နာဟုံအနာဂတ္တိကျမ်း ၃

: နိနေဝေမြို့ကြီ: ပျက်သုဉ်းရခြင်း၏ အကြောင်းအရင်းများကို ဤအခန်းတွင်ရှင်းပြထားသည်။ လူ့အသက်သတ်ဖြတ်ခြင်း၊ လှည့်စားခြင်း၊ အနိုင်အထက်ပြုခြင်း၊ အိမ်နီးနားချင်းများကိုဖမ်းဆီး၍ ကျွန်ပြုခြင်း အစရှိသော အမင်္ဂလာအမှုများ ကျူးလွန်ကြသည်။ ယခုဗာဗုလုန်မြင်းစီးသူရဲကောင်းများသည် ဓါးလှံတလက်လက်ဝင့်ချီလျက် မြို့တော်လမ်းမအနှံ့ မြင်းခွာသံတဖြောင်းဖြောင်း ပြေးလွှားနေကြပြီ။ လမ်းဘေးလမ်းလယ်ခေါင် တလျှောက် အသေကောင်များပုံနေကြပြီ။

          : နိနေဝေမြို့သားများသည် ပြည့်တန်ဆာမအကျင့်ရှိလျက် စုန်းအတတ်ပညာဖြင့်လူများကိုပြုစား ဒုက္ခပေးကြသည်။ အချို့က ကုန်သွယ်နှင့်ငွေကြေးကို ဘုရားအဖြစ်ကိုးကွယ်ကြသည်။ ယေဟောဝါဘုရားသည် ထိုအပြစ်ဒုစရိုက်များကို မရှုမမြင်နိုင်သောကြောင့် ပြည့်တန်ဆာမအကျင့်ရှိသူများသည် အရှက်တကွဲ အကျိုးနည်းအောင် ဆုံးမတရားစီရင်တော်မူခြင်း ဖြစ်သည်။

          :၁၀ နိနေဝေမြို့သည်လည်း နောမုန်(Thebes မြို့ဟုလည်းမှတ်သား)ထက် လွတ်ငြိမ်းချမ်းခွင့် ပိုရစရာ အကြောင်းမရှိ။ ခွန်အားကြီးမားသော အဲသယောပိပြည်နှင့် အဲဂုတ္တုပြည်၏ အမှတ်သင်္ကေတနှင့် ဂုဏ်ဆောင်မြို့လည်းဖြစ်၏။

နောမုန်မြို့သည် ဖုတပြည်နှင့် လိဗုပြည်ပိုင်ဆိုင်ခဲ့သည်။ လိဗုသည်လစ်ဗျာနိုင်ငံနှင့် နယ်နိမိတ်ချင်းဆက်စပ်နေသည်။ ဖုတပြည်ပြည်မှာ တောင်ဖက်ယွန်းယွန်း ယခုခေတ်ဆိုမာလီနိုင်ငံဖြစ်သည်။

:၁၁၁၃ ဘုရားသခင်အမျက်ဒေါသဖလားသည် နိနေဝေမြို့သို့လည်း လောင်းချတော်မှုပြီ။ ကြွေကျတော့မည့် သင်္ဘောသဖန်းပင်မှည့်နှင့် တူသည်။ နိနေဝေစစ်သားတို့သညိ သူရဲဘောကြောင်စွာ မိန်းမကဲ့သို့ရန်သူတို့အား ပြည်တံခါးကျယ်ပြန့်စွာ ဖွင့်ပေးကြပြီ။

          :၁၄၁၇ ရောက်လာမည့်စ်ဘေးအတွက် သောက်သုံးရေကို ကြိုတင်စုဆောင်းလော့၊ ရဲတိုက်ကို ခိုင်ခံ့စေ၍ ခိုင်မာသော အုတ်ဖုတ်ထားသော်လည်း အကုန်အစင်ပျက်စီးရမည်။ မိုးယံကြည်များအလား ကုန်သည်မြောက်များစွာ ဝင်ထွက်သွားလာ၍ စစ်သည်ဗိုလ်ပါများခန့်ညားစွာ သွားလာခဲ့ကြသော်လည်း နေရောင်ခြည်ထိုးလာသောအခါ အဝေးသို့ပျံပြေးကြသော ကျိုင်းကောင်များကဲ့သို့ ပျောက်လွင့်ကုန်မည်။

          :၁၈၁၉ အာရှုရိ၏သိုးထိန်းများ (နိုင်ငံခေါင်းဆောင်များ) များ ကျဆုံးကုန်ပြီ။ တိုင်းသူပြည်သားများလည်း ဒဏ်ရာပြင်းစွာရရှိကြပြီ။ ထိုသတင်းစကားကြားသိသူများက ဝမ်းသာအားရ လက်ခုပ်သြဘာ တီးကြသည်။ အကြောင်းဆိုသော် နိနေဝေလက်ချက် မရှုမလှခံစားခဲ့ကြသည်ကိုး။ သို့ဖြင့်နိနေဝေမြို့သည် ဘီစီ­-၆၁၂ တွင် ပျက်သုဉ်းသွားသည်။

နာဟုံ၏ ပရောဖက်ပြုချက်များသည် မျက်ဝါးထင်ထင်ပြည့်စုံလာသည်။ Xenophon နှင့်  Alexander the Great ၏ စစ်တပ်များသည် မဟာနိနေဝေမြို့တော် အနီးရောက်ရှိခဲ့သော်လည်း မည်သည့်မြို့ပြ အကြွင်းအကျန်အမှတ်အသားကိုမျှ မတွေ့မြင်ကြ။

၁၉-ရာစုနှစ်တိုင်အောင် နိနေဝေမြို့ဟောင်း၏ တည်နေရာအတိအကျကို မဖော်ထုတ်နိုင်ကြချေ။

မှတ်စု

(နိဒါန်း) R. K. Harrison, Introduction to the Old Testament, p.930.

(၂:၂) Walter A. Maier, The Book of Nahum, A Commentary, p. 228.

(၃:၈-၁၀) The Targum and Vulgate ကျမ်း၌ လူဦးရေထူထပ်သည့် အလက်ဇန္ဒရီးယားမြို့ဟုဆိုထားသည်။

(၃:၈-၁၀) Libyan ဟူသောစကားသည် Lubim နှင့်ဆက်စပ်မှုရှိနိုင်ပေသည်။

(၃:၈-၁၀) Put ပုတဟူသောစကားသည် အဲဂုတ္တုနိုင်ငံ “Punt” ဖြစ်နိုင်သည်။ တောင်ပိုင်းပင်လယ်နီကမ်းခြေရှိ ဆိုမာလီဒေသဝန်းကျင်ဖြစ်သည်။ Maier, Nahum,pp.321-322 ကိုကြည်ပါ။

(၃:၈-၁၉)Paul Emiel Botta, Austen Henry Layard နှင့် George Smithတို့က ၁၈၄၀-ခုနှစ်တွင် နိနေဝေမြို့ဟောင်းကို ဦးစွာဖော်ထုတ်နိုင်၍ ၁၈၇၀ တိုင်တူးဖော်ခဲ့သည်။

Next Article