မာလခိအနာဂတ္တိကျမ်း ၂

() ယဇ်ပုရောဟိတ်များအား ပြစ်တင်ရှုတ်ချခြင်း (:)

          : နောင်တရ၍ မိမိတို့လမ်းစဉ်အား ပြုပြင်ပြောင်းလဲခြင်းမရှိလျှင် ကြောက်လန့်ဖွယ်ရာ တရားစီရင်ခြင်းခံရမည့်အကြောင်း ယဇ်ပုရောဟိတ်များအား ကြပ်ကြပ်သတိပေးသည်။ ဘုရားသခင်နှင့် လေဝိပြု ခဲ့သောပဋိညာဉ်ကို ရှေးယဇ်ပုရောဟိတ်များ ယုံကြည်သစ္စာရှိစွာစောင့်ထိန်းခဲ့သည်။ သို့သော် ယခုမူ ယဇ်ပုရော ဟိတ်များသည် အဆုံးတိုင်သီလပျက်ကြပြီ။ တရားတော်ကို မလိုက်၊ လူ့မျက်နှာကို ထောက်ကြသဖြင့် လူခပ်သိမ်း တို့၏မထီမဲ့မြင်ပြုမှု၊ ရှုတ်ချမှုကိုခံစေခြင်းဖြစ်သည်။

() ကွာရှင်းပြတ်စဲခြင်းနှင့် သွေးနှောလက်ထပ်ခြင်း (:၁၀၁၆)

          :၁၀၁၂ ထိုမှတဖန် ကွာရှင်းပြတ်စဲခြင်းနှင့် ရုပ်တုကိုးကွယ်သူများနှင့် အိမ်ထောင်ပြုခြင်းကို သတိပေး ဆုံးမသည်။ ယုဒလူမျိုးများသည် ဘာသာခြားလူမျိုးခြားနှင့် သွေးနှောပေါင်းဖက်ခြင်းဖြင့် အမျိုးသားရေးကို သစ္စာဖောက်လေပြီ။ သူတို့ကို လူမျိုးတော်စာရင်းမှပယ်ဖျက်မည်။

:၁၃၁၆ ထိုယုဒလူများ၏ ပူဇော်သက္ကာအား ဘုရားရှင်သင့်မခံသောအခါ ယဇ်ပလ္လင်နံဘေးတွင် ဝမ်းနည်းပက်လက် ဒူးတုပ်ငိုကြွေးနေရပြီ။ အဘယ်ကြောင့် လက်သင့်မခံသနည်း။ အကြောင်းဆိုသော် ဘုရားရှင် သည် သူတို့ငယ်လင်ငယ်မယား လက်ထပ်စဉ် သက်သေဖြစ်၏။ ယခုမူသစ္စာပျက်ယွင်းအခြားမယား၌ ပြစ်မှားလေ ပြီ။ ဘုရားသခင်သည် သူတို့အား စင်ကြယ်သောလူမျိုးတော် ဖြစ်စေလိုသည်။ ဘုရားဝတ်၌ မွေ့လျော်တတ်သော သားမြေးစဉ်ဆက်ကို ထွန်းကားစေ၍ ရုပ်တုကိုးကွယ်သည့် အကျင့်တန်သော လောကီသားတို့မှ ခွဲခြားထားရန် အလိုတော်ရှိသည်။ ဘုရားရှင်သည် နှုတ်ကပတ်တရားတော်နှင့် မညီသော လင်မယားကွာရှင်းပြတ်စဲခြင်းကို ရွံရှာ မုန်းတီး၏။ ၎င်းသည် ရုန်းရင်းဆန်ခတ် အကြမ်းဖက်ခြင်းကို မွေးဖွားပေး၏။ ကွာရှင်းပြတ်စဲခြင်းနှင့် အကြမ်း ဖက်ခြင်းဆက်နွယ်မှုကို Baldwin ကရှင်းပြသည်။

ကွာရှင်းပြတ်စဲခြင်းသည် အကြမ်းဖက်မှုတည်းဟူသော အဓမ္မအရိုင်းစိတ်ကို ဖုံးအုပ်ထားသည့် လွှာရုံနှင့် တူသည်။ လွှာရုံဖယ်ရှားလိုက်သည့်အခါ အသတ်ခံထားရသော သားကောင်၏အသွေးကဲ့သို့ လူတကာ မြင်သာသော အစွန်းအထင်းဖြစ်သည်။

() ဘုရားသခင်၏ စင်ကြယ်ခြင်းနှင့် တရားမျှတမှုကို ငြင်းပယ်ခြင်း (:၁၇)

          :၁၇ လူတစ်ဦးစီတိုင်း၏ အပြစ်ဒုစရိုက်လုပ်ဆောင်ချက်များကို ဘုရားသခင် မမှတ်သားနိုင်လောက် ပါဟု ဘုရားရှင်အပေါ် ငြီးငွေ့စိတ်ပျက်စကား ဆိုကြသည်။ တရားသဖြင့် စစ်ကြောစီရင်သောဘုရားဘယ်မှာ နည်းဟု တရားလက်လွှတ်စကားဖြင့် စိန်ခေါ်တတ်ကြသည်။

Previous Article
Next Article