ရှင်ယောဟန်ခရစ်ဝင် ၈

(စ) မျောက်မထားသော မိန်းမခေါ်ဆောင်လာခြင်း (၈:၁-၁၁)

၈:၁ ဤကျမ်းပိုဒ်သည် အခန်း (၇)ကျမ်းပိုဒ်နှင့် ဆက်စပ်သည်။ အခြားသူများအိမ်သို့ ပြန်ကြသော အခါ သခင်ယေရှုလည်း သံလွင်တောင်ပေါ်သို့ ကြွသွားသည်။ ယေရှု၏ “မြေခွေးမှာ ဂူရှိသည် ငှက်များမှာ ခိုနားစရာအသိုက်ရှိသည်။ သို့သော်လူသားတော်မှာ ခေါင်းချစရာနေရာမရှိ” ဟူသော စကား တော်အတိုင်းဖြစ်သည်။

၈:၂ သံလွင်တော်နှင့် ဗိမာန်တော်သည် သိပ်မဝေးလှ။ သခင်ဘုရားသည် နံနက်စောစော တွင် သံလွင် တောင်ပေါ်မှဆင်း၍ ဂေဒြုန်ချိုင့်ဝှမ်းကို ဖြတ်ကာ ဗိမာန်တော်ရှိရာ မြို့ထဲသို့ပြန်တက်လေ့ရှိ သည်။ အထံတော်သို့ လူထုပရိသတ်ရောက်ရှိသော အခါ သခင်ဘုရားသည် စိမ်ပြေနပြေထိုင်လျက် တရား ဟောတော်မူသည်။

၈:၃ ကျမ်းတတ်ပုဂိ္ဂိုလ်များနှင့် ဖာရိရှဲများသည် သခင်ယေရှု၏ စကားအမှားစကားအကျ ကောက်ဖို့ စောင့်နားထောင်ကြသည်။ ထို့ကြောင့် ဖောက်ပြားနေဆဲဖမ်းမိထားသော မိန်းမတယောက်အား ယေရှုရှေ့တွင် ရပ်စေလျက် ယေရှုက မည်သို့စီရင်မည့်အကြောင်း ဝိုင်းအုံ နားစွင့် နေကြသည်။

၈:၄ ထိုမိန်းမသည် လက်ပူးလက်ကြပ်ဖမ်းမိသူဖြစ်သောကြောင့် အထွေအထူးမေးမြန်စရာ မရှိ။ အပြစ်ဒဏ်ချမှန်ရန် သာရှိသည်။ သို့သော် အတူတကွဖောက်ပြန်သည့် ယောက်ျားဖော်ကားမပါလာ။ ထိုအမှုမျိုးတွင် မိန်းမများသည် အပြစ်ဒဏ်ခံရသော်လည်း ယောကျာ်းများမှာမူ ကင်းလွတ်ခွင့် ရကြသည်။

၈:၅ ယုဒများ၏ ထောင်ချောက်ကားရှင်းရှင်းလေး။ ယေရှုက မောရှေစီရင်ထုံးအား ဆန့် ကျင်မည်လားသိချင်ကြသည်။ အကယ်၍ ဆန့်ကျင် လူထု တရပ်လုံးက ယေရှုအားဆန့်ကျင် ကြမည်။ မောရှေစီရင် ထုံးတွင် မျောက်မထားသော မိန်းမအား ခဲဖြင့် ပေါက်သတ်စေသည်။ ဖာရိရှဲတို့၏ ကြိုတင်ကြံ ရွယ်ချက်မှာ ယေရှုအားသိက္ခာချရန်ဖြစ်သည်။ ထို့ကြောင့်ယေရှု၏ သဘောထားကို မေးကြသည်။ တရားမျှ တခြင်းနှင့် မောရှေပညတ်ချက်အား ဤမိန်းမအပေါ်တွင် နမူနာ ယူစေချင်ကြသည်။ ထိုအကြောင်းကို Darbyက ဤသို့ဆိုသည်။

“လူသည် သူ့ထက်ဆိုးဝါးသူကြုံတွေ့သောအခါ အသက်ရှုချောင်သွားသည် သူများအပြစ် ကြီးခြင်းက သူအပြစ်ကို ခွင့်လွှတ်နိုင်သည်ဟု ထင်သည်။ အခြားသူများ၏ အပြစ်ကို စွပ်စွဲပုပ်ခတ်ခြင်းဖြင့် သူ့အပြစ် ကိုသေးငယ် မေ့လျော့စေတတ်သည်။ သူ၏ အကျင့် ဆိုး၌ ပျော်ရွှင်ခြင်း သဘာဝတည်း”၂၈

၈:၆ သခင်ဘုရားအပေါ်တွင် အပြစ်ရှာကြသော်လည်းမတွေ့။ အကယ်၍ ထိုမိန်းမအား တရားသေလွှတ်ပစ်လျှင် သခင်ယေရှုကို မောရှေပညတ်ချက် ဖောက်ဖျက်သူ မတရားသဖြင့် စီရင် သူဟု စွပ်စွဲကြမည်။ အခြားတဘက်တွင်ကား ထိုမိန်းမအားသေဒဏ် ပေးရန်ဖြစ်သည်။ ထိုသို့ သေမိန့်ပေးပြန် လျှင်လည်း ရောမအစိုးရ၏ တရားဥပဒေ မလိုက်နာသူ၊ ရန်သူအပြစ်၄င်။ မသနားမကြင်နာ တတ်သူအဖြစ် ၎င်း သတ်မှတ်ကြမည်။ ဘေးကြပ်နံကြပ်တွေ့စေကြသည်။ ယေရှုသည် မြေကြီးပေါ်သို့ ခေါင်းငုံ့ထိုင်၍ လက်ညိုးဖြင့် မြေကြီးအား ဟိုခြစ်ဒီခြစ် ရေးခြစ် သည်။ ဘာရေးသည်ကို မသိနိုင်။ လူများစွ တို့က သိချင်ကြသည်။ သို့သေ်ာ သမ္မာကျမ်းစာက အဖြေမပေးထားပါ။

၈:ရ ယေရှု၏စကားကို ကြားသိချင်ကြသည်။ ပညတ်တော်အတိုင်း စီရင်ကြပါ။ သို့သော် လည်း အပြစ်တခါမှ မကျူးလွန်သူက စတင်ပါဟုဆိုသည်။ သခင်ယေရှုသည် မောရှေစီရင်ထုံးကိုမပစ် ပယ်ပါ။ အပြစ် ဒဏ်မှ လွှတ်လိုက်ပါဟူ၍လည်း မစီရင်ပါ။ သို့သော် ကိုယ်တော်၏ စကားသည် ထိုပရိသတ် များအား အပြစ်ရှိသူများဖြစ်ကြောင်းဆုံးမသည်။ အခြားတပါးသူကို စီရင်သူသည် မိမ်ိကိုယ်တိုင် အပြစ် ကင်းရှင်းရသည်။ ဤကျမ်းပိုဒ်ကို သူတပါးအပြစ် ခွင့်လွှတ်ဖို့မကြာခဏ ကိုးကားဟောပြောကြသည်။ ထိုအတိုင်း ဆိုလျှင် လူတိုင်သည် အပြစ်တင်စရာရှိမည် မဟုတ်။ အဘယ်ကြောင့်ဆိုသော် မမှားယွင်းဘူး သူတစ်ယောက်မှမရှိကြ။ သို့သော် ဤကျမ်းပိုဒ်သည် အပြစ်ကိုမလွတ်ပါ။ အဘယ်ကြောင့် ဆိုသော် လူမ သိ၊ မဖမ်းမိသောအပြစ်နှင့် မဆိုင်ပါ။

၈:၈ ထိုသို့ မိန့်တော်မူပြီးနောက် တဖန်သခင်ယေရှုသည် မြေကြီးကို ရေးခြစ်ပြန်၏ ထိုရေး သားချက်သည် ရေးသားသည်ဟုသာ မှတ်တမ်းရှိသည်။ ရေးသားချက်များကို မြေကြီးက ချေဖျက်သွား သည်။

၈:၉ ထိုမိန်းမကို စွပ်စွဲသူများသည် သခင်ယေရှု၏ စကားတော်ကို ကြားသိသောအခါ အတွေးပေါက်ကြသည်။ တခွန်းမဟဘဲ တယေက်ပြီးတယောက်အလျှိုအလျှိုထွက်သွားကြသည်။ အသက် အကြီးဆုံးမှစ၍ အငယ်ဆုံးထိတယောက်မှမကျန်။ သခင်ယေရှုနှင် ထိုမိန်းမသာကျန်သည်။

၈:၁ဝ သခင်ယေရှု၏ ကျေးဇူးတော်ကြောင့် ထိုမိန်မစွပ်စွဲသူများ တယောက်မှမရှိတော့ပါ။ ဘယ်ရောက်ကုန်မှန်းမသိ။ ထိုမိန်းမအားပေါက်သတ်ဝံ့သူယောကျာ်း ကောင်းတယောက်မှ ထွက်မလာ။

၈:၁၁ ဤနေရာတွင် ထိုမိန်းမက သခင်ယေရှုအား “အရှင်” ဟုခေါ်သည်။ “သခင်”ဟုမ ခေါ်ပါ။ လှပသော စကားလုံးဖြစ်သည်။ သခင်ယေရှုကလည်း “ငါလည်းသင့်ကို မစီရင်သွားလော့၊ နောက် တခါဒုစရိုက်မလုပ်နဲ”ဟု ဆိုကာလွှတ်လိုက်သည်။ သခင်ယေရှုသည် မြို့ပြအာဏာပိုင်များကို ဝင်ရောက် စွပ်ဖက်ခြင်းမပြုပါ။ ထိုအရပ်ဒေသသည် ရောမအစိုးရတရားဥပဒေ အောက်တွင် ရှိသည်။ သခင်ယေရှု သည် ထိုမိန်းမအား တရားမစီရင် သကဲ့သို့ အပြစ်လည်း မလွှတ်ပါ။ ဤအမှုသည် သူနှင့် လည်း မဆိုင်ပါ။ သို့သော် နောက်တဖန် မကျူးလွန်ဖို့ သတိပေးဆုံးမလိုက်သည်။

ရှင်ယောဟန်အခန်းကြီး (၁)တွင်ကျေးဇူးတော် နှင့်သမ္မာတရားသည် ယေရှုခရစ်တော်ထံမှ ပေါ်ထွန်းလာသည်ဟု ဆိုထားသည်။ ဤဇာတ်လမ်းသည် နမူနာ ဖြစ်ပါသည်။ နှုတ်တော်ထွက် စကားထဲ တွင် “ငါလည်း သင့်ကို မစီရင်”ဟုဆိုထားရာသခင်ဘုရား၏ ကရုဏာ တော်ကိုမြင်နိုင်သည်။ “သွားလော့ နောက်တခါဒုစရိုက်မလုပ်နှင့်” ဆိုခြင်းမှာ သစ္စာစကားဖြစ်သည်။ “အသေးအဖွဲအပြစ်လောက်တော့ ပြဿ နာမရှိပါဘူး” ဟုမပြောပါ။ ယေရှုခရစ်သည် ဘုရားသခင်ဖြစ်သည်။ အကြွင်းမဲ့ပြည့်စုံသူဖြစ်သည်။ အပြစ်တ စုံတရာမှမသန်းနိုင်။ ထိုမိန်းမရှေ့တွင် သခင်ယေရှုခရစ်တော် ၏ ပြည့်စုံခြင်းကို ပြသတော်မူပါသည်၂၉

(ဆ) ယေရှုသည် လောကအလင်း (၈:၁၂-၂၀)

၈:၁၂ ဗိမာန်တော်ထဲ၌ ဤစကားပြောကြားခြင်း ဖြစ်သည် (ငယ် ၂၀)။ လူအုပ်ကြီးက သခင်ယေရှုနောက်တော်သို့လိုက်နေဆဲ။ ကိုယ်တော်သည် လူထုပရိသတ် ဖက်သို့လှည့်၍ မေရှိယ ဖြစ်သည့် အကြောင်းကို ပြောပြသည်။ ကိုယ်တော်က “ငါသည် လောကအလင်းဖြစ်၏” ဟုဆိုသည်။ ကမ္ဘာကြီးသည် အပြစ်ဒုစရိုက်ထဲတွင် မှောက်မိုက်ထဲတွင် ကယ်တင်မည့်သူမရှိ ဆင်းရဲနေရသည်။ ကိုယ်တော်နှင့် ဝေးကွာလျှင်အသက်တာလမ်းပြမည့်သူမရှိ။ ဘဝအဓိပ္ပါယ်လည်းနားမလည်။ ထာဝရ အကြောင်း လည်းမသိ။ ယေရှုခရစ်က သူ့နောက်သို့ လိုက်သူသည် အမှောင်ထဲသို့ရောက်ရ၊ အသက်အ လင်းကိုရကြ၏ ဟုဆိုသည်။

နောက်တော်သို့လိုက်ခြင်းဆိုသည်မှာ ကိုယ်တော်အားယုံကြည်ခြင်း ဖြစ်သည်။ အချို့လူ များက အသစ်တဖန်မွေးဖွားစရာမလို၊ ယေရှုကဲ့သို့ အသက်ရှင်လျှင်ရပြီဟု တလွဲအဓိပ္ပါယ်ကောက်မှားကြ သည်။ ယေရှုနောက်တော်သို့ လိုက်ခြင်းဆိုသည်မှာ နောက်တစိတ်ဖြင့် အထံတော်သို့ ရောက်လာ၍ ကယ်တင်ရှင်သခင်အဖြစ် လက်ခံခြင်းဖြစ်သည်။ ထိုသို့ ဘဝအသက်တာ ရှင်သန် သူများသည် အနာဂတ် ရောင်ခြည်တောက်ပသည်။

၈:၁၃ ယခုဖာရိရှဲများက ယေရှုအား အချက်ကျကျ စိန်ခေါ်ကြသည်။ ယေရှုအား ကိုယ့် အကြောင်း ကိုယ်ပြောခြင်းသည် မခိုင်လုံဟုဆိုကြသည်။ ကိုယ့်အကြောင်းကို ပြောခြင်းသည် လုံလောက် သော သက်သေမဟုတ်။ အဘယ့်ကြောင့်ဆိုသော် လူသည် သူများမကောင်းကြောင်း၊ ကိုယ်ကောင်း ကြောင်းပြောတတ်ကြသည်မဟုတ်လား။ ယေရှု၏ စကားကို သသံယ မရှိကြသော်လည်း အကုန်အစင်မှန် နဝေတိမ်တောင် ဖြစ်နေကြသည်။

၈:၁၄ သခင်ယေရှုကလည်း အကြောင်းအရာတခု မှန်ကန်ကြောင်း သက်သေအထောက် အထား၂ခု  ၃ခု လိုအပ်သည်ဟု သဘောတူသည်။ သို့သော် ဤနေရာတါင် သခင်ယေရှုသည် ဘုရားဖြစ် သောကြောင့် မိမိကိုယ်မိမိသက်သေခံချက်များသည် မှန်ကန်သည်။ ကောင်းကင်နိုင်ငံမှ လာ၍ ကောင်း ကင်နိုင်ငံသို့ ပြန်တက်မည့်အကြောင်းသိနေသည်။ သို့သော ဖာရိရှဲ များကမူ ကိုယ်တော် ကြွလာရာ အရပ်နှင့် ဘယ်အရပ် သို့သွားမည်ကိုမသိကြ။ ဘုရားသခင်နှင့် တန်းတူရည်တူ ထာဝရသားတော်မှန်း မသိကြ။ သူလိုကိုယ်လိုသာမာန်လူသားဟုသာ ထင်မှားကြသည်။

၅:၁၅ ယုဒများသည် အပြင်ပန်းကြန်အင်လက္ခဏာများကိုသာကြည့်၍ စီရင်ဆုံးဖြတ်တတ် ကြသည်။ ယေရှုကို နာဇရက် လက်သမား ယောသပ်၏ သားအဖြစ်ထက် ထူးခြားစွာမမြင်နိုင်။ အသက်ရှင် ဘူးသော လူသားများထက်ဆန်းပြားသည်ဟု မတွေ့ကြ။ သခင်ယေရှုက သူသည် တစ်စုံတယောက်မှမစီရင်ဟုဆိုသည်။ ဆိုလိုသည်မှာ ဖာရိရှဲများကဲ့သို့ အခြားသူများကို ဝေဖန်ခြင်း အဆင့် အတန်းသတ်မှတ်ခြင်း မပြုဟု ဆိုလိုခြင်းဖြစ်သည်။ ထိုသို့စီရင်ခြင်းပြုရုံသာမက၊ လူသားများအား ကယ်တင်ဖို့ရန် ဤလောကသို့ဆင်းသက်လာခြင်းဖြစ်သည်။

၈:၁၆ အကယ်၍ စီရင်သည်ဆိုလျှင်လည်း ဖြောင့်မတ်စင်ကြယ်စွာ စီရင်ပါမည်။ ခရစ်တော်သည် ဘုရားဖြစ်၍ အဖခမည်းတော်နှင့် အမြဲတမ်းဆက်သွယ်နှီးနွယ်လျက်ရှိသည်။ အဘဘုရား သခင်နှင့် တလုံးတဝတည်းဖြစ်ကြောင်း ဖာရိရှဲများအား အမျက်ဒေါသကိုထွက်စေပြီး၊ ကိုယ်တော်ဘက်သို့ ရန်လှည့်ကြသည်။

၈:၁၇-၁၈ မောရှေပပညတ်ချက်တွင် အမှုအရာ တခု၌ သက်သေနှစ်ဦးလိုအပ်သည်ဟု ပြဌာန်းသည်။ ထိုအချက်ကို သခင်ယေရှုက မငြင်းပယ်ပါ။

သက်သေနှစ်ဦးပြ၍ ခိုင်လုံလျှင် သခင်ယေရှုအတွက် သက်သေနှစ်ပါးမှာ မခက်ခဲပါ။ ပထမအချက်အနေဖြင့် ကိုယ်တော်၏နှုတ်တော်ထွက်စကားများကို သက်သေပြသည်။ ဒုတိယအချက် အနေဖြင့် ခမည်းတော်ကို သက်သေပြသည်။ ကိုယ်တော်၏ အံ့ဖွယ်နိမိတ်လက္ခဏာများသည် ခမည်းတော် ၏ ပေးသောတန်ခိုးအားဖြင့် ပြည့်စုံခြင်းဖြစ်သည်။ ဓမ္မဟောင်းတွင်ဖော်ပြသော မေရှိယ ပရောဖက် ပြုချက် များအားလုံး ခရစ်တော်၌ ပြည့်စုံသည်။ ထိုသို့ သက်သေအခိုင်အလုံပြသော်လည်း ယုဒခေါင်းဆောင်များ သည် လက်မခံနိုင်ကြ။

၈:၁၉ နောက်ထပ်မေးခွန်းမှာ စော်ကားမော်ကားစကားဖြစ်သည်။ ဘေးပတ်လည်ကိုကြည့် ပြီး “သင့်ဖခင်ဘယ်မှာလဲ”ဟုမေးကြသည်။ ယေရှုက မိမိကိုသော်၎င်း၊ ခမည်းတော်ကိုသော်၎င်း မသိကြ ဘူးလားဟုဖြေသည်။ အဘယ်ကြောင့် ဆိုသော် ထိုယုဒများသည် သခင်ဘုရားကို အလျဉ်းငြင်းပယ်ကြ သည်။ အကယ်၍ သခင်ယေရှုကို လက်သင့်ခံလျှင် ခမည်းတော်ကိုလည်း သိမြင်နိုင်သည်။ သို့သော် ယေရှု ခရစ်တော်ကိုမသိရှိ သရွေ့ မည်သူမှ ခမည်းတော်ကိုလည်း မသိနိုင်။ ကယ်တင်ရှင်ကို ငြင်းပယ်ခြင်းသည် ဘုရားသခင်ကို သိကျွမ်းခြင်းအား အမှောင်ချခြင်ဖြစ်သည်။

၈:၂ဝ သခင်ခရစ်တော် တရားဟောသော ဗိမာန်တော်အကြောင်း ပြန်ရောက်သည်။ ယေရှုသည် ဘုရားသခင် ဘုန်းတန်ခိုးတော်က ကွယ်ကာခြံရံ ထားသဖြင့် မည်သူကမှ ကိုယ်ထိလက် ရောက်မထိပါးနိုင်။ မည်သူကမှ မဖမ်းဆီးနိုင်။ ကိုယ်တော်၏ အချိန်အခါ မကျရောက်သေး။ ထိုအချိန် အခါ ဆိုသည်မှာ ကရာနီ ကုုန်းပေါ်တွင်  လက်ဝါးကပ်တိုင်ပေါ်၌ အသေခံမည့်အချိန်နာရီဖြစ်သည်။

(ဇ) ယုဒများနှင့် သခင်ယေရှု၏ စကားသစ် (၈:၂၁-၅၉)

၈:၂၁ ယေရှုသည် သူ့အနာဂတ်ကို ကြိုတင်သိမြင်နေသူဖြစ်သည်။ “ငါသည်ထွက်ခွာ သွားရမည်” ဟုဆိုသည်။ ထိုသို့ဆိုခြင်းမှာအသေခံ၊ သင်္ဂြိုဟ် ခံခြင်းသာ မဟုတ်။ ပြန်လည် ရှင်သန် ထမြောက်၍ ကောင်းကင်နိုင်ငံသို့ ပြန်လည်ကြွသွားမည့် အကြောင်းလည်းပါဝင်သည်။ ယုဒများက မေရှိယ သခင်ကို ရှာဖွေ ကြဦးမည်။ ထိုအရှင်သည် ယုဒများထံသို့ လည်ပတ်ရောက်လာခဲ့သူဖြစ်ကြောင်းနှင့် ယုဒများငြင်းပယ်ခဲ့သူဖြစ်ကြောင်း မှတ်မိကြတော့မည်မဟုတ်။ ထိုသို့ ငြင်းပယ်ခဲ့ကြသော ကြောင့် ယုဒများ သည် အပြစ်ဒုစရိုက် ထဲတွင် သေကြမည်။ အပြစ်ထဲမှာ သေခြင်းဆိုသည်မှာ ထိုသူများအတွက် ကောင်း ကင်နိုင်ငံတံခါးထာဝရပိတ်သွားသည်ဟု ဆိုလိုသည်။ ထိုစကားသည် သစ္စာတရားဖြစ်သည်။ ယေရှုခရစ်တော် ငြင်းပယ်သူများအတွက် ကောင်းကင်နိုင်ငံမျှော်လင့်ချက်မရှိပါ။ ဘုရားမတည်ယေရှုမပါ။ ထာဝရမျှော်လင့်ချက်မရှိသောနေရာမှာ မည်သို့ နေကြရမည်နည်း။

၈:၂၂ ယုဒများသည် သခင်ယေရှု၏ ကောင်းကင်နိုင်ငံသို့ ပြန်တက်မည်ဟူသော စကားကို စဉ်းစား၍ မရကြ။ ငါသွားမည့်အရပ်ကို သင်တို့မလိုက်နိုင်ဆိုသည်မှာ အဘယ်နည်း။ ယုဒလက်ချက်မှ ကင်းလွတ်အောင် သူကိုယ်သူ လုပ်ကြံမှာလားဟု တွေးထင်ကြသည်။ အကယ်၍ သူကိုယ်သူလုပ်ကြံလျှင် ယုဒများသည်လည်း ယေရှုကဲ့သို့ မိမိကိုုယ်ကို လုပ်ကြံကြမည်မဟုတ်။ ထို့ကြောင့် မိမိကိုယ်ကို လုပ်ကြံ တော့မည်ဟု ထင်မှားကြသည် ထိုစကားသည်လည်း မယုံကြည်သူများအမှောင်ကမ္ဘာမှ အတွေးအထင်ဖြစ် သည်။ သခင်ယေရှု၏ နှုတ်ကပတ်တော်ထွက် စကားကို နားလည်နိုင်စွမ်းမရှိအောင် ရူးသွပ်ကြသည်။

၈:၂၃ ထို့ရူးသွပ်လွန်းကြသောကြောင့် သခင်ဘုရားက “သင်တို့သည် အောက်ဘုံသား များဖြစ်သည်” ဟုဆိုလိုက်သည်။ ဆိုလိုသည်မှာ အသိအမြင်ခေါင်းပါးလွန်းသည်။ လောက သဘာဝထက် ပို၍ ဘာမှမစဉ်းစား၊ မတွေးမြင်တတ်။ ဝိညာဉ်ရေးရာအသိမရှိ။ ဗလနတ္ထိ။ ခရစ်တော်သည် အထက်ဘုံ သားဖြစ်သည်။ ကောင်းကင်အတွေး၊ ကောင်းကင် စကား၊ ကောင်းကင်အမှုရှိသည်။ လုပ်ဆောင် တော်မူသမျှသည်  လူ့လောကကို ကယ်တင်ရေးဖြစ်သည်။ အထက်ဘုံနန်း မှလာသူဖြစ်သည်နှင့် အညီ သက်တော်စဉ် တခုလုံး သည် လည်း လောကသားများနှင့် မတူဖြူစင်သန့်ရှင်းသည်။

၈:၂၄ ယေရှုသည် အဓိက ဆိုလိုသော အချက် များကို ထပ်ကြော့လေ့ရှိသည်။ ဤကျမ်း ပိုဒ်တွင်လည်း ယုဒများအား မိမိတို့အပြစ်တွင် သေကြရမည့်အကြောင်း တဖန် သတိပေးသည်။ ခရစ်တော် အား ဇွဲကောင်းကောင်းဖြင့် ငြင်းပယ်ကြပုံမှာ ဆုံးစမထင်နိုင်တော့ပါ။ ယေရှုနှင့် ဝေးကွာခြင်းသည် ခွင့်လွတ် စရာ မဟုတ်။ အပြစ်ခွင့် လွှတ်ခြင်းမရှိဘဲ၊ အပြစ်နွံ ထဲတွင် သေနေသူများသည် ကောင်းကင်နိုင်ငံသို့ ဝင် ရောက်ရန် လမ်းမရှိ။ ငါ့ကိုမယုံကြည်လျှင် သင်တို့ အပြစ်၌ သေကြလိမ့်မည်ဟု သခင်ယေရှုက ပြတ်ပြတ် သားသားမိန့်ဆိုထားသည်။ ဤကျမ်းပိုဒ်တွင်လည်း “ငါ”ဟူသော ယေရှုခရစ် တော်၏ ဇာတိတော်ပြ နာမ တော်တခါတွေ့ရသည်။

၈:၂၅ ယုဒများသည် ယေရှု၏ သွန်သင်ချက်အား နားမလည်အောင် စိတ်ရှုပ်ကြသည်။ အသင်သည် မည်သူနည်းဟု တည့်တိုးမေးကြသည်။ သရော် လှောင်ပြောင်သော လေသံလည်းဖြစ်နိုင် သည်။ ငါတို့ကို ဒီစကားပြောရအောင် နင်ကိုယ်နင် ဘာထင်လဲ”ဟုမေးခြင်းလည်းဖြစ်နိုင်သည်။ သို့မဟုတ် အမှန်တကယ်သိချင်၍ သဘောရိုးဖြင့် မေးခြင်းလည်း ဖြစ်နိုင်သည်။ သခင်ယေရှုက “အစကတည်းက ငါပြောပြီးပြီ”ဟု ထပ်ပြောလိုက်သည်။ မေရှိယ သခင်ဟုတ်မှန်ကြောင်း ဝန်ခံထားသည်။ ထိုစကားကို ကြားရ ပေါင်းများလှသော်လည်း စိတ်နှလုံးက လက်မခံကြ။ ယေရှု၏ အဖြေစကားသည် အဓိပ္ပါယ် လည်းရှိ သည်။ ယေရှု၏ သွန်သင်ချက်သည် တသမတ်တည်းရှိသည်။ တနေရာမှာ တမျိုးနောက်တနေရာ မှာ တဖုံ မပြောပါ။ သွန်သင်သည့်အတိုင်း အသက်ရှင်သည်။ သက်တော်စဉ် နှင့် သွန်သင်ချက်သည် ထပ်တူထပ်မျှ ဖြစ်သည်။

၈:၂၆ ဤကျမ်းပိုဒ်သည် မရှင်းလှပါ။ သင်တို့၏ မယုံကြည် ခြင်းနှင့် ပတ်သက်၍ ပြောစရာ အများကြီးရှိသည်ဟုဆိုသည်။ ယုဒများ၏ ယုတ်ပတ်သော အကြံ အစည်နှင့် ညစ်ညူးသော ရည်ရွယ်ချက် များဖြစ်ဟန်တူ သည်။ မည်သို့ ပင်ဖြစ်စေ နာခံတတ်သော သားတော် ဖြစ်သည်နှင့်အညီ ထိုသူများအတွက် ခမည်းတော် ပြောပြသောစကားများကို သွန်သင်သည်။ ခမည်းတော်သည် ဖြောင့်မတ်သူ ဖြစ်သည့် အား လျှော်စွာ ကိုယ်တော်ဘုရားက အမြဲယုံကြည်နာခံသည်။

၈:၂ရ သခင်ယေရှုက အဘခမည်းတော်ကို ရည်မြွက်၍ ထိုသူများအား ပြောဆိုသည်ဆို သောအခါ နားမလည်ကြပြန်။ ထိုယုဒများသည် နားဝေးသထက်ဝေးသည်။ အစကတည်းကပင် သခင် ယေရှုက သူသည် ဘုရားသားတော်ဖြစ်၍ အဘခမည်းတော် ဘုရားသခင်နှင့် အတူတူ ဖြစ်ကြောင်း ပြောပြ ခဲ့ပြီးဖြစ်သည်။ သို့သော် နည်းနည်းမှ နားမဝင်ကြ။

၈:၂၈ တဖန်ယေရှုက ဖြစ်ပျက်မည့်ရှေ့ရေးကို ပရောဖက်ပြုထားသည်။ ပထမမှာ ယုဒများ ကလူသားတော်အား သစ်တိုင်ထိပ်၌ချီမမည်ဟုဆိုသည်။ ထိုစကားသည် ကားတိုင်ပေါ်မှာ ကိုယ်တော် အသေခံရမည့်အကြောင်းဖြစ်သည်။ ထို့နောက် မေရှိယသခင်ဖြစ်ကြောင်း သိရှိကြရမည့် အကြောင်းဖြစ် သည်။ မြေငလျင်ကြီးလှုပ်မည့် အကြောင်း၊ တချိန်တည်းတွင် တကမ္ဘာလုံးမှောင်မိုက် ကျမည့်အကြောင်း ၊ သခင်ယေရှုသေခြင်းမှ ရှင်ပြန်ထမြောက်မည့်အကြောင်း တို့ကို ဟောလိုက်သည်။ ထိုအခါ ကြမှ င့ါကို သိကြလိမ့်မည်ဟု သခင်ဘုရားက ဆိုသည်။ ထို့ထက် လေးနက်စွာ ပြောရလျှင် “ထိုအခါကြမှ င့ါကို ဘုရားမှန်းသိရှိကြမည်” ဟုဆိုရမည်။ သူ့သဘောအတိုင်း လုပ်ဆောင်ခြင်းမဟုတ်ပါလားဟုလည်း သဘော ပေါက်သွားကြမည်။ သခင်ယေရှုသည် လူ့လောကသို့ တကိုယ်တော် လွတ်လပ်စွာ ရောက်လာသော်လည်း နှုတ်တော်ထွက် စကားများသည် အဘခမည်းတော် သွန်သင်ချက်များဖြစ်သည်။

၈:၂၉-၃ဝ သခင်ဘုရားနှင့် ခမည်းတော်၏ နှီးစပ်မှုသည် လက်ပွန်းတတီး ရင်းနှီးကျွမ်းဝင် မှုမျိုးဖြစ်သည်။ သခင်ဘုရားနှင့် ခမည်းတော်တို့ တန်းတူ ရည်တူရှိမှုပြသခြင်း ဖြစ်သည်။ သခင်ဘုရား လူ့ လောကတွင် အမှုတော်ပြုနေသည့်ကာလတလျှောက် လုံးခမည်းတော်၏ စိတ်တော်နှင့် တချိန်တည်း တို့ထိအောင်ဆောင်ရွက်သည်။ ထိုစကားသည် အပြစ်မဲ့သူမှ သာပြောနိုင်သည်။ လူမိဘမွေးသော လူသားတဦးတယောက်ကမှ ပြောပိုင်ခွင့်မရှိ။ “ထိုအရှင် နှစ်တော်မူသော အမှုကို ငါသည် အခါခပ်သိမ်း လုပ်ဆောင်သည်” ဟုဆိုသည်။ လူသည် အချိန်နှင့် အမျှ မိမိအကျိုးအတွက်လုပ်ဆောင်ကြသည်။ တစ်ခါတရံ မိတ်ဆွေများ၏ သာယာမှုကိုပင် ထိခိုက်စေသည်။ သခင်ယေရှုတပါးတည်းသာလျှင် အဘဘု ရားသခင်နှစ်သက်တော်မူသော အမှုကို တချိန်လုံး လုပ်ဆောင်သူဖြစ်သည်။

ထိုသို့ပြောသောအခါ လူအမြောက်အများသည် သခင်ယေရှုကို ယုံကြည်လာကြ၏။ အချို့ သည် စိတ်နှလုံးရင်းဖြင့် ယုံကြည်လာကြ၍ အချို့သည် နှုတ်ဖျားဖြင့် သာယုံကြည်ကြသည်။

၈:၃၁ သခင်ယေရှုသည် တပည့်တော်များအား သာမန်တပည့်တော်နှင့် တပည့်တော်စစ် စစ်ဟူ၍ ခွဲခြားလိုက်သည်။ တပည့်တော်ဆိုသည်မှာ တချိန်လုံးယေရှုနောက်တော်သို့လိုက်၍ ထံနီးလုပ် ကျွေးသူများဖြစ်သည်။ တပည့်တော်စင်စစ်ဆိုသည်မှာ စိတ်ဝိညာဉ်ဘဝတသက်တာတခုလုံးကို သခင်ယေ ရှုခရစ်တော်သို့ ဆက်ကပ်အပ်နှံသူဖြစ်သည်။ တပည့်တော်များသည် ကိုယ်တော်၏ ပြုမူလုပ်ဆောင်ပုံနှင့် နှုတ်ကပတ်တော်ထွက်စကားအတိုင်း အသက်ရှင်ယုံကြည်ကြသည်။ကိုယ်တော်၏ သွန်သင်ချက်အတိုင်း အသက်ရှင်ကြသည်။ ခရစ်တော်ထံပါးမှ သွေဖက်ခြင်းမရှိ။ ယုံကြည်ခြင်း စစ်မှန်၍ ထာဝရခိုင်ခံ့သည်။ ဘေးမရောက်ကြ။ ထိုသူများသည် နှုတ်ကပတ်တော်အားဖြင့် ကယ်တင်ခြင်း ရရှိသည်မဟုတ်။ နှုတ်ကပတ် တော်ထဲမှာ ရှိနေကြသောကြောင့် ကယ်တင်ခြင်းရရှိသည်။

၈:၃၂ တပည့်တော်မှန်သူတိုင်းသည် သမ္မတရား ကိုသိရှိကြသဖြင့် သမ္မာတရားကထိုသူ များအား လွတ်လပ်ခွင့်ပေးမည်ဟု ကတိတော်ပေးထားပါသည်။ ယုဒများ သည် သမ္မာတရားသိရှိသူများ မဟုတ်ကြသဖြင့် စိုးရိမ်မှုဖြင့် ချုပ်နှောင်ခြင်း ခံရသူများဖြစ်သည်။ အမိုက်အမှားအပြစ်၊ ပညတ်တရား၊ ဥပ ဒါန်အစွဲအလန်းြကီးသူများဖြစ်သည်။ သခင်ယေရှုကို အမှန်တကယ် သိရှိသူများသည် အသင်မှ အပြစ် ကင်းလွတ်ကြသူများဖြစ်၍ အလင်းရောင်ထဲမှာ လျှောက်လှမ်းသူများဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ် တော် ဦးဆောင်မှုခံယူသူများ ဖြစ်သည်။

၈:၃၃ အချို့ယုဒများသည် စိတ်နှလုံးထဲမှ ယုံကြည်ကြသောကြောင့် လွှတ်ခြင်းအခွင့် ရရှိကြသည်။ ချက်ချင်းလွတ်မြောက်သွားကြသည်။ အာဗြဟံမှ မွေးဖွားလာကြသူများဖြစ်၍ မည်သူံထံ၌မျှ ကျွန်မခံဟု ဥဒါန်းမကြေ ကြွေးကြော်ကြသည်။ သို့သော် ထိုစကားရင်းအတိုင်း မဟုတ်။ ဣသရေလများ သည် အဲဂုတ္ထုအဆီးရီးယား၊ ဗာဗုလုန်၊ ပါရှား၊ ဂရိနှင့် ရောမ ကျွန်ဖြစ်ခဲ့ကြသည်။ ဆိုလိုရင်းမျာ သခင်ယေရှု ကို ယုံကြည်သူများသည် စာတန်၏ အပြစ်ကျွန်သားမဖြစ်ကြဟု အားရဝမ်းသာကြွေးကြော်ခြင်းဖြစ်သည်။

၈:၃၄ သခင်ဘုရားက အပြစ်ကျွန်အကြောင်းကို ရှင်းပြသည်။ အပြစ်လုပ်သူသည် အပြစ် ၏ ကျေးကျွန်ဖြစ်ကြောင်း ယုဒပရိသတ်ကို ပြောပြသည်။ ထိုယုဒများသည် ဘာသာရေးကိုင်းရှိုင်းဟန်ရှိ ကြသော်လည်း စင်စစ် တွင်မူ ရိုးသားဖြောင့်မတ်ခြင်းမရှိ၊ ညစ်ညမ်းသည်။ ထို့အပြင် လူ့အသက်သတ်သူ များဖြစ်သည်။ ဘုရားသားတော်ကို ပင် အသက်အန္တရာယ်ရန်ရှာကြသည်။

၈:၃၅ တဖန်သခင်ဘုရားက သားနှင့် ကျွန်တို့ကို နှိုင်းယှဉ်ပြသည်။ ကျွန်သည် ထိုအိမ်တွင် တသက်လုံး နေရမည် အာမခံချက်မရှိပါ။ သားသည် တသက်လုံး နေခွင့်ရှိသည်။ ဤနေရာတွင် သားဆို သည်မှာ ဘုရားသားတော်မဟုတ် ခရစ်တော်ကို ယုံကြည်ခြင်းဖြင့် ဘုရားသားသမီးဖြစ်လာသူမဟုတ် ကြသဖြင့် အချိန်မရွေးအိမ်မှ မောင်းထုတ်နိုင်သောကျွန်များဖြစ်ကြသည်ဟုဆိုလိုသည်။

၈:၃၆ ဤကျမ်းပိုဒ်မှ သားသည် ခရစ်တော်ကို ရည်ညွန်းသည်မှာ သံသယမရှိပါ။ ကိုယ်တော်က လွတ်သောသူများသည် အမှန်တကယ်လွှတ်သွားကြပါသည်။ ကယ်တင်ရှင်သခင် ဘုရားထံ တော်သို့ ရောက်လာ၍ ကယ်တင်ခြင်းရရှိသူသည် အပြစ်မှ ထာဝရလွှတ်သွားသည်ဟုဆိုလိုသည်။ ထုံးတမ်းစဉ်လာ အနှောင်အဖွဲ့ဥပါဒန် အစွဲအလန်းနှင့် နတ်ဆိုးများနှင့် ကင်းလွတ်သည်။

၈:၃ရ ထိုယုဒများသည် လူ့ဇာတိအားဖြင့် အာဗြဟံသားစဉ်မြေးဆက်များဖြစ်ကြောင်း သခင်ယေရှုသိသည်။ သို့သော် ဝိညာဉ်ရေးရာမူအဗြဟံ၏ မျိုးဆက်အမွေမခံရကြ။ သခင်ယေရှု၏ သွန်သင် ချက်များကို ရင်ဝယ်သိမ်းဆည်းစရာ နေရာမရှိကြသောကြောင့် တုံ့ပြန်ရန်ရှာကြသည်။ ယေရှု၏ သွန်သင် ချက်များအတိုင်း အသက်မရှင်နိုင်ကြ။ ကိုယ်တော်၏ အယူဝါဒကို သဘောမကျကြ၊ လိုက်နာလို စိတ်မရှိ ကြ။

၈:၃၈ ကိုယ်တော်ဘုရား၏ သွန်သင်ချက်များမှာ အဘခမည်းတော်စေခိုင်း ချက်များဖြစ် သည်။ သားတော်နှင့် အဘခမည်းတော်၏ စကားသည် တလေတည်းတသံတည်းဖြစ်သည်။ ပြုတော်မူ သမျှကို ခမည်းတော်သိနေသည်။ ယုဒများလည်း သူတို့ဖခင် များထံမှ သင်ယူကြသည်။ သို့သော် ယေရှု ပြောသော သူတို့ဖခင်ဆိုသည်မှာ လောက လူသားဖခင်များကို ဆိုလိုသည်မဟုတ်၊ စာတန်ကို ဆိုလိုခြင်း ဖြစ်သည်။

၈:၃၉ တဖန်ယုဒများက သူတို့သည် အာဗြဟံ၏ မျိုးရိုးဖြစ်ကြောင်း စောဒကတက်ကြ သည်။ အာဗြဟံသည် သူတို့ ဘခင်ကြီးဖြစ်ကြောင်း တတွင်တွင်စွဲကိုင် ပြောဆိုကြသည်။ သခင်ယေရှုက သင်တို့သည် အာဗြဟံ၏ အမျိုးရိုးစဉ်ဆက်ဖြစ်သည်မှာ မငြင်းသော်လည်း အာဗြဟံ၏ သားသမီးနှင့် မတူ ကြဟုဆိုသည်။ သားသမီးဆိုသည်မှာ မိဘကိုလိုက်တုကြသည်။ အပြောအဆိုအမူအရာအားလုံးသည် မိဘများအတိုင်းဖြစ်သည်။ သို့သော် ထိုယုဒများမှာ အာဗြဟံကဲ့သို့ မဟုတ်ကြ။ ဆန့်ကျင်ဘက်ဖြစ်ကြ သည်။ အသွေးအသားအားဖြင့် အာဗြဟံသားသမီးဖြစ်ကြသော်လည်း အကျင့်စာရိတ္တ မှာ စာတန်သား သမီးဖြစ်ကြသည်။

၈:၄ဝ အာဗြဟံနှင့် ထိုယုဒများပြဒါးတလမ်းသံတလမ်းခြားနားကြပုံကို သခင်ဘုရားက ဥပမာပေး၍ ရှင်းပြသည်။ သခင်ယေရှုသည် လူ့လောကသို့ကြွလာပြီး သမ္မာတရားသွန်သင်ဟောကြား သော်လည်း ထိုသူများ သည် လက်မခံကြ။ သွန်သင်ချက်များကိုသရော်လှောင် ပြောင်ပြက်ရယ်ပြုလျက် သွန်သင်သူကိုပင် အသက်ရန် ရှာကြသည်။ အာဗြဟံသည် ထိုကဲ့သို့ အလျဉ်းမဟုတ်။ သမ္မာတရားကို ယုံကြည်လက်ခံ၍ ဖြောင့်မတ်ဖြူစင်စွာ နေထိုင်ခဲ့သည်။

၈:၄၁ လူသည် ဖခင်ကဲ့သို့ လုပ်တတ်သူများဖြစ်ရာ ထိုယုဒများ၏ ဖင်သည်မည်မည်ဝါ ဖြစ်ကြောင်း ထင်ရှားသည်။ ပြုမူလုပ်ဆောင်ပုံအရဆိုလျှင် သူတို့ ဖခင်မှာ စာတန်ဖြစ်ကြောင်း သေချာ သည်။ သခင် ယေရှုကိုပင် အမျိုးမစစ်သောသူဟု စွပ်စွဲကြသည်။ အမျိုးမစစ်သော သား (ကာမညစ်ညမ်းခြင်း) အကြောင်းကို ကျမ်းစာတွင် အများအပြားရှင်းပြထားပါသည်။ ယုဒများသည် ဘယ်သောအခါမှ ဝိညာဉ်ရေးရာမှောက်မှားခြင်း မရှိဟု ဆိုကြသည်။ ဘုရားစစ် ဘုရားမှန်ကို မတွေ့ဘူးကြ ခြင်းဖြစ်သည်။ ဘုရားသခင် တည်းဟူသော ငါတို့ အဘတပါးတည်းသာရှိ၏ ဟုအော်မြဲအော်နေကြသည်။

၈:၄၂ အကယ်၍ဘုရားသခင်ကို ချစ်လျှင် ဘုရားသခင်စေလွှတ်တော်မူသောသူကိုလည်း ချစ်ရမည်ဟု သခင်ယေရှုက ထောက်ပြသည်။ အဘဘုရားသခင်ကို ချစ်သော်လည်း တချိန်တည်းတွင် ထိုဘုရားသခင်စေလွှတ်သောသူကိုမုန်းတီးခြင်းသည် မိုက်မှားခြင်းဖြစ်သည်။ သခင်ယေရှုက သူသည် ဘုရားသခင်ဘားဖြင့် ဖြစ်ဘွားသူဖြစ်ကြောင်း ထပ်ရှင်းပြသည်။ ယေရှုသည် အဘဘုရားသခင်ချစ်မြတ်နိုး တော်မူသော ထာရသားတော်ဟုဆိုလိုသည်။ အဘဘုရားသခင် မွေးဖွားသောသူမဟုတ်၊ ဘုရားသခင်ထံ တော်၌ ထာဝရသားတော်စပ်သူဖြစ်သည်။ ကိုယ်တော်သည် ဘုရားသခင်ထံတော်မှ ဆင်းသက်လာသည်။ ကိုယ်တော်၏ ဖြစ်တည်ခြင်းကို ယခင်ကျမ်းပိုဒ်များတွင်လည်း ပါရှိပြီးဖြစ်သည်။ ကမ္ဘာမြေပေါ်သို့ရောက် မလာမီတွင် ကောင်းကင်နိုင်ငံ၌ အဘခမည်းတော်နှင့် အတူထာဝရစိုးစံခဲ့သည်။ လောကသားများကယ် တင်ဖို့ အဘခမည်းတော်က လူ့လောကသို့ စေလွှတ်တော်မူသောအခါ နာခံခြင်း အပြည့်အဝဖြင့် ဆင်းသ်ကလာသည်။

၈:၄၃ ဤကျမ်းပိုဒ်တွင် နှုတ်ခွန်းတော်သက်သေခံချက်နှင့် နှုတ်ကပတ်တော်တို့သည် မတူညီပါ။ နှုတ်ကပတ်တော်သည် သခင်ဘုရားသွန်သင်ချက်များဖြစ်၍ နှုတ်ခွန်းတော်ဆိုသည်မှာ သမ္မာ ဟုတ်မှန်ကြောင်း သက်သေထူချက်များဖြစ်သည်။ ကိုယ်တော်၏ နှုတ်ခွန်းတော် သက်သေခံချက်များကို နားမလည်ကြပါ။ ကိုယ်တော်ပြောသောမုန့်ကို ဈေးမှဝယ်ယူရနိုင်သောမုန့်ဟုထင်ကြသည်။ ရေဟု ပြောရာ တွင် လည်း သာမန်သောက်သုံးရေဟု ယူဆကြသည်။ အဘယ်ကြေားနားဝေးကြသနည်း။ ကိုယ်တော် အား ယုံကြည်ခြင်းမရှိ မိမိကိုယ်ကို နှိမ့်ချခြင်းမရှိကြသောကြောင့်ဖြစ်သည်။

၈:၄၄ သခင်ယေရှုက သင်တို့ ဘခင်သည် စာတန်နတ်ဆိုးဖြစ်ကြောင်း ပွင့်လင်းစွာ ပြောဆိုလိုက်သည်။ သို့သော် စာတန်နတ်ဆိုးကို ကိုးကွယ်ခြင်းဖြင့် စာတန်နှင့် တူသောစာတန်သားသမီး များဟုဆိုလိုသည်။ သူတို့ပြောဆိုပြုမူနေထိုင်ပုံသည် စာတန်နှင့် တထေးရာတည်း ဖြစ်သည်။ သင်တို့ အဘ၏ အလိုသို့လိုက်တတ်ကြပါဘိဆိုသည်မှာ အပြောအဆိုအကြံအစည် ကိုဆိုလိုသည်။

စာတန်နတ်ဆိုးသည် အစကတည်းက လူ့အသက်သတ်သောသူဖြစ်သည်။ အာဒံမှစ၍ လူသားအားလုံးကို သေခိုင်းသည်။ လူသတ်ရုံသာမက မုသာလည်းသုံးသည်။ သမ္မာတရားဘက်မှာ လည်းမနေ၊ အဘယ်ကြောင့်ဆိုသော် သူ့မှာ တရားဓမ္မမရှိ။ သူ့သည် မုသာ၏ အရင်းအမြစ် ဖြစသောကြောင့် ပြောသမျှသသည် မုသာစကားသာဖြစ်သည်။ မုသာသမား၊ မုသာ၏ ဖခင်ဖြစ်သည်။ ယုဒများသည် နှစ်နည်းနှစ်လမ်းဖြင့် ထိုစာစန်နှင့်တူနေသည်။ ဘုရားသားတော်ကို အသက်ရန်ရှာကြ သော ကြောင့် လူသတ်သမားများဖြစ်သည်။ နောက်တချက်မှာ ဘုရားသခင်ကို သူတို့၏ ဘခင်ဟု ခေါ်ဝေါ်ကြသ ဖြင့် မုသာသုံးကြသည်။ ဘုရားသားသမီး ဝိညာဉ်လူသားဟန်ဆောင်ကြသော်လည်း အကျင့် စာရိတ္တမှာ ညစ်ညမ်းဆိုသွမ်းသည်။

၈:၄၅ ထိုသူများသည် သမ္မတရားစောင့်ထိန်းသူများဖြစ်သည်ဟု သူတို့ကိုယ်သူတို့ ပြောဆို ပြခြင်းဖြင့် မုသာပြောသူများဖြစ်သည်။ သမ္မာတရားအမှန်ပြောသူ မှာသူတို့ ရှေ့မှောကင် မှာ ရောက်နေ သော သခင်ယေရှုသာဖြစ်သည်။ သို့သော် မယုံကြည်ကြသေး။ ထိုသို့မယုံကြည်ကြခြင်းသည် အကျင့်စာ ရိတ္တညစ်ညမ်းနေသေးကြောင်း သက်သေပြခြင်းဖြစ်သည်။ ထိုအကြောင်းကို Lenski ကဤသို့ဆိုသည်။

သမ္မာတရားနှင့် ကြုံတွေ့လျှင် ယိုယွင်းသော စိတ် သဘောထားက ငြင်းပယ်ဖို့ နည်းလမ်း ရှာဖွေ သည်။ ထိုသမ္မာကျမ်းနှင့် ကွေကွင်းလိုသောအခါ အချက် အလက်လိုက်ရှာသည်။ ၃၀

၈:၄၆ အပြစ်မဲ့သော ဘုရားသားတော်၊ သခင်ယေရှု တပါးတည်း သာလျှင် မုသာနှင့် ကင်း စင်သူရှိသည်။ သခင်ဘုရား၌ အပြစ်တစုံတရာရှိကြာင်း သက်သေပြနိုင်သူတယောက်မှမရှိပါ။ ကိုယ်တော် ၏ အကျင့်သိက္ခာထိပါးနိုင်သူမရှိပါ။ ကိုယ်တော်သည် ကိုယ်တော်ဖြစ်သည့်အတိုင်း ပြည့်စုံသူဖြစ်သည်။ သမ္မာတစကားသာဆိုသည်။ သို့သော် မယုံကြည်ကြသေး။

၈:၄ရ ဘုရားသခင်ကို ချစ်မြတ်နိုးသူသည် ဘုရားနှုတ်ကပတ်တော်ကို နာခံစောင့်ထိန်းရ သည်။ ယုဒများသည် ကယ်တင်ရှင် ဘုရား၏ စကားတော်ကို ငြင်းပယ်ကြသောကြောင့် ဘုရားသခင် အားတကယ်ချစ်ခင်သူမဟုတ်ကြောင်း ထင်ရှားသည်။ ဘုရားသခင် ၏ နှုတ်ကပတ်တော် များကို နားထောင်ကြသော်လည်း နားမလည်ကြခြင်းသည် ဘုရားသခင်နှင့်နီးစပ်မှုမရှိခြင်း မချစ်ခင်ခြင်းဖြစ်သည်။

၈:၄၈ သခင်ယေရှု၏ စကားကို ဘဝင်မကျနားမဆန့်သောကြောင့် ယုဒများသည် ပွက် လောရိုက်နေကြပြန်သည်။ ယုဒများအထင်သေးသော ရှမရိအမျိုးဟု သခင်ယေရှုကိုသမုသ်၍ ကြိမ်းမောင်း ကြသည်။ အကယ်၍ သခင်ယေရှုသည် ယုဒအမျိုးမစစ်လျှင် ဣသရေလ တို့၏ ရန်သူဖြစ်သည်။ ယုဒများ သည် ထိုသို့ဆဲဆိုကြသည်။ မွေးရာပါ ကျပ်မပြည့်သူဟု ဆိုလိုသည်။ ယေရှုပြောဆိုလုပ်ကိုင်ခဲ့သမျှသည် သာမန်လူလုပ်ရိုးလုပ်စဉ် မဟုတ်။

၈:၄၉ ယေရှုသည် စိတ်ဆိုးခြင်းမရှိ။ သူ့ရန်သူများ ကို တည်ကြည်စွာ တုံ့ပြန်သည်။ သူ၏ သွန်သင်ချက်များသည် မကောင်းဆိုးဝါးနှင့် ဆိုင်သော စကားမဟုတ်၊ အဘ ဘုရားသခင် ဘုန်းတော်ထင် ရှားရေးသားဖြစ်သည်ဟုဆိုသည်။ သခင်ယေရှုအား ဝမ်းတွင်းရူးဟု ကဲ့ရဲ့ကြသော်လည်း စွပ်စွဲ သကဲ့သို့ မဟုတ်ကောင်းကင်နိုင်ငံရှိအဘခမည်းတော်အကြောင်းသာ သွန်သင်ခြင်းဖြစ်ကြောင်းအေးဆေးစွာရှင်းပြ သည်။

၈:၅ဝ ယေရှုသည် သူ့ဘုန်းတော်ထင်ရှားဖို့လုပ်ဆောင်ခြင်းတခုမှမရှိ။ လုပ်ဆောင်သမျှ သည် အဘခမည်းတော်နာမတော်ထင်ရှားဖို့ဖြစ်သည်။ သူ့စကားးတော်များ မလေးစားခြင်းမှာ ကိုယ်တော် က သူ့နာမည် ထင်ရှားဖို့ လုပ်ဆောင်သည်ဟု ဆိုခြင်းမဟုတ်။ ယေရှုက သူ၏ ဘုန်းအသရေကို စီရင်သူ တယောက်ရှိ၏ ဟု ရှင်းပြသည်။ ထိုစကားသည် ဘုရားသခင်ကို ရည်ညွန်းခြင်းဖြစ်၏။ အဘဘုရားသခင် သည် သားတော်လုပ်ဆောင်တော်မူသမျှအား ကောင်းကြီးပေးလျက်ရှိသည်။

၈:၅၁ ယေရှုက နက်နဲသော သမ္မာစကားတခွန်းထပ်ရှင်းပြသည်။ သမ္မာတရားပြောခါနီး တွင်စကားပလ္လင်ခံနေကျအတိုင်း “ငါအမှန်အကန်ဆိုသည်ကား”ဟုဆိုပြီးလျှင် “င့ါစကားကို နားထောင် သောသူသည်သေခြင်းနှင့် အစဉ်မပြတ် ကင်းလွှတ်လိမ့်မည်” ဟုမိန့်တော်မူသည်။ ထိုသေခြင်းသည် ရုပ် ခန္ဓာအားဖြင့် သေခြင်းမဖြစ်နိုင်။ အဘယ်ကြောင့်ဆိုသော် သခင်ယေရှုရှေ့မှောက်မှာပင် လူများနေ့တိုင်း တယောက်ပြီးတယောက်သေကြသည်။ ဝိညာဉ်ရေးရာ သေခြင်းကိုဆိုလိုသည်။ ယေရှုက သူ့ကို ယုံကြည် သူများသည် ထာဝရသေခြင်းမှ ကင်းလွတ်လျက်ငရဲပြ်ညသို့ ရောက်ရှိခြင်းမရှိဟု ဆိုသည်။

၈:၅၂ ထိုသို့ ယေရှုက ရှင်းပြသော အခါ ယုဒများက ယေရှုအား “ပြောလေဆိုးလေ” ပါလားဟုဆိုကြသည်။ သူ့ကိုယုံကြည်လျှင် မသေရဘူးဟုသာပြောနေသည်။ အာဗြဟံမှစ၍ ပရောဖက်များ စွာ သေလွန်ကြပြီး မည်သို့ပြောမည်နည်းဟု မေးခွန်းထုတ်ပြသည်။ သူ့စကားကို နားထောင်လျှင်သေခြင်း မှကင်းလွှတ်မည်ဟုဆိုသည်။ မည်သို့ဖြစ်နိုင်မည်နည်း။

၈:၅၃ ဤယေရှုသည် သူ့ကိုယ်သူ အာဗြဟံထက်ကြီးမြတ်သည်ဟု ဆိုနေသလား။ အာဗြဟံပင်လျှင် သူ့ကိုယ်သူသေခြင်းမှ မလွတ်စေနိုင်သကဲ့သို့ အခြားသူများ ကိုလည်း မလွတ်စေနိုင်။ ထိုသို့သေခြင်းမှ ကင်းလွတ်သော ပရောဖက် တစုံတဦးမှ မရှိစဘူးပါ။ ဤသူကား သူ့စကားကို နားထောင် သူတိုင်း သေခြင်းမှ ကင်းလွှတ်စေမည်ဟု လွန်ကျူးစွာပြောနေပါလား။ ဖအေထက်သားတလကြီးနေပါတ ကားဟုဆိုကသည်။

၈:၅၄ ယုဒများကမူ ယေရှုအားပရိသတ်ဆွဲဆောင်သူအဖြစ် ပြစ်မှားကြသည်။ ယေရှုက ထိုသို့ မဟုတ်ပါ။ သင်တို့ဘုရားဟုခေါ်သော ဘုရားသခင်နားမတော်ထင်ရှားဖို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ရှင်းပြသည်။

၈:၅၅ ယုဒများက ဘုရားသခင်သည် သူတို့၏ ဖခင်ဖြစ်သည်။ သို့သော် ယေရှုကိုမူ မသိ ကြဟုဆိုသည်။ ယခုသူတို့နှင့် စကားပြောနေသောသူသည် ဘုရားသခင်နှင့်အတူတူဖြစ်ကြောင်း မသိနား မလည်ကြ။ ယေရှုအား ဘုရားသခင်နှင့် မတူညီကြောင်း ပြောစေချင်ကြသည်။ သို့သော် ယေရှုက ထိုသို့ မပြောနိုင်။ ပြောလျှင် ယုဒများကဲ့သို့ မုသာသုံးသူဖြစ်သွားမည်။ ယေရှုသည် ဘုရားသခင်ကို သိကျွမ်း၍ နှုတ်ကပတ်တော်ကိုလည်း နာခံသူဖြစ်သည်။

၈:၅၆ ယုဒလူမျိုးများသည် အာဗြဟံကိုကြည် ညိုကြသူများဖြစ်သောကြောင့် သခင်ဘုရား ကအာဗြဟံ သည် ကိုယ်တော်ကြွလာမည့်အကြောင်းကို မျှော်လင့်နေသူဖြစ်ကြောင်းနှင့် ကြွလာသည်ကို ဖူးမျှော်ရသောအခါ ဝမ်းသာကြည်နူးမည့်အကြောင်း ရှင်းပြသည်။ သခင်ယေရှုက အာဗြဟံမျှော်လင့် တောင့်တသူသည် သူဖြစ်ကြောင်းဆိုလိုသည်။ အာဗြဟံ၏ ယုံကြည်ခြင်းသည် မေရှိယသခင် ကြွရောက်လာမည့် အကြောင်းဖြစ်သည်။

ခရစ်တော်၏ နေ့ရက်ကို အာဗြဟံက တွေ့မြင်ပါသလား။ မောရိယတောင်ပေါ်တွင် ဣဇက်အားပူဇော်သက္ကာပြုသည့်အချိန်တွင် ဖူးမြင်ခြင်းဖြစ်ကောင်းဖြစ်မည်။ ခရစ်တော်အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို မောရိယတောင်ပေါ်တွင် ဗျာဒိတ်ရူပါရုံရရှိခြင်းဖြစ်သည်။ ဓမ္မဟောင်း ပရောဖက်ပြုချက်များသည် ယေရှုတွင် ပြည့်စုံသည်။

၈:၅ရ ယုဒများ နားဝေးကြသည့်အကြောင်းဤကျမ်းပိုဒ်တွင် တဖန်တွေ့ရသည်။ ယေရှုက “ငါ့ကို မြင်သောအခါ အာဗြဟံသည် ဝမ်းမြောက်သည်” ဟုဆိုသည်။ “ဟ!ယေရှုနှင့် အာဗြဟံတွေ့မြင်ကြ သည် ဆိုပြန်ပါလား” ဤမျှလောက်နှစ်ပေါင်းများစွာ ကွာခြားသူကို မည်ကဲ့သို့ တွေ့ဆုံကြည်နည်း” ယေရှု သည် အာဗြဟံထက်ကြီးမြတ်သည်ဟု သူ့ကိုယ်သူဆိုနေပါလား။ အာဗြဟံ၏ ရည်ရွယ်ချက် မျှော်လင့် ချက် သည် ယေရှုခရစ်တော်ဖြစ်သည်။ အာဗြဟံသည် ယုံကြည်ခြင်းဖြင့် ခရစ်တော်၏ နေ့ရက်ကိုမြင်ရသူဖြစ် သည်။

ထိုအကြောင်း အရာကို ယုဒများမသိနိုင်။ ယေရှုသည်အသက် (၅) တောင်မပြည့်သေး။ (တိတိကျကျပြောရလျှင် ၃၃နှစ်တိတိဖြစ်သည်) နှစ်ပေါင်းများစွာကသေသွးာသောအာဗြဟံက မည်သို့မြင် တွေ့နိုင်သနည်း။

၈:၅၈ ယေရှုက သူသည် ဘုရားသခင်ဖြစ်ကြောင်း ထပ်မံပြောဆိုသည်မှာ အာဗြဟံသည် ငါ့အရင်ဖြစ်ဘွားသည်မဟုတ်”ဟုဆိုသည်။ အာဗြဟံထက်ရှေးဦးကျကြောင်းဆိုလိုသည်။ ထို့ကြောင့် ဘုရားသခင်၏ နာမတော် “ငါ”ကိုသုံးစွဲသည်။

ယေရှုသည် ဘုရားသခင်နှင့် အတူ ထာဝရတည်ရှိသည်။ သခင်ဘုရားအတွက်မူ အချိန် ကာလဟူ၍ မရှိ။ အာဗြဟံမဖြစ်ဘွားမီငါရှိသည်ဟုဆိုသည်။

၈:၅၉ ယုဒများသည် အမျက်ဒေါသထွက်ကြသောကြောင့် ယေရှုအား ဖမ်းဆီးဖို့ ပြင်ဆင် ကြသည်။ သို့သော်လည်း အထမမြောက်။ ယေရှုသည်လည်း ဗိမာန်တော်မှ ထွက်ခွာသည်။ အာဗြဟံ မ ဖြစ်ဘွားမီ၊ ငါဖြစ်ဘွားသည်ဟူသော စကားသည် သူ့ကိုယ်သူ ယေဟောဝါ ဘုရားဟုဆိုကြောင်း ယုဒများ နားလည်ကြသည်။ သို့ကြောင့် ယေရှုအားပြစ်တင်ရှုတ်ချ၍ ခဲပေါက်ဖို့ကြံဆောင်ကြသည်။ သူတို့ အလယ် တွင် ရောက်ရှိနေသူသည် မေရှိယသခင် ဖြစ်ကြောင်း လက်မခံနိုင်ကြ။ ထိုမေရှိယဆိုသူ၏ အုပ်စိုးခြင်းကို မခံယူနိုင်ကြ

Previous Article
Next Article