ပုံစံမျိုးစုံနည်းမျိုးစုံရှိသည်။

ပေးကမ်း စွန့်ကြဲခြင်းသည်လည်း ဘုရားသခင်၏တန်ခိုး ရရှိသူများသာလျှင် ပေးကမ်း နိုင်သည်။ ကြွယ်ဝချမ်းသာသော်လည်း မပေးကမ်းနိုင်သူများစွာရှိသည်။ ပေးကမ်းစွန့်ကြဲရာတွင် စေတနာသဒ္ဒါ ထက်သန်စွာ ပေးလှူရသည်။

ဆက်ဆံရေးအတတ်ပညာသည်လည်း ဆုလက်ဆောင်မွန်ဖြစ်သည်။ သင်းအုပ်နှင့်အသင်း တော်၊ သင်းထောက်နှင့်အသင်းတော်ဆက်ဆံရေး ပြေလည်ချောမွတ်ရသည်။ သင်းအုပ်သည် သိုးထိန်းကြီးလက်အောက်တွင် သိုးများကိုထိန်းကျောင်းသူဖြစ်၍ စိတ်ရှည်စွာ ဂရုတစိုက် ထိန်းကျောင်း ရသည်။

ကြင်နာမစခြင်းသည်လည်း အထူးလက်ဆောင်မွန်ဖြစ်သည်။ လူတိုင်းထိုသို့ပြုနိုင်သည် မဟုတ်။ ထိုစိတ်သဘောထားရှိကြသည်မဟုတ်။ အားနွဲ့သူများကိုထူမနှစ်သိမ့်ခြင်းဖြစ်သည်။ ထို လက်ဆောင် ရရှိထားသူများသည် မင်္ဂလာတရားနှင့်ပြည့်စုံသူများဖြစ်သည်။ သို့ကြောင့် ယုံကြည်သူတိုင်း ထိုစိတ်သဘောထားရှိနိုင်ကြပါစို့။ လက်မတွန့်တိုကြပါစို့။

တစ်ခါကခရစ်ယာန်အမျိုးသမီးတဦး ဤသို့ဆိုဘူးသည်။ ”အမေအသက်ကြီး၍အိုမင်းရွယ်လွန် သောအခါကူဖော်လောင်ဖက်အလိုရှိသည်။ ကျွန်မနှင့်ကျွန်မအမျိုးသားက ကျွန်မတို့နှင့်အတူတူနေဖို့ ဖိတ်ခေါ်သည်။ အမေအတွက်ဘာမဆို ကျွန်မလုပ်ပေးသည်။ ချက်ပြုတ်ကျွေးမွေးသည်။ လျှော်ဖွတ်စင် ကြယ်စေသည်။ လိုလေးသေးမရှိအောင်ပြုစုသည်။ သို့သော်လည်း ကျွန်မအသွင်အပြင် မျက်နှာထားမှာ မကြည်ဖြူသကဲ့သို့ဖြစ်နေသည်။ သို့နှင့် အမေက ”သမီးရယ်၊ တစ်ခါမှရယ်တာ ပြုံးတာမတွေ့ပါလား၊ ဘာဖြစ်လို့ပြုံးပြုံးရွှင်ရွှင်မနေတာလဲ”ဟုပြောသည်။ မှန်ပါသည်။ ကျွန်မသည် အမေ့ကိုပြုစုပါသည်။ ” သို့သော်လည်းကျေနပ်နှစ်သိမ့်မှု မပေးနိုင်ပါ”။

()     အဖွဲ့အစည်းနှင့်ဆက်ဆံရေး (၁၂း၉၂၁)

၁၂: ယုံကြည်သူတိုင်းအခြားယုံကြည်သူများနှင့် မပြောင်းလဲသေးသူများအပေါ် ပြုကျင့် ရမည့် ဝတ္တရားသွန်သင်ချက်ဖြစ်သည်။

ချစ်ခြင်းမေတ္တာသည် ထောင်လွှားကြွားဝါခြင်းမရှိ။ ဟန်ဆောင်ခြင်းမရှိ။ ရိုးသားသည်။ ဖြူစင် သည်၊ တည်ကြည်သည်။

မသန့်ရှင်းသောအရာဟူသမျှကို ရွံ့ရှာ၍ကောင်းမှုကိုသာ ခင်တွယ်ရမည်။ ဤအရာရာတွင်မ ကောင်းသောအရာ ဆိုသည်မှာ ချစ်ခြင်းမေတ္တာမပါသောတရား စိတ်သဘော ရိုးသားခြင်း၊ အမုန်းတရား ဖက်ခြင်းဖြစ်သည်။ ကောင်းမြတ်သောအရာဆိုသည်မှာ ချစ်ခြင်းမေတ္တာဖက်၍ လုပ်ဆောင်သောအရာ ဟူသမျှကိုဆိုလိုသည်။

၁၂:၁ဝ ခရစ်ယာန်ညီအစ်ကိုမောင်နှမများကို အိမ်ထောင်မိသားစုဝင်သဖွယ် ယုံကြည်စိတ်ချ စွာဆက်ဆံရမည်။ မချစ်သော်လည်းအောင့်ကာနမ်း၊ မနမ်းသာလည်းပင့်သက်ရှုခြင်းမျိုးမဟုတ်။ နွေးထွေးလှိုက်လှဲစွာ မေတ္တာပြသရမည်။

မိမိကိုယ်ထက် အခြားညီအစ်ကိုများကို ဦးစားပေးရမည်။ ခရစ်တော်၏အစေခံကောင်းသည် ဗိမာန်တော်အပြင်ဘက်မှာလည်း ရင်းနှီးဖော်ရွေကြသည်။ ဘုရားကျောင်းရောက်လာသူများသည် ဝတ်ပြုစည်းဝေးပြီးဆုံး၍အပြင်သို့ ထွက်သောအခါလမ်းဘေးစင်္ကြ၊ ကျောင်းရှေ့မျက်နှာပြင်တွင် စုဝေးနေတတ်ကြသည်။ ထိုအခါမျိုးတွင်တဦးကိုတဦး နှုတ်ဆက်၍ချီးမွမ်းထောပနာပြုဖို့ အကောင်း ဆုံးအခွင့်အရေးဖြစ်သည်။

၁၂:၁၁ ဤကျမ်းပိုဒ်ကို Moffatt ကဤသို့ပြန်ဆိုထားသည်။ ”ဘယ်သောအခါမှသင်ရဲ့စိတ် အားထက်သန်မှုအလံကို လျော့မကျစေနဲ့၊ ဝိညာဉ်တော်အရှိန်အဟုန်ဖြင့် တလူလူလွင့်နေပါစေ”ဟုဆို ထားပါသည်။(ယော၄၈:၁ဝ) အမှုတော်ကိုကြိုးစား၍မဆောင်သောသူသည် ကျန်ဆဲခြင်းကိုခံရစေဟု ဆိုထားပါသည်။

လူဘဝအသက်တာသည် မယ်မယ်ရရမဟုတ်တိုတောင်းသည့် အပြစ်ထူသည်ခဏတာခံသည့် ယော်ရွက်ကြွေသို့နှယ် မျက်ရည်စက်သို့လည်းဖြစ်သည် အချိန်နာရီကိုလည်း ဆန့်ထုတ်၍ မစွမ်း ရှိသမျှ အချိန်ကိုအကောင်းဆုံးသုံးတတ်ပါစေ။

၁၂:၁၂ ဘဝအသက်တာသည် မျှော်လင့်ချက်မဲ့ခြေဦးတည့်ရာလျှောက်ရသည်မဟုတ်။ မျှော်လင့်ချက်၌အသက်ရှင် ပျော်ရွှင်နေရသည်။ ကယ်တင်ရှင်ဘုရားရောက်လာ၍ ရုပ်ခန္ဓာကိုယ်အ တိုင်းပြောင်းလဲသွားကြမည့် မင်္ဂလာချိန်ခါကိုမျှော်လင့်ရသည်။ ထိုကာလမတိုင်မီကြုံတွေ့ရမည့် ဆင်းရဲ ဒုက္ခများကို မတုန်မလှုပ်ရင်ဆိုင်ဝံ့ရသည်။ စိတ်ရှည်စွာသီးခံရမည်။ ထိုသို့သီးခံခြင်းဖြင့် အောင်မြင် ခြင်းသည် မင်္ဂလာတရားဖြစ်သည်။ မပြတ်မလပ်ဆုတောင်းခြင်းသည်လည်း ရှိရမည်။ ဆုတောင်းခြင်း သည်အောင်နိုင်ခြင်း နည်းဗျူဟာတရပ်ဖြစ်သည်။ ဆုတောင်းခြင့်ဖြင့် အသက်တာတွင် အင်အားပြည့်ဝစေ၍ စိတ်နှလုံးချမ်းမြေ့စေသည်။ ယေရှုနာမတော်တိုင်တည် ဆုတောင်းသောအခါ ယေရှုနှင့်နီးကပ်သွား သည်။ မမေ့မလျော့ မပေါ့မဆအစဉ်ဆုတောင်းကြပါစို့။

၁၂:၁၃ နေရာတိုင်းမှာချို့တဲ့သောသန့်ရှင်းသူများရှိပါသည်။ အလုပ်မဲ့များ၊ ဆေးဝါးအကူအညီ လိုအပ်နေသောကျန်းမာရေးချို့တဲ့သူများ အထောက်အပံ့လိုနေသောသာသနာပြုဆရာများ တရားဟော ဆရာများ အလုပ်မလုပ်နိုင်သောအိုမင်းရွယ်လွန်ဝိညာဉ်ဖခင်ကြီးများ ရှိပါသည်။ ထိုသူများကို ထောက်ပံ့ကူညီရသည်။ ခန္ဓာကိုယ်၌ တလုံးတဝတည်းရှိသူများသောကြောင့် ချို့တဲ့သူများကိုဖြည့် ဆည်းကူညီရသည်။

အိပ်ယာထဲမှ အစာရေဆာတောင်းဆိုသူများကို ခွန့်ကျွေးနိုင်ရသည်။ ဧည့်ဝတ်ကျေပွန် ခြင်းသည် လှပသောယဉ်ကျေးမှုဖြစ်သည်။ အိမ်ခန်းကျဉ်းခြင်းနှင့် အိမ်သေးခြင်းနှင့်မဆိုင်ပါ။ ဧည့်ဝတ်ကျေပြွန် ခြင်းဆိုသည်မှာ တခမ်းတနား ဧည့်ခံကြိုဆိုမှသာလျှင် မဟုတ်ပါ။ ဘုရားသခင်၏ သားသမီးများ အိမ်ထဲသို့ဝင်လာခြင်းသည် ဘုရားရှင်ကိုယ်တော်တိုင်အား ဧည့်ခံခြင်းဖြစ်သည်။ ကျွန်ုပ်တို့နေအိမ် သည်သခင်ယေရှုတည်းခိုလေ့ရှိသော ဗေသနိအိမ်မျိုးဖြစ်သည်။

၁၂:၁၄ မိမိကိုယ်ကို ဆင်းရဲဒုက္ခပေးသူညှဉ်းပန်းနှိပ်စက်သူများကို ခွန်းကြီး၊ ခွန်းငယ်တုံ့ပြန် ခြင်းမလိုလားသည့် အမူအရာမျိုးမလုပ်ရ။ မေတ္တာတရားမပါသောအမူအရာမျိုးဖြင့် ဆက်ဆံရန်အလို တော်မရှိ။ လူ့သဘောလူ့စရိုက်ဖြင့် တုံ့ပြန်ခြင်းသည်ကျိန်ခြင်းအမင်္ဂလာ ထိုက်တန်သည်။ ဘုရား သခင်၏မေတ္တာတော်ကိုကောက်၍သနားကြင်နာရမည်။

၁၂:၁၅ မိမိညီအစ်ကိုမောင်နှမများအား မုဒိတာစိတ်ထားရှိရမည်။ ဝမ်းသာသော သူတွေ့လျှင် ထပ်တူထပ်မျှဝမ်းသာ၍ ဝမ်းနည်းသောသူတွေ့လျှင် ထပ်တူထပ်မျှဝမ်းနည်းမည်။ ပတ်ဝန်းကျင်တွင် ဝမ်းနည်း ဖြင်းရှိသော်လည်း သခင်၏နည်းလမ်းသည် ပျော်ရွှင်ခြင်းဖြစ်သည်။

၁၂:၁၆ စိတ်တူကိုယ်တူရှိခြင်းဆိုသည်မှာ အကြောင်းမဲ့မဟုတ်။ အချင်းချင်းဆက်ဆံရာတွင် စိတ်တူကိုယ်တူရှိဖို့ဆိုသည်မှာ လွယ်ကူလှသည်မဟုတ်။

မရိုးသားမှုကင်းရှင်း၍ ဆင်းရဲချမ်းသာမခွဲခြားဘဲ အောက်ကျို့နှိမ့်ချဆက်ဆံရမည်။ အသင်း တော်လူကြီးများနှင့် တွေ့ဆုံဆက်ဆံသောအခါလည်း ယဉ်ကျေးဖော်ရွေစွာဆက်ဆံရမည်။ တစ်ခါက အသင်းတော်လူကြီးကိုငွေကြေး ချမ်းသာသူကဇိမ်ခံဟော်တယ်ကြီးသို့ ဧည့်ခံလိုက်သည်။ ဆရာကြီးက” တရားဟောဆရာများကို  ဤသို့ဧည့်ခံလေ့ရှိသလားဟုမေးသည်။ ”ဟုတ်ကဲ့၊ ဒီနေရာမှာ တည်းခိုဖို့စီစဉ်ပေးထားပါသည်”ဟု ပြန်ဖြေသည်။ ထိုအခါ တရားဟောဆရာကြီး လင်မယားက ထိုသူ၏ဧည့်ဝတ်ပြုမှုကို လိမ္မာပါးနပ်စွာ ”ဤလိုနေရာမျိုးတွင် မနေတတ်လို့ပါ”ဟု ငြင်းပယ်လိုက် သည်။

၁၂:၁၇ အဆိုးကိုအဆိုးဖြင့် တုံ့ပြန်ခြင်းသည်လူသားများ၏ စရိုက်ဖြစ်သည်။ တစ်ယောက် ယောက်ကကျော်တက်လျှင် ကိုယ်ကတဖန် ကျော်တက်ချင်သည်။ တစ်ယောက်ကဂျင်းစိမ်းပေးလျှင် တစ်ယောက်ကမိဿလင်ပေးသည်။ ထိုအကျင်းများသည် ယုံကြည်သူအသက်တာတွင် နေရာမရှိပါ။ ရုန်းရင်းဆန်ခက် သွေးထွက်သံယို ဖြစ်မည့်အစား ထိုသူ၏ကောင်းမွန်ရာကို စဉ်းစားလုပ်ဆောင်ပေး ခြင်းကပိုမိုမွန်မြတ်ပါသည်။

၁၂:၁၈ ငြင်းခုံခြင်း၊ စကားအချေအတင်ပြောခြင်းသည် ခရစ်ယာန်အမူအကျင့်နှင့် မသက်ဆိုင်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းအမှုသည် အမျက်ဒေါသခိုက်ရန်ဖြစ်ပွားခြင်းနှင့် မပတ်သက်။ ငြိမ်းချမ်း မှုကိုလိုလားသည်။ ငြိမ်းချမ်းမှုကိုတည်ဆောက်သည်။ ငြိမ်းချမ်းမှု ထဲ၌အသက်ရှင်သည်။ တစုံတဦးကို လက်ညိုးထိုးလျှင်မိမိကိုယ်ကို လက်ညှိုး(၄)ချောင်း  ကပြန်ထိုးမည်။ ထို့ကြောင့်အချိန်အခါတိုင်းမှာ ငြိမ်းချမ်းခြင်းအဆင်ပြေမှုကို မနေမနား လုပ်ဆောင်ကြရမည်။

၁၂:၁၉ မိမိအပေါ်ပြုမှားသော အပြစ်များရှိလျှင်လည်း စိတ်ရှည်ခွင့်လွှတ်ပါ။ ထိုသို့နားလည် ခွင့်လွှတ်ခြင်းကို ဘုရားသခင်ကသိမြင်နေပါသည်။ ကိုယ်ထိလက်ရောက်သော်၎င်း၊ စိတ်ဝိညာဉ်အား ဖြင့်သော်၎င်းတုံ့ပြန်စရာမလို။ အမျက်ဒေါသ တစ်ခါထွက်ခြင်းဖြင့် သင့်၏ပျော်ရွှင်မည့် ရက်ပေါင်း တစ်ရာကိုမလဲပါနှင့်။ သင့်အပေါ်ကျရောက်မည့် မတရားမှုအတွက်ဘုရားသခင်က ပေးဆပ်ပေး ပါသည်။ အမှားအမှန်ကို ဝေဖန်စိုင်းပြင်းမနေနှင့် ထိုသူအားဘုရားသခင်ကစီရင်ပေးပါသည်။ တရားတော်အတွက် ချန်ထားပါ။ သူ့စရိတ်နှင့်သူသွားပါလိမ့်မည်။ ထိုအကြောင်းကို Lenski က ဤသို့ဆိုသည်။

ဘုရားသခင်သည် အပြစ်သားများ၏လုပ်ဆောင်ချက်များကို အသေးစိတ်စီရင်သူ ဖြစ်သည်။ တစ်ယောက်မှအလွတ်မပေးပါ။ တရားသဖြင့်စီရင်လေ့ရှိသည်။ တစုံတဦးကိုမိမိတို့အား လာရောက်ထိ ပါးခြင်းသည် မိမိတို့၏ဝိညာဉ်ရေးရာအသက်တာ မြင့်မားရန်တွန်းပို့ခြင်းဖြစ်သည်။

၁၂:၂ဝ ခရစ်ယာန်အသက်တာတွင် လက်စားချေခြင်းမပါရှိပါ။ လက်စားချေခြင်းသည် ရန်သူအား အသက်တာပြောင်းလဲစေနိုင်သည့် နည်းလမ်းမဟုတ်ပါ။ ချစ်ခြင်းမေတ္တာဖြင့်သာ ပြောင်းလဲစေနိုင်သည်။ ဆာလောင်ငတ်မွတ်သည့်အခါ အစာရေဆာတိုက်ကျွေးပါ။ ထိုသို့ပြုလျှင် သူ့ဦးခေါင်းပေါ်တွင်မီးခဲတင်ပေးသကဲ့သို့ ဖြစ်သည်။ ထိုစကားသည် တော်ရုံနားလည်ချင်မှ နားလည်မည်။ ထိုသူ၏ စိတ်သဘောထားသည် မီးခဲကဲ့သို့ဖြစ်သည်။ ထိုသူအား အရှက်ရစေခြင်း ဖြစ်သည်။

၁၂:၂၁ ကျမ်းပိုဒ်အစပိုင်းကို Darby က ဤသို့ရှင်းပြသည်။ အမျက်ဒေါသထွက်ခြင်းသည် ” အမျက်ဒေါသကိုခေါင်းပေါ်တင်ရွက်ခြင်းဖြစ်သည်။ မကောင်းမှုနတ်ဆိုးကအုပ်စိုးခြင်းဖြစ်သည်။

အမေရိကန်သိပ္ပံညာရှင် George က ”ငါ့ဘဝကိုသူများ၏ မုန်းတီးခြင်းဖြင့်အပျက်အစီး မခံ နိုင်”ဟုဆိုဘူးသည်။ ယုံကြည်သူဖြစ်လျှင် မိမိအသက်တာအားမကောင်းမှုက မအုပ်စိုးရ။

ထိုအပြစ်ကိုမကောင်းမှုကိုကောင်းမှုဖြင့် အနိုင်ယူရသည်။ ထိုအပြုအမူသည် ယုံကြည်သူ ခရစ်ယာန်များ၏ အကျင်းဓလေ့ဖြစ်သည်။ အဆိုးကိုအဆိုးဖြင့်တုံ့ပြန်မည့်အစား အကောင်းဖြင့် အောင်ပွဲခံရသည်။ အဆိုးကိုနိုင် နည်းလမ်းသည် အကောင်းဖြစ်သည်။ အဆိုးကိုအဆိုးဖြင့် အောင်ပွဲခံ၍ အဆုံးမသတ်နိုင်။ သို့ကြောင့်ကောင်းမှုလက်နက်ကိုအမြဲကိုင်ဆောင်ရမည်။

Stanton onf Lincoln အားမြွေပွေးပမာ မုန်းတီးသူဖြစ်သည်။ အမေရိကန်သမ္မတလုပ်မည့် အစားအာဖရိကတောကြီးမြက်မည်းထဲသို့သွား၍ မျောက်ဝံကြီးရှာဖွေအဖော်ပြုသင့်သူသာဖြစ်သည် ဟုစော်ကားခဲ့သည်။

သို့သော် Lincoln ကဘာမှခွန်းတုံ့မပြန်။ Lincoln သမ္မတဖြစ်လာသောအခါ Stanton သည်ကာကွယ်ရေးဝန်ကြီးနှင့် ထိုက်တန်သူဖြစ်သည်ဟု ဆိုကာဝန်ကြီးခန့်အပ်လိုက်သည်။ ထိုနောက်ပိုင်းတွင် မိတ်ကောင်းဆွေသဟာဖြစ်သွားကြသည်။ ချစ်ခြင်းမေတ္တာသည် အရာခပ်သိမ်းကို အောင်မြင်နိုင်စွမ်းရှိ သည်။

Previous Article
Next Article