ရှင်လုကာခရစ်ဝင် ၁၆

(ဖ) မလျော်ကန်သော အစေခံပုံဥပမာ (၁၆:၁-၁၃)

၁၆:၁-၂ ဖာရိရှဲနှင့့် ကျမ်းတတ်ပုဂ္ဂိုလ်များကို ဆုံးမပဲ့ပြင်ပြီးနောက် တပည့်တော်များဘက် သို့လှည့်သည်။ ဤကျမ်းချက်သည် ရှင်လုကာခရစ်ဝင်ကျမ်းတွင် အခက်အခဲဆုံးဖြစ်သည်။ အကြောင်းမှာ မရိုးသားသော အစေခံအား အားပေးအသိအမှတ်ပြုသယောင်နားလည်မှုလွဲနိုင်သည်။ ဆက်လက်လေ့လာ ကြည့်ကြပါစို့။ ဤနေရာတွင် လူချမ်းသာသည် ဘုရားသခင်ကို ပုံဆောင်သည်။ အစေခံသည် အခြားသူများ ၏ လုပ်ငန်းကို စီမံကွပ်ကွသူဖြစ်သည်။ ဇာတ်လမ်းအရတပည့်တော်များသည် ဤဥပမာထဲမှ အစေခံများ ဖြစ်ကြသည်။ ထိုအစေခံသည် အရှင်သခင်၏ ငွေကြေးဘဏ္ဍာကို အလွဲသုံးစားလုပ်သည်။ နွားပြာကြီး အကြောင်းသိသော အခါ သူဌေးက အလုပ်ထုတ်ပစ်လိုက်သည်။

၁၆:၃-၆ ထိုအစေခံသည် ရှေ့ဆက်ရမည့် ခရီးစဉ်းစားနေပြီ။ အသက်အရွယကြီးရင့် ပြီဖြစ် သော ကြောင့် အလုပ်ကြမ်းလည်းမလုပ်နိုင်။ တောင်းစားဖို့ လည်းမဝံ့မရဲ။ (သို့သော် ခိုးဖို့ရဲသည်) ဘဝလုံခြုံ ရေးမည်သို့လုပ်မည်နည်း။ သို့နှင့်ပြောဆို၍ ရမည့် မိတ်ဆွေကောင်းများကို သတိရကာ စီမံကိန်းရေးဆွဲ သည်။ သူ့အကြံအစည်မှာ သူဌေးကို ပေးရန်ရှိသည့် အကြွေးရှိသူများထံ ချဉ်းကပ်ဖို့ဖြစ်သည်။ အကြွေးမည် မျှရှိကြောင်း၊ ကြွေးရှင်တဦးသွားမေးသောအခါ ဆီအခွက်တထောင်ရှိသည်ဟု ဆိုသည်။ သို့နှင့် အစေခံ က သူ့ကို ဆီအခွက်ငါးရာပေးလျှင် ကျန်သောဆီများကို စာရင်းပယ်ဖျက်ပေးမည်ဟုဆိုသည်။

၁၆:ရ နောင်ဖောက်သည် တဦးအား သွားရောက်မေးမြန်းရာ ဂျုံစပါးအတင်းတစ်ထောင် ရှိသည် ဟုဖြေသည်။ လက်ငင်းရှစ်ရာပေးလျှင် ကျန်သော အကြွေးကို လျှော်ပစ်ပေးမည်ဟုဆိုသည်။

၁၆:၈ ထိုအကြောင်းကို သိသောအခါ သူဌေးရှင်သည် မလျော်ကန်သောအစေခံ၏ လုပ်ရပ်ကိုချီးမွမ်း ဩချလိုက်သည်။ အဘယ်ကြောင့် ထိုမရိုးသားမှုကို အသိအမှတ်ပြုချီးမွမ်းသနည်း။ ထိုအစေခံ၏ လုပ်ရပ်သည် ရိုးသားမှုမရှိပါ။ ထိုအစေခံ၏ အကျင့်စာရိတ္တသည် ချီးမွမ်းခြင်း စရာမဟုတ်။ ကိုယ့်ဘက်ကို သိတတ်သူဖြစ်သည်။ သို့သော် ထိုသူသည် ပညာသတိရှိရှိလုပ်သည်။ မျက်စိတဆုံးလုမ်း ကြည့်၍ ကြည့်မြင်သည့် အတိုင်းပြင်ဆင်သည်။ လက်တလောအခွင့်အရေးကို အနာဂတ်လမ်းအတွက် ခင်းကျင်းထားသည်။ ဤနေရာတွင် သင်ခန်းစာမှာ ဘုရားသခင်၏ သားသမီးများသည် လူ့လောကတွင် ဘဝကုန်ဆုံးသည်မဟုတ်။ ကောင်းကင်နိုင်ငံရှိသေးသည်။ ဤလူသည် မိတ်ဆွေများ၏ ရင်းနှီးခင်မင်မှုကို အနာဂတအတွက် အကျိုးရှိစွာ အသုံးချသကဲ့သို့ပင် ခရစ်ယောန်မျာသည်လည်း မျက်မှောက်ဘဝတွင် ခံစားရသော ကျေးဇူးတော်ကို ကောင်းကင်နိုင်ငံလမ်းအဖြစ် အသုံးချရသည်။

သခင်ဘုရားက “လောကီသားတို့သည် မိမိတို့အမှုကို ဆောင်ရွက်ရာတွင် အလင်းသို့ ရောက်သောသူတို့ ထက်သာ၍ လိမ္မာကြ၏” ဟုဆိုထားသည်။ မယုံကြည်သူများလောကအရာစုဆောင်း တတ်ကြသကဲ့သို့ သလောက် ယုံကြည်သူများက ကောင်းကင်ဘဏ္ဍာမဆည်းပူးတတ်ဟု ဆိုလိုခြင်းဖြစ် သည်။

၁၆:၉ မတည်မြဲသောလောကစည်းစိမ်ဥစ္စာများဖြင့် အပေါင်းအသင်း၊ မိတ်ဆွေဖွဲ့ခိုင်း သည်။ ဆိုလိုသည်မှာ မိမိငွေကြေးဓန၊ ဥစ္စာပစ္စည်းများဖြင့် အပေါင်းအသင်းမိတ်ဆွေဖွဲ့၍ ခရစ်တော်အ တွက် ဝိညာဉ်ဖမ်းခိုင်းခြင်းဖြစ်သည်။ ထိုအကြောင်းကို Pierson က ဤသို့ရှင်းပြသည်။

ကျမ်းစာ၊ လက်ကမ်းစာနှင့် အခြားဓမ္မစာအုပ်များကို ပိုက်ဆံဖြင့် ဝယ်ယူဝေငှ၍ ဝိညာဉ်ဖမ်း ဆီးနိုင်သည်။ ထိုသို့ပြုလုပ်ခြင်းသည် ယာယီသာခံသော ရုပ်ဝတ္ထုများအရင်းအနှီးပြုခြင်းဖြစ်၍ ထာဝရ ကာလအတွက် ဝိညာဉ်ရေးရာကိစ္စဖြစ်သည်။ ဥပမာဖြင့် ဒေါ်လာ ၁၀ဝနှင့် စားသောက်ဆိုင်သွား၍ ဖြန်းတီး လျှင် နောက်တနေ့တွင် အကျိုးအမြတ် ဘာမှမကျန်ပါ။ အကယ်၍ ထိုငွေဖြင့် စာအုပ်ဝယ်လျှင် စာအုပ် ပေါင်းတစ်ရာရနိုင်သည်။ ထိုစာအုပ်အား ဖတ်ရှု ပေးကမ်းဝေငှခြင်းဖြင့် နိုင်ငံတော်သို့ဝင်ဖို့ မျိုးစေ့ကြဲခြင်း ဖြစ်သွားသည်။ သူဝယ်သွားသော အရာသည် စာအုပ်များ မဟုတ်တော့ပါ။ ဝိညာဉ်များဝယ်ယူခြင်းဖြစ်သွား သည်။ မစင်ကြယ်မသေချာသောငွေဖြင့် မသေနိုင်သော မိတ်ကောင်းဆွေမွန် ရရှိခြင်းဖြစ်သည်။ ပျောက်ဆုံးမည့်သူအား အကျင့်ကောင်းပြသခြင်းဖြစ်သည်။၄၈

ပညာရှိသူ၏ ရုပ်ဝတ္ထုပစ္စည်း၊ အရင်းအနှီးသည် ထာဝရကောင်းကြီးမင်္ဂလာဖြစ်စေနိုင် သည်။ ကောင်းကင်နိုင်ငံ တံခါးဝရောက်သောအခါ မိမိတို့လုပ်ဆောင်ဆက်ကပ်မှုအား ဧည့်ကြိုများက ဂုဏ်ပြုချီးမွမ်းကြပေမည်။ စာအုပ်စာပေ ဝေငှကမ်းလိုက်သောမိတ်ဆွေများကလည်း “သင့်ကျေးဇူးကြောင့် ပဲ” ဟု ပဋိသန္တာရစကားဆိုကြလိမ့်မည်။ ထိုအကြောင်းကို Darbyက ဤသို့ထောက်ခံထားသည်။

ယေဘူယျအားဖြင့် လူသည် ဘုရားသခင်၏ အစေခံများဟု ဆိုနိုင်သည်။ အထူးသဖြင့် ဣသရေလလူမျိုးသည် ဘုရားသခင်၏ အစေခံ၊ ခြံစောင့်၊ ဥယျာဉ်မှူး၊ ပညတ်တရား၊ ပဋိညာဉ်၊ ကတိတော် စောင့်ထိန်းသူမျာဖြစ်သည်။ သို့သော် ဣသရေလများသည် ထိုအခွင့် အရေးကောင်းကို အလဟသဖြန်းတီး ကြသည်။ ဘုရားရှင်၏ သစ္စာရှိသော အစေခံများ ဖြစ်သည်။ မည်သို့လုပ်ရမည်နည်း။ လောကသားများ ကောင်းကင်အသီးအပွင့် သီးကြစေရန် ဘုရားရှင်က ကျေးဇူးတော် ပြုခဲ့သည်။ လူ့လက်ထဲတွင်ရှိနေသော လောကဥစ္စာများသည် လူ့လောကတွင် အကုန်လုံးသုံးဖြုန်းဖို့ဖြစ်သည်။ လတ်တလောအကျိုးအတွက် သာမဟုတ်ပါ။ အခြားသူများကို ဝေငွပံ့ပိုးဖို့ဖြစ်သ်ည။ ငွေကြေးချမ်းသာဖို့ထက် မိတ်ကောင်း ဆွေမွန် ကြွယ်ဝဖို့လိုသည်။ လူသည် တနေ့သေကြေပျက်စီးမည်အမှန်။ ထို့ကြောင့် ယခုကာလမှစ၍ အစေခံ ကောင်းဖြစ်ကြပါစို့။၄၉

၁၆:၁ဝ သေးငယ်သော အမှု (ငွေကြေးကိစ္စ) တွင် သစ္စာရှိလျှင် ကြီးမားသောအမင (ဝိညာဉ်ရေးရာ)ကိုလည်းအပ်နှင်းဦးမည်။ တနည်းအားဖြင့် အသေးအဖွဲငွေကြေးကိစ္စတွင်ပင် ယုကြည်စိတ် ချမှုမရှိလျှင် ထိုထက်ကြီးမားသောအမှုတွင် ပိုဆိုးသွားမည်။ အသက်ရှင်ဖို့ရန် ငွေကြေးသည် အသေးငယ် ဆုံးသော အရာဖြစ်သည်။

၁၆:၁၁ မမြဲသော လောကီစည်းစိမ်၌ သစ္စာမရှိလျှင် မှန်သော စည်းစိမ်ဥစ္စာ၌ မည်သို့ စိတ်ချရမည်နည်း။ ငွေကို မမြဲသော လောကီစည်းစိမ်ဟု သုံးထားသည်။ အမှန်စင်စစ်ငွေသည် မကောင်း သောအရာမဟုတ်ပါ။ ငွေကိုတပ်မက်ခြင်း၊ အလွဲသုံးစားခြင်းသာလျှင် အပြစ်ဒုစရိုက်ဖြစ်သည်။ ဘုရားသခင် ဘုန်းတော်ထင်ရှားဘို့ထက်အခြားသော လောကရေးရာ၌ နေရာပေးကြသောကြောင့် မမြဲသောလောက စည်းစိမ်ဟုဆိုခြင်းဖြစ်သည်။ မှန်သောစည်းစိမ်၏ ဆန့်ကျင်ဘက်ဖြစ်သည်။ ငွေ၏ တန်ဖိုးသည် ယာယီသာ ဖြစ်၍ စေ့စပ်သေချာခြင်းမရှိ။ ဝိညာဉ်တန်ဖိုးသာလျှင်ထာဝရတည်မြဲသည်။

၁၆:၁၂ ဤကျမ်းပိုဒ်တွင် “သစ္စာမရှိ”နှင့် “အပိုင်ပေး”ဟူသော စကားလုံးကို ထူးခြားစွာ ဖော်ပြထားသည်။ ရှိရှိသမျှအချိန်၊ ငွေကြေး၊ အစွမ်းအစများကို ဘုရားရှင်က ပိုင်ဆိုင်သောကြောင့် ဘုရားရှင်အတွက် အသုံးပြုရသည်။ မိမိပိုင်ဆိုင်သောအရာသည် ယခုဘဝတွင် ရိတ်သိမ်းရမည့်အရာများ နှင့် ခရစ်တော်အပေါ်သစ္စာရှိမှုအတွက် ရရှိမည့်အကျိုးရလာဒ်များ အတွက်ဖြစ်သည်။ အကယ်၍ ကိုယ်တော်အပေါ်သစ္စာမရှိလျှင် ထိုအရာများကို မည်သို့ပေးဆပ်နိုုင်မည်နည်း။

၁၆:၁၃ တချိန်တည်းတပြိုင်းတည်းတွင် လောကဥစ္စာနှင့် ဘုရားသခင်အတွက် အသက်မရှင်နိုင်ပါ။ ငွေကို သခင်ထားလျှင် ဘုရားသခင်ကို အရှင်အဖြစ်မထားနိုင်ပါ။ ဥစ္စာဓနစုဆောင်းခြင်း သည် ငွေကြေးကို အရှင်သခင်အဖြစ် ထားရှိခြင်းဖြစ်သည်။ ထိုသို့ပြုခြင်းသည် ဘုရားသခင်ကို ဓါးပြတိုက် လုယူခြင်းဖြစ်သည်။ သစ္စာတရားကို နှစ်ခြမ်းခွဲရာရောက်သည်။ ဆုံးဖြတ်ချက်သည် မျက်နှာမလိုက်တတ်ပါ။ စိတ်နှလုံးသည် မိမိဘဏ္ဍာရှိသောနေရာကို စွဲလန်းသည်။ ငွေနောက်လိုက်လျှင်ငွေသည် အရှင်သခင်ဖြစ် သည်။ တချိန်တည်းတွင် ဘုရားကို သခင်အဖြစ်မထားနိုင်။ ငွေကြေးသည် ဘုရားသခင်အတွက် ဆက်ကပ် ရမည့်ငွေကြေးနှင့် အချိန်နာရီနေ့ရက်များကို တချိန်လုံးတောင်းဆိုနေသည်။

(ဗ) လောဘသမား ဖာရိရှဲ (၁၆:၁၄-၁၈)

၁၆:၁၄ ဖာရိရှဲများသည် မာနထောင်လွှား၍ ဘဝင်မြင့်ကြသည် သာမက လောဘကြီးသူ များလည်း ဖြစ်သည်။ ဗိမာန်တော်အရာများကို သူတို့ပိုင်ပစ္စည်းဟု ယူဆကြသည်။ ဘာသာရေးကို ငွေရ လမ်းအသက်မွေးဝမ်းကြောင်းအဖြစ် ထင်မှတ်ခံယူကြသည်။ သို့သော် လုပ်ဆောင်ပုံမှာ ဘုရားသခင်ဘုန်း တော်ထင်ရှားဖို့မပါ။ အိမ်နီးနားချင်းများကိုလည်းမချစ်။ မိမိချမ်းသာ ဖို့သာလုံးပမ်းကြသည်။ သခင်ဘုရားက မြေကြီးဘဏ္ဍာမဆည်းပူးဖို့ သွန်သင်သံကြားကြသောအခါ သရော်ပြောင်လှောင်ကြသည်။ သူတို့အတွက် ဘုရားကတိတော်ထက် ငွေကြေးက တန်ဖိုးကြီးသည်။ ချမ်းသာ ကြွယ်ဝဖို့ ဆိုလျှင့် မည်သည့်အရာကမှ မတားနိုင်။ ဘနဖူးသိုက် တူမည့်သူများဖြစ်သည်။

၁၆:၁၅ အပြင်ပန်းအားဖြင့် ဖာရိရှဲများသည် ဝိညာဉ်ရေးရာ ဘာသာရေးကိုင်းရှိုင်းသူများဟု ထင်လောက်သည်။ သို့သော် မိမိတို့ အသိုင်းအဝိုင်းဘက် တွင်သာလျှင် ဖြောင့်မတ်သူမျာဖြစ်သည်။ အပြင် ပန်းအားဖြင့် ဟုတ်သယောင်ရှိကြသော်လည်း သူတို့၏ လောဘစိတ်ကို ဘုရားရှင်သိမြင်သည်။ ဘုရား သခင်ကို ဟန်ဆောင်လိမ်ညာ၍ မရပါ။ မိမိအကျိုးပြုသူအားချီးမွမ်းတတ်သူများသာဖြစ်သည်။လူ့သဘော ဖြင့် အမြတ်တနိုးထားသောရတနာသည် ဘုရားရှေ့တော်၌ စက်ဆုပ်ရွံ့ရှာဘွယ်ဖြစ်၏။ အဘယ်ကြောင့် ဆိုသော် ဘာသာရေးကို ဗန်းပြ၍ ငွေကြေးဥစ္စာစီးပွားရှာစားသူများဖြစ်သည်။ ထို့ကြောင့် သခင်ဘုရားက ထိုသူများကို ဝိညာဉ်ရေးရာ မုဒိမ်းကောင်းများဟု ရှုတ်ချသည်။ ယေဟောဝါဘုရားကို ချစ်ဟန်ဆောင် ကြသော်လည်းအမှန်တကယ် ကိုးကါယ်ကြသည်မျာ လောကငွေကြေးဥစ္စာများဖြစ်သည်။

၁၆:၁၆ အခန်းငယ် ၁၆-၁၈ သည် နားလည်ရန် ခက်ခဲသော ကျမ်းချက်ဖြစ်သည်။ အပေါ် ယံဖတ်ကြည့်လျှင့် ယခင်ကျမ်းပိုဒ်များနှင့် အဆက်စပ်မရှိသကဲ့သို့ မည်သို့ ဆက်နွယ်မည်ကိုလည်း သဘောမပေါက်နိုင်။ ဤကျမ်းပိုဒ်သည် ဖာရိရှဲများ၏ လောဘကြီးမှုနှင့် သစ္စာမရှိမှုအကြောင်းဖြစ်သည်။ ဖာရိရှဲများသည် ပညတ်တရားကို အတိအကျစောင့်ထိန်းကြလေဟန်ဖြင့် ဂုဏ်ယူမာနထောင်လွှားကြ သည်။

ပညတိ္တကျမ်းနှင့် နာဂတိ္တကျမ်းများသည် ယောဟန်မပေါ်ထွန်းမီတိုင်အောင် ရှိနေသည်။ ဤကျမ်စကားအရ မောရှေ၏ ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းများသည် ဗတိ္တဇံယောဟန်ပေါ်ထွန်းသောအ ခါ တခန်းရပ်သွားသည်ဟု နားလည်ရသည်။ ယခုတရားသစ်ပေါ်ထွန်းလာချေပြီ။ ယောဟန်လက်ထက်မှစ ၍ ဘုရားသခင်နိုင်ငံတော်ပေါ်ထွန်းမည့်အကြောင်း ဟောကြားသည်။ ဣသရေလတို့၏ ဘုရင်အမှန်ရောက် မည့်အကြောင်းဖြစ်သည်။ ဣသရေလများနောင်တရသောအခါ ထိုအရှင်သခင်ယေရှုအုပ်စိုးမည်ဟုဆို သည်။ ထိုဗတ္တိဇံယောဟန်၏ ဟောကြားချက်၊ သခင်ခရစ်တော်ကိုယ်တိုင်သွန်သင်ချက်နှင့် နှောင်းတပည့် တော်များ၏ ဟောကြားသွန်သင်ချက်များကြောင့် လူအများတုန့်ပြန် ယုံကြည်လာကြသည်။

လူအများတို့သည် နိုင်ငံတော်ကို အနိုင်ထက်ဝင်ကြ၏ ဆိုခြင်းမှာ ဘုရားသခင်၏ နိုင်ငံ တော်အကြောင်းကို ယုံကြည်လက်ခ့ကြသောကြောင့် လူအုပ်လိုက်၊ သင်းလိုက် မုန်တိုင်းသဖွယ်ဝင် လာကြခြင်းဖြစ်သည်။ အခွန်ခံ၊ အပြစ်သားများသည် အလုံးအရင်းဖြင့် ဖာရိရှဲများကို ကျော်လွှား၍ ဝင်ရောက်လာကြသည်။ ဖာရိရှဲများမှာမူ ပိုက်ဆံက စိတ်နှလုံးမျက်စိကို ဖုံးကွယ်ထားသောကြောင့်မမြင်ကြ။

၁၆:၁၇-၁၈ ဤစကားသည် စင်စစ်အားဖြင့် တွေ့မြင်ကိုင်တွယ်ရသော ရုပ်ဝတ္ထုပစ္စည်းများ ကိုဆိုလိုခြင်းမဟုတ်။ အငယ်ဆုံးသော ဗန္ဗုတလုံးပျက်စီးလွယ်သည်ထက်ကောင်းကင်နှင့်မြေကြီးပျက်စီး လွယ်၏ဟု ဆိုထားသည်။ ပညတ္တိကျမ်းကို “သေးသေးတင်”နှင့် ခိုင်းနှိုင်းထားသည်။

ဖာရိရှဲများက သူတို့ကို သူတို့ ဘုရားသခင်၏ နိုင်ငံတော်ထဲတွင် ရောက်ရှိသည်ဟု ထင်ယူ ကြသော်လည်းသခင်ဘုရားက “ပညတ္တိတရားထဲက ဗန္ဗုတလုံးမှမထိန်းသိမ်းနိုင်” ဟုဆိုသည်။ “မည်သည့် ပညတ္တိတရားမစောင့်ထိန်းသနည်း”ဟုမေးချင်မေးကြမည်။ သခင်ဘုရားက ဝိဝါဟသံဝါသ အိမ်ထောင်ပြု ခြင်းတရားကိုပင် မစောင့်ထိန်းကြကြောင်း ထောက်ပြသည်။ “မိမိမယာကိုကွာ၍ အခြားသောမိန်မနှင့် စုံဘက်သူသည် မိမိမယားကို ပြစ်မှား၏။ လင်ကွယ်သောမိန်းမကို စုံဘက်သူသည်လည်း မိမိမယားကို ပြစ် မှား၏” ဟုမိန့်တော်မူသည်။ ဖာရိရှဲများသည် ထိုသို့ကျူးလွန်ကြသည်။ ယုဒများသည် ဘုရားသခင်နှင့် ပဋိညာဉ်ပြုသူ များဖြစ်သည်။ သို့သော်လည်း ဖာရိရှဲများသည် ဘုရားသခင်ကို ကျောခိုင်းပြီးလောကစည်း စိမ်နှင့်ပေါင်းဖက်စုံမက်နေကြပြီ။ ထိုသို့ပြုခြင်းသည် ဝညာဉ်ရေးရာအရ နောက်မီးလင်းခြင်းဖြစ်သည်။

(ဘ) သူဌေးနှင့် လာဇရု (၁၆:၁၉-၃၁)

၁၆:၁၉-၂၁ တပည့်တော်အကြောင်းသင်ခန်းစာ ရပ်နားပြီး လူနှစ်ဦးအကြောင်း ပြောပြ သည်။ ထိုသူနှစ်ဦးသည် အတူတူရှင်၍ အတူတူသေကြ၏။ ၎င်းတို့၏ နောက်ဘဝအကြောင်းဖြစ်သည်။ ဤပုံဥပမာသည် ပုံဆောင်ခြင်းသာဖြစ်သည်။

ဤနေရာတွင် နာမည်မသိသူဌေးသည် ငရဲပြည်သို့ရောက်သွားသည်။ ထိုသို့ရောက်ရှိခြင်း သည်လည်း မသေခင်ဘဝတွင် ကြွယ်ဝချမ်းသာသောကြောင့် မဟုတ်။ ကယ်တင်ခြင်းသည် ယုံကြည်ခြင်း နှင့် သာဆိုင်သည်။ သခင်ဘုရားကို လက်မခံငြင်းပယ်သူသာလျှင် တရားစီရင် ခြင်းခံရသည်။ ဤပုံဥပမာ တွင် တခါးပေါက်ဝသို့လာရောက်တောင်းစားသော သူဖုန်းစားအားငြင်းပယ်ပုံထောက်လျှင် ဤသူဌေးသည် ယုံကြည်သူမဟုတ်ဟု မှတ်ချက်ပြုနိုင်သည်။ အကယ်၍ ယုံကြည်သူအမှန်ဖြစ်လျှင် ဇိမ်နှင့် ပိမ်နှင့် တကိုယ် တော်စည်းစိမ်ခံစားသော်လည်း တံခါးပေါက်ဝသို့လရောက် တောင်းစားသူအား လက်ချည်းဗလာမောင်း ထုတ်ရက်မည်မဟုတ်။ သူ၏ ငွေကြေးတပ်မက်လောဘတက်ခြင်းကြောင့် ဘုရားသခင်နိုင်ငံတော်သို့ ဝင်ခွင့်မရခြင်းဖြစ်ပေမည်။

ထိုနိယာမအတိုင်း ဆိုလျှင် လာဇရုသည်လည်း ကယ်တင်ခြင်းရမည်မဟုတ်။ အဘယ် ကြောင့်ဆိုသော် ဆင်းရဲမွဲတင်သူဖြစ်၍ မည်သူ့ကိုမှပေးကမ်းနိုင်သူမဟုတ်။ သို့သော် ဘုရားသခင်ကို အမှန်တကယ်ယုကြည်သောကြောင့် ကယ်တင်ခြင်းရရှိသွားသည်။

မျက်စိထဲမြင်ယောင်ကြည့်ပါ။ ထိုသူဌေးကြီးသည် အဖိုးတန်း အကောင်းဆုံးအဝတ် အစား များဆင်မြန်းလျက် စားတော်စားပွဲသည်လည်း မြိန်ပေ့၊ ဟုတ်ပေ့၊ ကောင်းပေ့ဆိုသည့် ခဲဘွယ်ဘောဇဉ် ဟင်းမျိုးစုံပြည့်စုံတည်ခင်းထားသည်။ တပည့်သားမြေး ချွေရံများနှင့် အသက်ရှင်သည်။ ဘုရားသခင်ကို လည်း မချစ်၊ တပည့်သားမြေးများအတွက်လည်း မစဉ်းစား။

လာဇရုသည် ထိုသူဌေးကြီးနှင့် ရေနှင့် ဆီလိုကွာခြားသည်။ သူဌေးကြီးအိမ်ရှေ့တွင် ရောက်လေ့ရှိသော သူတောင်းစားဖြစ်သည်။ စားကြွင်းစားကျန်ိများကို ကောက်စားသည်။ ပြည်တရွှဲရွှဲ ထွက်နေသော တကိုယ်လုံးရှိအနာစိမ်းကို ခွေးများကလျှက်ကြသည်။

၁၆:၂၂ ထိုသူတောင်းစားသေသွားသောအခါ ကောင်းကင်တမန်များက အာဗြဟံ ရင်ခွင် သို့သယ်ဆောင်သွားကြသည်။ ဤနေရာတွင် တွေးတောမေးမြန်းစရာရှိပါသည်။ ယုံကြည်သူများ၏ ဝညာဉ် သည် ကောင်းကင်နိုင်ငံသို့ ချက်ချင်းရောက်ပါသလားဟုမေးနိုင်သည်။ ဤနေရာတွင် အခြားအကျိုးအ ကြောင်းဖော်ပြချက်မတွေ့ရပါ။ ကောင်းကင်တမန်များသည် ယုံကြည်သူများ၏ အသက်တာကို ပံ့ပိုးသူများ ဖြစ်သောကြောင့် ထိုသို့ချက်ချင်းမပို့ဆောင်နိုင်စရာအကြောင်းမရှိတန်ရာ။ အာဗြဟံရင်ခွင်ဆိုသည်မှာ သုခ ချမ်းသာနေရာကိုဆိုလိုသည်။ ယုဒလူမျိုးများအတွက် အာဗြဟံသည် စံပြသူရဲကောင်းဖခင်ကြီးဖြစ်သော ကြောင့် မြင်သာအောင်ဖော်ညွန်းခြင်းဖြစ်သည်။ ထိုအာဗြဟံ၏ ရင်ခွင်နှင့်တူသော ကောင်းကင်နိုင်ငံသို့ ရောက်ရှိကြမည်မှာ မှန်ပါသည်။ သူဌေးကြီးသေလွန်သောအခါ သူ၏ ခန္ဓာကို မြုပ်နှံကြသည်။ သူ့ခန္ဓာကိုယ် အားအစားအသောက်အတွက် လွန်ကျူးစွာ အသုံးချခဲ့ပြီးဖြစ်သည်။

၁၆:၂၃-၂၄ ထိုမျှမကသေးပါ။ သူ့စိတ်ဝိညာဉ်ကိုမူ ငရဲပြည်သို့ရောက်သွားသည်။ ငရဲပြည် ဟူသော စကားကို ဂရိဘာသာဖြင့် Sheol ဟုဆိုသည်။ အပယ်ခံဝိညာဉ်များနေရာဖြစ်သည်။ ဓမ္မဟောင်း ကာလတွင်မူ ကယ်တင်ခြင်းရသူဖြစ်စေ၊ မရသူဖြစ်စေ ထိုနေရာသို့ ရောက်ရသည်ဟု အယူအဆရှိသည်။ ဤကျမ်းပိုဒ်အရမူ ကယ်တင်ခြင်းမရသူများသာ ရောက်ရှိသည်ဟုနားလည်ရသည်။ အဘယ်ကြောင့် ဆိုသော် သူဌေးကြီးသာလျှင် ထိုနေရာရောက်ကြောင်း ဖတ်ရသည်။

ယုဒသူဌေးကြီး ငရဲပြည်ရောက်ကြောင်း သခင်ယေရှုပြောစကားကြားသိကြသောအခါ တပည့်တော်များ လန့်ဖြန့်ကုန်သည်။ အဘယ်ကြောင့်ဆိုသော် ကြွယ်ဝချမ်းသာခြင်းသည် ဘုရားပေး ကောင်းကြီးမင်္ဂလာဖြစ်သည်ဟု ဓမ္မဟောင်းက သွန်သင်ထားသည်။ ဘုရားသခင်၏ စကားတော်နားထောင် သော ဣသရေလများသည် ကြွယ်ဝချမ်းသာကြသည်ဟု နားလည်ကြသည်။ ထိုသို့ဆိုလျှင် ဤယုဒသူဌေး ကြီးသည် ငရဲပြည်သို့ မည်သို့ ရောက်သွားသနည်း။ သခင်ယေရှုက ယောဟန်က အစပြု၍ ဟေားကြားခိုင်း သည်မှာ ကြွယ်ဝချမ်းသာခြင်းသည် ကောင်းကြီးမင်္ဂလာ၏ အင်္ဂါရပ်မဟုတ်။ ဘုရားသခင်အပေါ် ယုံကြည် ခြင်းရှိမရှိ၊ ဆန်းစစ်ခြင်းဖြစ်သည်။ များများရသောသူသည် များများလိုချင်ကြသည်။

ဤကျမ်းပိုဒ်က “စိတ်ဝိညာဉ်” အိပ်ပျော်သည် မဆိုလိုပါ။ စိတ်ဝိညာဉ်သည် သေခြင်းနှင့် ထမြောက်ခြင်းအကြားအသိတရားမဟုတ်ပါ။ သင်္ချိုင်းကုန်း၏ အခြားတဖက်တွင် အသိတရားရှိသည်ဟုသိ ရသည်။ အာဗြဟံ၏ ရင်ခွင်တွင် လာဇရုလဲလျောင်းနေကြောင်းလှမ်းမြင်သည်ဟုဆိုသည်။ အာဗြဟံနှင့် ဆက်သွယ်နိုင်သေးသည်။ အဘအာဗြဟံ၊ လာဇရုအား ရေတစက်လောက သူ့လျှာပေါ်သို့ ချဖို့ပြောပေးပါ ဟုဆိုသည်။ စဉ်းစားစရာပေါ်လာသည်။ မီးတောက်မီးလျှံကြားရောက်နေသူ ခန္ဓာကိုယ် မရှိသူက ရေငတ် နိုင်ပါသလား။ အမှန်တကယ်ခံစားခြင်းမဟုတ်။ ပုံဥပမာပေးခြင်းသာ ဖြစ်မည်ဟု ကောက်ချက်ချရသည်။

၁၆:၂၅ အာဗြဟံက ထိုသူဌေးကြီးအား ငါ့သားဟုခေါ်သည်။ ဝိညာဉ်အားဖြင့် သားတော် စပ်ခြင်းမဟုတ်။ လူ့အသွေးအသား၊ ဇာတိအားဖြင့် သားတော်စပ်ခြင်းဖြစ်သည်။ အာဗြဟံက သူဌေးကြီး အား လူ့ဘဝတွင် သက်တောင့်သက်တာ ဇိမ်ရှိစွာ နေထိုင်ခဲ့ပုံ၊ မိမိမှလွဲ၍ အခြားအမှုအရာများကို ဂရုမစိုက် ခဲ့ပုံများကို ထောက်ပြသည်။ လူ့ဘဝကာလတွင် လာဇရုသည် ပင်ပန်းဆင်းရဲစွာ နေခဲ့သည်။ ယခုသင်္ချိုင်း ကုန်း၏ အခြားဘဝတွင်မူ သူတို့ နှစ်ဦးဘဝသည် ဇောက်ထိုးပြောင်းပြန်ဖြစ်ကုန်သည်။ လောက လူ့ဘဝ သည် အတိတ်ဘဝတွင် ကျန်ရစ်ခဲ့ပြီ။

၁၆:၂၆ ယခုလက်ရှိဘဝသည် ထာဝရကာလအတွက် ရွေးချယ်သည့် အခွင့်အရေး ဖြစ်ကြောင်း၊ ဤကျမ်းပိုဒ်က သင်ခန်းစာပေးပါသည်။ သေခြင်းတရားက ရှေးကံကြမ္မာနှစ်ခုအနက် မည် သည့်အရာကို ရွေးချယ်မည်နည်း။

၁၆:၂၇-၃၁ ထိုသူဌေးကြီးသည် သေလွန်သည်နှင့် တပြိုင်နက်ဧဝံဂေလိဆရာဖြစ်သွား သည်။ သူ့လောကရှိညီငါးယောက်အား ငရဲပြည်သို့ မရောက်မည့်နည်းလမ်းသွားပြောပြပေးရန် အာဗြဟံ ကိုအကူအညီတောင်းသည်။ အာဗြဟံက သင့်ညီများသည် ယုဒလူမျိုးများဖြစ်၍ ကျမ်းစာကိုင်ဆောင်သူများ ဖြစ်သောကြောင့် လုံလောက်ပါသည်။ သွားပြောစရာမလိုပါဟုဆိုသည်။ သူဌေးကြီးက “ထိုမျှနှင့် မလုံ လောက်သေးပါ။ သေရွာမှ လူတယောက်ယောက် သွားပြောလျှင်ယုံကြည်နောင်တရကြမည်”ဟု ထပ်ဆို သည်။ ထိုစကားသည် သခင်ယေရှုခရစ်ကို ဖော်ညွန်းခြင်းဖြစ်သည်။ သေခြင်းမှ ထမြောက်၍ သွားပြော သော်လည်း မယုံကြည်ကြသေး။

ဓမ္မသစ်ကျမ်းကမူ ယုံကြည်သူကွယ်လွန်လျှင် ရုပ်ခန္ဓာကိုယ်ကို မြေကြီးထဲသို့ မြုပ်နှံရသော် လည်း စိတ်ဝိညာဉ်သည် ကောင်းကင်နိုင်ငံခရစ်တော်ထံသို့ ရောက်ရှိသည် (၂ကော ၅:၈၊ ဖိ ၁:၂၃) ဟုသွန်သင်ပါသည်။ မယုံကြည်သူ သေလွန်လျှင် ရုပ်ခန္ဓာကိုယ်မြေကြီးထဲမြုပ်နှံ၍ စိဝိညာဉ်သည် သေရွာ သို့ရောက်သွားပါသည်။ ထိုသေရွာသည် ဆင်းရဲဒုက္ခဝေဒနာခံစားရာ၊ ခံပြင်းနာကျည်းရာ နေရာဖြစ်သည်။

ချီဆောင်ခြင်းကာလရောက်သောအခါ ယုံကြည်သူများ၏ ခန္ဓာကိုယ်ထမြောက်၍ စိတ်ဝိ ညာဉ်နှင့် ပြနလည်ပေါင်းစပ်မည် (၁သက် ၄:၁၃-၁၈)။ သို့နောက်ခရစ်တော်ထံတွင် နိစ္စထာဝရစိုးစံမည်၊ မဟာမလ္လင်ဖြူတရားစီရင်ခြင်းရောက်သောအခါ မယုံကြည်သူများ၏ ရုပ်ခန္ဓာ၊ စိတ်နှင့်ဝိညာဉ်များလည်း ပြန်လည်ပေါင်းစပ်၍ တရားစီရင်ခြင်းနာခံကြမည်။ ထာဝရအပြစ်ဒဏ်အဖြစ်မီးအိုင်ထဲသို့ပစ်ချခြင်းခံရမည် (ဗျာ ၂၀:၁၂-၁၃)။

ဤအခန်း ၁၆တွင် ငွေနောက်လောကဘဇောတက်သော ဖာရိရှဲများအား ကြပ်တည်းစွာ သတိပေးခြင်းဖြစ်သည်။ ထိုသူများသည် မိမိဝိညာဉ်အတွက် သေတွင်းတူးသူများဖြစ်သည်။ ငရဲပြည်မှာ ရေတစက်တောင်းခြင်းထက် မြေကြီးပေါ်တွင် ထမင်းတလုတ်တောင်းခြင်းက သက်သာပါသည်။

Previous Article
Next Article