တရားဟောရာကျမ်း ၅

၂။ မောရှေဒုတိယအကြိမ်မိန့်မှာချက်ပြည်တော်တွင် စင်ကြယ်ကြရန် (အခန်း ၂၈)

(က) သိနာတောင်ပဋိညာဉ်စားမြုံ့ပြန်ခြင်း (အခန်း )

          : အခန်း၅သည် သိနာတောင်(ဟောရဗိ)ပေါ်မှာပေးထားသော ပညတ်တော်ဆယ်ပါးကို စားမြုံ့ပြန်ခြင်းဖြစ်သည်။ အပိုဒ်ငယ် ၃တွင် “ငါတို့ဘိုးဘေးများနှင့်သာ ပြည့်စုံသည်မဟုတ်” ဟုဆိုထားပါသည်။ ထိုပညတ်တော်သည် ဘိုးဘေးများ လက်ထက်တွင် ပြုခဲ့ကြသည် မှန်သော်လည်း ဘိုးဘေးများသာမက နောင်လာနောင်သားများနှင့်လည်း အကြုံးဝင်သည်။

          :၂၁ ပညတ်တော်ဆယ်ပါးမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။        ငါမှတပါးအခြားသောဘုရားကိုမကိုးကွယ်နှင့် (ငယ် ၇)

၂။         ရုပ်တုမကိုးကွယ်နှင့်။ ရုပ်တုထုတ်လုပ်ခြင်းသည်လည်း ကိုးကွယ်ရန် ပြုလုပ်ခြင်းဖြစ်၍ ကိုးကွယ်ခြင်းနှင့် တစ်ဂိုဏ်တည်းဟု ယူဆနိုင်သည် (ငယ် ၈-၁၀)။ ဤပညတ်ချက်သည် ယခင်တားမြစ်ချက်ကို ထပ်မံပြဌာန်းခြင်းမဟုတ်။ လူများသည် ပုံပြင်ဒဏ္ဍာရီဆန်သောအရာများ၊ နေ၊ လနှင့် အခြားထူးဆန်းသော အရာများ ကိုးကွယ်လာကြသောကြောင့် ထပ်လောင်းပြဌာန်းခြင်းဖြစ်သည်။ ထိုသူများသည် ဘုရားသခင်မုန်းသောသူများ၏ အပြစ်ဒဏ်မျိုးခံရသည် (ငယ်၉)။

၃။        ဘုရားသခင်၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုရ (ငယ် ၁၁)။

၄။        ဥပုသ်နေ့ကို သန့်ရှင်းစင်ကြယ်စေလော့ (ငယ် ၁၂၁၅) ဤကျမ်းချက်သည် ထွ ၂၀:၈-၁၁ တွင် အနက်ဖွင့်ချက်နှင့်မတူပါ။ ယုဒလူများအား အဲဂုတ္တုပြည်တွင် ကျွန်ခံခဲ့ခြင်းကို အမှတ်ရကြဟု သတိပေးခြင်းဖြစ်သည် (ငယ်၁၅)။ ထိုအကြောင်းနှစ်ခုသည် တစ်ခုနှင့်တစ်ခုဆန့်ကျင်ခြင်းမဟုတ်။ ဖြည့်စွက်ခြင်း ဖြစ်သည်။

၅။        မိဘများကို ရိုသေစွာပြုလော့ (ငယ် ၁၆)။

၆။        လူ့အသက်မသတ်ရ (ငယ် ၁၇)။

၇။        ကာမပိုင်ရှိလူနှင့်မဖောက်ပြန်ရ (ငယ်၁၈)။

၈။        သူ့ပစ္စည်းမခိုးရ (ငယ် ၁၉)။

၉။        အိမ်နီးနားချင်းများအား ဆန့်ကျင်၍ မဟုတ်မမှန် သက်သေစကားမဆိုရ (ငယ်၂၀)။

၁၀။      လိုချင်တပ်မက်စိတ်ဇော်မတက်ရ (ငယ် ၂၁)။

:၂၂ ဤကျမ်းပိုဒ်ကို J.A Thompson က ဤသို့ဆိုထားသည်။

အခြားထပ်ဖြည့်စရာ ပညတ်ချက်မရှိဟုဆိုခြင်းမှာ ပညတ်တော်ဆယ်ပါးကို ဆိုလိုသည်။ ပညတ်တော်ဆယ်ပါးသည် ပညတ်တရားများ၏ အခြေခံအချုပ်အချာဖြစ်၍ အခြားထပ်ဖြည့်စရာမရှိ။ အခြားပညတ်ချက်များသည် ပညတ်တော်ဆယ်ပါးကို အခြေခံ၍ ထပ်ဆင့်ပွားများသော ပညတ်ချက်များဖြစ်ပါသည်။ ပညတ်တော်ဆယ်ပါးသည် ချဲ့တွေးလျှင် ဆန့်နိုင်သမျှ ကျယ်ပြန့်သည်။ အခြားပညတ်ချက်များရှိနိုင်သော်လည်း ထိုပညတ်ချက်များသည် သီခြားဘာသာရပ်ပညတ်များဖြစ်သည်။ ဘုရားသခင်ပြဌာန်းထားသော အခြေခံပညတ်တရားသည် ပညတ်တော်ဆယ်ပါးဖြစ်သည်။

:၂၃၃၃ ပညတ်တရားပြဌာန်းခြင်းသည် သူတို့နှင့်အတူ ဘုရားသခင်အတူရှိတော်မူကြောင်း သိရှိ၍ ချစ်ကြောက်ကြရန်နှင့် ဘဝအသက်တာ အသီးသီးတွင် ခံယူကျင့်သုံးကြရန်ဖြစ်သည်။ ဘုရားသခင်၏ စကားတော်များကို နာခံလိုက်လျှောက်ကြမည့်အကြောင်း မောရှေအား ပြည်သူ့ကိုယ်စား ပြန်လည် လျှောက်ကြားစေကြသည်။ (ထိုသို့ ကျိန်ပြောကြသော်လည်း ဣသရေလတို့သည် သူတို့ကိုယ်သူတို့ အပြစ်ဒုစရိုက်သားများ၊ ကယ်တင်ရှင် လိုအပ်နေသူ ဒုက္ခသည်များဖြစ်မှန်း မိမိကိုယ်ကို မသိရှိကြ)။ ဘုရားသခင်သည် ပညတ်တရားနှင့် အမိန့်ညွှန်ကြားချက်များကို မောရှေမှတဆင့် ထုတ်ပြသည်။ စကားကြီးဆယ်ခွန်း သို့မဟုတ် ပညတ်တော်ဆယ်ပါး သိနာတောင်ပေါ်တွင် ဣသရေလတစ်မျိုးလုံးသို့ မြွက်ဆိုသော စကား(ငယ် ၃၀-၃၁) ဖြစ်သည်။

ဘုရားသခင်သည် ပညတ်တော်များအား စောင့်ထိန်းဖို့ ပြဌာန်းခြင်းမဟုတ်ပါ (ငယ် ၂၈)။ ဘုရားရှင်ကို ချစ်ကြောက်ရိုသေဖို့ ဖြစ်သည် (၁၈:၁၆-၁၈ နှင့် ယှဉ်ဖတ်ပါ)။ စိတ်နှလုံးထဲတွင် ပညတ်တရား စောင့်ထိန်းလိုစိတ် မရှိကြကြောင်း ဘုရားသခင်က သိမြင်သည်။ ကြောက်ရွံ့၍ လိုက်နာခြင်းထက် အသိတရားဖြင့် လိုက်လျှောက်ခြင်းကို ဘုရားခသင်နှစ်သက်တော်မူသည် (ငယ် ၂၈-၃၃)။

Previous Article
Next Article