ကမ္ဘာဦးကျမ်း ၂

:​ (၆)ရက်လုံးလုံး ဖန်ဆင်းပြီးသောအခါ သတ္တမနေ့ရက်တွင် ဘုရားသခင်သည် ငြိမ်ဝပ်စွာ နေသည်။ ငြိမ်ဝပ်စွာနေသည် ဟုဆိုရာတွင် မောပန်းနွမ်းနယ်သောကြောင့် အပန်းဖြေခြင်းမဟုတ်။ လုပ်ဆောင်စရာ ပြီးစီးသွားသောကြောင့် ကျေနပ်နေခြင်းဖြစ်သည်။ ထိုစဉ်ကာလတွင် ဥပုသ်နေ့ စောင့်ထိန်းကြရန် ဘုရားသခင်က လူအားပညတ်မထားပါ။ (၇)ရက်တွင် တစ်ရက်အနားယူရမည့်အကြောင်း ဥပုသ်စောင့်ရမည့် အကြောင်းသာပြောသည်။

: ဘုရားသခင်၏ နာမတော်သည် (Jehovah [Yahweh] Elohim) ဖြစ်သည်ဟု အပိုဒ်ငယ် ၄ တွင် ပထမဦးဆုံးအကြိမ်ဖော်ပြသည်ဟု အပိုဒ်ငယ် ၄ တွင် ပထမဦးဆုံးအကြိမ် ဖော်ပြသည်။ လူသားဖန်ဆင်း ပြီးသောအခါမှသာလျှင် နာမတော်ဖော်ပြသည် (၁:၂၇)။ Elohim က ဘုရားဆိုသည်မှာ ဖန်ဆင်းရှင် ဘုရားသခင်ကို ဆိုလိုသည်။ Jehovah ဆိုသည်မှာ လူသားနှင့် ဆက်နွယ်သော ဘုရားသခင်ဟု အဒိပ္ပါယ်ရသည်။ အချို့ကျမ်းစာ ဝေဖန်ရေးသမားများက ဤအမည်နာမနှစ်ခု အဓိပ္ပါယ်ကွဲပြားချက်အပေါ် မူတည်၍ အမျိုးမျိုးပြောချင်ကြသည်။ ထိုအကြောင်းကို ဘုရားသခင်ကိုယ်တိုင်သာ သဘာဝကျအောင် ရှင်းပြနိုင်မည်။

အပိုဒ်ငယ်တွင်ပါရှိသည့် ဤအကြောင်းအရာကား ဆိုသည်မှာ အခန်း(၁)၌ ပါရှိသည့် အစအဦး၌ ဟူသောစာသားမှစ၍ လက်ရှိကျမ်းပိုဒ်အထိကို ဆိုလိုသည်။ အခန်းငယ် ၅ ကို မြေကြီးပေါ်နှင့် လယ်ကွင်းပြင် များအား ထွန်ယက်ခြင်းမပြုကြမီ၊ မည့်သည့်အပင်မှမပေါက် ဟုဆိုရသည်။ သို၌သော် ၁:၁၀ တွင် ကုန်းမြေပေါ်ထွန်းစေကြောင်းတွေ့ရသည်။ ထိုကုန်းမြေပေါ်သို့ မိုးရွာသွန်းခြင်း မရှိသေး။ မြေကြီးအစိုဓာတ် ပြန် စေကြောင်း တွေ့ရသည်။

          : လူဖန်ဆင်းခြင်းအကြောင်းကို ပိုမိုပြည့်စုံစွာရှင်းပြသည်။ ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကို ဖန်ဆင်း၍ အသက်သွင်းလိုက်သဖြင့် အသက်ရှင်သော လူသတ္တဝါ အာဒံ ပေါ်ထွန်းလာသည်။ အာဒံဆိုသည်မှာ (အနီရောင် သို့မဟုတ် မြေကြီး) ဟုအဓိပ္ပါယ်ရ၍ မြေနီဖြင့် ပြုလုပ်ထားသောကြောင့်ဖြစ်သည်။

:၁၄ ဘုရားသခင်က အရှေကဘက်မျက်နှာတွင် ဧဒင်ဥယျာဉ်စိုက်ပျိုးထားသည်။ ပါလက်စတိုင်း ဒေသအရှေ့ဘက်ဖြစ်နိုင်သည်။ မက်ဆိုပိုတေးမီးယားဒေသအနီး ဟိဒကေလမြစ် (တိုက်ဂရစ်)နှင့် ဥဖရတ်မြစ် နားတဝိုက်ဖြစ်သည်။ ကောင်းမကောင်းကို သိကျွမ်းရာ အသက်ပင် ဆိုသည်မှာ လူ၏ နာခံခြင်းကို ဆန်းစစ်ရာဖြစ်သည်။ ထိုသစ်ပင်၏ အသီးကိုစားလျှင်အပြစ်ဖြစ်သည်။ မနာခံခြင်းဖြစ်သည်။ တနည်းအားဖြင့် ထိုအသီးသည် ယနေ့ခေတ်ကာလတိုင်အောင် လူသားများထံ၌ရှိနေသည်။

:၁၅၂၃ ပညတ်တော်စကားကို မနာခံချိုးဖောက်ခြင်း၏ အပြစ်ဒစ်သည် သေခြင်း (ငယ် ၁၇) ဖြစ်သည်။ ဝိညာဉ်နှင့် ရုပ်ခန္ဓာကိုယ် နှစ်ခုစလုံး ချက်ချင်းသေသည်။ ဖန်ဆင်းခြင်းတွင် ငှက်များနှင့် တိရစ္ဆာန်များ ဖိုမစုံတွဲခဲ့သကဲ့သို့ အာဒံတွင်လည်း အဖော်လိုလာသည်။ အထောက်အမ လိုအပ်သည်။ ထို့ကြောင့် သွေးနီးစပ်အောင် အာဒံအိပ်ပျော်နေခိုက် နံရိုးတစ်ချောင်း ဆွဲထုတ်၍ သတို့သမီး ဖန်ဆင်းပေး လိုက်သည်။ ထိုကဲ့သို့ပင် ခရစ်တော်သည်လည်း ခရစ်တော်၏ သတို့သမီးအတွက် နံရိုးမှသွေးမြေကျစေသည်။ မိန်းမအား ဖန်ဆင်းရာတွင် အာဒံ၏ ဦးခေါင်းမှမယူ၊ ခြေထောက်မှမလှီး၊ နှလုံးသားနှင့် နီးစပ်သော နေရာမှ အခိုင်မာဆုံး ခန္ဓာကိုယ် အစိတ်အပိုင်းအရိုးဆွဲထုတ်ဖန်ဆင်းပါသည်။ သို့ဖြင့် ယောက်ျားနှင့် မိန်းမ လင်မယားသည် နှလုံးသားချင်းနီးစပ်သည်ဟု နားလည်ရသည်။

အပြစ်ဒုစရိုက်မဝင်ရောက်မှီ ဘုရားသခင်က ယောက်ျားအား ဦးစီးဦးဆောင်မှုတာဝန် အပ်နှင်းထားသည်။ ပေါလုကလည်း ထိုကျမ်းချက်ကို အပြည့်အဝထောက်ခံထားသည်။ (ယောက်ျားကို ဦးစွာ ဖန်ဆင်းသည်) မိန်းမဖန်ဆင်းရခြင်း ရည်ရွယ်ချက်မှာ ယောက်ျားအား အထောက်အမပြုရန်ဖြစ်သည် (၁ကော ၁၁:၈-၉)။ သို့သော် အပြစ်ဝင်ရောက်ရာတွင်မူ ဧဝက ဦးဆောင်မှုသည် အပြင်ဘက်သို့သာ ခြေသွက်ကြသည်။ ထိုသို့ဖြင့် လူ့လောကထဲသို့ အပြစ်ဒုစရိုက် ဝင်ရောက်လာသည်။ ယောက်ျားကို ဦးစီးဦးဆောင်မှု ခေါင်းဆောင်နေရာ ပေးထားပါသည်။

အပိုဒ်ငယ် (၁၉)သည် အင်္ဂလိပ်ကျမ်းမူတွင် perfect tense သုံးထားသဖြင့် ပိုမိုထင်ရှားသည်။ ထာဝရအရှင်ဘုရားသခင်သည်ဖန်ဆင်းတော်မူပြီးလျှင် ဆိုသည်။ လူမဖန်ဆင်းမှီ အခြားသတ္တဝါများကို အရင်ဖန်ဆင်းသည်။

:၂၄ အပိုဒ်ငယ် (၂၄)သည် ဘုရားသခင်က တလင်တမယားစနစ်ပြဋ္ဌာန်းသည့်အကြောင်းဖြစ်သည်။ အိမ်ထောင်ပြုခြင်းသည် ဘုရားသခင်၏အလိုတော်နှင့် ညီ၍ သန့်ရှင်းစင်ကြယ်ရသည်။ အကြင်လင်မယား၏ ဘဝဖွဲ့နှောင်မှုသည် သခင်ယေရှုနှင့်အသင်းတော်ဆက်နွယ်ပုံမျိုးဖြစ်သည်။ သန့်ရှင်းစင်ကြယ်၍ ခိုင်မြဲသည်။ သေခြင်းမှတပါး မည်သည့်အရာမမှ မပြတ်တောက်စေရ။ (ဧ ၅:၂၂-၃၂ ကိုကြည့်)

:၂၅ အာဒံနှင့်ဧဝသည် ဧဒင်ဥယျာဉ်ထဲတွင်ဘဲနေကြသော်လည်း အရှက်အကြောက်မရှိကြ။

Previous Article
Next Article