ရှင်မာကုခရစ်ဝင် ၃

(ဋ္ဌ) ဥပုသ်နေ့တွင် အနာရောဂါ ကင်းငြင်းစေခြင်း (၃:၁-၆)

၃:၁-၂ တရားစရပ်သို့ ယေရှုဝင်ရောက်သောအခါ လက်တဘက်သေနေသူကိုတွေ့ရပြန် သည်။ ဥပုသ်နေ့တွင် ထိုသူအားအနာရောဂါပျောက်ကင်းစေသင့်သလား။ အကယ်၍ ပျောက်ကင်းစေလျှင် အပြစ်တင်ဖို့ ဖာရိရှဲများက အကွက်ချောင်းနေကြသည်။ ဖာရိရှဲများ၏ ဘဝင်ရူးခြင်းနှင့် စိတ်ထားမစင်ကြယ် ခြင်းများက ဒွန်တွဲလွန်ဆွဲနေသည်။ သူတို့ကိုယ်တိုင်၌ လူနာအားမပျောက် ကင်းစေနိုင်။ သခင်ယေရှုကူညီ လျှင် ကဲ့ရဲ့ပြစ်တင်ကြသည်။ အကယ်၍ဥပုသ်နေ့မှာ ထိုသို့ အနာရောဂါပျောက်ကင်းစေလျှင် ဝံပုလွေအုပ် အမဲဖျက်သကဲ့သို့ ခရစ်တော်ကို ဝိုင်အုံကြတော့မည်။

၃:၃-၄ သခင်ဘုရားက ထိုလူနာအား ရှေ့တိုးလာခိုင်းသည်။ ဘေးပတ်လည်မှ ခရစ်တော်ကို ဝိုင်းအုံကြည့်ရူနေကြသည်။ ပရိသတ်အား “ဥပုသ်နေ့တွင် ကောင်မှုကုသိုလ်ပြုလုပ်သင်သလား။ အကု သိုလ်ပြုအပ်သလော၊ သူ့အသက်ကို ကယ်သင့်သလား၊ သတ်ဖြတ်သင့်သလား ဟုမေးသည်။ ကိုယ်တော် ၏မေးခွန်းထဲတွင် ဖာရိရှဲများ၏ ဆိုးညစ်မှုပေါ်လွင်နေသည်။ ဥပုသ်နေ့တွင်ထိုသို့ပြုလုပ်ခြင်းသည် ကိုယ် တော်မှားယွင်းသည်ဟုမြင်သည်။ သို့သော် ဖာရိရှဲများက ကိုယ်တော်အား အပြစ်ဖို့ခြင်းသည် မမှားပါဟုခံ ယူကြသည်။

၃:၅ တုတ်တုတ်မျှ မလှုပ်ကြ။ ပရိသတ်ငြိမ်နေကြသောကြောင့် ကိုယ်တော်ဘုရားက ထိုလူနာအား လက်ဆန့်ခိုင်းသည် ထိုသို့ဆန့်လိုက်သည်နှင့် တပြိုင်နက်သေသောလက်တဖက်သည် အခြားလက်တဖက်ကဲ့သို့ အကောင်းပကတိဖြစ်သွားသည်။ အနာရောဂါလုံးဝပျောက်ကင်းသွားသည်။

၃:၆ ကိုယ်တော်၏ ကောင်းမှုကုသိုလ်ပြုပုံကို မြင်ကြသောအခါ ဖာရိရှဲများသည် အမျက်ဒေါ သချောင်းချောင်းထွက်လျက် ကိုယ်တော်အား ဖျက်ဆီးရန် ဟေရုဒ်မင်း၏ တပည့်တော်များနှင့် တိုင်ပင်ကြံ စည်ကြသည်။ ထိုဟေရုဒ်မင်းမှာ ဗတိ္တဇံယောဟန်အားကွပ်မျက်သူဖြစ်သည်။ ထိုသူများသည် ယေရှုကို လည်း ကွပ်မျက်ရန်ကြံစည်နေကြပြီ။ ဖာရိရှဲများ၏ အကြံဉာဏ်ပေတကား။

(ဍ) လူအုပ်စုကြိး ပြွတ်သိပ်တိုးကြခြင်း (၃:၇-၁၂)

၃:၇-၁ဝ ယေရှုသည် တရားစရပ်မှ ထွက်ခွာပြီးဂါလိလဲအိုင်ဘက်သို့ ကြွချီတော်မူသည်။ သမ္မာကျမ်းစာတွင် ထိုပင်လယ်ကို တပါးအမျိုးသားများအဖြစ်မကြာခဏရည်ညွှန်းသည်။ ထို့ကြောင့် ကိုယ် တော်သည်လည်း ယုဒအမျိုးသားများထံမှ တပါးအမျိုးသားများထံသို့ ခြေဦးလှည့်ခြင်းဖြစ်ပေမည်။ လူအုပ် လူစုကြီးတွင် ဂါလိလဲအရပ်ဒေသသားများသာမက ရပ်နီးရပ်ဝေးလူများလည်း ပါသည်။ လူအုပ်ကြီးသည် များသောအားဖြင့် ရောဂါသည်၊ ဒုက္ခသည်များဖြစ်၍ ကိုယ်တော်ထံသို့ အလုအယက်ကြိတ်ကြိတ်တိုးလာ ကြသည်။ ထို့ကြောင့် ကိုယ်တော်အား ထိခိုက်လာပါက ရှောင်ရှားဖို့ တပည့်တော်များမှ လှေငယ်တစီးကို အနားတွင် အသင့်ပြင်ဆင်ထားကြသည်။ လူနာများကလည်း ကမ်းလုံးညွှတ်မျှ များပြားလှသည်။

၃:၁၁-၁၂ ညစ်ညူးသော နတ်ဆိုးစွဲသူများသည် ကိုယ်တော်ကို မြင်သောအခါ ဘုရားသား တော်ဟုအော်ဟစ်ကြွေးကြော်ကြသည်။ ကိုယ်တော်က ထိုအကြောင်းမပေါက်ကြားစေကြရန် သတိပေး ထားသည်။ ထိုသို့ပြောခြင်းမှာ ဘုရားသားတော်မဟုတ်ကြောင်းငြင်းပယ်ခြင်းမဟုတ်။ အချိန်နာရီကာလရာ သီမကျရောက်သေး၍ မင်္ဂလာအချိန်စောင့်ဆိုင်းခိုင်းထားခြင်းဖြစ်သည်။ ခရစ်တော် ဘုရားတွင် အနာရောဂါ ကင်းငြိမ်းစေသော တန်ခိုးရှိပါသည်။ သို့သော် အချိန်နာရီမကျရောက်သေး။ အချိန်စောင့်ဖို့လိုသေးသည်။ ကိုယ်တော်တက်စွမ်းနိုင်သည်။ သို့သော် ကိုယ်တော်ကို ယုံကြည်သူများအပေါ်တွင်သာ ဘုန်းတော်ထင် ရှားသည်။

ခရစ်တော်၏ အမှုတော်လေ့လာရာတွင်ခေါ်ယူသူ များသာရောက်လာကြသည်မဟုတ်၊ နေရာတကာမှ အကူအညီလိုသူတိုင်း ရောက်လာကြသည်။ ယေရှုသည် ခမည်းတော်ဘုရား၏ ညွှန်ကြား သည့်နေရာဒေသများတွင် အချိန်အခါနှင့် အညီ အမှုတော်ပြုသည်။ ယုံကြည်သူများသည်လည်း ထိုအ တိုင်းဖြစ်သင့်သည်။

၃။ တပည့်တော်အဖြစ်ရွေးကောက်သွန်သင်ခြင်း (၃:၁၃-၈:၃၈)

(က) တပည့်တော်တဆယ့်နှစ်ပါးရွေးကောက်ခြင်း (၃:၁၃-၁၉)

၃:၁၃-၁၈ ကမ္ဘာအနှံ့သို့ ဧဝံဂေလိတရားဟောပြောဖို့ တပည့်တော် (၁၂)ပါးအားကိုယ်တော် ဘုရားခွဲခန့် တော်မူသည်။ ထိုလုလင်ပျိုရွယ်များကိုသာ ရွေးချယ်ခြင်းနှင့် ပတ်သက်၍  James E Stewart က ဤသို့ဆိုထားသည်။

ခရစ်ယာန်ယုံကြည်ခြင်းသည် ပျိုမျစ်နုနယ်လူငယ်ရွယ်များကဲ့သို့ရွှင်လန်းတက်ကြွရသည်။ တခါတရံမှာ မူလူငယ်လူရွယ်များ ပီပီမကြာခဏမထင်မရှား ဖြစ်တတ်ပါသည်။ သို့သော် တပည့်တော် (၁၂)ပါးရွေးချယ်ခန်အပ်ခဲ့စဉ်က လူငယ်လူရွယ်များဖြစ်သည့် လူငယ်မောင်မယ်များဖြင့်အမှုတော်ပြုကြ သည်မှာ အထူးအဆန်းမဟုတ်။ များသောအားဖြင့် အသက် (၂၀)ပတ်ဝန်ကျင် များသာ ဖြစ်သည်။ ယေရှု ခရစ်တော်ကိုယ်တိုင်လည်း ယုဒများအကြားတွင် အမှုတော်စတင်စဉ်တွင် လူငယ်လူရွယ်သာဖြစ်သည်။ (ဆာ ၁၁၀:၃တွင် ဖော်ပြသော လူမျိုးတော်ဟူသည်မှာ ယေရှုကို ဖော်ညွှန်းခြင်းဖြစ်သည်။ တပည့်တော် များဖြင့် အသင်းတော်ပေါ်ထွန်းလာမည့်အကြောင်းဖြစ်သည်)။ ကာလကြာသောအခါတပည့်တော်များ သည် သူတို့သခင်နှင့်တူလာကြသည်။ ကိုယ်တော်၏ ပုံရိပ်ကိုယ်ပွားများ သဖွယ်ဖြစ်လာကြသည် ဇာတိ ဟောင်း၊ ဝေဒနာဟောင်းများကို မေ့ပျောက်ပြီးသိုးထိန်းငယ် ပီပီနံနက်ခင်း၏ တောင်ရိုးပမာငွားငွားစွင့်စွင့် ပေါ်ထွန်းလာကြသည်။ LsaacWatt’၏ မဟာကျူးသီချင်းသည် ပိုမိုပီပြင်လှသည်။ “လက်ဝါးကပ်တိုင်ငေး မောကြည့်ရှုစဉ်၊ ဘုရားရှင်၏ အိမ်ရှေ့မင်းလုလင်သည် အသေခံတော်မူပြီ”ဟု စပ်ဆိုထားသည်။ ငယ်ရွယ် နုပျိုခြင်း၏ စွန့်လွှတ်စွန့်စားဝံ့သော ရဲစွမ်းသတိ္တ၊ ရက်ရောသောစိတ်သဘောထားနှင့် မျှော်လင့်ချက်ကို သိနိုင်စွမ်းမရှိပါ။ ဧရာမစုံစမ်းခြင်းအိပ်မက်ပမာ ရုတ်တရက်ကျရောက်သောအခါ ယေရှုကို မည်သူနားလည် နိုင်မည်နည်း။ယေရှုပြုတော်မူခဲ့သော သက်တော်စဉ်ကိုမည်သို့ ထိုးဖောက်သိမြင်နိုင်မည်နည်း။ ကမ္ဘာေမြ ကြီးအားလန့်နိုးအောင် လှုပ်နိုးရန်ဘုရားသခင်က ဝိညာဉ်ဖြင့် အခွင့်အရေးပေးထားသည်။တပည့်တော် (၁၂) ပါးသည် ပျိုမျစ်နုနယ်လူငယ်လူရွယ်များဖြစ်သည်။ သူတို့သခင်သွားမည့်လမ်းလိုအသေအချာမသိရှိခဲ့ ကြသော်လည်း ယုံကြည်ခြင်းရှိ၍ နာခံသည်။ မိတ်ဆွေအပေါင်းအသင်းများ ၏ ဟားတိုက်ခြင်း၊ ရန်သူများ၏ စော်ကားခြင်း၊ စိတ်ထိခိုက်နာကျင်ခြင်း၊ မျှော်လင့်ချက်တိမ်တိုက်လွှင့် ပယ်ခြင်းများကြုံတွေ့ ခဲ့ကြသော်လည်း လူငယ်ပီပီ အားမာန်မလျှော့နောက်ဆုံးတွင် ပွဲခံကြသည်။ “ဘုန်းကျက်သရေပြည့်စုံသော တပည့်တော်များ အသက်တာကို နမူနာယူ၍ ယေရှုထံသို့ခြေလှမ်းကြပါစို့လား

တပည့်တော် (၁၂)ပါးအားခေါ်ယူခြင်း နောက်ကွယ်တွင်ရည်ရွယ်ချက် (၃)ခုရှိသည်။ (၁) ကိုယ်တော်နှင့် အတူရှိစေချင်သည်။ (၂) တရားဟောပြောဖို့စေလွှတ်ချင်သည်။ (၃) အနာရောဂါကင်းငြိမ်း ခြင်း၊ နတ်ဆိုးများနှင်ထုတ်ခြင်း တန်ခိုးရရှိစေချင်သည်။

ပထမအချက်သည် လေ့ကျင့်သွန်သင်ခြင်းကာလဖြစ်သည်။ ပရိသတ်အကြားတရားမဟော မီပြင်ဆင်ချိန်ဖြစ်သည်။ အမှုတော်ဆောင်ခြင်း၏ အခြေခံနိယာမတရားဖြစ်သည်။ ဘုရားသခင်၏ နှုတ်က ပတ်တော်များမဟောပြောမီ ကိုယ်တော်နှင့် အတူအချိန်ယူရသည်။

ဒုတိယအနေဖြင့် တရားဒေသနာဟောကြားရန်စေလွှတ်သည်။ နှုတ်ကပတ်တော် ဟော ကြားခြင်းဖြင့် ဧဝံဂေလိလုပ်ငန်း၏ အဓိကနည်းလမ်းဖြစ်သည်။

နောက်ဆုံးအချက်မှာ သဘာဝလွန်ဘုန်းတန်ခိုးပေးအပ်ခြင်းဖြစ်သည်။ နတ်ဆိုးများနှင် ထုတ် ခြင်းတန်ခိုးကို တပည့်တော်အားပေးထားသည်။ ထိုခေတ်ကာလတွင် ထူးဆန်းသော နိမိတ်လက္ခဏာမမြင် ရလျှင် မယုံကြည်ကြ။ ယနေ့ခေတ်ကာလတွင်မူ ဧဝံဂေလိသတင်းကောင်း အပြည့်အစုံကြားသိကြရပြီ ဖြစ်၍ အံ့ဘွယ်နိမိတ် လက္ခဏာများဖြင့် လူစိမ်းသဖွယ်ပြသရန် မလိုတော့ပါ။

၃:၁၉ တပည့်တော်များထဲတွင် ယုဒရှကာရုတ်ဆိုသူလည်း ပါဝင်သည်။ သခင်ဘုရားကို သစ္စာဖောက်မည့်သူဖြစ်သည်။ ခရစ်ယာန်အမှုတော်တွင် ကိုးကွယ်ဆက်ကပ်သူ၊ အနီးကပ်နေသူကခရစ် တော်အား သစ္စာဖောက်ပြန်ခြင်း စိတ်နာကျည်းဖွယ်ရာကောင်းပါသည။်

သို့သော်လည်းကျန်ရှိသော တပည့်တော် (၁၁)ပါးကခရစ်တော် ဘုရားအား ကမ္ဘာကြီးကို မှောက်လှန်နိုင်သူသည် ဘုရားရှင်ဖြစ်ကြောင်း သက်သေထူကြသည်။ ကမ္ဘအနှံ့ခြေဆန့်၍ ဧဝံဂေလိတရား ဟောပြောကြသည်။ ဧဝံဂေလိတရား၏ အသီးအပွင့်များသည် ယနေ့ထက်တိုင် သီးပွင့်နေသည်။ ခရစ် တော်၏ အကြောင်းကို မည်သည့် အတိုင်းအထိ ဟောပြောကြမည်ကိုသာ အားထုတ်ကြရမည်။

(ခ) ခွင့်မလွှတ်နိုင်သောအပြစ် (၃:၂၀-၃၀)

၃:၂၀-၂၁ ယေရှုနှင့်တပည်တော်များသည်ဂါလိလဲတောင်ပေါ်ဒေသမှ အိမ်သို့ပြန်လာကြ သည်။ ထိုနေအိမ်တွင်လူထုပရိသတ်ကြီးပြည့်နှက်နေကြသဖြင့် ကိုယ်တော်နှင့် တပည့်တော်များသည် ထမင်းစားဖို့ အနှာင့်အယှက်ဖြစ်နေသည်။ လူအုပ်ကြီးထဲမှ အချို့က ယေရှု၏အပြုအမူကိုကြည့်၍ စိတ် ဖောက်ပြန်နေသည်ဟု စွပ်စွဲကြသည်။ ထိုသို့မဟုတ်မဟပ်စွပ်စွဲသူများမှာ ဘာသာရေးမိသားစုများဖြစ် သည်။ ထိုအကြောင်းကို J.R Muller က ဤသို့ရှင်းပြသည်။

ကိုယ်တော်၏ အံ့ဩဖွယ်စိတ်အားထက်သန်မှုကို စွပ်စွဲခြင်းဖြစ်သည်။ ယနေ့ခေတ်ကာလ တွင် ခရစ်တော်သို့ စိတ်ရောကိုယ်ပါအပ်နှံသူများကို စိတ်မနှံ့သူဟုမဟားတရားစွပ်စွဲကြသည်။ လူအများစု က “ကိုယ်တော်အားစိတ်မနှံ့သူဟု သမုတ်ကြသည်။ ပုံမှန်မဟုတ်ဘဲ ထူးကဲစွာ ဘာသာရေးဆက်ကပ်သူ တိုင်းကို အရူးဟုစွပ်စွဲကြသည်မှာ အဆန်းမဟုတ်။ ယနေ့ကာလတွင်လည်း သမန်ထက်ပိုမို ဆက်ကပ်သူ များကိုခနဲကြသည်။ သရော်ကြသည်။

ထိုသို့စိတ်မနှံ့ခြင်းသည် ကောင်းသောစိတ်မနှံ့ခြင်းဖြစ်သည်။ အသင်းတော်များတွင် ကယ်တင်ခြင်းမရရှိသောစိတ်ဝိညာဉ်များ သာရှိနေလျှင် အမှောင်လောကသို့ ဧဝံဂေလိစေလွှတ်ရန်အစေခံ နှင့် ငွေများ ဘယ်ကထွက်လာမည်နည်း။ အေးတိအေးစက်အတွေးနှင့် မာကြောသော နှလုံးသားများသာရှိ ကြလျှင် ဝိညာဉ်များ ပျက်စီးကုန်မည်။ မိမိညီအစ်ကိုများ၏ စိတ်ဝိညာဉ်ကို ထာဝရကယ်တင်ရရန် ဝတ္တရား မဲ့ခြင်းထက်ဆိုးရွားသောအရာရှိပါမည်လား။

ဘုရားသခင်အမှုတော်အတွက် ဆက်ကပ်သူသည် လူ့လောကယာယီအခက်အခဲများကို ပစ် ပယ်ရသည်။ ခရစ်တော်နှင့် တူလိုလျှင် ခရစ်တော်ကဲ့သို့ ပြုမူကြုံတွေ့ရသည်။ ကကြမ္မာစန်ထလျှင် လက်ခုတ်ဩဘာချီးမွမ်းကြသည်။ ယေရှုခရစ်တော်အတွက် ရူးလျှင်မူကားမေးငေါ့ ကြပေလိမ့်မည်။

၃:၂၂ ကျမ်းတတ်ပုဂ္ဂိုလ်များက ခရစ်တော်အား စိတ်ဖောက်ပြန်သူဟု မမြင်ကြပါ။ မကောင်း ဆိုးဝါးနတ်ဆိုးဘုရင် ဗေလဇေဗုလနတ်ဆိုးပူးကပ်သည်ဟု စွပ်စွဲကြသည်။ ဗေလဇေဗုလ၏ အနက်မှာ “ညစ်ညူးသောနတ်များ၏ အရှင်သခင်” “ညစ်ညမ်းခြင်း၏ ဘုရးာ”ဖြစ်သည်။ ရင့်သီးစွာစွပ်စွဲနှိမ့်ချသော စကားဖြစ်သည်။

၃:၂၃ ထိုသူများ၏ စွပ်စွဲချက်ကို ယေရှုကချေပသည်။ အကယ်၍ ကိုယ်တော်သည် စွပ်စွဲကြ သည့်အတိုင်း ဗေလဇေဗုလကပ်သည်မှန်လျှင် နတ်ဆိုးများကို နှင့်ထုတ်စရာအကြောင်းမရှိ။ စာတန်က အာခံသည်။ ကိုယ်တော်၏ ရည်ရွယ်ချက်သည် စာတန်အားလုပ်ချင်ရာလုပ်ခွင့်ပေးခြင်းမဟုတ်၊ လူများအား နတ်ဆိုးလက်ထဲမှ ကင်းလွတ်စေရန်ဖြစ်သည်။

၃:၂၄-၂၆ နိုင်ငံတော်နှင့် မိသားစုသည်စိတ်ဝမ်းကွဲပြားကြလျှင် အကျိုးကျေးဇူးမရှိ၊ ကွဲပြား ပျက်စီးသွားမည်။ လူမြင်ကောင်းခြင်းထက်စိတ်နှလုံးညီညွှတ်စွာစည်း လုံးသွေးစည်းရမည်။

၃:၂ရ ကျမ်းတတ်ပုဂိ္ဂုလ်များ၏ စွပ်စွဲချက်သည် ယုတ္တိ ယုတ္တာမရှိ။ စွပ်စွဲချက်များနှင့် ယေရှု အပြုအမူ သည် ပြောင်းပြန်ဖြစ်နေသည်။ ကိုယ်တော်၏ အံ့ဖွယ်လက္ခဏာများသည် စာတန်အား ချိုးနှိမ်ပစ် ပယ်ခြင်းဖြစ်သည်။ ထို့ကြောင့် သခင်ဘုရားက “သူရဲကိုရှေးဦးစွာမချည်နှောင်ဘဲသူ၏ အိမ်သို့ဝင်၍ သူ့ဥစ္စာ ကိုမလုယူနိုင်ရာ။ သူရဲကို ချုပ်နှောင်ပြီးမှ လုယူနိုင်၏”ဟုဆိုခြင်းဖြစ်သည်။

စာတန်ကိုသူရဲ၊ အိမ်ကို စာတန်နယ်မြေ၊ အချိန်ကာလကို ကာလ၏ ဘုရားဟုဆိုသည်။ ယေရှုရှင်သည် စာတန်အိမ်ကို ဝင်ရောက်လုယူမည့်သူဖြစ်သည်။ ခရစ်တော်ဘုရား ဒုတိယအကြိမ်ကြွလာ သောအခါ စာတန်သည် အဆုံးမရှိသော တွင်းနက်ထဲသို့ နှစ်ပေါင်းတထောင်ကာလ ပတ်လုံးပစ်ချခြင်း ခံရမည်။ ကိုယ်တော် ဘုရားအုပ်စိုးသည့် ကာလရောက်သောအခါ လောက နတ်ဆိုးများ၊ မောင်းထုတ်ခြင်း ခံရမည်။

၃:၂၈-၃ဝ အငယ် ၂၈-၃ဝတွင် ကျမ်းတတ်ပုဂ္ဂိုလ်များ၏ အပြစ်ခွင့်လွှတ်ခြင်းမရှိနိုင်ကြောင်း ကို ရှင်းပြထားည်။ ယေရှုကနတ်ဆိုးမောင်းထုတ်ခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်တန်ခိုးဖြင့် မောင်း ထုတ်ခြင်းဖြစ်သည်။ ထိုသန့်ရှင်းသော ဝိညာဉ်တော်အား ပြစ်မှားသောအပြစ်သည် ခွင့်လွှတ်နိုင်စရာမရှိ။ ယေရှုအား အပြစ်တင်ခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်အားဆန့်ကျင်ခြင်းဖြစ်သည်။ အပြစ်အားလုံးကို ခွင့်လွှတ်သည်။ သို့သော် ဝိညာဉ်တော်ပြစ်မှားခြင်းသည် အပြစ်လွှတ်စရာမရှိ ထာဝရအပြစ်သက်ရောက် သည်။

ယနေ့ခေတ်ကာလတွင် ထိုအပြစ်မျိုးကျူးလွန်နိုင်ပါသလား။ သာမန် အားဖြင့် မဖြစ်နိုင်ပါ။ ထိုအပြစ်မျိုးသည် သခင်ယေရှု လူ့လောကတွင် အမှုတော်ပြုခဲ့စဉ် ကဖြစ်ခဲ့သည်။ ယနေ့ခေတ်ကာလတွင် ယေရှုသည် ရုပ်ခန္ဓာကိုယ်ဖြင့် အမှုတော်မပြု။ နတ်ဆိုးနှင်ထုတ်ခြင်း မလုပ်သဖြင့် အလားတူကိစ္စရပ်မျိုး ပေါ်ပေါက်လာစရာမရှိ။ အပြစ်ခွင့် မလွှတ်နိုင်သော အပြစ်မျိုးတွေးပူစရာမရှိပါ။။ သန့်ရှင်းသော ဝိညာဉ် တော်အား ပြစ်တင်ပြုမှားသော အပြစ်မျိုးမရှိနိုင်ပါ။

(ဂ) အစေတော်ခံ မိခင်စစ်နှင့် ညီအစ်ကိုစစ်စစ်များ (၃:၃၁-၃၅)

ယေရှု၏ မယ်တော်မာရိနှင့် ညီတော်များသည် ယေရှုနှင့်တွေ့ဆုံရန်ရောက်လာကြသည်။ တရားနာပရိသတ် ကြပ်ညှပ်နေကြသဖြင့် အပြင်မှာစောင့်ခိုင်းကြသည်။ မယ်တော်နှင့် ညီတော်များအပြင် တွင်စောင့်မျှော်နေကြကြောင်း၊ သွားရောက်သတင်းပို့သည့် အခါ ကိုယ်တော်သည် ဘေးပတ်လည်ကို ကြည်ရှုလျက် “ဘုရားသခင်၏ အလိုတော်ပို့ဆောင်သောသူသည် ငါ့ညီင့ါနှမ၊ ငါ့အမိဖြစ်သတည်း”ဟုဆို သည်။

ဤနေရာတွင် သင်ခန်းစာများစွာရှိပါသည်။

၁။ ပထမအချက်အနေဖြင့် ယေရှု၏ စကားတော်သည် မယ်တော်မာရိကိုကိုးကွယ်သူများ အား ဥပေက္ခာပြုရာရောက်သည်။ ယေရှုသည် မွေးသမိခင်အား ကြည်ညိုလေးစားပုံမပေါ်။ သို့သော်ဝိညာဉ်ရေးရာတွင် ဆက်စပ်တောစပ်နေပါသည်။ လောကမိခင်မယ်တော်မာရိထက် ဘုရားသခင်၏ အလိုတော်အား ဦးစားပေးသည်။

၂။ ဒုတိယအနေဖြင့် မာရိသည် တသက်လုံးအပျိုစင်ဖြစ်သည်ဟူသော အယူဝါဒချေဖျက် သည်။ ယေရှုတွင် ညီငယ်များရှိသည်။ ယေရှုသည် သားဦးဖြစ်သည်။ ယေရှုနောက်တွင် ညီငယ်၊ နှမငယ်များရှိသည် (မ ၁၃:၅၅၊ မာ ၆:၃၊ ယော ၂:၁၂၊ ၇:၃-၅၊ ၅-၁၀၊ တ ၁:၁၄၊ ၁ကော ၉:၅၊ ဂလာ ၁:၁၉၊ ဆာ ၆၉:၈တို့ကိုဖတ်)။

၃။ ယေရှုသည် လောကအသွေးအသားတော်စပ်ခြင်းထက် ဘုရားရှင်ကို ပိုမိုနှောင်ကြိုးဖွဲ့ သည်။ ယနေ့ထက်တိုင်အောင် တပည့်တော်များသို့  “အကြင်သူသည် ငါ့ထံသို့လာ၍ မိဘ၊ သားမယား၊ ညီအစ်ကို၊ နှမတို့ကို၎င်း ထိုမျှမက မိမိအသက်ကို မမုန်းသောသူသည် င့ါတပည့်မဖြစ်နိုင်ရာ”ဟု ဆိုထားပါသည် (လု ၁၄:၂၆)။

၄။ ကယ်တင်ခြင်းမရရှိသော ညီအစ်ကို ဆွေမျိုးများထက် ကယ်တင်ခြင်း ရရှိသော ညီအစ် ကိုများနှင့် ပိုမိုဿဟာယ ပြုသင့်ကြောင်း ဤကျမ်းချက်က သွန်သင်ပါသည်။

၅။ နောက်ဆုံးအချက်မှာ သခင်၏ အလိုတော်သည် ယေရှု၏ အရေးကြီးဆုံးသော အမှုကိစ္စ ဖြစ်သည်။ ယနေ့ယုငံကြည်သူများ သဘောကျပါသလား။ ယေရှု၏မယ်တော်၊ ညီငယ်နှမ ငယ်များဖြစ်ကြပြီလား။

Previous Article
Next Article