ဟေဗြဲသြဝါဒစာ ၁

၁။ ခရစ်တော်၏မဟာလူသားပါဝင်မှု (:၁၊၄:၁၃)

(က) ပရောဖက်ထက်ခရစ်တော်ကြီးမြတ်မှု (:၁ဝ၃)

    : ဤကျမ်းပိုဒ်ထက် ရှင်းလင်းနားလည်လွယ်သော အခြားဩဝါဒစာမရှိပါ။ နိဒါန်းအဖွင့် ပဏာမ ခြေဆင်းစကားများမပါဘဲ ဆိုလိုရင်းကိုထိမိအောင်ဖွင့်ဆိုထားသည်။ ဝိညာဉ်တော်အသိ ဖြင့် သခင်ယေရှုခရစ်တော်၏အမြင့်ဆုံးသော ဘုန်းတန်းခိုးကိုပြသခြင်းဖြစ်ဟန်တူသည်။

အစတွင်ဘုရားသခင်စေခိုင်းသော ပရောဖက်များဖွင့်ပြချက်များကို သားတော်ယေရှု၏ ဖွင့်ဟချက်များနှင့် နှိုင်းယှသ်သည်။ ပရောဖက်များသည်ဘုရားသခင်၏ ပြောရေးဆိုခွင့် ရှိသူများ ဖြစ်သည်။ ယေဟောဝါဘုရားရှင်၏အစေခံများဖြစ်သည်။ အမှုတော်တွင်ပရောဖက်များ၏ ဝိညာဉ်ရေးရာ ကြွယ်ဝမှုများကို ဓမ္မဟောင်းကျမ်းတွင် မှတ်တမ်းတင်ထားပါသည်။

အမှုတော်၌ ပရောဖက်များ၏လုပ်ဆောင်ချက်များသည် အချိန်ပိုင်း၊ နေရာပိုင်းဖြင့် အပိုင်းပိုင်း ရှိခဲ့သော်လည်း သွန်သင်ချက်များသည် ဗျာဒိန်တော်ဖွင့်ပြခြင်းဖြင့် သွန်သင်ကြသည်။ သို့သော် ပရောဖက်ပြုချက်များအားလုံး ပြည့်စုံခြင်းမရှိခဲ့ပါ။

သမ္မာတရားကို သွန်သင်ရာတွင် သမ္မာတရားခြည်းသာ အတုံးလိုက်အတစ်လိုက် ထပ်ခါတလဲလဲ သွန်သင်သည်မဟုတ်ပါ။ ပရိတ်သတ်များထိတွေ့ဆက်ဆံရာတွင် ချောမွေ့နိုင်သည့် လူထုဆက်သွယ်ရေး နည်းလမ်းမျိုးစုံသုံးကြသည်။ ပညတ်ချက်ကဲ့သို့တဖုံ၊ သမိုင်းဖြစ်စဉ်ကဲ့သို့ တမျိုး၊ ကဗျာကဲ့သို့တသွယ်၊ ပရောဖက်ပြုချက်ကဲ့သို့တစ်နည်း၊ နည်းလမ်းအဖုံဖုံသုံးခဲ့ကြသည်။ တစ်ခါတရံနှုတ်ဖြင့်ဟောကြား၍၊ တစ်ခါတလေစာစောင်ဖြင့်ရေးသားပေးပို့သည်။ တစ်ခါတရံ ရူပါရုံ၊ အတိတ်နိမိတ်၊ ဒဏ္ဍာရီပြဇာတ် သဖွယ်ဟောကြားရသည်။ မည်သည်ဆက်သွယ်ရေးနည်းလမ်း အသုံးပြုစေကာမူ၊ အဓိကရည်ရွယ်ချက် မှာ ထိုခေတ်ထိုအခါတွင် အမျိုးမျိုးအဖုံဖုံ အယူကွဲပြားနေကြသော ယုဒလူမျိုးက ဘုရားရှင်တော်၏ ကောင်းကြီးမင်္ဂလာဦးစွာခံစားရသည့် လူမျိုးဖြစ်ကြောင်း သိကြားစေရန်ဖြစ်သည်။

: အချိန်ပိုင်း၊ ကာလပိုင်းဖြင့်နေရာအနှံ့အပြားတွင် ဓမ္မဟောင်းပရောဖက်များသည် ဘုရားရှင်တော်၏ အရိပ်သဏ္ဍာန်သဖွယ် ဟောကြားခဲ့ကြသော်လည်း နောက်ဆုံးတွင်ကား ဘုရားသားတော်သို့ ဆုံဆည်းကြသည်။ ပရောဖက်များသည် ဘုရားရှင်တော်ဖွင့်ပြသော လေလှိုင်းသံ ကြားသိသူများဖြစ်သည်။ သခင်ယေရှုသည် နောက်ဆုံးဖွင့်ပြသောဘုရားလူသား ဖြစ်သည်။ ထိုအကြောင်းကို ရှင်ယောဟန်က ”ဘုရားသခင်ကိုအဘယ်သူမှမမြင်စဖူးသော်လည်း၊ခမည်းတော်၏ ရင်ခွင်၌ရှိသော တပါးတည်းသောသားတော်သည် ဘုရားသခင်ကို ထင်ရှားစေပြီ” (ယော ၁:၁၈)ဟု ဆိုထားသည်။ ယေရှုသခင်ကိုယ်တော်တိုင်ကလည်း ”ငါ့ကိုမြင်သောသူသည် ခမည်းတော်ကို မြင်ရ၏” (ယော ၁၄:၉) ဟု ဝန်ခံထားပါသည်။ ဘုရားသခင်ကိုမြင်ရဘိသကဲ့သို့ ပြောခြင်းမဟုတ်ပါ။ ဘုရားအဖြစ်တွေ့မြင် သည့်အကြောင်း ဖြစ်သည်။

ရှေးပရောဖက်များသည် အရာခပ်သိမ်းကို အမွေဆက်ခံမည့်သူ ဘုရားသခင်၏ သားတော် ပေါ်ထွန်းမည်ဟု ဟောကြားကြသည်။ ထိုစကားသည် ကမ္ဘာမိုးမြေ စကြာဝဠာတခွင်လုံးစိုးမိုးမည့် အကြောင်းဖြစ်သည်။

ဘုရားရှင်ကထိုသားတော်ဖြင့် ကမ္ဘာလောက မိုးမြေဖန်ဆင်းသည်။ သားတော်သည် ကြယ် နက္ခတ်တာရာများ၊ အာကာသမိုဃ်းကောင်းကင်အရာများ၊ ကမ္ဘာမြေ၊ လူမျိုးများနှင့် အချိန်ကာလ များကို ယူဆောင်လာသူဖြစ်သည်နာမ်ဝိညာဉ်နှင့် ရုပ်ဝတ္တုမှစ၍ အရာရာတိုင်းကို သခင်ဘုရားက ဖန်ဆင်းသည်။

: အဘဘုရားသခင်၏ ကောင်းကြီးမင်္ဂလာစီးဆင်းရာဖြစ်သည်။ အဘဘုရားသခင်၌ ပြည့်စုံ သကဲ့သို့ သခင်ဘုရား၌လည်း ပြည့်စုံသည်။ ကိုယ်တော်၌ ဘုန်းတန်ခိုးအားနုဘော် ပြည့်လျှံသည်။ ဘုရားသခင်၌ရှိတော်မူသော စိတ်သဘောတော်နှင့် ဝိညာဉ်ကောင်းကြီးမင်္ဂလာဟူသမျှ သခင်ဘုရား၌ လည်းရှိသည်။

ထိုထက်ပြောရလျှင် သခင်ယေရှုအား တွေ့မြင်ခြင်းသည် ဘုရားရှင်တော်အား တွေ့မြင်ခြင်းဟု ဆိုနိုင်သည်။ သို့သော်ထိုသို့ဆိုရာတွင် ရုပ်အသွင်အပြင် သဏ္ဍာန်အားဖြင့်မဟုတ်။ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်သည်အနှစ်သာရဖြစ်၍ဝိညာဉ်တော်လည်းဖြစ်သည်။ သို့ကြောင့် သခင်ခရစ်တော်ကို ဖူးတွေ့ခြင်းသည်အဘဘုရားသခင်အား ဖူးတွေ့ခြင်းဖြစ်သည်ဟုသာ မှတ်ယူ ရမည်။ ထို့ထက်နီးစပ်သော ပုံပမာပြစရာမရှိပါ။ သားတော်သခင်ဘုရားသည် လူသားအဖြစ် ခံယူသော်လည်း နှုတ်တော်ထွက် စကားနှင့်အပြုအမှုသည် ဘုရားရှင်တော် အစစ်ဖြစ်သည်။

သို့ကြောင့် နှုတ်တော်ထွက် တန်ခိုးဖြင့် ကမ္ဘာမိုးမြေအား ဩဇာညောင်းစေသည်။ ကမ္ဘာ လောကသားများအတွက် ကြွလာကြောင်းကိုယ်တော်၏စကားတော်ကိုဆင်ခြင်ကြည့်ပါ (၁၁:၃)။ ကိုယ်တော်၏ စကားသည် အသက်နှင့်သက်ဆိုင်ကြောင်း၊ ကမ္ဘာမိုးမြေသို့လည်း သက်ရောက်ကြောင်း ဆိုထားသည်။ အရာခပ်သိမ်းသည်ကိုယ်တော်အားဖြင့်သာ တည်ရှိ နေကြကြောင်း (ကော၁:၁၇)တွင် ရေးသားထားသည်။ ဤအချက်သည် သိပ္ပံပညာရှင်များ အဖြေရှာမတွေ့သော ပဟေဠိ၏ အဖြေဖြစ်သည်။ အရာခပ်သိမ်း သည်အဘယ်ကြောင့် စနစ်တကျ တည်ရှိနေကြသနည်းဟု သိပ္ပံပညာရှင်များကအဖြေရှာ ဦးနှောက် ခြောက်နေကြသည်။ အခြားမဟုတ်ပါ။ ဤကျမ်းပိုဒ်အတိုင်း ယေရှုခရစ်တော်သည် မဟာ့မဟာဖြစ်၍ ကိုယ်တော်၏ နှုတ်တော်ထွက်စကားအားဖြင့် အရာခပ်သိမ်းတည်နေခြင်းဖြစ်သည်။

ကယ်တင်ရှင်ဘုရားသခင်၏ကောင်းကြီးမင်္ဂလာသည် အံ့အားသင့်ဖွယ်ကောင်းလှပါသည်။ ကျွန်ုပ်တို့၏အပြစ်ဟူမျှကိုကိုယ်တော်တိုင်ဆောင်ကြဉ်းသွားခြင်းဖြစ်သည်။ ဖန်ဆင်းရှင်နှင့်အရှင်သခင်သည် အပြစ်ဆောင်ကြဉ်းသူဖြစ်သည်။ နှုတ်ကပတ်တော်တခွန်းဖြင့် မိုးမြေတစ်ခုလုံး အမိန့်ပေး နိုင်သည်။ ပြုပြင်နိုင်သည်။ ညွှန်ကြားနိုင်သည်။ သို့သော်ကျွန်ုပ်တို့လူများ၏ အပြစ်ကိုဆောင်ကြဉ်းရာတွင်မူကား ကရာနီလက်ဝါးကပ်တိုင်ပေါ်တွင် အသေခံရသည်။ ကောင်းကင် ဘုံရှင်ဘုရားသခင် လူ့လောကသို့ သက်ဆင်းလျက် သိုးသငယ်ပမာ အသေခံခြင်းသည် အလေးအနက် စဉ်းစားဆင်ခြင် စရာဖြစ်သည်။ Isaac Watts’ ၏ တေးကဗျာအတိုင်းဆိုလျှင် ”အံ့ဖွယ်မေတ္တာကြီးလှပေ။ ငါ့ဝိညာဉ်၊ ငါ့ဘဝ၊ ငါ့အရာ အားလုံးအတွက် ကြီးမားလှပေ” ဟုဆိုရမည်။

နောက်ဆုံးတွင်မူ ကိုယ်တော်သည်ဘုရားရှင်တော်၏ ပလ္လင်တော်တွင်စိုးစံကြောင်း တွေ့ရသည်။ မြင့်သောအရပ်မှာတန်ခိုးအားနုဘော်တော်၏ လင်္ကျာဘက်၌ထိုင်တော်မူ၏ ကိုယ်တော် စိုးစံတော်မူ၏ အနားယူခြင်းဖြစ်သည်။ လုံးလုံးလျားလျား အနားယူခြင်းကားမဟုတ်။ အမှုတော် ပြီးစီးသဖြင့် အမောဖြေ ခြင်းသာဖြစ်သည်။ထိုအပြုအမှုကြောင့် ကယ်တင်ခြင်းအမှုတော်သည် ပြည့်စုံပြီးစီကြောင်းနားလည် ရသည်။  ငါ့လင်္ကျာဘက်၌ထိုင်နေလော့ ဟူသောစကားသည် ကိုယ်တော်၏ ဂုဏ်သိက္ခာအဆင့် အတန်းကိုထုတ်ဖော်ခြင်းဖြစ်သည်။ (၁:၁၃)။ ကိုယ်တော်၏ အောင်ပွဲအား အသိအမှတ်ပြုခြင်း ဖြစ်သည်။ လင်္ကျာဘက်သည်ဘုန်းတန်ခိုး(မ ၂၆:၆၄)၊ ဝမ်းမြောက် ရွှင်လန်းရာ (ဆား ၁၆:၁၁)ဖြစ်သည်။ အာဏာ စက်တန်ခိုးသည် လက်ယာဘက်၌ ရှိတော်မူသဖြင့် (၁ပေ၃:၂၂) ကယ်တင်ရှင်ခရစ်တော်သည် မိုးမြေကမ္ဘာ သို့ အာဏာစက် သက်ရောက်သူဖြစ်ကြောင်း၊ ထင်ရှားသည်။

သခင်ဘုရားလျှောက်လှမ်းခဲ့သည့် ဖန်ဆင်းခြင်းမှစ၍ ကရာနီကုန်းတော်ခရီးထိကြည်လျှင် ပရောဖက်ပြုချက်များသည်အနည်းငယ်မှေးမှိန်သယောင်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ပရောဖက် ပြုချက်များသည် အရပ်သဏ္ဍာန်သာရှိခဲ့သည်။ ပရောဖက်အပေါင်းတို့သည် ထိုသခင်၏ သက်သေခံ ဖြစ်ကြလိမ့်မည်(တ ၁ဝး၄၃)ဟုဆိုထားပါသည်။ ကိုယ်တော်တိုင်ကြွလာခဲ့ပြီ၊ မြင်ကွင်းမှ ယခု ပျောက်ကွယ်နေပြီ။

() ကောင်းကင်တမန်ထက် ခရစ်တော်ကြီးမြတ်ခြင်း (::)

နောက်တဆင့်မှာ ကောင်းကင်တမန်ထက် ခရစ်တော်ကြီးမြတ်ကြောင်းကို ဖော်ပြထားသည်။ ရဟူဒီလူမျိုးသည် ကောင်းကင်တမန်များကို ကိုးကွယ်သူများသောကြောင့် ဤအချက်သည် အရေးကြီသည်။ ကောင်းကင်တမန်များနှင့်ပတ်သက်၍ ကျမ်းပိုဒ်များရှိပါသည်။ (တ ရ:၅၃၊ ဂလာ ၃:၁၉)။ ကောင်းကင်တမန်များသည် ဖန်ဆင်းခြင်းအစပိုင်းတွင် ဘုရား၏လူသားများနှင့် လွတ်လပ်စွာ ပေါင်းသင်းဆက်ဆံခဲ့ကြကြောင်းကိုလည်း မှတ်တမ်းမှတ်ရာ ရှိခဲ့သည်။ ရဟူဒီ ဘာသာရေးကို စွန့်လွတ်၍ ခရစ်တော်အား လက်ခံဖို့ရန် ထိုအယူအဆသည် လွန်စွာခက်ခဲသည်။ အဘယ်ကြောင့်ဆိုသော် မိရိုးဖလာရိုးရာထုံးတမ်းစဉ်လာကို စွန့်လွတ်သောကြောင့် လူမျိုးရေးအမွေ ဖြတ်တောက်ခံရတော့မည်။ အမျိုးအဖြစ်မှ စွန့်လွတ်ပစ်ပယ်ခြင်းခံရတော့မည်။ ထိုရွေးချယ်မှုသည် သမ္မတရားဖြစ်သည်။ ခရစ်တော် လက်သင့်ခံလျှင် ကောင်းကင်တမန်များပါ စိုးပိုင်ပြီးသား ဖြစ်သွားမည်။ သို့ကြောင့် ဦးစွာဘုရား သားတော် (၁:၄-၁၄) အဖြစ်၎င်း၊ ထိုနောက်မှ လူ၏သား(၂:၅-၁၈)အဖြစ်၎င်း လက်ခံရရှိပေမည်။

သခင်ခရစ်တော်သည် ကောင်းကင်တမန်များထက်မနှိုင်းယှဉ်သာအောင်ကောင်းမြတ်သည်။ ကောင်းကင်တမန်များထက် ဘုန်းတန်ခိုးနာမတော်ကြီးမြတ်သည်။ ပထမဦးစွာ ကိုယ်တော်၏ ကြီးမြတ်ခြင်းကိုဝန်ခံပြီးမှ နိစ္စာထဝရတည်မြဲခြင်းကို ဝန်ခံရသည်။ ကိုယ်တော်၏ ကြီးမြတ်ခြင်းကို ရှင်သန်ထမြောက်တော်မူခြင်း၊ ပြန်လည်ကြွမြန်းခြင်းနှင့်ခရစ်တော်ဘုရားအဖြစ် စိုးစံခြင်းအားဖြင့် သက်သေထူနိုင်သည်။ ကိုယ်တော်ဘုရားအသေခံရာတွင်မူ ကောင်းကင်တမန်တော်များထက် အနည်းငယ်နှိမ့်ချတော်မူသည်။ (၂:၉)။ သို့သော် အဘဘုရားသခင်သည် ကိုယ်တော်အား အမြင့်ဆုံးသော နေရာတွင် စိုးစံခွင့်ပေးသည်။

ကိုယ်တော်၏ နိစ္စထာဝရစိုးစံခြင်းသည် ဘုရားသခင်၏ သားတော်အရာဖြင့် စိုးစံခြင်း ဖြစ်သည်။ ဘွဲ့နာမတော်မှာ သားတော် ဖြစ်သည်။

:ဘုရားသခင်၏ သားတော်မေရှိယဖြစ်ကြောင်းကိုဓမ္မဟောင်းကျမ်းမှ ကျမ်းပိုဒ်နှစ်ခု သက်သေ ထူပါသည်။ (ဆား ၂:၇)တွင် ထာဝရဘုရားကသင်သည် ငါသားဖြစ်၏ ယနေ့ပင်သင့်ကို ငါဖြစ်ဘွားစေပြီ‘ ဟုဆိုထားပါသည်။ တစ်နည်းပြောရလျှင် ကိုယ်တော်သည် ထာဝရသားတော် ဖြစ်သည်။ အနှစ်သက်ဆုံးလည်းဖြစ်သည်။ တတိယအချက်အဖြစ် ပြောရလျှင် ကိုယ်တော်သည် သေသောသူတို့တွင် သားဦးဖြစ်၏(ကော၁:၁၈)။ ရှင်ပေါလုက အန္တီအုတ်တရားဇရပ်၌ ဟောကြားစဉ်တွင်လည်း ဤကျမ်းစကားကို ဟောပြောခဲ့သည် (တ ၁၃:၃၃)။

သို့သော်အဓိကအချက်မှာ ဘုရားရှင်သည် ကောင်းကင်တမန်များကို သားတော်ကဲ့သို့ ဘယ်သောအခါ တန်းတူမထားပါ။ စုပေါင်းခြုံငုံ၍သာ ဘုရားသားသမီးများဟု ခေါ်ထားသည် (ယောဘ ၁:၆၊ ဆာ ၈၉:၆)။ သို့သော် ထိုကျမ်းပိုဒ်တွင် သတ္တဝါထက်ပိုမပြောပါ။ ယေရှုခရစ်တော်ကို ဘုရားသားတော်ဟုဝန်ခံသည်။ ဘုရားရှင်နှင့် တန်းတူရည်တူသဘောထားသည်။

ဒုတိယကျမ်းပိုဒ်မှာ ”ငါသည် သူ့အဘဖြစ်မည်။၊ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်” (၂ရာ ရး၁၄)ဟူသောကျမ်းချက်ဖြစ်သည်။ ထိုကျမ်းစကားကို ရှောလမုန်က ကိုးကားရာတွင်လည်း ဒါဝိဒ်၏ သားထက်ကြီးသောသူအဖြစ် သန့်ရှင်းသောဝိညာဉ်တော်က ညွှန်ပြပေးသည်။ ကောင်းကင် တမန်များကို ထိုသဘောမျိုးဘယ်သောအခါမှ ပြောရိုးမရှိခဲ့။

: တတိယအချက်တင်ပြသည်မှာ ခရစ်တော်သည် ကောင်းကင်တမန်များ၏ကိုးကွယ်ရာ ဖြစ်သည်။ ကောင်းကင်တမန်များသည် ကိုယ်တော်၏ သတင်းပေးနှင့်အစေခံများသာဖြစ်သည်။ ထိုအကြောင်းကို (တရား ၃၂:၄၃)နှင့် (ဆာ ၉ရ:၇)တွင် တွေ့ရသည်။

တရားဟောရာကျမ်းတွင် ပထမဦးဆုံးမွေးဖွားခြင်း ခံတော်မူမည့် အရှင်ကိုဖော်ညွှန်းသည်။ တမျိုးပြောရလျှင် ထိုကျမ်းစာစကားသည် ခရစ်တော်ပေါ်ထွန်းလာမည့် ရှေ့ပြေးစကားဖြစ်သည်။ ထိုချိန်ခါသည် ကောင်းကင်တမန်ပရိသတ်များက ချီးမွမ်းကိုးကွယ်ချိန်ဖြစ်သည်။ ဘုရားရှင် ဖြစ်ကြောင်း ဆိုလိုခြင်းလည်းဖြစ်သည်။ ရုပ်တုအဖြစ်ကိုးကွယ်ခြင်းဟုတ်။ ဘုရားစစ်ဘုရားမှန်အဖြစ် ကိုးကွယ်ခြင်းဖြစ်သည်။ ဘုရားရှင်တော်က ရှိခိုးရန် အမိန်တော်ရှိသောကြောင့် သခင်ဘုရားအား ကောင်းကင်တမန်များက ဦးချ ကိုးကွယ် ကြခြင်းဖြစ်သည်။

ပထမဦးဆုံးဘွားသောသူဟူသည်မှာပထမဦးဆုံးအရာပေးခံရသူ(လု၂:၇)ဖြစ်၍ပထမနေရာတွင် အလေးပေးခံရသူ (ဆာ ၈၉း၂၇)ဟု ဆိုလိုခြင်းဖြစ်သည်။ (ရော ၈:၂၉ နှင့် ကော ၁:၁၅-၁၈)တွင် လည်း ထိုသဘောအတိုင်းဆိုထားပါသည်။

:သားတော်၏ထူးမြတ်ခြင်းမူကား ဘုရားရှင်သည် ကောင်းကင်တမန်များကို နာမ်ဝိညာဉ် ကဲ့သို့၎င်း၊ အစေအပါးတို့ကို မီးတောက်မီးလျှံကဲ့သို့၎င်း ဖန်ဆင်းထားခြင်းဖြစ်သည်။ ကိုယ်တော် သည် ဖန်ဆင်းရှင်နှင့်ကောင်းကင်တမန်များ၏ အရှင်ဖြစ်သည်။ ကိုယ်တော်၏အလိုတောအား လေအလျင် ကဲ့သို့၎င်း၊ မီးလျှံကဲ့သို့၎င်း နာခံရသည်။

: ကောင်ကြီးမင်္ဂလာများသည် သားတော်နောက်တွင်နဂါးငွေ့တန်းသဖွယ် အစဉ်လိုက် ပါသည်။ ဘုရားရှင်တော်က ကိုယ်တော်အား ဘုရားရှင်ကဲ့သို့တန်းတူ သဘောထားခံယူသည်။ ဆာ ၄၅:၆ တွင် မေရှိယသခင်အား ”အို ဘုရားသခင်ကိုယ်တော်၏ ပလ္လင်သည် နိစ္စထာဝရ ပလ္လင်ဖြစ်ပါ၏” ဟု ဆိုထားပါသည်။ ယေရှုခရစ်တော်၏ ဇာတိတော်သည် အမှားအယွင်း အတိမ်း အစောင်း မရှိနိုင်ပါ။ ရဟူဒီရိုးရာထုံးတန်းစဉ်လာတွင် သာရှိနိုင်ကြောင်း ဟေဗြဲကျမ်းတွင် တွေ့ရမည် (ဟေဗြဲဩဝါဒစာ အခန်းတိုင်းသည် ဓမ္မဟောင်းနှင့်ယှဉ်လျှင်အနည်းဆုံး မေးခွန်းတစ်ခုစီ ထွက်လာ နိုင်သည်။)

ကိုယ်တော်သည်လည်းနိစ္စထာဝရစိုးစံသူဖြစ်သည်။ ပလ္လင်သည်လည်း အစဉ်အမြဲတည်သည်။ ကြယ်ရောင်လရောင် မလင်းသော်လည်း နိုင်ငံတော်သည် တစ်ဖက်ကမ်းမှ အခြားတစ်ဖက်ကမ်း တိုင်အောင် လင်းနေပေမည်။

ကိုယ်တော်သည် ဖြောင့်မတ်စင်ကြယ်ခြင်း ဘုရင်ဖြစ်တော်မူသည်။ ဆာလံဆရာက ဖြောင့်မတ်စင်ကြယ်ခြင်း၏ အာဏာစက် ဟုဆိုထားသည်။ ကိုယ်တော်၏နိုင်ငံတော်သည် အကြွင်းမဲ့ ဖြောင့်မတ် စင်ကြယ်ခြင်းနှင့် ဂုဏ်သိက္ခာဖြင့် မွှမ်းထုံးနေသည်။

၁:၉ ကိုယ်တော်၏ပင်ကိုယ် ကိုယ်ကျင့်သိက္ခာသည် ချစ်ခြင်းမေတ္တာပါသော ဖြောင့်မတ် စင်ကြယ်၍ မတရားမှုကိုမုန်းတီးသည်။ ကိုယ်တော်ဘုရား လူ့လောကတွင်(၃၃)နှစ်တာမျှ လူ့ဘဝခံယူခဲ့သော်လည်း အသက်တာတွင် အပြစ်ပြောစရာမြူတမှုံမျှမရှိခဲ့ပါ။ ဘုရားရှင်တော်က အပြစ်တစ်ခုမျှ မတွေ့ပါ။ ကိုယ်တော်၏အသက်တာဖြင့် သက်သေထူခဲ့ပါသည်။ အဘယ်ကြောင့် ဆိုသော် အဘဘုရားသခင်က အခြားအပေါင်းအဖော်များထက်မတူ၊ တမူထူးကဲစွာဆီလူး၍ ကောင်းကြီးမင်္ဂလာ ဘိသိက်ပေးထားသည်။ ခရစ်တော်ဘုရားအား ဝေနေယျသတ္တဝါများထက် ကြီးမြတ်သော နေရာတွင် ထားရှိသည်။ ဆီလူးခြင်း ဆိုသည်မှာ သန့်ရှင်းသောဝိညာဉ်တော်ကို ဆိုလိုသည်။ ”ထိုသူအားဘုရားသခင်သည် ဝိညာဉ်တော်ကို အတိုင်းအရှည်မရှိဘဲ ပေးတော်မူ၏” (ယော ၃:၃၄)။ အပေါင်းအဖော်ဆိုသည်မှာ ကိုယ်တော်နှင့် ဆက်စပ်ပတ်သက်သူဟူသမျှကို ဆိုလိုသည်။ အပေါင်းအဖော်ဆိုသော်လည်း ကိုယ်တော်နှင့်တန်းတူအခွင့်အရေးမရှိကြပါ။ ယေဘူယျအားဖြင့် ကောင်းကင်တမန်များကို ဆိုလိုသော်လည်း အဓိကအားဖြင့် ရဟူဒီညီအစ်ကို များကိုရည်ညွှန်းခြင်းဖြစ်သည်။

၁:၂ဝ ယေရှုခရစ်တော်သည် ကောင်းကင်နှင့်မြေကြီး ဖန်ဆင်းရှင်ဖြစ်သည်။ ထိုအချက်ကို (ဆာ ၁ဝ၂: ၂၅-၂၇) တွင် တွေ့နိုင်သည်။ ဆာလံဆရာက ”အို-အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်ကို ပယ်ရှင်းတော်မမူပါနှင့်” ဟု (ငယ် ၂၄)တွင် ဆိုထားသည်။ ဤဆုတောင်းချက်သည် ဂေသရှေမန် ဥယျာဉ်နှင့် ကရာနီကုန်းတော်ပေါ်က ဆုတောင်းချက်ဖြစ်၍ အဘဘုရားသခင် နားညောင်းတော် မူသည်။ ”ကိုယ်တော်သည်ရှေးဦးစွာ၌ မြေကြီးကိုတည်တော်မူပြီး မိုးကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသောအရာဖြစ်ပါ၏။

အခန်းငယ် ၁ဝမှ ကျမ်းစကားသည် ယေဟောဝါဘုရားရှင် သားတော်သို့ပြောဆိုသော စကားတော် ဖြစ်ကြောင်း၊ သတိမူကြပေမည်။ ကောက်ချက်ဆွဲလျှင် ဓမ္မသစ်ကျမ်းတွင် ယေရှု ခရစ်တော်သည် ယေဟောဝါဘုရားဘုရားသခင်၏ သားတော် အစစ်အမှန်ဖြစ်ပေသည်။

:၁၁၁၂ အငယ် ၁၁နှင့် ၁၂ ဖန်ဆင်းရှင်၏ အသိဉာဏ်သည် ပြောင်းလဲခြင်းမရှိ။ အနိစ္စ ထာဝရတည်မြဲကြောင်း ပြသသည်။ ဖန်ဆင်းသောအရာများသည် ပျက်စီးသွားနိုင်သော်လည်း ကိုယ်တော်မူကား ပျက်စီးခြင်းမရှိဘဲ၊ တည်မြဲနေသည်။ နေ၊ လ၊ ကြယ်၊ တောတောင်၊ ပင်လယ် သမုဒ္ဒရာနှင့်မြစ်ချောင်းများ ဖန်ဆင်းခြင်းသည် ရှေးပဝေသဏီက ဖြစ်သော်လည်း ယခုတိုင် တည်ရှိ နေပါသည်။ ထိုအကြောင်းကို ဆာလံဆရာက ဝတ်ရုံလိပ် သကဲ့သို့ဟုဖွဲ့ဆိုထားသည်။ ဦးစွာဖြန့်ခင်း ထားပြီး၊ ပြန်လည်ရုပ်သိမ်းမည်။ ထို့နောက် ထိုထက်ကောင်းသောအရာဖြင့် အစားထိုးမည်။ ပြောင်းလဲမှုနိယာမတည်း။

နှင်းခဲတောင်တန်းကြီးများ ကိုကြည့်ပါ။ နေရောင်ခြည်မှာနွေးထွေးပြီးနောက် တဖန် ကြယ်ရောင် လရောင် ဆမ်းဖြာလာပါသည်။ အဘယ်မျှ ကဗျာဆန်ပါသလဲ။ ခုနှစ်လွှာဝတ်ရုံ ဆင်မြန်းထားသည့်သဖွယ် တလွှာပြီးတလွှာပြောင်းလဲသွားမည်။ သို့သော် သင်ကားပြောင်းလဲခြင်း မရှိ။ သင့်အသက်တာလည်း ပြောင်းလဲမည်မဟုတ်။

:၁၃ ထို့ထက် ပြောစရာတစ်ခုရှိသည်ကား (ဆား ၁၁ဝ:၁)က သားတော်၏ကြီးမြတ်မှုကို သက်သေပြုပါသည်။ ထိုကျမ်းပိုဒ်တွင် ဘုရားရှင်က မေရှိယသခင်အား ”သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ ငါချမထားမှီတိုင်အောင် ငါ့ဘက်၌ ထိုင်နေလော့” ဟု ဆိုထားပါသည်။ ဘုရားသခင်က ကောင်းကင်တမန်များအား ထိုစကားမျိုး ပြောဘူးပါသလား။ ”မပြောဘူးပါ” ဟုသာ ဖြေရပါမည်။

ဘုရားရှင်တော်၏လက်ျာဘက်မှာထိုင်၍ နေရာယူခြင်းသည် အကြွင်းမဲ့တန်ခိုးရှိကြောင်းနှင့် အမြင့်မားဆုံးသော ရာထူးဌာနန္တရရှိသူဖြစ်ကြောင်း အသိအမှတ်ပြုခြင်းဖြစ်သည်။ ခြေတင်ရာ သို့ချမထားမီတိုင်အောင် ဆိုသောစကားသည် စကြဝဠာခွင်တပြင်လုံးအား ကိုယ်တော်၏ ခြေတော် အောက်၌ ရှိသည့်အကြောင်း သက်သေပြခဲ့သည်။

:၁၄ ကောင်းကင်တမန်များ၏ ရည်ရွယ်ချက်သည် အုပ်စိုးရန်မဟုတ်ပါ။ အစေခံရန်သာ ဖြစ်ပါသည်။ ဘုရားရှင်ကဖန်ဆင်းရာတွင် ဝိညာဉ်သားများဖြစ်၍ ကယ်တင်ခြင်း အမွေအနှစ် ခံစားခွင့် ရှိသူများဖြစ်သည်။ ထိုအကြောင်းကို အချက်နှစ်ချက်ဖြင့် နားလည်နိုင်သည်။ ပထမအချက်မှာ ပြောင်းလဲခြင်း မရှိသေးသူများအား အသိပေး နှိုးလန့်ခြင်းဖြစ်သည်။ ဒုတိယ အချက်မှာလူ့လောက အပြစ်နွံမှ ရုန်းမထွက်နိုင်သေးသော ယုံကြည်သူများအား မကူညီ နိုင်သော်လည်း အပြစ်ဒဏ်မှ ကင်းလွတ်မည့်သူများအား ထိန်းကျောင်းပေးပါသည်။

ကရုဏာရှင်များဟုခေါ်နိုင်သည်။ ထိုသမ္မာတရားအတွက်အံ့ဩစရာမရှိပါ။ အဘယ်ကြောင့် ဆိုသော် မကောင်းဆိုးဝါး စာတန်နှင့်တပည့်များသည် ဘုရားရှင်၏လူများအား အစဉ်နှောင့်ယှက် သွေးဆောင်ဖျက်ဆီးနေကြသောကြောင့် ဖြစ်သည် (ဧ ၆:၁၂)။ ကယ်တင်ခြင်းရရှိပြီးသူအများအား စောင့်ရှောက်ထိန်းသိမ်းရန် စင်ကြယ်သော ကောင်းကင်တမန်များ၏ အထောက်အမ မလိုအပ်ပေ ဘူးလား။

ကျမ်းပိုဒ်၏ အဓိကအချက်ကို ပြန်လည်ရှုစားကြရအောင်။ ကောင်းကင်တမန်များသည် ကယ်တင်ခြင်းရပြီးသူများအား ထောက်မအဖော်ပြုသည်။ ထို့အပြင် သားတော်က အာကာသ စကြဝဠာတခွင်အား အုပ်စိုးရာတွင် သားတော်ထက် နိမ့်သောရာထူးဖြင့် ပါဝင်ထောက်မ ကြသည်။

Previous Article
Next Article