ရှင်မဿဲခရစ်ဝင် ၁၈

၁၁။ တပည့်တော်များသို့ ညွှန်ကြားချက် (အခန်း ၁၈-၂၀)

(က) အောက်ကျို့နှိမ့်ချခြင်း (၁၈း၁-၆)

ဤအခန်းသည် ကြီးမြတ်ခြင်းနှင့် အပြစ်ခွင့်လွှတ်ခြင်းအကြောင်းဖြစ်သည်။ ခရစ်တော် ဘုရားချမှတ်ပေးသော စည်းမျဉ်းနိယာမများဖြစ်သည်။

၁၈:၁ ကောင်းကင်နိုင်ငံတော်သည် ငြိမ်သက်ခြင်းနှင့် စည်းစိမ်ဥစ္စာကြွယ်ဝသော ရွှေအတိ ဖုံးလွှမ်းသည့်နေပြည်တော်ဖြစ်မည်ဟု တပည့်တော်များက ထင်မြင်ကြသည်။ သို့ကြောင့် နေရာဦးချင်ကြ သည်။ ကောင်းကင်နိုင်ငံတွင် မည်သူအကြီးမြတ်ဆုံးဖြစ်သွားမည်နည်းဟု အချင်းချင်းငြင်းခုံကြသည်။

၁၈:၂-၃ တပည့်တော်များ အငြင်းပွားချက်ကို သခင်ယေရှုက သက်ရှိသတ္တဝါပုံဥပမာပေး၍ ရှင်းပြသည်။ သူငယ်တယောက်ကို တပည့်တော်များအလယ်သို့ ခေါ်ဆောင်လာပြီး သင်တို့ သည် ပြောင်း လဲ၍ ဤသူငယ်ကဲ့သို့ မဖြစ်နိုင်လျှင် ကောင်းကင်နိုင်ငံတော်ထဲသို့ မဝင်ရကြ ဟုဆုံးမလိုက်သည်။ ဆိုလို သည်မှာ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက် ဖို့ရန် စိတ်နှလုံးကြည်လင်သန့်ရှင်းဖု့ိလိုသည်။ ကလေး သူငယ်ကဲ့သို့ စိတ်နှလုံးနှိမ့်ချသောသူဖြစ်ရမည်။ ထိုသို့စိတ်နှလုံးကြည်လင်စွာဖြင့် အောက်ကျို့ခြင်းရှိမှသာ လျှင်ခရစတော်ဘုရားကို မျှော်လင့်ချက် ထားနိုင်သည်။ ယနေ့ ခရစ်ယာန်အသက်တာ၏ ပုံစံနမူနာ ဖြစ်သည်။ သခင်ယေရှုက တပည့်တော်များအား ကယ်တင်ခြင်းမရရှိကြဟုဆိုလိုခြင်းမဟုတ်။ ယုဒရှကာ ရုတ်မှလွဲ၍ တပည့်တော်အားလုံး ယုံကြည်ကြပါသည်။ ဖြောင့်မတ်ကြပါသည်။ သို့သော် သန့်ရှင်းသော ဝညာဉ်တော်စိတ်ထဲတွင် နေရာမယူသေး။ သို့ကြောင့် အောက်ကျို့နှိမ့်ချခြင်း၊ စိတ်ဓါတ်မရှိကြ။ ဘုရား သခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ရန် အလို့ငှါ လက်တလောစိတ်နေ သဘောထား၊ ခံယူချက်များကို ပြောင်းပြန်လှန်ပစ်ရမည်။

၁၈:၄ ကောင်းကင်နို်င်ငံတွင် အကြီးဆုံးလူသည် ထိုကလေးသူငယ်ကဲ့သို့ မာန်မာနစိတ် မနောအောက်ကျို့နှိမ့်ချသူဖြစ်သည်။ ကောင်းကင်နိုင်ငံ၏ အဖိုးတန်ပစ္စည်းများသည် လူ့လောကအရာများ ၏ ဆန့်ကျင်ဘက်ဖြစ်သည်။ လူ့အတွေးအမြင်နှင့် ခရစ်တော်၏ အမြင်သည် ဇောတ်ထိုးပြောင်းပြန်ဖြစ် ကြောင်း၊ ခရစ်တော်နှင့်ဆုံတွေ့သောအခါ အမှန် တွေ့ြဲကရမည် (ဖိ ၂:၅-၈)။

၁၈:၅ ဤနေရာတွင် ရုပ်ခန္ဓာအားနည်းချက်နှင့် ဝိညာဉ်ရေးရာသင်ခန်းစာအဖြစ် ဖော်ပြပေး သည်။ နာမတော်မြတ်၌ဝိညာဉ်အားနည်းသူကို လက်ခံကျွေးမွေးသူသည် ခရစ်တော်ဘုရားအား လက်ခံ ဧည့်ဝတ်ပြုခြင်းနှင့် အတူတူဖြစ်သည်။ တပည့်ကို လက်ခံသူသည် သခင်ကို လက်ခံခြင်းနှင့် ထပ်တူထပ် မျှဖြစ်သည်။

၁၈:၆ အခြားတဘက်တွင်မူ တစ်စုံတဦးအား ယုံကြည်ခြင်းမှောင်မှားအားနည်းစေသူ သည် ကြီးလေးသော အပြစ်ဒဏ်ထိုက်သည်။ ထိုသူသည် လူလောကတွင် ဆက်နေခြင်းထက် ကျောက်ဆုံကို လည်ပင်းချိတ်ဆွဲ၍ ကမ္ဘာ့အနက်ဆုံးပင်လယ်ကျောက်ကမ်းပါးထဲသို့ ခုန်ချခြင်းကပိုကောင်းသည်ဟု ခရစ် တော်ဘုရားမိန့်မှာသည်။ (ကျောက်ဆုံဆိုသည်မှာ နွားနှစ်ကောင်ဆွဲရသော ဆီကြိတ်ကျောက်ဆုံဖြစ်သည်) ထိုသို့လူ့ဘဝနှင့် ကင်းကွာမှသာလျှင် အခြားသူတယောက်အား ထပ်မံအမှားပေးနိုင်တော့မည်မဟုတ်။ အခြားသူတပါးအား ထိခိုက်ချော်လဲ စေခြင်းထက်သေခြင်းက ပိုသင့်ပါသည်။

(ခ) မနှစ်သက်ဖွယ်ရာအရာများ (၁၈:၇-၁၄)

၁၈:ရ မလိုလားမနှစ်သက်ဖွယ်ရာအရာများ အလျှိုလျှိုလိုပေါက်နိုင်ကြောင်း ကိုယ်တော် ဘုရားက သတိပေးသည်။ လောကီ၊ ဇာတိနှင့် မကောင်းဆိုးဝါးဒုစရိုက်များသည် ကျဆင်းဖောက်ပြန်ခြင်း အကြောင်းရင်းများဖြစ်သည်။ ဘဝတစ်ခုလုံးပျက်စီးခြင်း ထက်ကိုယ်လက်အင်္ဂါမစုံလင်သောဖြောင့်မတ် ခြင်းက ပိုကောင်းပါသည်။ ထို့ကြောင့် ဘုရားသမီးများအနေဖြင့် ဆင်ခြင်တုံတရားရှိ၍ အသိအာရုံမပျံ့လွှင့် ရန် သတိပေးထားသည်။

၁၈:၈-၉ ခြေလက်မျက်စိ စသည့် ကိုယ်အင်္ဂါအစိပ်အပိုင်းတခုက ဖောက်ပြန်ကျူးလွန် စေလျှင် ဖြတ်ပစ်လိုက်ပါ။ သူတပါးအကျိုး၊ ဘုရားသခင်အမှုတော်ကို ထိပါးစေခြင်းထက် ခွဲစိပ်ဓါးဖြင့် ဖြတ် ပစ်ခြင်းက ပိုကောင်းပါသည်။ ကိုယ်လက်အင်္ဂါပြည့်စုံစွာ သေရွာလားခြင်းထက် ကိုယ်လက်မစုံလင်ဘဲ ကောင်းကင်နိုင်ငံသို့ရောက်ခြင်းက ပိုမြတ်သည်။ ထိုသို့ဆိုသော် ကောင်းကင်နိုင်ငံတွင် ကိုယ်လက်အင်္ဂါစုံ လင်စရာမလိုဟု သွန်သင်ခြင်းမဟုတ်။ ဤဘဝတွင် အပြစ်ဖြစ်ပွားစေသော ကိုယ်လက်အင်္ဂါကို မနှမြော ဖို ဆုံးမခြင်းဖြစ်သည်။ ပြန်လည်ထမြောက်ခြင်း၌လူ့ခန္ဓာကိုယ်မစုံလင်စရာမရှိ ဖန်ဆင်းထားသည့် လက်ရာ အတိုင်းဖြစ်ရသည်။

၁၈:၁ဝ တဖန်ဘုရားသားတော်က ငယ်ရွယ်သော ကလေးသူငယ်များကို မထီမဲ့မြင်စော် ကားခြင်း မပြုကြရန် သတိပေးထားသည်။ ကလေးသူငယ်များ ကို ကောင်းကင်တမန်များက ကြည့်ရူစောင့် ရှောက်၍ ထိုကောင်းကင်တမန်များသည် ဘုရားသခင်ရှေ့တော်သို့ အစဉ်မပြတ် ဝင်ရောက်ခစားကြသည်။ ကောင်းကင်တမန်ဆိုသည်မှာ အစေခံဝိညာဉ်များ (ဟေဗြဲ ၁:၁၄ကိုကြည့်)ဖြစ်သည်။

၁၈:၁၁ ဤကျမ်းပိုဒ်များသည် ကိုယ်တော်ဘုရား၏ အမှုတော်ကို သိုးထိန်းဥပမာပေး၍ အလေးထားဖော်ပြချက်ဖြစ်သည်။ သိုးအုပ်တရာထဲမှ တကောင်ပျောက်ဆုံးသဖြင့် ကျန်သောကိုးဆယ့် ကိုးကောင်ကို တင်းတိမ်မနေဘဲပျောက်သော သိုးတကောင်ကို မတွေ့မချင်း အပင်ပန်းခံပြန်ရှာသည့် ပုံဥပမာဖြစ်သည်။ ထိုပျောက်သော သိုးတကောင်ကို ပြန်တွေ့သောအခါ သိုးထိန်းသည် ဝမ်းသာ အားရ ပျော်ရွှင်သည်။ ပျောက်သော သိုးအပေါ် တန်ဖိုးထားပုံဖော်ပြခြင်းဖြစ်သည်။

၁၈:၁၄ ထိုပျောက်သော သိုးနှင့် သူငယ်သည် သိုးထိန်းနှင့်ကောင်းကင်တမန်များအတွက် သာဝမ်းသာစရာအကြောင်းမဟုတ်။ အဘဘုရားသခင် ဝမ်းသာစရာလည်းဖြစ်သည်။ ဘုရားသခင်သည် တစုံတယောက်မှမပျက်စီးစေချင်။ သိုးထိန်းနှင့် ကောင်းကင်တမန်များကပင်လျှင် ပျော်ရွှင်ပီတိဖြစ်နေ လျှင် သခင်ယေရှု၊ အဘဘုရားသခင်တို့သည် ပို၍ ဝမ်းသာကြပေမည်။

(ဂ) အပြစ်ကျူးလွန်သူအတွက် စည်းကမ်းဥပဒေသ (၁၈:၁၅-၂၀)

ဤကျမ်းချက်၏ အနှစ်သာရမှာ ပုံစံအမျိုးမျိုးသော အသင်းတော်ထဲ၌ အသွင်သဏ္ဌာန် အမျိုးမျိုးရှိကြရာ အတိုင်းအဆကန့် သတ်ချက်မရှိသော အပြစ်ခွင့် လွှတ်ခြင်းအကြောင်းဖြစ်သည်။

၁၈:၁၅ ယုံကြည်သူတစ်ဦးက မိမိတို့အပေါ်တစုံတခုအမှားကျူးလွန်မိလျှင် ခရစ်ယာန်တ ယောက်အနေဖြင့် ပြုအပ်သည် ဝတ္တရားရှိကြပါသည်။ ပထမဦးဆုံးအဆင့်တွင် ကာယကံရှင်နှစ်ဦးဖက်နှင့် သက်ဆိုင်သည်။ အမှားတစုံတခုကျူးလွန်မိကြောင်း၊ သိသူသည်စေ့စပ်ငြိမ်းချမ်းရေးအမြန်ဆုံးပြန်လည် ဆောက်တည်ရသည်။ ခက်သည်မှာ ထိုကဲ့သို့ မပြုကြဘဲ အတင်းအဖျင်း ပြောပြခြင်းဝသီးဖြစ်သည်။ ထိုသို့ ဖြင့် တောမီပမာ အရပ်တကာသို့ ပျံ့နှံ့သွားသည်။ မှတ်သားပါ။ ကာယကံရှင် က မသိလျှင်လည်း မိမိအပေါ် ပြုမှားသော အပြစ်ကို ထိုသူထံသို့ နှစ်ယောက်တည်းသွားရောက် ပြောပြပါ။

၁၈:၁၆ ထိုသို့သွားရောက်ပြောပြပါလျက်နှင့် သဘောမတူ လက်မခံလျှင် အဖော်တစ်ဦးသို့ မဟုတ်နှစ်ဦးခေါ်ဆို၍ ရှင်းပြပါ။ ထိုသို့ သက်သေခေါ်ခြင်းမှာ ဆက်လက်ကျူးလွန်ပြစ်မှား ခြင်းမပြုရန် ဖြစ် သည်။ ထိုသို့မှ လက်မခံသေးလျှင် ကျမ်းစာအတိုင်း ဆောင်ရွက်ပါ။ ထိုသို့မတည်လျှင် သက်သေခံနှစ်ဦး၊ သုံးဦးအားဖြင့် စကားရှိသမှျတို့သည် တည်ရလိ်မ့်မည် (တရား ၁၉:၁၅) ဟုဆိုထားပါသည်။ အသင်းတော် သည် သက်သေခံနှစ်ဦး၊ သုံးဦးမရှိဘဲ တပါးသူကို အပြစ်ပြုခြင်းမလုပ်ရ။ ထိုသို့ အပြစ်ဆိုရာတွင် ယုံကြည်သူများသည် နယ်ဘက်တရားရုံးထက် အသင်းတော်၏ ဆုံးဖြတ်ချက်ကို နာခံသင့်သည်။

၁၈:၁ရ အကယ်၍ ဝန်မခံငြင်းဆန်သေးလျှင် ဒေသန္တရအသင်းတော်သို့ ပို့ဆောင်ရသည်။ ဤနေရာတွင် ဒေသန္တရအသင်းတော်က ဂရုစိုက်ဖြေရှင်ရသည်။ နယ်ဘက်တရားရုံးကဲ့သို့ မကျင့်ရ။ ယုံကြည်သူများသည် ဥပဒေများဆန့်ကျင်ချိုးေဖာက်ခြင်းအား တားမြစ်သည် (၁ကော ၆:၁-၈)။

အကယ်၍ ဒေသန္တရအသင်းတော်၏ စီရင်ချက်ကို မနာခံလျှင် သာသနာပလူ အခွန်ခံအဖြစ် မှတ်ယူရမည်။ ဆိုလိုသည်မှာ အသင်းတော်ပြင်ပသို့ တွန်းပို့၍ ဘေးမဲ့လွှတ်ပေးရမည်။ ယုံကြည်သူမှန်လျှင် ကာလရှည်ကြာ အထီးကျန်ခေါင်းမာမည်မဟုတ်။ ထိုသို့ပြုလုပ်ခြင်းသည် ဒေသန္တရအသင်းတော်၏ အကြီး လေးဆုံးအရေးယူချက်ဖြစ်သည်။ လူ၏ ခန္ဓာကိုယ်ပျက်စီးဖို့ရာသူ့ကို စာတန်လက်သို့ အပ်နှံခြင်း (၁ကော၅:၅) ဖြစ်သည်။ ထိုသို့အရေယူရခြင်း၏ ရည်ရွယ်ချက်မှာ မိမိအပြစ်ကို ဝန်ခံစေဖို့ရန် ဖြစ်သည်။ ထိုအခြေအနေရောက်သည့်တိုင်အောင် အပြစ်ဝန်ခံခြင်းမရှိ။ ခေါင်းမာနေသေးလျှင် ထိုသူသည် တကယ့် ယုံကြည်သူမဖြစ်နိုင်။ အကယ်၍ အပြစ်ဝန်ခံ၍ နောင်တရလျှင်အသင်းတော်က ချက်ချင်း ပြန်လည်လက်ခံ ရသည်။

၁၈:၁၈ ဤကျမ်းပိုဒ်သည် နောက်လာမည့် ကျမ်ပိုဒ်၏ ချိတ်ဆက်ဖြစ်သည်။ ဆုတောင်းခြင်း ဖြင့် နှုတ်ကပတ်တော်ကို နာခံသော အသင်းတော်သည် တစုံတဦးအား အရေးယူရာတွင် ကောင်းကင် တရားနှင့် အညီဖြစ်ရသည်။ မိမိအပြစ်ကို ဝန်ခံနောင်တရသူသည် အသင်းတော်တွင် ပြန်လည် ပါဝင်မိဿ ဟာယပြုခွင့်ရှိသည်။ ပြစ်မှားကျူးလွန်သော အပြစ်များကို ဘုရားရှင်ကစီရင်ပေးပါသည် (ယော ၂၀:၂၃)ကို ကြည့်)။

၁၈:၁၉ ဤနေရာတွင် မေးစရာရှိလာပါသည်။ အသင်းတော်သည် မည်သည့်အတိုင်းအတာ ထိချည်းနှောင်၍ မည့်သည့်ပမာဏထိဖြည်လွှတ်နိုင်ပါသနည်း ထိုကာယကံရှင် ယုံကြည်သူနှစ်ဦး၏ ဘုရား သခင်ထံ ဆုတောင်းချက်အပေါ် မူတည်သည် ဟုဖြေရပါသည်။ ဤကျမ်းပိုဒ်သည်ထိုသူနှစ်ဦး၏ ဆုတောင်း ချက်အဖြေစကားဖြစ်သည်။ သာမန်အားဖြင့် ဆုတောင်းခြင်း၏ အဖြေစကားနှင့် အသင်းတော်၏ စည်းကမ်း ကလနားဟုခံယူကြသည်။

စုပေါင်းဆုတောင်းခြင်း၏ အလင်းဟုလည်းခံယူကြသည်။ ထို့ကြောင့် အောက်ပါ အတိုင်း ဆုတောင်းအပ်သည်။

၁။ ဘုရားသခင်၏ အလိုတော်နှင့်အညီ ဆုတောင်းရမည် ( ၁ယော ၅:၁၄-၁၅)။

၂။ ယုံကြည်စွာ ဆုတောင်းရမည် (ယာ ၁:၆-၈)

၃။ ရိုးစင်းစွာဆုတောင်းရမည် (ဟေဗြဲ ၁၀:၂၂)။

၁၈:၂ဝ အပိုဒ်ငယ် (၂၀)သည် ဤသင်ခန်းစာ၏ အနှစ်ချုပ်ဖြစ်သည်။ ဓမ္မသစ်အသင်းတော် ဆုတောင်းစည်းဝေးခြင်းဟု သာမန်ာလျှံကာမကောက်ယူရ။ အပြစ်အနာဆာကြောင့် သွေးဝမ်းကွဲပြား တော့ မည့်ယုံကြည်သူနှစ်ဦး ပြန်လည်စေ့စပ်ငြိမ်းချမ်းခြင်းအကြောင်းဖြစ်သည်။ ခရစ်တော်ကို ဗဟိုပြု၍ နှစ်ဦးနှစ်ဖက်ချဉ်းကပ်ကြလျှင် မပြေလည်နို်င်စရာအကြောင်းမရှိပါ။ မင်္ဂလာတရားနှင့် ပြည့်စုံသော ပြန်လည်ဆုံတွေ့ခြင်းဖြစ်သွားပါမည်။

နာမတော်မြတ်၌ ဆုံတွေ့ခြင်းဆိုသည်မှာ ကိုယ်တော်ကို သိကျွမ်းခြင်းဖြင့်၊ နှုတ်တော်ထွက် စကားကို အလေးထား၍ နာခံခြင်း၊ အပြည့်အဝဖြင့် တွေ့ဆုံခြင်းဖြစ်သည်။ နာမတော်၌ဆုံတွေ့လျှင် မည် သည့်အရာကမှ ဖျက်လိုဖျက်ဆီးမပြုနိုင်ပါ။ မည်သည့်နေရာအရပ်ဒေသတွင်မဆို လူနှစ်ဦး၊ သုံးဦးသည် စိတ်နှလုံးညီညွတ်စွာဖြင့် ဆုတောင်းကြလျှင် သူတို့အလယ်တွင် သခင်ဘုရားရှိတော်မူမည်။

(ဃ) အကန့်အသတ်မရှိခွင့် လွှတ်ခြင်း (၁၈:၂၁-၃၅)

၁၈:၂၁-၂၂ မကြာခဏ အပြစ်ပြုတတ်သော ညီအစ်ကိုအား ဘယ်နှစ်ကြိမ်ခွင့်လွှတ်ရမည် နည်းဟု ပေတရုက မေးသည်။ ခုနှစ်ကြိမ်ထိသာခွတ်လွှတ်သင့်သည်ဟုယူဆသည်။ သခင်ယေရှုက အကြိမ်ခုနှစ်ဆယ်ခုနှစ်လီးမြောက်အောင်လွှတ်ရမည်ဟုဆိုသည်။ အကြိမ်ခုနှစ်ဆယ့်ခုနှစ်လီ ဆိုသည်မှာ အကြိမ်လေးရားကိုးဆယ် ထိခွင့်လွှတ်ရမည်ဟု ဆိုလိုခြင်းမဟုတ်။ အကန့်အသတ်ရေတွက်ခြင်းမရှိဘဲ။ ခွင့် လွှတ်ရမည်ဟု ဆိုလိုသည်။

ထိုသို့ဆိုလျှင် အဘယ်ကြောင့် အသင်းတော်ပြပသို့ ထုတ်ရသည်အကြောင်း၊ သက်သေခံ တယောက်နှစ်ယောက်ရှိရမည့်အကြောင်း၊ အသင်းတော်သို့ခေါ်ဆောင်ရမည့်အကြောင်းကို လိုသေးသ လားဟုမေးကောင်းမေးမည်။

အပြစ်ခွင့်လွှတ်ခြင်းအကြောင်းအဆင့်ဆင့် ကို အောက်တွင် ဆက်လက်ရှင်းပြပါမည်။

၁။ ညီအစ်ကိုတစုံတစ်ဦးက လာရောက်ပြစ်မှားလျှင် စိတ်နှလုံးထဲတွင် တွေးမထားရ။ ချက်ချင်းဖြေလွှတ်ရမည် (ဧဖက် ၄:၃၂ကိုကြည့်)။ ထိုသို့ခွင့်လွှတ်ခြင်းဖြင့် မိမိတွင် ချည် နှောင်ခြင်း၊ ဝန်ထုပ်ဝန်ပိုးမကျန်တော့ပါ။ လိပ်ပြာသန့် သွားသဖြင့် သူ့ပုခုံးပေါ်တွင် အပြစ် ပြန်ကျရောက်သည်။

၂။ အပြစ်ခွင့်လွှတ်လိုက်ပြီဖြစ်သောကြောင့် သူ့အပြစ်ကို သွားရောက်ပြောပြစရာမလိုတော့ ပါ။ လူသိရှင်ကြားနောင်တရကြောင်း ပြောကြားစေရန်မလိုပါ။ ထို့ထက်စာလျှင် မေတ္တာ တရားထား၍ ဘုရားရှင်ထံအပြစ်ဝန်ခံစေရန် ဝန်ခံသင့်သည် (လု ၁၇:၃)။

၃။ မိမ်အပြစ်ကို ဝန်ခံ၍ တောင်းပန်လျှင် ချက်ချင်းခွင့်လွှတ်ရသည် (လု ၁၇:၄)

၁၈:၂၃ နောက်သခင်ယေရှုက ကောင်းကင်နို်င်ငံတော်သည် ဝိညာဉ်ခွင့်လွှတ်ခြင်းမခံထိုက် သူ၊ ကွင်းလုံးကျွတ်ခွင့်လွတ်ခြင်းနှင့် တူသည်ဟု ပုံဥပမာပေးထားသည်။

၁၈:၂၄-၂ရ အကြွေးပိုင်ရှင်သည် အကြွေးစာရင်းစာအုပ်ကို ကိုင်၍ အကြွေးများကို တောင်း သည်။ အကြွေးတသိန်းပြန် မဆပ်နိုင်သူအား သားမယား နှင့် အိမ်ယာကို ရောင်းပြီးအကြွေးဆပ်ခိုင်းသည်။ ထိုအကြွေးရှင်ကလည်း အချိန်တိုးပေးဖို့ထပ်မံတောင်းဆိုလိုက်သည်။

ထိုသခင်ကလည်း အကြွေးရှင်၏ တောင်းဆိုချက်ကိုခွင့်ပြုလိုက်သည်။ အကြွေးတသိန်းကို လည်းစာရင်းမှ ပယ်ဖျက်ပေးလိုက်သည်။ ကျေးဇူးတော်သက်သက်ဖြစ်သည်။ ဖြောင့်မတ်ခြင်းနှင့် မဆိုင်ပါ။

၁၈:၂၈-၃ဝ ထိုအကြွေးပယ်ဖျက်ခြင်းခံရသော သူသည် သူ့အား အကြွေးတရာပေးဆပ် မည့်သူအားခွင့်မလွှတ်နိုင်ဖြစ်နေပြန်သည်။ ခွင့်မလွှတ်နိုင်သဖြင့် လည်ပင်းညှစ်တောင်းသည်။ ငွေရှာဖို့ အချိန်ပေးရန်တောင်းဆိုသော်လည်း ခွင့်မပြု။ အကြွေးမရမချင်း ထောင်သွင်းလိုက်သည်။ ထောင်ကျနေ သောကြောင့် ပိုက်ဆံလည်းမရှာနိုင်တော့ပါ။

၁၈:၃၁-၃၄ အခြားသူတယောက်ကထိုအဖြစ်အပျက်ကို သခင်ကြီးထံအတင်းပို့သည်။ ထိုကိုယ်ချင်းစာတရားကင်းမဲ့သူအပေါ် ဒေါသထွက်သည်။ သူ့အကြွေးကို သခင်က ခွင့်လွှတ်သော်လည်း ထိုသူသည် အကြွေးအနည်းငယ်ကို ခွင့်မလွှတ်ပါ။ ထို့ကြောင့် သခင်ကြီးက ထိုသူကို ပြန်ခေါ်၍ အကြွေး ပြန်တောင်းသည်။ အကြွေးမကျေမချင်း ထောင်ချလိုက်တော့သည်။

၁၈:၃၅ ပုံဥပမာသည် ရှင်းသည်။ ထိုအရှင်သည် ဘုရားသခင်ဖြစ်သည်။ အမှုတော်ဆောင် များသည်သခင့်ထ့အကြွေးတင်သူများဖြစ်သည်။ သို့သော် သခင်အဘုရားက သနားသောကြောင့် အကြွေး စာရင်းမှ အားလုံးစရင်းပယ်ဖျက်ပေးသည်။ အချို့ခရစ်ယာန်များသည် အခြားသူများ၏ အကြွေးကို မလွတ် ကြသေး။ အကြွေးခွင့် လွှတ်ဖို့လာတောင်းပန်သော်လည်း ငြင်းပယ်တတ်ကြသည်။ သူ့အကြွေးတသိန်းကို ဘုရားရှင်က ခွင့်လွှတ်ပါ့မည်လား။ လုံးဝခွင့်မလွှတ်နိုပါ။ အပြစ်ခွင့် လွှတ်ခြင်းမရှိသူသည် သခင်ယေရှု၏ ပလ္လင်ရှေ့တွင် တရားစီရင်ခြင်းခံရမည်။

Previous Article
Next Article