နာဟုံအနာဂတ္တိကျမ်း ၂

၃။ နိနေဝေမြို့ဝိုင်းရံခံရခြင်း(:၁၂)

          : အပိုဒ်ငယ်ပေါင်း (၁၀)ခုတွင် ဗာဗုလုန်က နိနေဝေမြို့ကို ဝိုင်းရံတိုက်ခိုက်မည့် အကြောင်းရေးထားသည်။ ဖျက်ဆီးသောသူမှာ ဘုရားသခင် ့မဟုတ် ဗာဗုလုန်သားများဟု ဖွင့်ဆိုနိုင်သည်။ မြို့တော်သူမြို့တော်သားများအား အမိန့်(၄)ရပ်ပေး၍ ပြင်ဆင်ခိုင်းထားသည်။ “သင်၏ ရဲတိုက်ကို သတိပြုလော့။ လမ်းကို စောင့်လော့။ ကိုယ်ခါးကို ခိုင်စေ့ာ။ ကျပ်ကျပ်အားယူလော့ဟုဆိုထားသည်။

: ဘုရားသခင်က သူ့လူများကို ပြန်လည်စုစည်းမည်။ ဣသရေလတို့ကို ဘုန်းသရေရှိဦးမည်။ သို့သော် ချက်ချင်းမဟုတ်သေး။ တောင်ပိုင်းနိုင်ငံသည် ပြည်တော်မှနှင်ထုတ်ခံရသေး။ ကောင်းချီးခံရနေဆဲဖြစ်သည်။

ဤကျမ်းပိုဒ်ကို အခြားအဓိပ္ပါယ်ကောက်ယူနိုင်သေးသည်။ ဤတိုတောင်းသော နာဟုံအနာဂတ္တိကျမ်းကို စာမျက်နှာခန့်(၄၀၀)ခန့်ဖြင့် အနက်ဖွင့်ဆိုထားသော Walter A. Maier က “ပြန်လည်စုစည်းခြင်း”ကို ဆန့်ကျင်ဘက်စကား “ဖြတ်တောက်ခြင်း” ဟု ၎င်း၊ “ဘုန်းအသရေ”ကို “မာန်မာန” ဟု၎င်း ကောက်ယူကာ ဤသို့သို့ရေးထားသည်။

ယေဟောဝါသည် ယာကုပ်၏ မာန်မာနကို ဖြတ်တောက်သည်ဆိုသည်မှာ (ဣသရေလ=ယာကုပ်) မြောက်ပိုင်းနိုင်ငံကိုပြစ်ပေး၍ ယုဒ(တောင်ပိုင်းပရောဖက်၏မွေးရပ်မြေ) သို့ အလည်အပတ် ကြွလာကြည့်အရှုကြွလာခြင်း ဖြစ်သည်။ ဣသရေလနိုင်ငံသည် အနန္တတန်ခိုးရှင်ကို ငြင်းပယ်ခဲ့ကြသောကြောင့်ဖြစ်သည်။ ပရောဖက်နာဟုံသည် ယုဒနိုင်ငံကို ဖျက်ဆီးပြီဟု ကြွားလုံးထုတ်သော သနာခရိပ်မင်းအား မြင်ယောင်ခြင်းဖြစ်သည်။

ဣသရေလနိုင်ငံကို အပျက်အစီး၊ အရှင်းခုတ်လှဲခံထားသော စပျစ်ခြံအဖြစ် ဓမ္မဟောင်းကျမ်းများ၌ ပြဆိုခဲ့ပြီဖြစ်သည် (ဆာ၊၈၀:၁၂ နောက်ပိုင်း။ ဟေရှာ၊ ၅:၅-၆။ ယေ၊၁၂:၁၀။ ဟောရှေ၊၁၀:၁)။

: ဗာဗုလုန်စစ်သားများအကြောင်းကို အပိုဒ်(၃)နှင့်(၄)၌ သူတို့ဝတ်ဆင်သော စစ်ဝတ်တန်ဆာများနှင့်တကွ သရုပ်ဖော်ထားသည်။ ဗာဗုလုန်စစ်သားများက အနီရောင်၊ သူတို့၏ မဟာမိတ်များက မေဒိစစ်သည်တို့က ကြက်သွေးရောင်ဝတ်ဆင်ကြသည်(အာရှုရိစစ်သားများက အပြာရောင် ဖြစ်သည်)။ အပိုဒ်ငယ်(၅)တွင် အာရှုရိစစ်သူရဲကို ဆိုလိုသည်ဟု ထင်မှတ်ရသော်လည်း စကားဆက်စပ်မှုများအရ ကျူးကျော်ရေးသမား ဗာဗုလုန်စစ်သားများ ဖြစ်သည်။ မြစ်ရေကို မြို့ထဲဖောက်ချကြသဖြင့် နိနေဝေမြို့ နန်းရင်ပြင်တစ်ခုလုံး ရေဖုံးလွှမ်းနစ်မြှုပ်သွားသည်။

:၁၀ ဘုရင်မကို ဖမ်းဆီး ခေါ်ဆောင်သွားကြသည်။ မြို့သူမြို့သားများမှာ ကမ္ဘာပျက်တမျှ ယောက်ယက်ခတ် ထွက်ပြေးရသည်။ နိနေဝေမြို့၏ စည်းစိမ်ဥစ္စာများကို လုယူသိမ်းဆည်းသွားကြပြီ။ ရွှေငွေများ လုယက်ယူငင်သွားကြသည်။ မြို့တော်ကြီးသည် ပျက်သုဉ်းလျက် ခြောက်ချားစိုးရိမ်နေကြပြီ။

          :၁၁၁၂ ဤကျမ်းပိုဒ်စာသားပါ အချက်ကိုယူ၍ ဂရိတ်ဗြိတိန်နိုင်ငံကခြင်္သေ့၊ အမေရိကန်နိုင်ငံက လင်းယုန်ငှက်အား နိုင်ငံတော်အမှတ်တံဆိပ် အဖြစ်ယူသည်။ အာရှုရိသည် ခြင်္သေ့ကိုအရူးအမူးနှစ်သက်ကြသူများ ဖြစ်သည်။ လူဦးခေါင်းနှင့်ခြင်္သေ့ခန္ဓာ၊ ခြင်္သေ့ဦးခေါင်းနှင့်လူခန္ဓာ အနုပညာလက်ရာမြောက်ရုပ်တုထု လုပ်ကြလေ့ရှိသည်။ မိမိကိုယ်ကို တောဘုရင် ခြင်္သေ့အဖြစ် အထင်ရောက်လျက်ခြင်္သေ့အကျင့်အကြံကို တုပကျင့်ကြံပြုလေ့ရှိသည်။

ထိုစိတ်ကူးခံယူချက်အတိုင်း နိနေဝေမြို့သည် ခြင်္သေ့ဂူအဖြစ်မှတ်ယူကြသည်။ ပရောဖက်နာဟုံက သူတို့ကို ခြင်္သေ့ဂူ၌ အောင်းနေသော ခြင်္သေ့များအဖြစ် ခြင်္သေ့နေရာ၊ခြင်္သေ့ပျိုစားရာနေရာ၊ ခြင်္သေ့၊ ခြင်္သေ့မ၊ ခြင်္သေ့ကလေးများဟု သရော်ရော်တော်တော် ဆိုထားသည်။ ဤကျမ်းပိုဒ်ငယ်နှစ်ခုမှာပင် ခြင်္သေ့ဟူသော ဝေါဟာရကို(၇)ကြိမ်သုံးစွဲ၍ ခနဲ့ထားသည်။

၄။ နိနေဝေမြို့တော်အား ဖျသ်စီးရန်သဘောတော် (:၁၃:၁၉)

:၁၃ ထာဝရဘုရားသခင်က နိနေဝေမြို့ကို ဖျက်ဆီးမည့်အကြောင်းကြေညာသည်။ နိနေဝေမြို့၏ ဆန့်ကျင်ဘက်၌ဘုရားသခင်ရပ်တည်သောကြောင့် အန်တုနိုင်စွမ်းမရှိ။ စစ်ရထားများကို မီးလောင်ကျွမ်းစေမည်။ ခြင်္သေ့ပျို(စစ်လက်နက်) ခုတ်ပိုင်းပစ်မည်။ နိနေဝေမြို့ သံတမန်စကားသံကို နောက်တဖန် အဘယ်သူမျှမကြားရ။

Previous Article
Next Article