ဧဖက်သြဝါဒစာ ၁

၁။ ခရစ်တော်၌ ယုံကြည်သူများ၏ အခန်းကဏ္ဍ (အခန်း )

(က) နှုတ်ခွန်းဆက်သခြင်း (:)

          : ပေါလုဟူသောစကား၏ အဓိပ္ပါယ်မှာ ”အသေးလေး” ဖြစ်သည်။ ရုပ်ခန္ဓာကိုယ်အားဖြင့် သေးငယ်လျှင် သေးငယ်မည်။ ဝိညာဉ်ရေးရာတွင် ဧရာမလူထွားကြီးဖြစ်သည်။ သူ့ကိုယ်သူ ယေရှုခရစ်တော်၏ တမန်တော် ဟု မိတ်ဆက် ထားသည်။ ဆိုလိုသည်မှာ အခြားတမန်တော်များနှင့်မတူ၊ သီးသန့် ရွေးကောက်ထားသည်ဟုဆိုလိုသည်။ ပေါလု၏ ဧဝံဂေလိ တရား ရည်ရွယ်ချက်မှာ တပါးအမျိုးသားများထံသို့ ဧဝံဂေလိတရားနှင့် အသင်းတော် သမ္မာတရား ဟောကြား ရန်ဖြစ်သည်။ (၃:၈-၉)။ ထိုစဉ်ကတည်းကပင် ဧဖက်သားများသည် အသင်းတော်နှင့်ထိတွေ့မှုရှိခဲ့သည်။ တမန်တော်နှင့် ပရောဖက်များဖြင့် အသင်းတော် သမ္မာတရား ဦးစွာသိရှိခွင့်ရကြသည် (၃:၅)။ သို့ကြောင့် ပေါလုက သူကိုယ်သူတမန်တော်တပါးအဖြစ် မိတ်ဆက်ခြင်းသည် အကျိုးအကြောင်း ဆီလျော်ပါသည်။ သို့သော် အသင်းတော်တရားစတင်သူ ဖြစ်သည်ဟု ထုတ်ဖော်ဝါကြားခြင်း မဟုတ်။ အသင်းတော်အစအကြောင်း ရှင်းပြခြင်းဖြစ်သည်။ ထိုသို့ပြောရေးဆိုခွင့် ရှိခြင်းသည် ဘုရားသခင်၏ အလို တော် ဖြစ်သည်။ တမန်တော်အမှုထမ်းဆောင်ဖို့ ပေါလုကရွေးချယ်ခြင်းမဟုတ်။ အစုအဖွဲ့က ခန့်အပ်ခြင်းလည်းမဟုတ်။ အစမှအဆုံးတိုင်အောင် ဘုရားသခင်က ခေါ်ယူခန့်ခွဲခြင်း ဖြစ်သည် (ဂလာ ၁:၁)။

ဩဝါဒစာကို ဧဖက်မြို့ရှိသန့်ရှင်းသူနှင့် ယေရှုခရစ်တော်ကို ယုံကြည်သူဟုလိမ့်မူထားသည်။ သန့်ရှင်းသူ ဆိုသည်မှာ လောကီမှုရေးရာမှထွက်ခွါလာပြီး ဘုရားသခင်ထံသို့ ခိုလှုံသူများဖြစ်သည်။ ဓမ္မသစ်ကျမ်းတွင်မူ  အသစ်တဖန် မွေးဖွားခြင်းခံရသူများဟု သုံးထားသည်။ အဓိကဆိုလိုချက်မှာ ခရစ်တော်ထဲ၌ အသက်ရှင်နေခြင်းကိုရည်ညွှန်းသည်။ ခရစ်တော်ထဲ၌ တည်မှီသူသည်သန့်ရှင်းသူဖြစ်သည်။ သို့သော် သူတို့ချည်းနေလျှင် သန့်ရှင်းသူမဟုတ်။ ဥပမာအားဖြင့် ကောရိန္ဘု သန့်ရှင်းသူများ၏(၁ကော ၁:၂)ကိုကြည့်ပါ။ သန့်ရှင်း စင်ကြယ်သူများ၏ အသက်တာသည် အမြဲပြည့်စုံနိုင်သည် မဟုတ်။ သန့်ရှင်းသူ မှန်လျှင် အမြဲစင်ကြယ်ရသည်။

ခရစ်တော်ကို ယုံကြည်သူများ ဆိုသည်မှာ ခရစ်တော်တပါးတည်းကိုသာ ကိုးကွယ်ဆပ်ကပ်သူများကို ဆိုလိုသည်။  ယုံကြည်သူများသည် ခရစ်တော်၌သစ္စာရှိသူများ၊ စိတ်ချရသူများဖြစ်သည်။ ခရစ်တော်ကို သိကျွမ်းခြင်း ဆိုသည်မှာ  ခရစ်တော် တပါးတည်းကိုသာ ကယ်တင်ရှင်သခင်အဖြစ် ခံယူခြင်းဖြစ်သည်။ ဧဖက်ကျမ်းနှင့် ပတ်သက်၍ အဓိကကျသောစကား(၂)ရပ် ရှိသည်။ ကျမ်းစာသုတေသီများက ဤဧဖက်ဩဝါဒကျမ်းကို လှည့်လည်စာအဖြစ် မှတ်ယူကြသည်။ နေရာအနှံ့အပြားမှ ခရစ်ယာန်များ လာရောက်စုစည်း ဖတ်ရှုကြရပေမည်။ ဧဖက်အသင်းတော်သည် ၎င်း၊ ဧဖက်ဩဝါဒစာသည်၎င်း ခရစ်ယာန် အသင်းတော်သမိုင်းတွင် ရှေးကျသည်။

: ထို့နောက် သန့်ရှင်းသူများကို နှုတ်ဆက်သည်။ စကားလုံးတိုင်းတွင် ဝိညာဉ်တော်ပါရှိသည်။ ယနေ့ကာလ အပေါ်ယံ နှုတ်ဆက်ခြင်းမျိုးမဟုတ်။

ကျေးဇူတော်ဆိုသည်မှာ ပေါလု၏နေ့စဉ် အသက်တာတွင် ဘုရားသခင်၏ကူညီထောက်ပံ့မှုကို ဆိုလိုသည်။  ပေါလု၏ စာဖတ်ပရိတ်သတ်များသည် ဘုရားသခင်၏ကျေးဇူးတော်ဖြင့်  ကယ်တင်ခြင်းရရှိသူများ ဖြစ်သည်။ ယခုမူ ပြဿနာများ၊ စုံစမ်းခြင်းများနှင့် ရင်နာစရာများကို ဖြေရှင်းနိုင်ရန် ဘုရားသခင်ထံတော်ပါးမှ အင်အား လိုအပ်နေသည်။  ထိုအခက်ခဲများကို ပေါလုအား အောင်ပွဲခံစေချင်သည်။

ငြိမ်သက်ခြင်း ဆိုသည်မှာ လှုပ်ရှားနေသောဘဝအသက်တာ၌ စိတ်နှလုံးချမ်းမြေ့ခြင်း ဖြစ်သည်။  ယုံကြည်သူများသည် အသက်တာပြောင်းလဲခဲ့စဉ်က ငြိမ်သက်ခြင်းမြည်းစမ်းသူများဖြစ်သည်။ သို့သော် နေ့စဉ်ရက်ဆက် တိုင်းမှာ ဘုရားသခင်ထံ ငြိမ်သက်ခြင်း လိုအပ်နေသည်။ ထိုသို့ငြိမ်သက်ချမ်းမြေ့ခြင်းရှိရန် တွေ့ကြုံရင်ဆိုင်ရသော အဖြစ် သနစ်တိုင်းကို ဘုရားသခင်ထံ အပ်နှံရသည် (ဖိ ၄:၆-၇)။

ဦးစွာကျေးဇူးတော်လာပြီးမှ ငြိမ်သက်ခြင်းက လိုက်ပါလာသည်။ နိယာမဖြစ်ပါသည်။ ဘုရားသခင်၏ ကျေးဇူး တော်ခံစားကြောင်း ထင်ရှားမှသာလျှင် ငြိမ်သက်ခြင်း ရရှိနိုင်သည်။ ဘုရားသခင်နှင့် အချိန်တိုင်း ဆက်စပ်နေမှ သာလျှင် ငြိမ်သက်ခြင်း ရရှိနိုင်သည်။

ကျေးဇူးတော် ဟူသောစကားသည် ဂရိစကား Charis မှ ဆင်းသက်လာခြင်းဖြစ်သည်။ ယုဒများက ငြိမ်သက်ခြင်း (Heb Shaslom)  ဟု နှုတ်ဆက်ကြသည်။ ထိုစကားလုံးနှစ်လုံးကို ပေါင်းစပ်၍ ဧဝံဂေလိတရားတွင် ကျယ်ပြန့်စွာ သုံးထား သည်။ ထိုစကားလုံးနှစ်လုံးကို အသင်းတော်တွင် ပေါင်းစပ်သုံးနှုန်းခြင်းဖြင့် ယုဒလူမျိုးနှင့်  တပါးအမျိုးသားများ စုစည်းခြင်း အဓိပ္ပါယ်ဆောင်ပါသည်။

          ဘုရားသခင်နှင့် သခင်ယေရှုထံမှလာသော ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း ဟုဆိုသောအခါ ခရစ်တော်နှင့် ဘုရားသခင်ကို တန်းတူသိမှတ်ခြင်းဖြစ်သည်။ သားတော်ကိုလည်း ခမည်းတော်ကဲ့သို့ ရိုသေမှုပြုခြင်းဖြစ်သည် (ယော :၂၃ ကိုကြည့်)။

          ခမည်းတော်ဘုရား ဟုဆိုရာတွင်အံအားသင့်ခြင်း မရှိကြပါနှင့်။ ဘုရားဟူသည်မှာ နှုတ်ဖြင့် မမြွတ်ဆိုနိုင်သော အရှင်သခင်ကို ရည်ညွှန်းခြင်းဖြစ်၍၊ ခမည်းတော် ဆိုသည်မှာ သွေးသားနီးစပ်မှု၊ ရင်းနှီးကျွမ်းဝင်မှုကို ဖော်ညွှန်းခြင်း ဖြစ်သည်။ ကျွန်ုပ်တို့၏ ဟုဆိုသောအခါ သခင်ယေရှုခရစ်တော်၌ အသစ်တဖန် မွေးဖွားကြသူများ၏ဟု အဓိပ္ပါယ် သက်ရောက်သည်။

ကယ်တင်ရှင်သခင်၏ နာမတော်အပြည်အစုံမှာ သခင်ယေရှုခရစ်တော်ဖြစ်သည်။ သခင် ဆိုသည်မှာ အကြွင်းမဲ့ ပိုင်ဆိုင်သည်။ စေလိုရာစေနိုင်သည်ဟု အနက်အဓိပ္ပါယ်ရသည်။ ခရစ်တော် ဆိုသည်မှာ ဘုရားသခင်ဘိသိတ်ပေးထားသော ပရောဖက်၊ ယာဇ်ပုရောဟိတ်၊ ဘုရင်ဟုအနက်ရသည်။ ကိုယ်တော်၏နာမတော်သည် အဘယ်မျှကျက်သရေ မင်္ဂလာနှင့် တင့်တယ်ပါသနည်း။

() ကျေးဇူးတော်မင်္ဂလာအား ချီးမွမ်းခြင်း (:၁၄)

          : နှုတ်ခွန်းဆက်ပြီးနောက် ချီးမွမ်းကိုးကွယ်သောသံစဉ်စကား ဆက်ထားသည်။ ဘုရားသခင်၏ကျေးဇူးတော် မင်္ဂလာတရား ခံစားကြပုံကို  ချီးမွမ်းထားသည် (ငယ် ၃:၁၄)။ ဘုရားသခင်၏ကယ်တင်ခြင်းသည် အတိတ်ကာလမှ နေ့ရက်စဉ်တိုင်းစီးဆင်းလျှက် အနာဂတ်တိုင်အောင် တည်မြဲနေပေမည်။  ထိုကယ်တင်ခြင်းတရားသည် လျှို့ဝှက်နက်နဲသော ဘုရားသခင်၏အလိုတော်ဖြစ်သည်။ ယုဒယုံကြည်သူများနှင့် တပါးအမျိုးသားယုံကြည်သူများပါ ဘုန်းတော်မင်္ဂလာအမွေခံ သူများဖြစ်သည်။

ဘုရားသခင်၏ ခေါ်သံကြား၍ အထံတော်သို့ရောက်လာသူများသည် မင်္ဂလာရှိသူများဖြစ်သည်။ ပါရမီအခံကောင်း သူများဖြစ်သည်။ စိတ်နှလုံးထဲမှ ချီးမွမ်းကိုးကွယ်ကြသူများဖြစ်၍ နှစ်လိုဖွယ်ရှိသူများဖြစ်သည်။ ကောင်းကြီးပေးသူ ဆိုသည်မှာ ခမည်းတော်ဘုရားသခင်နှင့် သခင်ယေရှုခရစ်တော် ကိုဆိုလိုသည်။ ဤနေရာတွင် သခင်ယေရှုကိုလည်း ဘုရားရှင်အဖြစ်သုံးထားသည် (မ ၂ရး၄၆)။ အခြားအချိန်များတွင် ခရစ်တော်က ဘုရားရှင်ကို ခမည်းတော်ဟု ခေါ်ဝေါ်သုံးစွဲ လေ့ရှိသည် (ယော ၁၀:၃ဝ)။ ကောင်းကြီးပေးသူသည် ကောင်းကြီးခံစားသူလည်းဖြစ်သည်။ ယုံကြည်သူများ ချီးမွမ်းခြင်းသည် ကိုယ်တော်အား ကောင်းကြီးပေးခြင်းဖြစ်သည်။ ကိုယ်တော်ဘုရားက ယုံကြည်သူများအား ကျေးဇူးတော်အားဖြင့် ကြွယ်ဝချမ်းသာစေပါသည်။

ဘုရားရှင်သည် ယုံကြည်သူဝိညာဉ်တိုင်းအား ခရစ်တော်နှင့်အတူ ကောင်းကင်နိုင်ငံ၌ နေရာထိုင်ခင်း စီစဉ်ထားပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်သည် ပိရမစ်ပုံစံအတိုင်း ခိုင်ခံ့သည်။

 

ကောင်းကြီးမင်္ဂလာ

ဝိညာဉ်ရေးရာကောင်းကြီးမင်္ဂလာ

ဝိညာဉ်တိုင်းကောင်းကင်နိုင်ငံ၌ ကောင်းကြီးမင်္ဂလာနေရာ

ဝိညာဉ်တိုင်းကောင်းကင်နိုင်ငံ ခရစ်တော်ထံ ကောင်းကြီးမင်္ဂလာခံစားရာ

          ဝိညာဉ်ရေးရာ ကောင်းကြီးမင်္ဂလာ ဆိုသောစကားကို ဦးစွာမှတ်သားနာယူပါ။ ဝိညာဉ်တော်များကို ကောင်းကြီးပေး ခြင်းဖြစ်သည်။ ပညတ်တရားအောက်ရှိ ဣသရေလများ၏ ကောင်းကြီးမင်္ဂလာနှင့် ဆန့်ကျင်ပုံကို ရှင်းပြထားဖြစ်သည်။ ဓမ္မဟောင်းကာလတွင် ယုံကြည်ခြင်း သစ္စာရှိသောယုဒများသည် စိတ်ရှည်သီးခံခြင်း၊ မိသားစုကြီးဖြစ်လာခြင်း၊ စားနပ်ရိက္ခာဖူလှုံခြင်း၊ ရန်သူ့လက်မှ လုံခြုံခြင်းစသော ဆုလက်ဆောင်များ ခံစားခဲ့ကြသည် (တရား ၂၈:၂-၈)။ ဝိညာဉ်ရေးရာ ကောင်းကြီးမင်္ဂလာသည် ထို ဣသရေလများ ဆုလက်ဆောင်နှင့် တခြားစီဖြစ်သည်။ ခရစ်ယာန်ကောင်းကြီးမင်္ဂလာများသည် ရုပ်ဝတ္ထုပစ္စည်းမဟုတ်၊ သာမန်မျက်စိဖြင့် မမြင်နိုင်။ မပျက်စီးနိုင်။ ရှေးဟောင်းသန့်ရှင်းသူများသည်လည်း ဝိညာဉ်ရေးရာ ကောင်းကြီးမင်္ဂလာ ခံစားကြသူများ ဖြစ်သည်။

ကျွန်ုပ်တို့၏ ကောင်းကြီးမင်္ဂလာများသည် ကောင်းကင်နှင့်ယှဉ်သော ကောင်းကြီးမင်္ဂလာများဖြစ်သည်။ ရုပ်ဝတ္ထုပစ္စည်းများသည် ကမ္ဘာမြေလောကကောင်းကြီးမင်္ဂလာဖြစ်၍ ဝိညာဉ် ကောင်းကြီးမင်္ဂလာသည် ကောင်းကင်နိုင်ငံနှင့် သက်ဆိုင်သည်။ ထိုသို့ ကောင်းကင်နိုင်ငံနှင့် သက်ဆိုင်ကြောင်း ကို ဤစာစောင်တွင် (၅)ကြိမ်တိုင်တိုင် ရေးထားပြီး ဖြစ်သည်။

၁:၃      ။ ဘုရားသခင်ရှေ့တော်၌ အပြစ်ကင်းလွတ်ခြင်း

၁:၂ဝ    ။ ခရစ်တော်၌ ပြုပြင်သော မဟာတန်ခိုး

၂:၆       ။ ယေရှုခရစ်တော်အားဖြင့် ကောင်းကင်အရပ်၌ နေရာပေးခြင်း

၃:၁ဝ    ။ ကောင်းကင်လောကကို အစိုးရသူများသည် အသင်းတော်အားဖြင့် ဘုရားသခင်ကို သက်သေခံကြသည်။

၆:၁၂    ။ ကောင်းကင်မှ ဆိုးယုတ်သောတန်ခိုးနှင့် တိုက်ခိုက်ခြင်း

ဤကျမ်းချက်များကို စုပေါင်းလေ့လာလျှင် ကောင်းကင်နိုင်ငံ၌ နေရာစီစဉ်ပေးမည့်အကြောင်း အထင်အရှား တွေ့ရ မည်။ ထိုအကြောင်းကို Chater  က ”ခရစ်တော်ရှိနေသူသည် ကယ်တင်ခြင်းရရှိသည်။ ခရစ်တော်၏ အမှုတော်၌လည်း ပါဝင်သက်ဆိုင်သည်။ ခရစ်တော်ကို ပိုင်ဆိုင်သကဲ့သို့ ခရစ်တော်ကလည်း ထိုသူနှင့်ပတ်သက်သမျှကို ပိုင်ဆိုင်တာဝန် ယူသည်”၂ ဟုဆိုသည်။

ခရစ်တော်၌ ဟူသောစကားရပ်သည် ဤဧဖက်ဩဝါဒစာ၏ သော့ချက်ဖြစ်သည်။ ဓမ္မသစ်ကျမ်း၏ သမ္မာတရား(၂) ရပ်ဖြစ်သော ယုံကြည်သူများ၏ ရပ်တည်မှုသမ္မာတရားနှင့် လက်တွေ့အသက်တာ၏ ဘဝသစ္စာ  ဖြစ်သည်။

ပထမဦးစွာ ယုံကြည်သူ၏ရပ်တည်မှုကို ရှင်းပြပါမည်။ လူတိုင်းသည် ”အာဒံတွင်” သို့မဟုတ် ”ခရစ်တော်တွင်” ရှိနေသူများဖြစ်သည်။ ”အာဒံတွင်” ရှိနေသူများသည် ကိုယ့်အပြစ်နှင့်ကိုယ် ဘုရားသခင်ရှေ့တွင် အပြစ်စီရင်ခြင်းခံကြရမည်။ ဘုရားသခင်စိတ်တော်နှင့် ထိတွေ့စရာတကွက်မှမရှိကြ။ ဘုရားရှင်ကိုလည်း ရှင်းပြပိုင်ခွင့်မရှိ။ ဘယ်သူမပြု မိမိမှုအတိုင်း ထာဝရပျက်စီးခြင်းသို့ ရောက်ကြရမည်။

သို့သော် အသက်တာပြောင်းလဲသူမူကား အာဒံ၏ သားအဖြစ် ဘုရားသခင်က မရှုမှတ်တော့ပါ။ ခရစ်တော်၌ ရှိသူအဖြစ် သတ်မှတ်ခံယူသည်။ ထိုသဘောတရားကို သဘောပေါက်ဖို့အရေးကြီးသည်။ ခရစ်တော်၌ တည်နေသူသည် ဘုရားသခင်ရှေ့၌ ရပ်တည်ခွင့်ရှိသည်။ ခရစ်တော်ကဲ့သို့ ဘုရားသခင်ထံ၌ ထာဝရပျော်ရွှင်စွာ စိုးစံခွင့်ရသည်။

ခရစ်တော်၌ ရပ်တည်သူသည် အခြားတစ်ဘက်တွင် အသက်တာ၌လည်း ခရစ်ယာန်အသက်တာ ရှိဖို့ လိုသည်။ အနန္တရအားဖြင့် ပြည့်ဝသကဲ့သို့၊ အသက်တာလည်း ပြည့်ဝရင့်ကျက်ဖို့ လိုသည်။ အသက်တာ ရင့်ကျက်ပြည့်ဝရန် ဘုရားသခင် အလိုတော် ရှိသည်။ ကောင်းကင်နိုင်ငံ မရောက်မချင်း ပြည့်ဝမည် မဟုတ်သော်လည်း အစဉ် တိုးတက်နေရမည်။ လူ့လောကမှာ ရှိနေရသော်လည်း ကောင်းကင်အကျင့် ရှိနေရမည်။

ယုံကြည်သူ၏ ရပ်တည်ပုံနှင့် ဘဝအသက်တာကို နှိုင်းယှဉ်ပြပါမည်။

ပထမပိုင်းသည် ရပ်တည်မှုဖြစ်၍ ဒုတိယပိုင်းသည် လက်တွေ့အသက်တာဖြစ်သည်။

ဤဩဝါဒကျမ်းကို (၂)ပိုင်းခွဲခြား၍ ရှင်းပြထားသည်။ အခန်း(၁)မှ(၃)တွင် ခရစ်တော်၌ ရပ်တည်ကြပုံ၊ အခန်း(၄)မှ (၆)တွင် လက်တွေ့အသက်တာ တည်ဆောက်ကြရမည့် ပုံစံကို ရှင်းပြထားသည်။ ပထမပိုင်းကို မူဝါဒ၊ ဒုတိယပိုင်းကို တာဝန်ဝတ္တရားဟုလည်း ဆိုနိုင်သည်။ ပထမပိုင်းတွင် ရပ်တည်ပုံကို အသားပေးသောကြောင့် ”ခရစ်တော်၌”၊ ”ယေရှုခရစ်တော်၌”၊ ”အထံတော်၌”၊ ”အထံတော်သို့” ဟု မကြာခဏ သုံးထားသည်။ ဒုတိယပိုင်းတွင်မူ ယုံကြည်သူများ၏ တာဝန်ဝတ္တရားကိုပေါ်လွင်စေရန် ”ဘုရားသခင်၌”ဟု သုံးနှုန်းထားသည်။ ပထမပိုင်းသည် ကောင်းကင်နိုင်ငံ မီးဖိုချောင် ကိစ္စဖြစ်သည်ဟု ကျမ်းစာဆရာကြီးတစ်ဦးက မိန့်ဆိုဖူးသည်။

ယုံကြည်သူများသည် ပြည့်စုံသူဖြစ်သည် (ဟေဗြဲ ၁၀:၁၄)  ယုံကြည်သူသည် ပြည့်စုံသူဖြစ်ရမည် ( :၄၈)

ယုံကြည်သူသည် အပြစ်တရား၌ သေသူများဖြစ်သည် ယုံကြည်သူများသည် အပြစ်တရား၌ သေသူဖြစ်ကြောင်း (ရော :) မိမိကိုယ်ကိုသိမှတ်ကြရမည် (ရော :၁၁) ယုံကြည်သူများသည် စင်ကြယ်သော လူမျိုးဖြစ်သည် ယုံကြည်သူသည် စင်ကြယ်ရမည် (၁ပေ :၁၅) (၁ပေ :)

 

          ကောင်းကင်နိုင်ငံ၌ ခရစ်တော်ထံတွင် ဝိညာဉ်ရေးရာ ကောင်းကြီးမင်္ဂလာများ ခံစားဖို့ အဆင်သင့်ဖြစ်နေကြပြီ မဟုတ်လား။

: ဤကမ္ဘာမတည်မီ ငါတို့ကို ခရစ်တော်၌ ရွေးကောက်တော်မူသည်နှင့်အညီ ကောင်းကင်ဘုံနှင့်ဆိုင်သော အရာတို့၌ ခပ်သိမ်းသောဓမ္မမင်္ဂလာတို့ကို ခရစ်တော်အားဖြင့် ပေးသနားတော်မူသော သခင်ယေရှု၏ခမည်းတော် ဘုရားသခင်သည် မင်္ဂလာရှိစေသတည်း။       

          ရွေးကောက်ထားသူများဖြစ်ကြောင်းကို ဦးစွာခံယူသိမှတ်ပါ။ ထို့နောက် အထံတော်၌ ထားရှိသည်ကို မှတ်သားပါ။ ဘုရားသခင်က သူ့လူများအား ရွေးကောက်ထားရှိသည့် အကြံအစည်တော်ဖြစ်သည်။ ထိုသို့ ရွေးကောက်သည့်အချိန်မှာ ဤကမ္ဘာမတိုင်မှီကာလ ကဖြစ်သည်။ ရွေးကောက်ခြင်း၏ရည်ရွယ်ချက်မှာ အပြစ်ပြောစရာမရှိ၊ စင်ကြယ်သော အသက်တာ၌ နေစေလိုသည့် မေတ္တာဖြစ်သည်။ ထိုအစီအစဉ်သည် ကောင်းကင်နိုင်ငံအထံတော်သို့ ရောက်ရှိချိန်မှသာ ပြည့်စုံမည် (၁ယော ၃:၂)။ သို့သော် ထိုအရည်အချင်းပြည့်မှီရန် နေ့စဉ်အသက်တာ ပြောင်းလဲတိုးတက်နေရမည်။

အို၊ အဘဘုရားသခင်

အလိုတော်ရှိတော်မူသည့်အတိုင်း

ယခုကာလမှစ၍ သန့်ရှင်းစင်ကြယ်စေတော်မူပါ၊

အာမင်။

 

ဘုရားသခင်ရွေးကောက်ခြင်း

ဘုရားသခင်က ရွေးကောက်ခြင်းဟူသော အယူအဆသည် လူ့အသိအာရုံတွင် ကျယ်ပြန့်စွာ ဗလောင်ဆူသောအချက် ဖြစ်သည်။ ထို့ကြောင့် ဤကျမ်း၏ သွန်သင်ချက်များကို လေ့လာကြည့်ကြပါစို့။

ပထမဦးဆုံးအချက်မှာ ဘုရားသခင်သည် လူများအား ကယ်တင်ခြင်းရရှိဖို့ ရွေးကောက်သည်ဟူသော အယူအဆ ဖြစ်သည် (၂သက် ၂:၁၃)။ ထိုအယူအဆ၏အဆက်တွင် ဘုရားသခင်ကို သိကျွမ်းသူများသည် ရွေးကောက်ထားသူများ ဖြစ်သည် (၁ပေ ၁:၂) ဟူသော ကျမ်းပိုဒ်ရှိသည်။ ထိုကျမ်းစကားများအရ ဧဝံဂေလိတရား တုံ့ပြန်ပုံဖြင့် ရွေးကောက်ခြင်းခံရပုံကို နားလည်နိုင်သည်။ ဧဝံဂေလိသတင်းစကားကို ကြားသိ၍ ယုံကြည်သူများသည် ရွေးကောက်ခံရသူများ ဖြစ်သည် (၁သက် ၁:၄-၇)။

အခြားတစ်ဘက်တွင်မူ ပျောက်ဆုံးဖို့ ရွေးကောက်တော်မူ ထားသူများမရှိ။ အချို့သူများကို ရွေးကောက်သည် ဆိုခြင်းမှာ အချို့သူများကိုမူ တရားစီရင်ဖို့ ရွေးချယ်သည်၊ ပစ်ပယ်သည်ဟု ဆိုလိုခြင်းမဟုတ်။ ပစ်ပယ်ဖို့ ရွေးကောက်ထားသူများ မရှိသော်လည်း ကယ်တင်ခြင်းမရရှိသူများသည် အပြစ်စီရင်ခြင်း ခံရမည့်သူများဖြစ်သည်။ ရွေးကောက်သူများဟု ဆိုသောအခါ ”ချီးမြှောက်ခြင်းအဘို့ ပြင်ဆင်တော်မှုနှင့်သော ကရုဏာခံရာအိုးများ” (ရော ၉:၂၂)ဟု ပေါလုက ဆိုထားသည်။ ဘုရားရှင်က မြေအိုးများကို ကရုဏာတော်ခံထည့်ဖို့ စီစဉ်ထားသည်။ ကျိုးပဲ့ပျက်စီးဖို့ မြေအိုးကို သွန်းလုပ်သည် မဟုတ်။ သို့ကြောင့် မိမိတို့မယုံကြည်မှု အကျိုးဆက်ခံစားကြခြင်းသာ ဖြစ်သည်။

ရွေးကောက်ခြင်း အယူအဆသည် ဘုရားသခင်၏ အမူအရာဖြစ်သည်။ ဘုရားရှင်သည် အချုပ်အခြာ ဘုန်းတန်ခိုးရှင် ဖြစ်သည်။ ဘယ်သောအခါမှ တရားမျှတမှု မရှိဘဲ မလုပ်။ အကယ်၍သာ ရွေးကောက်ခြင်းမရှိလျှင် လူသားအားလုံးသည် မလွဲဧကန်ပျောက်ဆုံးကြမည်။ သို့ကြောင့် အချို့သောသူများ ရွေးကောက်မှု ခံရခြင်း ဖြစ်သည်။

အထက်ဖော်ပြပါအချက်သည် ဘုရားရှင်တော်ဘက်က အမှုတော်ဖြစ်သည်။ အခြားတစ်ဘက်တွင် လူ့တာဝန်ဝတ္တရား ရှိသေးသည်။ ကယ်တင်ခြင်းမရရှိသူများသည် ရွေးကောက်ခြင်းကိုလည်း နားလည်ကြသည်မဟုတ်။ ဘုရားရှင်သည် နေရာတိုင်း၊ အချိန်တိုင်းတွင် လူတိုင်းအား ကယ်တင်ခြင်းရယူကြဖို့ အခမဲ့ပေးကမ်းနေပါသည် (ယော ၃:၁၆၊ ၃:၃၆၊ ၅:၂၄၊ ရော ၁ဝး၉၊ ၁၃)။ အပြစ်နောင်တရ၍ ခရစ်တော်ကိုယုံကြည်လက်ခံသူတိုင်း ကယ်တင်ခြင်းရရှိကြပါသည်။ ထို့ကြောင့် ပျောက်ဆုံးသူသည် မိမိရွေးချယ်မှုကြောင့် ပျောက်ဆုံးခြင်းဖြစ်သည်။ ဘုရားသခင်၏ အလိုတော်မဟုတ်။

ကယ်တင်ခြင်းနှင့်ဆိုင်သော ရွေးကောက်ခြင်းသည် လူတိုင်းရရှိနိုင်သော အခွင့်အရေးထူးဖြစ်သည်ဟု ကျမ်းစာက သွန်သင်ပါသည်။ ထိုအကြောင်းကို ယော ၆:၃ရ တွင် ”ခမည်းတော်သည် ငါ့အား ပေးသမျှသောသူတို့သည် ငါ့ထံသို့ လာကြလိမ့်မည်။ ငါ့ထံသို့လာသောသူကို ငါသည်အလျင်းမပယ်” ဟု ကွက်ကွက်ကွင်းကွင်း ဆိုထားပါသည်။ ကျမ်းချက်၏ အစပိုင်းသည် ဘုရားသခင်၏ ရွေးကောက်ပိုင်ခွင့် အချုပ်အခြာအာဏာ ဖြစ်သည်။ ဒုတိယပိုင်းသည် လူသားတိုင်းသို့ ကရုဏာတော် သက်ရောက်သည့် အကြောင်း ဖြစ်သည်။

ထိုအချက်ကို လူ့စိတ်နှလုံးဖြင့် ခံယူပိုင်းဖြတ်ရန် ခက်ခဲသည်။ လူတိုင်းသို့ ကယ်တင်ခြင်း ကမ်းလှမ်းပါလျက်နှင့် လူအချို့သာလျှင် ရွေးကောက်ခြင်းရရှိသည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။ ထိုသို့ဖြစ်ခြင်းပင်လျှင် လျှို့ဝှက်နက်နဲချက်ဖြစ်သည်။ သို့သော် ထိုနက်နဲချက်မှာ ဘုရားရှင်နှင့်မဆိုင်။ လူ့ဘက်က ရွေးချယ်မှုဖြစ်သည်။ အကောင်းဆုံးနိယာမမှာ ထိုအယူအဆ နှစ်ခုစလုံး လိပ်ပြာသန့်သန့် လက်ခံယုံကြည်ဖို့ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သမ္မာကျမ်းစာ သွန်သင်ချက်များ ဖြစ်သည်။ ရွေးကောက်ခြင်းနှင့် လူ့သဘောထားအကြားတွင် သမ္မာတရားမတွေ့နိုင်။ ထိုအကြောင်းကို W.G. Blaikie  က ဤသို့ အကျဉ်းချုံးရှင်းပြထားပါသည်။

ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် လူ့ဝတ္တရား၊ လွတ်လပ်ခြင်းနှင့် အရာခပ်သိမ်းသို့ ကရုဏာတော် ထားရှိပုံကို ကျမ်းစာတွင် တွေ့ရပါသည်။ ထိုအမူအရာများနှင့် သဟဇာတဖြစ်နိုင်ခြေမရှိသော်လည်း စိတ်နှလုံးထဲ၌ အမြဲစွဲမှတ်နေရသည်။ 

: ဘုရားသခင်၏ ဝိညာဉ်ရေးရာ ဒုတိယကောင်းကြီးမင်္ဂလာမှာ ရှေးမဆွကတည်းက ကြိုတင်စီစဉ်ထားသည့် ကံကြမ္မာဖြစ်သည်။ အချို့က ရွေးကောက်ခြင်းနှင့် အတူတူဖြစ်သည်ဟု ယူဆကြသည်။ တူမည်ယောင်နှင့် မတူညီပါ။ ရွေးကောက်ခြင်းဆိုသည်မှာ ကယ်တင်ခြင်းရရှိဖို့ ဖြစ်သည်။ ဤနေရာတွင် ရှေးကံကြမ္မာဆိုသည်မှာ ဘုရားသားများအဖြစ် မွေးဖွားခြင်းခံရမည့်သူများအား ရှေးမဆွခင်က ကံကြမ္မာစီရင်ထားခြင်းဖြစ်သည်။ ထိုသူများသည် ဘုရားသားမဖြစ်သေးလျှင် လည်း ကယ်တင်ခြင်း ရရှိနိုင်သူများဖြစ်သည်။

ကျမ်းစာက ဘာသာပြန်ဆိုကြရာတွင် အပိုဒ်ငယ်(၄)နှင့်(၅)ကို ရောယှက်တတ်ကြသည်။ ကိုယ်တော်၏သားများ ဖြစ်စေရန် ရွေးကောက်တော်မူပြီ ဟု ဆိုထားသည်။ ဓမ္မသစ်ကျမ်းတွင် သားအရာ ဆိုသည်မှာ ဘုရားသခင်၏ မိသားစုဝင် ထဲသို့ ဝင်ရောက်ခွင့်ရသော အရွယ်ရောက်၊ လူလားမြောက်သူကို ဆိုလိုသည် (ဂလာ ၄:၄၇)။ ဝိညာဉ်ရေးရာသား အရာ ဆိုသည်မှာ ဘုရားသခင်ကို အဘဘုရားသခင် ဟုခေါ်ဆိုရသော အခွင့်အာဏာရရှိခြင်းဖြစ်သည် (ရော ၈:၁၅)။

သားဖြစ်ခြင်းအရာမှာ ယေရှုခရစ်တော်အားဖြင့် ဖြစ်ခွင့်ရခြင်းဖြစ်သည်။ လောကသားများသည် အပြစ်သားများ ဖြစ်သောကြောင့် ဘုရားသခင်က အထံတော်ပါးသို့ မခေါ်ဆောင်ချင်ပါ။ ပထမဦးစွာ စင်ကြယ်စေဖို့လိုသည်။ ထိုသို့ လူသားများ အပြစ်စင်ကြယ်ကြစေရန် သားတော် ယေရှုခရစ်တော်အား လူ့လောကသို့ စေလွှတ်သည်။ ယေရှုခရစ်တော်ကား တိုင်မှာ အသေခံခြင်း၊ သင်္ဂြိုဟ်ခံခြင်း၊ ပြန်လည်ထမြောက်ခြင်းဖြင့် လူသားများစင်ကြယ်သွားကြသည်။ တနည်းအားဖြင့် သားအရာ ဖြစ်ခွင့်ရကြသည်။

ထိုဖြစ်စဉ်သည် ဘုရားသခင်၏ အလိုတော်လမ်းညွှန် ဖြစ်သည်။ အဘဘုရားသခင်၏ အချုပ်အခြာအာဏာ စီရင်ခြင်းဖြစ်သည်။ အဘယ့်ကြောင့် ထိုသို့ပြုပါသနည်း။ ဘုရားရှင်၏ ကောင်းမြတ်သောအစီအစဉ် ဖြစ်ပါသည်။ သားတော်ယေရှု တစ်ပါးတည်းနှင့် မတင်းတိမ်နိုင်ပါ။ ဘေးပတ်လည်တွင် ချစ်သားများဖြင့် ဝိုင်းဝိုင်းလည်ချင်သည်။

: ငါတို့အား ပေးတော်မူသော ကျေးဇူးတော်၏ ဘုန်းအသရေကို ချီးမွမ်းစေခြင်းငှာ၊ ငါတို့သည် ယေရှု ခရစ်အားဖြင့် သားအရာကို ရမည့်အကြောင်း အလိုတော်ရှိသော စေတနာအတိုင်း ရှေးမဆွကခွဲခန့်တော်မူ၏။ ယုံကြည်သူများသည် ရှေးမဆွကတည်းက ဘုရားသားအဖြစ် ရွေးကောက်သူများဖြစ်သည်ဟု ပေါလုက ဆင်ခြင်သိရှိသည်။ ကျေးဇူးတော်အားဖြင့် ဆိုသည်မှာ ကိုယ်တော်ဘုရား၏ ဘုန်းတန်ခိုးအားဖြင့် ဟုဆိုလိုသည်။ အခွန်အခ အဖိုးအခ ပေးစရာမလိုဘဲ အခမဲ့လက်ခံခြင်း ဖြစ်သည်။ အချစ်ဆုံးသားတော် ပေးအပ်ခြင်းဖြစ်သည်။ ကိုယ်တော်၏ ဘုန်းတန်ခိုး ကျေးဇူးတော်အား ချီးမွမ်းကိုးကွယ်ကြပါစို့။

အံ့ဖွယ်ကျေးဇူးတော်အရှင်၊         

                        အမှုတော်သည် ကြီးမြတ်လှပါ၏။            

                        ကျေးဇူးတော်သည် အရာခပ်သိမ်းအထက်မှာ

                        တောက်ပလျှက်နေပါ၏။

                        ဘုရားရှင်ကဲ့သို့ မည်သူတတ်စွမ်းနိုင်သနည်း။        

                        ကျေးဇူးတော်ကို အခမဲ့မည်သူပေးနိုင်မည်နည်း။

                                                                        Samuel Davies

          ၁းရ ဘုရားရှင်၏ သူ့လူများအပေါ် ထာဝရအစီအစဉ်ရှင်းပြပြီးနောက် ဤကျမ်းပိုဒ်တွင် ရွေးနှုတ်ခြင်းအကြောင်း ရှင်းပြထားပါသည်။ ခရစ်တော်၏ ပြီးပြည့်စုံသောအမှုတော်အားဖြင့် အပြစ်တရားချုပ်နှောင်ခြင်းမှ လွတ်မြောက်သူများ ဖြစ်ကြောင်း အသိပေးထားသည်။ ထိုသို့လွတ်လပ်အောင် သခင်ယေရှုခရစ်တော်က ရွေးနှုတ်သည်။ အသွေးတော်ဖြင့် ရွေးနှုတ်သည်။

ရွေးနှုတ်ခြင်းအကျိုးဆက်မှာ အပြစ်များခွင့်လွှတ်ခြင်း ဖြစ်သည်။ ခွင့်လွှတ်ခြင်းနှင့် ရွေးနှုတ်ခြင်းမတူညီပါ။ အပြစ်လွှတ်ခြင်း ဆိုသည်မှာ ရွေးနှုတ်ခြင်း၏ အသီးအပွင့်ဖြစ်သည်။ ခရစ်တော်သည် အပြစ်များကို အပြီးအစီးခွင့်လွှတ်ပါ သည်။ လက်ဝါးကပ်တိုင်အမှုဖြင့် အပြီးအစီးလုပ်ဆောင်သွားပါသည်။

အပြစ်စီရင်ခြင်း နောက်တစ်ခါလာစရာမရှိတော့ပါ။            

                        ကျေးဇူးတော်သာ မြန်းစရာရှိပါသည်။

            အပြစ်ခွင့်လွှတ်သည့်အကြောင်းကို ကျေးဇူးတော်ကြွယ်ဝတော်မူသည့်အတိုင်း ခွင့်လွှတ်သည်ဟု ကျမ်းစကား ဆိုထားပါသည်။ ဘုရားသခင်၏ကျေးဇူးတော်ကြီးမားပုံကို နားလည်နိုင်လျှင် ခွင့်လွှတ်နိုင်သည့်အကြောင်းကိုလည်း ခံယူစွဲမှတ်နိုင်သည်။ ကျေးဇူးတော်သည် ကြီးမားသည်။ ကြီးမားသည့်အတိုင်း အပြစ်ခွင့်လွှတ်ပါသည်။

: ထိုသို့ကျေးဇူးတော်ကြီးမားသည့်အလျှောက် ရွေးနှုတ်ဖို့ရန် ရှေးမဆွကတည်းက အစီအစဉ်ရှိပြီး ဖြစ်သည်။ သို့သော် လူသားအားလုံး အကုန်အစင်ရွေးနှုတ်ကျေးဇူးပြုသည်မဟုတ်။ ရက်ရောစွာချပေးတော်မူသည့် ကျေးဇူးတော်သည် ကြီးမားလှပေသည် ဆိုသည်မှာ ဘုရားရှင်သည် အကြံအစည်တော်အား လူသားများသို့ ရည်ရွယ်ချက်ကြီးမားခြင်း ဖြစ်သည်။ အသင်းတော်နှင့် စကြာဝဠာအပေါ် သဘောထား ကြီးမားခြင်းဖြစ်သည်။ ထို့ကြောင့် ယုံကြည်စိတ်ချမှုရှိအောင် မျက်စိအောက် သို့ ခေါ်ဆောင်သိမ်းသွင်းထားသည်။

: ခရစ်တော်အားဖြင့် နက်နဲသောအကြံအစည်တော်ကို ဖော်ပြတော်မူပြီ။ ဤကျမ်းစကားသည် ဧဖက်ဩဝါဒကျမ်း၏ ရည်ရွယ်ချက်ဖြစ်သည်။ ခရစ်တော်နှင့် အသင်းတော်၏ ဘုန်းတန်ခိုးတော် သမ္မာတရားဖြစ်သည်။ လျှို့ဝှက်နက်နဲသည် ဆိုသော်လည်း ယခုမှာမူ သန့်ရှင်းသူများအား ထုတ်ဖော်ပြသတော်မူပြီ။ ဘုရားသခင်၏ အချုပ်အခြာ အာဏာအလိုတော်ဖြစ်သည်။ အကြံအစည်တော် ဖြစ်သည်။ ထိုအကြံအစည်မှာလည်း ယေရှုခရစ်တော်ဖြစ်သည်။ ခရစ်တော်ကိုယ်တိုင်သည် အကြံအစည်တော် ဖြစ်သည်။

:၁ဝ ဘုရားရှင်၏ အကြံအစည်တော်အား ပိုမိုအသေးစိတ်ကျအောင် ရှင်းပြထားသည်။ အနာဂတ်နှင့်ပတ်သက်သော လျှို့ဝှက်ချက်ဖြစ်သည်။ အခန်း(၂)နှင့်(၃)သည် မျက်မှောက်ကာလကို အလင်းပြခြင်းဖြစ်သည်။

ကာလအချိန်စေ့စံခြင်း (akoikonomic) ဆိုသည်မှာ ဘုရင်တကာတို့၏ဘုရင်၊ သခင်တကာတို့၏ သခင်အဖြစ် မြေကြီးပေါ်မှာ ခရစ်တော်အုပ်ချုပ်စိုးစံမည့် အနှစ်တစ်ထောင်ကာလအုပ်စိုးခြင်း ကျရောက်မည့်အချိန် ဖြစ်သည်။ ကမ္ဘာမြေ လောကကြီးပေါ်မှာ လူ့သမိုင်းနိဂုံးချုပ်မည့်အကြောင်း ဘုရားသခင်စီစဉ်ပြီးဖြစ်သည်။

ထိုအစီအမံမှာ အရာခပ်သိမ်းအား ခရစ်တော်က စိုးမိုးချုပ်ချယ်ခြင်းဖြစ်သည်။ အနှစ်တစ်ထောင်အုပ်စိုးခြင်းကာလတွင် မိုးကောင်းကင်ရှိ အရာခပ်သိမ်းနှင့် ကမ္ဘာမြေပေါ်ရှိရှိသမျှတို့ကို ခရစ်တော်က အုပ်ချုပ်မည်။ ယခုကာလတွင် ခရစ်တော်ကို ငြင်းပယ်သူများသည် ထိုအချိန်ကာလတွင် ပြန်လည်ငြင်းပယ်ခြင်း ခံရမည်။

ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ရှိရှိသမျှဆိုသော စကားနှင့်ပတ်သက်၍ Bellett  က ဤသို့ဆိုထားသည်။

ဤကျမ်းစကား၏ လျှို့ဝှက်ချက်ကို ဖွင့်ဆိုခြင်းမရှိခဲ့ပါ။ ဟေရှာယကျမ်းတွင် အနှစ်တစ်ထောင် ကမ္ဘာမြေကို ပုံရိပ်  ဖော်ထားသည်။ သို့သော် ခရစ်တော်၌ ကောင်းကင်နိုင်ငံတွင် ဆုံတွေ့ကြမည့်အကြောင်း ဖြစ်သည်။ ထိုသို့ခရစ်တော်၌ ဘုန်းတန်ခိုးပြည့်စုံခြင်းကို ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ရှိရှိသမျှကို ခရစ်တော်ကသာ ချုပ်ချယ်ခြင်းဟု ဆိုလိုဟန်ရှိသည်။ 

          တစ်ခါတရံ ဤကျမ်းပိုဒ်ကို စကြာဝဠာတစ်ခုလုံး ကယ်တင်ခြင်းအဖြစ် အဓိပ္ပါယ်တလွဲ ကောက်ယူတတ်ကြသည်။ လူတိုင်း၊ အရာခပ်သိမ်းတိုင်း ခရစ်တော်ထဲ၌ ပြန်လည်စုဖွဲ့ကြရမည်ဟုဆိုကြသည်။ ထိုသို့မဟုတ်ပါ။ ကမ္ဘာမိုးမြေစကြဝဠာ တစ်ခုလုံးနှင့် ဆိုင်ပါသည်။ သို့သော် ကမ္ဘာမိုးမြေတစ်ခုလုံး ကယ်တင်ခြင်းမဟုတ်။

:၁၁ အချက်အချာကျသော လျှို့ဝှက်နက်နဲမှုတစ်ခုမှာ ယုဒအမျိုးသားများနှင့် တပါးအမျိုးသား ယုံကြည်သူများ နှစ်ရပ်စလုံး ဘုရားသခင်၏ မဟာစီမံကိန်းတွင် ပါဝင်ခြင်းဖြစ်သည်။ အပိုဒ်ငယ်(၁၁)၊(၁၂)တွင် ယုဒယုံကြည်သူများအကြောင်း၊ အပိုဒ်ငယ်(၁၃)တွင် တပါးအမျိုးသား ယုံကြည်သူများအကြောင်းရေး၍၊ အခန်းငယ်(၁၄)တွင် ပေါင်းစပ်ရေးသား ထားသည်။

ရှေးယုဒမိဘများကိုရည်စူး၍ ပေါလုက ရှေးမဆွကခွဲခန့်တော်မူသည်နှင့်အညီ ထိုခရစ်တော်အားဖြင့် အမွေခံ ဖြစ်ကြ၏ ဟုဆိုထားပါသည်။ ယုဒများ၏အခွင့်အရေးသည် ဘိုးဘေးများအပေါ်တွင် အခြေခံသည်မဟုတ်။ ခရစ်တော်၌ အခြေပြုပါသည်။ အမွေခံခြင်း ဆိုသည်မှာ အမှန်တကယ်ယုံကြည်၍ ခရစ်တော်၏ခန္ဓာကိုယ်၊ သိုးသငယ်၏ သတို့သမီး ဘဝမှသာလျှင် အကြုံးဝင်ပါသည်။

ယုဒလူမျိုးများ ဤသို့အခွင့်အရေးထူးရရှိခြင်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာဖြင့် စီရင်ခြင်းဖြစ်သည်။ အလုံးစုံတို့ကို စီရင်ပြုပြင်တော်မူတတ်သောသူ၏ ကြံစည်ခြင်းရှိသမျှသည်အတိုင်း ရှေးမဆွက ခွဲခန့်မှတ်သားတော် မူသည်ဟု ကျမ်းချက်ရှိထားသည်။

:၁၂ ထိုသို့ စီမံချက်ရှိတော်မူသည့်အတိုင်း ခရစ်တော်ကို ဦးစွာမျှော်လင့်သူများသည် ဘုန်းတော်ကိုချီးမွမ်းကြ ရသည်။ တနည်းအားဖြင့် ကျေးဇူးတော်အားဖြင့် ခံစားကြုံတွေ့ရသော အရာခပ်သိမ်းသည် ကုန်ကြမ်းထည်များဖြစ်သည်။ ခရစ်တော်ထံပါးသို့ ရောက်ရှိသောအခါမှသာလျှင် ပြည့်စုံကြမည်၊ ဘုန်းတော်ထင်ရှားမည်။

ပေါလုက ယုဒယုံကြည်သူများက သူကိုယ်တိုင်အား ခရစ်တော်ကို ဦးစွာပထမ မျှော်လင့်ခဲ့ကြသူ ငါတို့သည် ဟုဆိုသည်။ ခရစ်ယာန်ဘာသာရေးတွင် အစောပိုင်းကာလ၌ ခရစ်တော်ကိုယုံကြည်လက်ခံကြသော ယုဒလူမျိုးအချို့ကို ဆိုလိုဟန်ရှိသည်။ သတင်းကောင်းစကားသည် ဦးစွာ ယုဒလူမျိုးထံသို့ရောက်ရှိသည်။ သို့သော် အများစုက ငြင်းပယ်ကြ သည်။ သို့သော် အကြံအစည်တော်ရှိသည့်အတိုင်း အချို့က လက်ခံကြသည်။ ထိုလက်ခံသူများထဲတွင် ပေါလုလည်း ပါဝင်သည်။

ခရစ်တော်ဘုရား ဒုတိယအကြိမ်ကြွလာသောအခါတွင်မူကား တစ်မျိုးတဖုံပြောင်းလဲမည်။ ခရစ်တော်ကို ငြင်းပယ်ခဲ့သူများသည် ထိုကာလတွင် တပါးတည်းသောသားတော်ကို လိုက်ရှာသောဖခင်ကဲ့သို့ ကိုယ်တော်ဘုရားကို လိုက်ရှာကြလိမ့်မည်။ (ဇာ ၁၂:၁ဝ)။ ”ကျမ်းချက်ဟုမူကား ကယ်လွှတ်သောသခင်သည် ဇိအုန်တောင်ပေါ်၌ပေါ်ထွန်း၍ မတရားသောအမှုကို ယာကုပ်အမျိုးသားတို့မှ လွှဲတော်မူလတံ့” (ရော ၁၁:၂၆)။

ပေါလုနှင့် ယုဒယုံကြည်သူအချို့၏ မေရှိယသခင် ယုံကြည်ခြင်းသည် ယုဒလူမျိုးများကို ကိုယ်စားပြုသည်။ သမိုင်းကြောင်းအားဖြင့် ကျောရိုးနောက်ခံရှိသူများဖြစ်သည်။ ထို့ကြောင့် ”ခရစ်တော်ကို ယုံကြည်နှင့်သော … ငါတို့” ဟုဆိုသည်။

ခရစ်တော်ကို မျှော်လင့်သူများသည် ကမ္ဘာမြေကိုအုပ်စိုးကြရမည်။ ထိုယုဒများသည် နိုင်ငံတော်အတွက် ရည်မှန်းချက် ထားရှိသော လောကလူမျိုးစုဖြစ်သည်။

:၁၃ ယုဒသွေးသား မျိုးနွယ်များအကြောင်း ရှင်းပြပြီးနောက် ယခုတဖန် တပါးအမျိုးသားများကို ရှင်းပြသည်။ လူမျိုးနှစ်ပါးစလုံးကိုသိမ်းကြုံး၍ ”ကျွန်ုပ်တို့”ဟု ခေါ်ဝေါ်သုံးစွဲသည်။ ရုပ်တု ဆင်းတု၊ စေတီပုထိုးကိုးကွယ်၍ ချောင်ကြို ချောင်ကြားမှာ ပုန်းကွယ်နေရာမှ ယုဒယုံကြည်သူများကဲ့သို့ အသက်တာပြောင်းလဲလာကြသော တပါးအမျိုးသားများအပေါ် ဘုရားရှင်တော်၏ လျှို့ဝှက်နက်နဲသော အကြံအစည်တော်ဖြစ်သည်။ ဧဖက်ယုံကြည်သူများနှင့် တပါးအမျိုးသားယုံကြည်သူ များ ခရစ်တော်၌ ပေါင်းဖက်ကြပုံကို ရှင်းပြထားသည်။

ဧဝံဂေလိသတင်း ကြားသိကြသည်။

ခရစ်တော်ကို ယုံကြည်ကြသည်။

သန့်ရှင်းသောဝိညာဉ်တော် တံဆိပ်ခတ်နှိပ်ခြင်းခံရသည်။

ပထမတွင် သမ္မာတရားနှုတ်ကပတ်တော်၊ ကယ်တင်ခြင်းတရား ကြားသိကြသည်။ အဓိကအားဖြင့် ကယ်တင်ခြင်းသတင်းကောင်း ကြားသိကြ၍ ယေရှုခရစ်တော်ကို ယုံကြည်ကြသည်။ ထို့ထက်ကျယ်ပြန့်စွာပြောရလျှင် ခရစ်တော်၏ နှုတ်ကပတ်တော်နှင့် တမန်တော်များ၏ သွန်သင်ချက်များ ကြားသိကြသည်။

ထိုသို့ သတင်းကောင်းကြားသိရသောကြောင့် ခရစ်တော်အားယုံကြည်ဖို့ စိတ်ပိုင်းဖြတ်ကြသည်။ ခရစ်တော်သည် ယုံကြည်ခြင်း၏ သမ္မာပန်းတိုင်ဖြစ်သည်။ ခရစ်တော်ထံ၌သာ ကယ်တင်ခြင်း တွေ့ရှိနိုင်သည်။

ယုံကြည်ကြသောအခါ သန့်ရှင်းသောဝိညာဉ်တော်၏ ကတိတော်တံဆိပ်ခတ်နှိပ်ခြင်း ခံကြသည်။ ဤကျမ်း စကားမှာ ခန္ဓာကိုယ်အသီးသီး၌ ဘုန်းတန်ခိုးပြည့်စုံလာကြသည့်တိုင်အောင် ဘုရားသခင်၏ မူပိုင်ပစ္စည်းဖြစ်ကြောင်း သိသာ ထင်ရှားရန် ထိုသူများထဲ၌ ဝိညာဉ်တော်ကိန်းဝပ်ခြင်းဖြစ်သည်။ တံဆိပ်ခတ်နှိပ်ခြင်းဆိုသည်မှာ မဆိုင်သောသူများက ထိပါးခြင်းမရှိစေရန် လုံခြုံရေးအမှတ်အသားပေးခြင်း ဖြစ်သည်။ ဝိညာဉ်တော် တံဆိပ်ခတ်နှိပ်ခြင်းဖြင့် ဘုရားသခင်၏ မူပိုင် ပစ္စည်းများဖြစ်ကြပါသည် (၁ကော ၆:၁၉၊ ၂ဝ)။ ရွေးနှုတ်ခြင်း နေ့ရက်တိုင်အောင် တံဆိပ်ခတ်နှိပ်ထားပါသည်။ (ဧ ၄:၃ဝ)

ခတ်နှိပ်ထားသောတံဆိပ်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ ကတိတော် ဟူ၍ဖြစ်သည်။ ပထမဦးစွာသိရှိရန်မှာ ကိုယ်တော်ကိုယ်တိုင်သည် သန့်ရှင်းသောဝိညာဉ်တော်ဖြစ်သည်။ သို့ဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ကတိတော်၌ တည်မြဲကြသည်။ ခမည်းတော်၏ ကတိတော်လည်းဖြစ်သည် (ယောဘ ၂:၂၈၊ တ ၁:၁၄)။ သခင်ယေရှုကိုယ်တိုင်ကလည်း (ယော ၁၆:၇)တွင် ဆိုထားသည်။ ထပ်ပြောရလျှင် ခရစ်တော် ကိုယ်တိုင်သည် ဘုရားသခင်၏ ကတိတော်များပြည့်စုံရာ ဖြစ်သည်။

ဤအပိုဒ်ငယ်(၁၃)သည် သုံးပါးတဆူဘုရားအကြောင်းကို ကျမ်းပိုဒ်များစွာထဲမှ ပထမဆုံးကျမ်းပိုဒ် ဖြစ်သည်။

ခမည်းတော်ဘုရား (ငယ် ၃)

သားတော်ဘုရား (ငယ် ၇)

ဝိညာဉ်တော်ဘုရား (ငယ် ၁၃)

:၁၄ အပိုဒ်ငယ်(၁၁)၊(၁၂)တွင် ”သင်တို့”ဟူသော စကားလုံးသုံးနှုန်းရာမှ ငယ်(၁၃)၊(၁၄)မှစ၍ ”ကျွန်ုပ်တို့” ဟူသောစကားလုံး ပြောင်းလဲသုံးစွဲလာသည်။ အခန်း(၂)၊(၃)တွင် ဖော်ပြမည့်အသင်းတော်၊ ယုဒအမျိုးသားနှင့် တပါးအမျိုးသား ယုံကြည်သူအားလုံး တစ်စုတဝေးတည်း ဖြစ်ကြသည့်အကြောင်းကို အတိတ်စိမ်းပေးခြင်းဖြစ်သည်။

သန့်ရှင်းသောဝိညာဉ်တော်သည် အမွေခံစားရန် အာမခံချက်ဖြစ်သည်။ လက်ငင်း အကြေအလည် ပေးချေပြီးဖြစ်၍ စာချုပ်စာတမ်း အာမခံချက်သည် အသက်ဝင်သည်။

ကယ်တင်ခြင်းရရှိသည်နှင့် တပြိုင်နက် ကျွန်ုပ်တို့သည် ခရစ်တော်ထဲ၌ ကြွယ်ဝချမ်းသာသူများ ဖြစ်ကြောင်း သန့်ရှင်းသောဝိညာဉ်တော်က ထုတ်ဖော်ပြသသည်။ ရှေ့ဆက် ဘုန်းတော်ခံစားကြရမည့်အကြောင်း မည်သို့ ယုံကြည်စိတ်ချရမည်နည်း။ သန့်ရှင်းသောဝိညာဉ်တော်ကိုယ်တိုင်သည် အာမခံချက်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်ကိုယ်တိုင်က အာမခံသည်။

သန့်ရှင်းသောဝိညာဉ်တော် တံဆိပ်ခတ်နှိပ်ခြင်း ခံရသူများသည် အမွေစား အမွေခံများဖြစ်၍ ဘဝလုံခြုံမှုရှိသူများ ဖြစ်သည်။ အမွေစားအမွေခံများဖြစ်ကြောင်း အပြည့်အဝအာမခံချက်ပေးပါသည်။

ရွေးနှုတ်ရာနေ့ရက်တိုင်အောင် သန့်ရှင်းသောဝိညာဉ်တော်က ပိုင်ဆိုင်မှုအထောက်အထား အာမခံချက် ပေးပါသည်။ အာမခံချက်ဆိုသည်မှာ အပြည့်အဝရွေးနှုတ်ခြင်းပြည့်စုံကြောင်း၊ အဦးသီးသောအသီးအဖြစ် ရိတ်သိမ်းခြင်း ခံရမည့်အကြောင်း ဖြစ်သည်။ ထိုအာမခံချက်သည် ရွေးနှုတ်ခြင်းပြည့်စုံမှသာလျှင် ပျက်ပြယ်သွားပါမည်။  ပိုင်ထိုက်တော်မူ သောသူတို့  ဘုန်းတော်ချီးမွမ်းခြင်း ဆိုသည်မှာ အဘယ်နည်း။

၁။        အမွေစားအမွေခံအကြောင်း ဖြစ်နိုင်သည်။ အရာခပ်သိမ်းသည် ခရစ်တော်အားဖြင့် ဘုရားရှင်ပိုင်သည်။ ယုံကြည်                         သူများသည် ခရစ်တော်နှင့်အတူ ဘုရားသခင်၏ အမွေစားအမွေခံများဖြစ်ကြသည် (ရော ၈:၁၇၊၁ကော ၃:၂၁-၂၃)။ ကမ္ဘာလောကကြီးသည် အပြစ်တရား ဝင်ရောက်လာချိန်မှစ၍  ညစ်ညမ်းသည်။ သို့ကြောင့် သန့်ရှင်းစင်ကြယ် စေဖို့လိုအပ်သည် (ကော ၁:၂ဝ၊ ဟောဗြဲ ၉:၂၃)။ ခရစ်တော်ဘုရား ပြန်လည် ကြွလာသောအခါ ယိုယွင်းပျက်စီး တတ်သောအရာများသည်  ဘုရားသခင်၏ သားသမီးများ အဖြစ်သို့ ဘုန်းတန်ခိုးရရှိကြမည်(ရော ၈:၁၉-၂)။

၂။         ပိုင်ထိုက်တော်မူသော သူတို့ဆိုသည်မှာ ယုံကြည်သူများ၏ ခန္ဓာကိုယ်လည်း ဖြစ်နိုင်သည်။ ယုံကြည်သူဖြစ်သည်နှင့်             တပြိုင်နက် ဦးစွာဝိညာဉ်တော်နှင့်စိတ်သည် ကယ်နှုတ်ခြင်းခံရသည်။ သို့သော် ခန္ဓာကိုယ်မပါသေး။ ဇရာ၊ ဝေဒနာ၊ မရဏဟူ၍ အိုခြင်း၊နာခြင်း၊သေခြင်း ခံစားရသည်။ ယုံကြည်သူများအတွက် ခရစ်တော်ကြွလာသောအခါ တွင်မူကား (၁သက် ၄:၂၃-၁၈) ယုံကြည်သူများ၏ခန္ဓာကိုယ်သည် ကိုယ်တော်၏ ဘုန်းတန်ခိုးနှင့် ပြည့်စုံ၍ တစ်မျိုးတဖုံပြောင်းလဲသွားမည်။ ခန္ဓာကိုယ်အသစ်ဖြစ်ကြမည်။ ထာဝရကာလအတွက် ရွေးနှုတ်ခြင်းခံကြရမည် (ရော ၈:၂၃)။

၃။        နောက်ဆုံးအချက်အားဖြင့် အသင်းတော်ကို ဆိုလိုခြင်း ဖြစ်နိုင်သည် (၁ပေ၂:၉တွင် ပိုင်ထိုက်တော်မူသော အပေါင်းအသင်းဟု ဆိုသည်)။ ဤကျမ်းပိုဒ် လေသံအရ ချီးဆောင်ခြင်းတွင်ပါသွားမည့် ဘုန်းတန်ခိုးနှင့်ပြည့်စုံသောအသင်းတော် (ဧ ၅:၂၇)ကို ဆိုလိုဟန်ရှိသည်။ အချို့ကမူ ရှေးဦးယုံကြည်သူများလည်း ပါဝင်သည်ဟု ယူဆကြသည်။

မည်သို့ပင်ဖြစ်စေ၊ နောက်ဆုံးတွင်မူ ခရစ်တော်၏ ဘုန်းတန်ခိုးတော်အား ချီးမွန်းရန်ဖြစ်ပါသည်။ ဘုရားရှင် အကြံအစည်တော်မှာ ဘုရားရှင်၏လူများသည်အဆုံးတွင် ခရစ်တော်၌နိဂုံးချုပ်ရမည်။ ခရစ်တော်အား ချီးမွမ်းကိုးကွယ်ခြင်းဖြင့် အဆုံးသတ်ရမည်။ ခရစ်တော်၌ စုစည်းချီးမွမ်းရမည့်အကြံအစည်တော်အား ဤအခန်းတွင် (၃)ကြိမ်တိုင်တိုင် ရေးထားသည်။

ငါတို့အားပေးတော်မူသော ကျေးဇူးတော်၏ဘုန်းအသရေတော်ကို ချီးမွန်းစေခြင်းငှာ (ငယ် ၆)

ခရစ်တော်ကိုမျှော်လင့်သော ငါတို့အားဘုန်းတော်ကိုချီးမွမ်းစေခြင်းအကြောင်း (ငယ် ၁၂)

ပိုင်ထိုက်သော်မူသောသူတို့သည် ဘုန်းတော်ကိုချီးမွမ်းခြင်းအကြောင်း (ငယ် ၁၄)

() သန့်ရှင်းသူများအတွက်ဆုတောင်းခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်း (:၁၅၂၃)

          :၁၅ လာမည့်အခန်းငယ်(၃)ခုသည် အခန်းငယ်၁၄ ၏ နောက်ဆက်တွဲဖြစ်သည်။ နိစ္စထာဝရကာလအတွက် ဘုရားသခင်၏ အကြံအစည်တော်အား ရှင်းပြရာတွင် စာဖတ်ပရိတ်သတ်များ သဘောပေါက်၊ ဘဝင်ကြဖို့ပေါလုက ဆု တောင်းပေးသည်။ သန့်ရှင်းသော ဝိညာဉ်တော်က မျက်စိဖွင့်၊ နားဖွင့်ပေးဖို့၊ ဝိညာဉ်အာရုံဖြင့်ရှုမှတ်ကြဖို့ မေတ္တာအာရုံ ဖြင့်ပို့သသည်။ ခရစ်တော်ဘုရား၌ အံဖွယ်ဘုန်းတန်ခိုး ပေးထားကြောင်း၊ အသင်းတော်အတွက် ခရစ်တော်ပေးထားကြောင်း နှင့် ဝေနေယျသတ္တဝါအား စိုးမိုးအုပ်ချုပ်မည့်အကြောင်း ဖြစ်သည်။

ထို့ကြောင့် ဟူသောစကားဖြင့် ကျမ်းပိုဒ်ဖွင့်ထားသည်။ ထိုစကားလုံးမှာ အပိုဒ်ငယ် ၃မှ၁၄တွင် ဖော်ပြသောအ ကြောင်းအချက်များ၊ ခရစ်တော်၏ခန္ဓာကိုယ်၌အစိတ်အပိုင်းများ ဖြစ်ကြသည့်အချက်များကို ပြန်ကောက်ခြင်းဖြစ်သည်။

သင်တို့သည် သခင်ယေရှုကိုယုံကြည်ခြင်းနှင့် သန့်ရှင်းသူအပေါင်းတို့ကို ချစ်ခြင်းအကြောင်းကြားပြီးလျှင် ဟုဆိုထားသည်။ ဧဖက်သားများ၏ ယုံကြည်ခြင်းမင်္ဂလာသတင်းကို ကြားသိပြီးသောကြောင့် ပေါလုက ဝမ်းမြောက်ဝမ်းသာဖြင့် ထိုသူများအတွက် ဆက်လက်ဆုတောင်း၊ ကောင်းကြီးပေးသည်။ သခင်ယေရှုကို ယုံကြည်ခြင်းက အသက်တာ ကယ်တင်ခြင်းကို ပေးပါသည်။ သန့်ရှင်းသူအပေါင်းတို့ချစ်ခြင်း ကအသက်တာ ပြောင်းလဲခြင်းကို အတည်ပြုပေးပါသည်။

ကျမ်းစာပညာရှင်များက ဤကျမ်းပိုဒ်ကို ထောက်၍ ဧဖက်ဩဝါဒစာ စောင်သည် ဧဖက်သားများအတွက်သာ ရည်စောင်ရေးသားခြင်းမဟုတ်။ ယုံကြည်သူ စာဖတ်ပရိတ်သတ်များကို ရည်ရွယ်ရေးသားခြင်း ဖြစ်သည်ဟု ဆိုကြသည်။ ပေါလု သည်(၃)နှစ်တာမျှ ဧဖက်တွင် နေထိုင်ခဲ့သည်(တ ၂၀:၃၁)။ ထို့ကြောင့် ဧဖက်အပါအဝင် ထိုအရပ်ဒေသရှိ အသင်းတော် များသို့လည်း ရေးသားခြင်းဖြစ်သည်ဟု ကောက်ချက်ဆွဲကြသည်။

သို့သော်လည်းကျမ်းချက်ကို အသေအချာလေ့လာသောအခါ အဖြေစကားထွက်လာသည်။ သခင်ယေရှုကို ယုံကြည်ခြင်း၏ ပန်းတိုင်အဖြစ် ရေးထားသည်။ သခင်ယေရှုကိုယုံကြည်ခြင်းဟု ဆိုရာတွင် ဘာသာရေး တစ်ခုအဖြစ် ယုံကြည်ခြင်း၊ အသင်းတော်၌ပါဝင်ခြင်း၊ ခရစ်ယာန်ဘာသာဝင်ခြင်းမျှသာ မဟုတ်ပါ။ ယေရှုခရစ်တော်၏ ထမြောက်ခြင်း၊ လက်ယာတော်၌ စိုးစံနေခြင်းကို သိမှတ်ခံယူသူများကို ဆိုလိုသည်။

အခြားသင်ခန်းစာတစ်ခုမှာ သန့်ရှင်းသူအချင်းချင်း ချစ်ခင်ခြင်း ဖြစ်သည်။ ချစ်ခြင်းမေတ္တာသည် ကန့်သတ် ခြင်းမရှိပါ။ ခရစ်တော်၌အသွေးတော်ဖြင့် ဝယ်ယူထားသူများသည် အိမ်ထောင်မိသားစု တစ်ခုတည်း၌ မိသားစုဝင်များဖြစ်၍၊ ချစ်ခြင်းမဝနိုင်သော ဆွေမျိုးသားခြင်းများဖြစ်သည်။

တတိယသင်ခန်းစာမှာ ယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာပေါင်းစပ်သည်။ အချို့သည်ယုံကြည်ခြင်း ရှိကြသော်လည်း ထိုသူများထံ၌ ချစ်ခြင်းမေတ္တာရှာမတွေ့ကြ။ အချို့ကမူ ချစ်ခြင်းမေတ္တာရှိကြပြန်သော်လည်း ယုံကြည်ခြင်း ခံယူချက်မတူ ညီကြပြန်။ စစ်မှန်သော ယုံကြည်သူများသည် တိကျသော ယုံကြည်ချက်ရှိ၍ ခိုင်မာသောအသက်တာ ရှိရသည်။

:၁၆ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာ ခိုင်မာပြည့်စုံသူများအတွက် ပေါလုက ဂုဏ်ယူစွာ ဆုတောင်းပေးထားသည်။ နာမတော်ချီးမွမ်းသည်။ ထိုအကြောင်းကို Scooggie  က ဤသို့ဆိုသည်။

ကျေးဇူတော်ချီးမွန်းခြင်းသည် အစဉ်ထာဝရရှိ၍ တိုးတက်ပြောင်းလဲရမည်။ အတိတ်အဖြစ်အပျက်အပေါ် ကျေးဇူး တော်ချီးမွမ်းခြင်းဖြစ်သော်လည်း အနာဂတ်ခရီးရှင်းလင်းခြင်း ဖြစ်သည်။ လက်တွေ့ဘဝ အသက်တာ၏ အကျိုးဆက် ဖြစ်သော်လည်း ဘုရားသခင်ပြုသော်မူသော အလိုတော်ဖြစ်သည်။

            :၁၇ ဘုရားသခင်၌ဆုတောင်းသော အလေ့အကျင့်ရှိဖို့ သွန်သင်ချက် ဖြစ်သည်။ ဤကျမ်းစာတွင် ဆုတောင်းခြင်း အကြောင်း(၂)ခါပါသည်။ ဤကျမ်းပိုဒ်တွင်တစ်ကြိမ်နှင့် အခန်း ၃:၁၄-၂၁တွင် တကြိမ် ရေးထားသည်။ ဤကျမ်းပိုဒ်တွင်မူ ဝိညာဉ်ရေးရာထွန်းလင်းစေဖို့ ဆုတောင်ချက်ဖြစ်၍၊ အခန်း(၃)တွင်မူ ဝိညာဉ်ရေးရာခွန်အား ပြည့်ဝဖို့ ဆုတောင်းခြင်း ဖြစ်သည်။ ဤနေရာတွင် ဘုရားသခင်ထံဆုတောင်းခြင်းဖြစ်၍၊ အခန်း(၃)တွင်မူ ခမည်းတော်ထံ ဆုတောင်းချက် ဖြစ်သည်။ သို့သော် ဆုတောင်းချက်တိုင်းတွင် လူတို့၏ လိုအပ်ချက်များအတွက် မနေမနား ဆုတောင်းခြင်း အကြောင်းရေးသည်။ ဤကျမ်းချက်တွင် သခင်ယေရှုခရစ်တော်၏ ခမည်းတော်ဘုရားသခင် ဘုန်းတော်ထင်ရှားစေဖို့ ဆုတောင်းသည်။ ခမည်းတော်ဘုရား ဘုန်းတော်ထင်ရှားစေဖို့ဆိုသည်မှာ အောက်ပါအချက်များဖြစ်သည်။

၁။        ဘုန်းတန်ခိုးတော်၏ အရင်းအမြစ်၊ အစမူလဖြစ်ခြင်း။

၂။         ဘုန်းတန်ခိုးဟူသမျှကို ပိုင်ဆိုင်ခြင်း။

၃။        သခင်ယေရှုခမည်းတော်သည် ဘုန်းတန်ခိုးရှင်ဘုရားသခင်ဖြစ်ခြင်း။

ဆုတောင်းချက်မှာ ဘုရားသခင်ကိုသိကျွမ်းခြင်းအလို့ငှာ ဉာဏ်ပညာပေး၍ ဘုရားသခင်ကို ပေါ်လွင်ထင်ရှားစေမည့် ဝိညာဉ်တော်ရရှိကြစေရန်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ဉာဏ်ပညာ၏ဝိညာဉ် (ဟေရှာ ၁၁:၂)နှင့် ဗျာဒိတ်တော်ဖွင့်ပြသူ (၁ကော ၂:၁ဝ)ဖြစ်သည်။ ဧဖက်ယုံကြည်သူများသည် သန့်ရှင်းသောဝိညာဉ်တော် ရရှိသူများဖြစ်သော ကြောင့် ဝိညာဉ်တော်ခံစားကြဖို့ရန် ဆုတောင်းပေးပါ။ ရရှိထားသောဝိညာဉ်တော် ဘုန်းတော်ထင်ရှားစေဖို့သာ ဆုတောင်းပေး သည်။

ဗျာဒိတ်တော်ဖွင့်ပြခြင်းဆိုသည်မှာ အသိဉာဏ်ပညာနှင့်ဆိုင်သည်။ မိမိတို့အသက်တာတွင် လက်တွေ့ကျကျ၊ ပညာရှိရှိ ရှင်သန်ဖို့ဖြစ်သည်။ ဉာဏ်ပညာဟုဆိုရာတွင် စားဝတ်နေရေးအတွက် သူ့လူကိုယ်လူသိရှိသော ဉာဏ်ပညာမဟုတ်။  (ဂရိ epignosis ခေါ်)ကိုယ်တော်ဘုရားကိုသိရှိခြင်း ဉာဏ်ပညာဖြစ်သည်။ ယုံကြည်သူတိုင်းအား ဘုရားရှင်ကိုလေးနက်သော အသိ၊ လက်တွေ့ကျသောဉာဏ်ပညာကို ဆိုလိုသည်။ အသိ၊ လက်တွေ့ကျသောဉာဏ်ပညာကို ဆိုလိုသည်။ မှတ်မိဉာဏ်အား ဖြင့် ဘုရားရှင်ကိုသိသောဉာဏ်ပညာ မရနိုင်ပါ။ ဝိညာဉ်တော်အားဖြင့် ခံယူရရှိနိုင်သည်။ ထိုအကြောင်းကို Dale ကဤသို့ ရှင်းပြသည်။

ဧဖက်ယုံကြည်သူများသည် ဘုရားသခင် ဘုန်းတော်ထင်ရှားဖို့ အဆင်သင့် ရှိနေကြသည်။ သာမန်ကာလျှံကာ ယုံကြည်သူများမဟုတ်။ သို့ကြောင့် ပေါလုက ဝိညာဉ်တော်ပါရှိကြောင်း ပိုမိုသိရှိကြဖို့၊ ယုံကြည်ခြင်းပိုမိုခိုင်မာဖို့၊ ချစ်ခြင်းမေတ္တာ ပြသခြင်းဖြင့် ပိုမိုထင်ရှားကြဖို့၊ ဆုတောင်းပေးခြင်းဖြစ်သည်။ ထိုကာလတွင် ဧဖက်ယုံကြည်သူများ၏ ဝိညာဉ်ရေးရာသည် မီးခဲပြာဖုံး၊ ရွက်ပုန်းသီးများ ဖြစ်နေကြသည်။ ခရစ်တော်၌ ဘုရားသခင်ကို သိကျွမ်းသည့်အတိုင်း အသင်းတော်၌ ဉာဏ်ပညာ၏ ဝိညာဉ်တော်နှင့် ဗျာဒိတ်တော်ရရှိစေချင်သည်။ မျက်စိဖြင့်မြင်ရသော အရာများသည် အပေါ်ယံကြော၌ ယာယီစံများသာဖြစ်သည်။ သာမန်မျက်စိဖြင့် မမြင်နိုင်သော ခွန်အားအစွမ်းများ ဖုံးလွှမ်းနေသည်။   ထိုမမြင်နိုင်သောအရာသည် ထာဝရတည်မြဲသော အစွမ်းရှိကြသည်။

            :၁၈ ဝိညာဉ်ရေးရာဘုန်းတန်ခိုး အရင်းအမြစ်သည် ဘုရားသခင်ဖြစ်ကြောင်း သိရှိပြီးကြပြီ။ ဘုရားသခင်ကို သိကျွမ်းခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်လမ်းကြောင်းဖြင့်သာ နားလည်နိုင်သည်။ ယခု နှလုံးသားမျက်စိ အလင်း ရရှိကြပြီ။

ဤကျမ်းပိုဒ်အရ သမ္မာတရားသည် လူ့အသိဉာဏ်အားဖြင့် နားမလည်နိုင်။ သိမ်မွေ့နူးညံ့သောစိတ်နှလုံး ရှိမှသာ လျှင် နားလည်နိုင်သည်။ သို့မှသာ အသိအာရုံလည်း ပွင့်လင်းလာမည်။ ဘုရားသခင်ကိုချစ်၍ လူတိုင်းထိုတရားဓမ္မသဘောကို နားလည်ကြသည်။ အဘယ့်ကြောင့်ဆိုသော် လူ့ဉာဏ်ရည်အားဖြင့်မမှီနိုင်။ ချစ်ခင်တတ်သော စိတ်သဘောရှိမှသာလျှင် ထိုးဖောက်မြင်နိုင်စွမ်းရှိသည်။

အသိဉာဏ်ပညာရှိကြရန် လိုအပ်သောအချက်(၃)ချက်ရှိသည်။

၁။        ကိုယ်တော်၏ခေါ်သံကို နားစွင့်ခြင်း။

၂။         ကိုယ်တော်၏ကြွယ်ဝသောဘုန်းတန်ခိုးများကို သန့်ရှင်းသူများက အမွေတော်ခံရခြင်း။

၃။        ကိုယ်တော်၏ကြီးမြတ်မှုဘုန်းတန်ခိုး ယုံကြည်သူများထံသို့ စီးဆင်းခြင်း။

          ကိုယ်တော်၏ခေါ်သံနားစွင့်ခြင်း သည် အနာဂတ်မျှော်လင့်ချက်ဖြစ်သည်။ ကိုယ်တော်တွင် အကြံအစည်တော်ရှိပြီး ဖြစ်သောကြောင့် လာရောက်ခေါ်ယူပါမည်။ ထိုခေါ်သံကို မျှော်လင့်ချက် ထားရှိနားစွင့်ရမည်။ ခရစ်တော်နှင့်တူ၍ ခရစ်တော် ထံပါး၌ အတူနေရမည့်အကြောင်းဖြစ်သည်။ ဘုရားသခင်သားများ ဖြစ်ခြင်းကြောင့် အုပ်စိုးခွင့်ရ၍ သိုးသငယ်၏သတို့သမီး ဖြစ်ခြင်းကြောင့် အတူတကွရှိနေခွင့် ရကြမည်။ ထိုသို့မျှော်လင့်ချက်ရှိကြသည့်အတိုင်း ခံစားကြရမည်မှာ ယုံမှားသံသယ ဖြစ်ဖွယ်ရာမရှိ။ ထိုအမူအရာသည် ကယ်တင်ခြင်း၏ သွင်ပြင်လက္ခဏာဖြစ်သည်။

ကိုယ်တော်၏ကြွယ်ဝသော ဘုန်းတန်ခိုးများကို သန့်ရှင်းသူများက အမွေဆက်ခံခြင်းသည် ယုံကြည်သူများ၏ ဒုတိယအကြီးမားဆုံးမျှော်လင့်ချက်ဖြစ်သည်။ ထိုအကြောင်းကို ပေါလုက ကျမ်းစကားအပေါ် ကျမ်းချက်တင်၍ ပလ္လင်တော် တည်ဆောက်ထားသည်။

အမွေတော်

သန့်ရှင်းသူများ၌ အမွေတော်တည်ခြင်း

သန့်ရှင်းသူများ၌ အမွေတော် ဘုန်းထင်ရှားခြင်း

သန့်ရှင်းသူများ၌ အမွေတော်ဘုန်းတန်ခိုး ကြွယ်ဝစွာထင်ရှားခြင်း

ဤကျမ်းစကားကို နားလည်သဘောပေါက်ရန် (၂)မျိုးရှင်းပြပါမည်။ ပထမဦးစွာ သန့်ရှင်းသူများသည် အမွေတော်ခံများ ဖြစ်ကြောင်း နားလည်ရမည်။ မဆုံးသော ကြွယ်ဝချမ်းသာခြင်း ရတနာသိုက်၊ ဘဏ္ဍာတိုက်ပေးထားသည်။ တိ ၂:၁၄ နှင့် ၁ပေ ၂:၉ တွင် ယုံကြည်သူအပေါင်းသည် ”အထူး ရွေးကောက်ထားသော လူမျိုးတော်” ဖြစ်သည်ဟု ဆိုထားပါသည်။ ဤစကားအားဖြင့် ဆီသည်မ လက်နှီးစုတ်ပမာ စုတ်ခြာသောအပြစ်သားများသည် ခရစ်တော်အားဖြင့် ကယ်တင်ခြင်းရရှိကြ၍ ဘုရားသခင်၏ ရင်ခွင်တော်ထဲသို့ တိုးဝင်ခွင့်ရရှိသူများ ဖြစ်ကြောင်း၊ အမွေတော်ခံများဖြစ်ကြကြောင်း နားလည်ရသည်။

နောက်တနည်းမှာ ယုံကြည်သူများအားလုံး အမွေခံ ကြရသည့်အကြောင်းဖြစ်သည်။ ခပ်တိုတိုပြောရလျှင် ကမ္ဘာမိုးမြေ အရာအသီးသီးကို ခရစ်တော်ပိုင်ဆိုင်အုပ်စိုးသည်။ သတို့သမီးနှင့်အတူ အုပ်စိုးမည်။ ကိုယ်တော်နှင့် အကြောင်းပါသူများသည် ကိုယ်တော်၏ ဘုန်းတန်ခိုး မျှဝေခံစားရမည်။ ထိုသို့ဖြစ်ရန် အခြားလောကသားများကိုလည်း ဆွဲဆောင်စည်းရုံးခိုင်းသည်။

:၁၉ တတိယဆုတောင်းချက်မှာ ယုံကြည်သူများအပေါ်၌ထားရှိသည်။ ဘုရားသခင်၏ ဘုန်းတန်ခိုးတော် ကြီးမားပုံကို  သိမြင်နိုင်စွမ်းရှိကြရန် ဖြစ်သည်။

F.B.Meyer  က ”ကြီးမားသောတန်ခိုး၊ ဘုရားရှင်၏တန်ခိုးတော်၊ ပြိုင်ဘက် တုနှိုင်းစရာမရှိ၊ အတိုင်းအဆမရှိသော တန်ခိုးတော်ဖြစ်သည်”  ဟုဆိုသည်။

ရွေးနှုတ်ခြင်းတန်ခိုးတော်သည် အနှိုင်းအဆမရှိ ကြီးမြတ်ကြောင်းနှင့် ဘုန်းတန်ခိုးအာနုဘော်သည်လည်း ကြီးမားလှ ကြောင်း Lewis Sperry Chafer  က ဤသို့ဆိုသည်။

ဘုရားသခင်၏ ဘုန်းတန်ခိုးကြီးမြတ်ပုံ၊ အရာခပ်သိမ်းကို အချုပ်အခြာအာဏာဖြင့် စီရင်ခွင့်ရှိပုံ၊ ရှေးမဆွမှစ၍ အမိန့်တော်ကြီးမားပုံ၊ ရွေးကောက်ခြင်း၊ အခွင့်အာဏာရှိပုံတို့ကို ယုံကြည်သူများအား ကြားသိစေလိုသော ပေါလု၏စေတနာ ဖြစ်သည်။

            :၂ဝ အထက်ပါ ဘုန်းတန်ခိုးများအပြင် အကြီးမားဆုံးသောဘုန်းတန်ခိုး၊ လောကလူသားများ သိရှိနားလည်ကြ သည့် ဘုန်းတန်ခိုးကို ထပ်မံရှင်းပြသည်။ ထိုဘုန်းတန်ခိုးမှာ သေလွန်သူများထဲမှ ယေရှုခရစ်တော်အား ရှင်ပြန်ထမြောက် စေပြီး လက်ယာတော်၌ စိုးစံစေသည့်တန်ခိုး ဖြစ်သည်။ အချို့က ကမ္ဘာလောက ဖန်ဆင်းခြင်းသည် အကြီးမားဆုံးသော ဘုန်းတန်ခိုးဖြစ်သည်ဟု ထင်မြင်ကောင်း ထင်မြင်နိုင်ကြသည်။ အချို့က ဘုရားသခင်လူများ ပင်လယ်နီကို ဖြတ်သန်းခြင်း ဟုဆိုကြသည်။ ထိုအရာများ မဟုတ်ပါ။ ဓမ္မသစ်ကျမ်းက ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း၏ အကျိုးဆက်များ ဖြစ်သည်ဟု သွန်သင်ထားပါသည်။

အဘယ့်ကြောင့်နည်း။ လောကလူသားနှင့် အနှောင့်အယှက်အတိုက်အခံများက ဘုရားသခင်၏ အကြံအစည်တော်ကို တားမြစ်ပိတ်ပင်ဖို့ ကြိုးပမ်းကြသည်။ ခရစ်တော်အား အုတ်ဂူထဲမှ မထနိုင်အောင် ဝိုင်းပိတ်ပင်ဆို့ ဟန့်ထားသည်။ မည်သို့ပင် လုံးပမ်းကြိုးစားစေကာမူ ဘုရားသခင်က စာတန်နှင့် အပေါင်းအပါများကို အောင်ပွဲခံပါသည်။ စာတန်ထက် ဘုန်းတန်ခိုး ကြွယ်ဝသည်။

ဘုရားရှင်၏ ဘုန်းတန်ခိုးကြွယ်ဝကြီးမားပုံကို ရှင်းပြနိုင်စွမ်းရှိသော လူ့ဘာသာစကားမရှိပါ။ ထို့ကြောင့် ပေါလုက ဝေါဟာရအမျိုးမျိုး ဖလှယ်သုံးနှုန်းသည်။ ခပ်သိမ်းသောအထွဋ်အမြတ်ဆိုသည်မှာ သေခြင်းမှ ရှင်ပြန်ထမြောက်နိုင်အောင် အစွမ်းအာနိသင်ဘုန်းတန်ခိုး ပြည့်စုံသည့်အကြောင်း ဖြစ်သည်။ အမှန်မှာ ဤစကားသည် ပေါ့သေးသည်။ အကောင်းဆုံး စကားလုံးကို မြင်သာအောင်ထုတ်ဖော်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ အရာခပ်သိမ်းကို တတ်စွမ်းနိုင်သည့်တန်ခိုးကို ဆိုလိုခြင်းဖြစ်သည်။ Meyer  က ဤသို့ထပ်ရှင်းပြသည်။

အံ့ဖွယ်ရာများသည် ထိုနေရာက ပေါ်ထွန်းလာပါသည်။ သေတတ်သောလူများရောက်ရှိသည့် သင်္ချိုင်းအုတ်ဂူထဲမှလူသေသည် ရှင်ပြန်ထမြောက်၍ မသေတတ်သောဘဝသို့ရောက်ရှိကာ ဘုရားသခင့်ထံတော်တွင် စိုးစံသည်မှာ အံ့ဖွယ်ရာဖြစ်ပါသည်။ အုတ်ဂူအမှောင်ထုအတွင်းမှ မငြိမ်းသောအလင်းရောင် ဖြစ်သွားသည်။ ထိုနေရာလေးသည် သေးငယ်သော်လည်း ကမ္ဘာမိုးမြေတစ်ခုလုံး ဖမ်းစားစုစည်းရာ ဖြစ်သည်။ သင့်ယုံကြည်ခြင်းဖြင့် တိုင်းတာကြည့်ပါ။ သခင့်အပေါ် သင့်ယုံကြည်ချက် အတိုင်းအတာ ပေါ်ထွန်းတွေ့ရှိမည်။၉

            သမ္မာကျမ်းစာသွန်သင်ချက်အရ လူ့သမိုင်းတွင် ပထမဦးဆုံး ဂန္တဝင်ထူးခြားဖြစ်စဉ်ဖြစ်သည် (၁ကော ၁၅:၂၃)။ သေခြင်းမှထမြောက်သူ တခြားသူများလည်းရှိသေးသည်။ သို့သော် ထိုသူများသည် နောက်တဖန်ပြန်သေပါသည်။ သေသူ များထဲမှထမြောက်၍ ထာဝရအသက်ရှင်သောသူမှာ ယေရှုခရစ်တော်တပါးတည်းသာရှိသည်။ ထိုသို့ ရှင်ပြန်ထမြောက် သည့်နောက်တွင်လည်း ဘုရားသခင်၏ လက်ယာတော် ကောင်းကင်ဘုံရာဇပလ္လင်ပေါ်၌ စိုးစံနေရာယူပါသည်။ လက်ယာဘက်ဆိုသည်မှာ အခွင့်ထူးရှိသူ (ဟေဗြဲ၁:၁၃)၊ တန်ခိုးအရှိန်အဝါရှိခြင်း (မ ၂၆:၆၄)၊ လေးနက်ခြင်း (ဟေဗြဲ ၁:၁၃)၊ ဝမ်းမြောက်ရွှင်လန်းရာ (ဆာ ၁၆:၁၁)နှင့် ဖြောင့်မတ်ခြင်း (၁ပေ ၃:၁၂)ဟု အဓိပ္ပါယ်ဆောင်သည်။

ကောင်းကင်နိုင်ငံတော်တွင်ဟု နေရာပြဆိုထားသည်။ ဘုရားသခင်နှင့်အတူတကွ စိုးစံခြင်းဖြစ်သည်။ ယခုကာလ တွင် ယေရှုခရစ်တော်သည် သေခြင်းမရှိတော့သော အသွေးအသားများဖြင့် လွတ်လပ်စွာရှိနေသည်။ ယုံကြည်သူများသည် လည်း မကြာသောကာလတွင် ခရစ်တော်ကဲ့သို့ စိုးစံကြရမည်ဖြစ်သည်။

:၂၁ ခရစ်တော်၏ ဘုန်းတန်ခိုးတော်ကို ဆက်လက်ရှင်းပြသည်။ အထွဋ်အမြတ်အာဏာစက်တန်ခိုး၊ အစိုးရသူမှ စ၍ ယခုဘဝနောင်ဘဝ၌ ခေါ်ဝေါ်သမုတ်သော ဘွဲ့နာမအလုံးစုံထက် ကောင်းကင်အရပ်၌ အလွန်မြင့်သော လက်ယာတော်ဘက်မှာ ခရစ်တော်အား ပေးတော်မူသည်။ သခင်ယေရှုသည် အစိုးရမင်း၊ အာဏာပိုင်အဆက်ဆက်၊ ကောင်းကင်တမန်များထက် ယခုအပါအဝင် နိစ္စထာဝရကာလ၌ ကြီးမြတ်သူဖြစ်သည်။

ကောင်းကင်တမန်များတွင်လည်း ရာထူး ကွဲပြားကြပါသည်။ ကောင်းသော ကောင်းကင်တမန်များ ရှိသကဲ့သို့ ကောင်းကင်တမန်နတ်ဆိုးများလည်း ရှိသည်။ ဘုန်းတန်ခိုးလည်း မတူညီကြပါ။ လူ့ပုံစံအတိုင်း ပုံနှိုင်းပြောရလျှင် အုပ်စိုးသူမင်း၊ မြို့တော်ဝန်နှင့် ဋ္ဌာနဆိုင်ရာ အစရှိသဖြင့် ရှိပါသည်။ မည်မျှပင် ဘုန်းတန်ခိုး ကြီးထွားမြင့်မားကြစေကာမူ ထိုရာထူးရာခံ အာဏာစက်များ၏အထက်တွင် ယေရှုခရစ်တော် ရှိသည်။

ထိုသို့ခရစ်တော်၏ ဘုန်းတန်ခိုးမြင့်မားခြင်းသည် ပစ္စုပ္ပန်ကာလတွင်သာမဟုတ်ပါ။ လောကကမ္ဘာကို အနှစ်တစ်ထောင်အုပ်စိုးမည့်ကာလတွင်လည်း ထိုအတိုင်းဖြစ်သည်။ သခင်တကာတို့၏သခင်၊ ဘုရင်တကာတို့၏ဘုရင်အဖြစ် အုပ်စိုးမည်။ ဖန်ဆင်းထားသော အရာခပ်သိမ်း၏ အထက်တွင်ရှိသည်။ အတုအပ၊ အပြိုင်အဖက်မရှိပါ။

:၂၂ ထို့အပြင် ဖန်ဆင်းထားသောအရာခပ်သိမ်းသည် ခရစ်တော်၏ခြေတော်အောက်သို့ ရောက်ရှိကြရမည်။ လူ၊ ကောင်းကင်တမန်များအပါအဝင် သတ္တလောက၊ ဩကာသလောကအားလုံး ပါဝင်သည်။ ဟေဗြဲ ၂:၈ တွင် ယခုကာလ တွင် လူ့မျက်စိဖြင့် မမြင်ရသောအရာခပ်သိမ်းလည်း ပါဝင်သည်ဟု ဆိုသည်။ မှန်ပါသည်။ ကမ္ဘာမိုးမြေစကြာဝဠာတစ်ခုလုံး ခရစ်တော်ပိုင်ဆိုင်ပါသည်။ ဘုရားရှင်ကို ဆန့်ကျင် ပုန်ကန်ကြသူများအား လိမ္မာပါးနပ်အောင် နှိပ်ကွပ်ဖို့ သားတော်ယေရှု ခရစ်တော်အား သံလှံတံကိုင်ဆောင်၍ အုပ်စိုးစေပါမည်။

ယုံမှားသံသယမရှိကြပါနှင့်။ လက်ဝါးမှာ သံမှိုနှက်ရာ အနာရွတ်ရှိသူသည် စကြာဝဠာတစ်ခုလုံးအုပ်စိုးပါမည်။ ဘုရားရှင်သည် ထိုသူအား အသင်းတော်၏ ဦးခေါင်းအဖြစ် ခန့်ထားတော်မူပြီ။ ဘုရားသခင်၏ လျှို့ဝှက်နက်နဲသော အကြံ အစည်တော်ကို တဆင့်ပြီးတဆင့် ပေါလုက သွန်သင်ထားသည်။ ယခုအထွဋ်အထိပ်ပိုင်းရောက်လာသည်။ ပုံပြဇယားအားဖြင့် ရှင်းပြရလျှင် ရှင်ပြန်ထမြောက်ခြင်း၊ ဘုန်းတန်ခိုးထင်ရှားခြင်း၊ ခရစ်တော်နိုင်ငံတော်တည်ထောင်ခြင်း အစရှိသဖြင့် ဖော်ပြရမည်။ သို့ကြောင့် စိတ်နှလုံးနိုးကြားစေရန် အသင်းတော်အဘို့ အလို့ငှာအလုံးစုံတို့၏ အချုပ်အခြာ ဦးခေါင်း ဖြစ်စေတော်မူ၏ ဟုဆိုထားသည်။

ခရစ်တော်သည် အသင်းတော်၏ ဦးခေါင်းဖြစ်သည်ဟု လွယ်လင့်တကူ မှတ်နိုင်သည်။ ထိုမျှမကပါ။ အသင်းတော် သည် ခရစ်တော်နှင့် နီးစပ်ပေါင်းဖက်သူ အကျွမ်းဝင်သူဟု ဆိုလိုသည်။

အပိုဒ်ငယ်(၂၁)တွင် ခရစ်တော်သည် ကမ္ဘာမိုးမြေသတ္တဝါများ၏ ပစ္စုပ္ပန်ကာလ၊ နောင်ကာလ တလျှောက်လုံးတွင် အထက်အရပ်၌ရှိသည်။ အပိုဒ်ငယ်(၂၂)အစပိုင်းတွင် အရာခပ်သိမ်းသည် ခရစ်တော်၏ ခြေဖဝါးအောက်၌ ရှိသည်ဟုဆိုသည်။ ယခုတဖန် ခရစ်တော်နှင့်အသင်းတော်၏ ကန့်သတ်ချက်မရှိ ဆက်နွယ်ပေါင်းဖက်ပုံကို ဖော်ပြထားသည်။ အသင်းတော် ကိုလည်း ဘုန်းတန်ခိုးမျှပေးထားသည်။ ဖန်ဆင်းထားသော သတ္တဝါဟူသမျှသည် ထိုဘုန်းတန်ခိုးအောက်မှာ ရှိပါသည်။

:၂၃ အခန်း(၁)၏ နောက်ဆုံးကျမ်းပိုဒ်တွင် ခရစ်တော်နှင့်အသင်းတော် ဆက်နွယ်ပတ်သက်ပုံကို ရှင်းပြထားသည်။ အချက်(၂)ချက်ရှိပါသည်။ (၁) အသင်းတော်သည် ခရစ်တော်၏ခန္ဓာကိုယ်ဖြစ်သည်။ (၂) ခရစ်တော်၌ ပြည့်စုံရမည့်အရာ အားလုံး ပြည့်စုံရာ ဖြစ်သည်။

ခန္ဓာကိုယ်နှင့်ဦးခေါင်းဆက်စပ်ခြင်းထက် ရင်းနှီးဆက်နွယ်သော ပတ်သက်ခြင်းမရှိပါ။ ဝိညာဉ်တစ်ခုတွင် အချက်ကျသော အစိတ်အပိုင်းများဖြစ်ကြပါသည်။ အသင်းတော်ဆိုသည်မှာ ပင်တေကုတ္တေနေ့နှင့် အသင်းတော် ချီဆောင်ခြင်းကာလကြားတွင် အံ့ဖွယ်ကျေးဇူးတော်ဖြင့် ကယ်တင်ခြင်းရရှိ၍ ခရစ်တော်၏ ခန္ဓာကိုယ် တည်းဟူသော ယုံကြည်သူများ အစုအဝေးဖြစ်သည်။ ခေတ်အဆက်ဆက်တွင် အသင်းတော်ကဲ့သို့သော အထူးလေးနက်သည့် အစုအဝေးမရှိဘူးပါ။

ခရစ်တော်၌ ပြည့်စုံမည့် အရာအားလုံး ပြည့်စုံရာ ဆိုခြင်းမှာ နေရာတိုင်း၌ တချိန်တည်းတွင် ခရစ်တော်၌ စုဝေးကြခြင်းကို ဆိုလိုသည်။ ပြည့်စုံခြင်းဆိုသည်မှာ ပါဝင်ခြင်းဖြစ်သည်။ ခရစ်တော်၏ ခန္ဓာကိုယ်၌ တစုတဝေးပါဝင် ကြသောအခါ အသင်းတော်၏ဦးခေါင်းဖြစ်သော ခရစ်တော်၌လည်း ပြည့်စုံစေကြရာ ရောက်ပါသည်။ ထိုသဘောကို အမှတ်မလွဲကြစေရန် ပေါလုက ”အသင်းတော်အဘို့အလို့ငှာ သူ့ကို အလုံးစုံတို့၏ အချုပ်အခြာအဖြစ်” ဟုဆိုခြင်း ဖြစ်သည်။ ခရစ်တော်သည် အလုံးစုံသောအရာ၏အရှင်သခင်ဖြစ်သောကြောင့် ခရစ်တော်၌တည်နေသူများသည် ပြည့်စုံကြသည်ဟုဆိုလိုပါသည်။

ဤကျမ်းချက်ကို ကောင်းစွာ နားလည်ခံယူဖို့ အရေးကြီးသည်။ ဘုရားသခင်၏အကြံအစည်တော်ကို နားလည် သဘောပေါက်မှသာလျှင် ကျွန်ုပ်တို့၏မပြည့်စုံ၊ မစွမ်းဆောင်နိုင်သော အရည်အချင်းများကို သိရှိနားလည်၍ ခရစ်တော်ဘုရား ကို အားကိုးနိုင်ကြပေမည်။

Previous Article
Next Article