ဓမ္မရာဇဝင်တတိယစောင် ၆

() ဗိမာန်တော်ဆောက်လုပ်ခြင်း (အခန်း )

:  ဣသရေလတို့ အဲဂုတ္တုပြည်မှ ရုန်းထွက်လာပြီးနောက် နှစ်ပေါင်း (၄၈၀) ကြာပြီးမှ ဗိမာန်တော် ဆောက်လုပ်နိုင်သည်။ ရှောလမုန်မင်း ဗိမာန်တော်ကို ဘီစီ ၉၆၇/၆၆ ၌ စတင်ဆောက်လုပ်သည်ဟု အတည်ယူလျှင် အဲဂုတ္တုပြည်မှ ထွက်မြောက်လာသည် နှစ်မှာ ဘီစီ ၁၄၄၆/၄၇ ခုနှစ် ဖြစ်မည်။

:  ဗိမာန်တော် စီမံကိန်း အသေးစိတ်ကို အခန်း ၆ တွင် ရှင်းပြထားသည်။ ထိုခေတ်ကာလက နည်းပညာအခက်ခဲကြောင့် စနစ်ပုံအသေးစိတ် ရေးဆွဲရန် အခက်ခဲရှိသည်။ သို့သော် အတိုင်းအတာကို ဖော်ပြထားသည်။ အလျားပေ ၉၀၊ အကျယ်ပေ ၃၀၊ အမြင့် ၄၅ပေ ရှသည် (ငယ် ၂)။ အခန်း (၂) ခန်းပါဝင်သည်။ တစ်ခန်းသည် သန့်ရှင်းရာအခန်းဖြစ်၍ အလျား ပေ ၆၀၊ အကျယ်ပေ ၃၀၊ အမြင့် ၄၅ ပေ(ငယ် ၂၊ ၁၇) ရှိသည်။ အလင်းဝင်စရာ တံခါးပေါက်များကို ထိပ်နားတွင် ဖောက်ထားသဖြင့် အလင်းရောင်နှင့် လေဝင်လေထွက် ကောင်းသည် (ငယ် ၄)။ အတွင်းပိုင်းအခန်း မှာ အလျားပေ ၃၀၊ အကျယ်ပေ ၃၀ နှင့် အမြင့် ၃၀ ရှိသည်။ ဘေးနံရံနှစ်ဖက်နှင့် နောက်ဖက်တွင် အမြင့် ၇ ပေခွဲရှိသော ခိုမြီးဆွဲ အခန်းဆက်ထားကြသည်။

:၁၀  ဗိမာန်တော်ဆောက်လုပ်ရန် အသုံးပြုသည့် ပျဉ်ပြား ကျောက်ပြားများကို အခြား၌ စရွေးကိုက် အသင့်ပြုလုပ်ပြီးမှ ယူဆောင်တပ်ဆင်ခြင်း ဖြစ်သည်။  သံမယ်နအသုံးမပြုသဖြင့် ဗိမာန်တော်တွင် ထုထောင်းသံနှင့် တူသံပေသံ မကြားရ (ငယ် ရ)။ ဆောက်လုပ်စဉ် ငြိမ်ဆိတ်စွာဆောက်လုပ်သည်မှာ ယနေ့ခေတ်ကာလ အသက်ရှင်သော ဘုရားသခင်အား ဝတ်ပြုသည့် စုဝေးရာခန်းမဆောင် ကဲ့သို့ပင်ဖြစ်သည်။ အပိုဒ်ငယ် (၈)နှင့် (၁၀) တွင် ပါရှိသည့် တံခါးဝအဝင် လမ်းတို့မှာ သီးသန့် အခန်းများသို့ ဝင်ရောက်ရာ ဖြစ်၍ ၇ ပေစီအမြင့်ရှိကြသည်။ အပိုဒ်ငယ် (၉) သည် ခန်းမဆောင် တစ်ခုလုံး၏ မျက်နှာကြက်ခေါင်မိုး အကြောင်းဖြစ်သည်။

:၁၁၂၂  အကယ်၍ ရှေလမုန်မင်းက ဘုရားသခင်၏ စကားတော်များကို နာခံလျှင် ခမည်းတော် ဒါဝိဒ်ထံပြုထား သောကတိတော်များ ပြည့်စုံစေမည်။ ဣသရေလလူမျိုးများ အလယ်တွင် ဘုရားရှင်ကိုယ်တိုင် ကိန်းဝပ်မည်ဟု ဗိမာန်တော် တည်ဆောက်နေသည့် အချိန်တွင် ဘုရားသခင်က ထပ်မံအတည်ပြုပေးသည်။ (ငယ် ၁၁-၁၃)။ ဗိမာန်တော် အတွင်းပိုင်းကို အာရဇ်သားများဖြင့် ခင်းကျင်းဖုံးအုပ်၍ အားလုံးရွှေကွပ်ထားသည်။ ကျောက်တုံးကျောက်ပြား မမြင်စေရ။ ကျောက်ဆစ်အနု ပညာလက်ရာမြောက်စွာ ကွက်တိလှီးဖြတ်ထွင်းထုထားသဖြင့် အလိုအပိုမရှိ။ Spurgeon က ဝိညာဉ်ရေးရာ အမြင်ဖြင့် ဤသို့ဆိုပါသည်။

အောက်ခံအခင်းသည် ကြမ်းတမ်းခက်မာမှုမရှိ၊ မွတ်ညက်၍ အဖိုးထိုက်သော်လည်း ထင်းရှူးပြား ဖုံအုပ်သည်။ သူ့အတွက်လုပ်ဆောင်သမျှကို ဘုရားသခင်က အကောင်းဆုံးဖြစ်စေသည်။ လူ့မျက်စိအမြင် ပဿဒရှိဖို့ မလိုအပ်။ ဘုရားသခင်နှစ်သက်သော ဝိညာဉ်ရေး၌ ရှင်သန်လှပ    သည့် အဖိုးထိုက်ကျောက်ပြားများကိုပင် လူ့မြင်ကွင်းမှ ဖုံးကွယ်ထားစေသည်။

:၂၃၂၈  ဗျာဒိတ်တော်ဌာန (သန့်ရှင်းရာ ဌာနအတွင်းခန်း)တွင် ပဋိညာဉ်သေတ္တာ ဘေးတစ်ဖက်စီ၌ အမြင့် ၁၅ ပေ ရှိသော ခေရုဗိမ် ရုပ်နှစ်ခုရပ်လျက်ကို သံလွင်သား ဖြင့် ထုလုပ်ထားပြီး၊ ရွှေအတိဖြင့် ကွပ်ထားသည်။ ဖြန့်ထားသော အတောင်ပံများသည် နံရံတစ်ဖက်မှ အခြားတစ်ဖက်တိုင် ထိစပ်နေသည်။ ဤခေရုဗိဇ်သည် ကရုဏာပလ္လင်တော်ပေါ်မှ ခေရုဗိမ် (ထွ ၂၅:၁၈။ ၃၇:၉) တို့နှင် မတူညီပါ။

:၂၉၃၀  ဗိမာန်တော်အတွင်းပိုင်းတွင် ရွှေမှလွဲ၍ အခြားအရာမတွေ့ မြင်ရ။

:၃၁၃၅  အပိုဒ်ငယ် ၃၁၊ ၃၂ သည် ဗျာဒိတ်တော်ခန်း တံခါးများ ဆောက်လုပ်ပုံဖြစ်သည်။ အခန်းများကိုလည်း ခန်းစည်းလိုက်ကာများ တပ်ဆင်ထားသည် (၆ရာ ၃:၁၄)။ ပင်မတံခါးပေါက်အကြောင်းကို အငယ် ၃၅ ၌ ပုံဖော်ထားသည်။

:၃၆  ဗိမာန်တော်ရှေ့အတွင်းပိုင်း အခန်းသည် ယဇ်ပုရောဟိတ်များ အခန်းဖြစ်သည်။ အတွင်းခန်းနှင့် ကျောက်တန်းသုံးဆင့်၊ အာရဇ်သားများဖြင့် ခြားထားသည်။

တဲတော်ဝင်းအတွင်းပိုင်းတွင် ကြေးယဇ်ပလ္လင်နှင့် ယဇ်ပုရောဟိတ်များ ခြေလက်သန့်စင်ဖို့ ရေ အင်တုံကြီး (၁)ခု နှင့် အင်တုံငယ် (၁၀)ခု ရှိသည် (အခန်း ၇)။ အပြင်ဖက်အပိုင်းသည် ပရိသတ်များစုဝေးရာ ဖြစ်သည်။

:၃၇၃၈  ဗိမာန်တော်ကို ရှောလမုန်မင်း နန်းတက်သည့် စတုတ္ထနှစ်တွင် စတင်ဆောက်လုပ်၍ ()နှစ်ကြာ ဆောက်လုပ် ရသည်။

Previous Article
Next Article