မာလခိအနာဂတ္တိကျမ်း ၃

() စကားညှပ်တရားစီရင်ရန် မေရှိယကြွလာမည့်အကြောင်း (:)

          : အထက်ကျမ်းပိုဒ်မှ ပမာမခန့်ပြု စိန်ခေါ်စကားကို ဤကျမ်းပိုဒ်၌ ဘုရားက ငါ၏စေတမန်ကို စေလွှတ်မည်ဟု ပြန်လည်ဖြေကြားကတိပေးထားသည်။ ထိုစကားအားဖြင့် ဗတ္တိဇံယောဟန်က ပေါ်ထွန်းလာသည့် အခါဗျာဒိတ်တော် တစိတ်တပိုင်းပြည့်စုံလိမ့်မည်။ ထိုပရောဖက်ဧလိယ(၄:၅)သည် သူတို့တောင့်တမျှော်လင့် နေသော သခင်(ဝါ)ပဋိညာဉ်တမန် ကြွလာမည့်လမ်းကို ပြင်ဆင်ဖို့ အမှန်တကယ်ရောက်ရှိလာသည့်အခါ ဗျာဒိတ် တော်လည်း အပြည့်အဝ ပြည့်စုံလာပေသည်။ သို့သော် တောင့်တမျှော်လင့်သည်ဆိုသည့်စကားသည် စင်စစ် “စကားဇောက်ထိုး”ဖြစ်၏။ စကားဇောက်ထိုးဟုဆိုခြင်းမှာ ထိုသခင်(ပထမကြွလာခြင်း)လာသည့်အခါ ယုဒများ က လက်သင့်မခံ။ သရော်လှောင်ပြောင်ငြင်းပယ်လိုက်ကြသည့်အပြင် ကားစင်သတ်ဖြတ်လိုက်သောကြောင့် ဖြစ်သည်။

: လာတော်မူသောနေ့ရက် ဆိုသည်မှာ ဒုတိယအကြိမ်ကြွရောက်လာခြင်းကို ဆိုလိုပါသည်။ အပြစ် တရားစီရင်ဖို့ ကြွရောက်လာသောအခါ ဘုရားသခင်ရှေ့တော်မှောက်တွင် ဣနြေရရ မတ်မတ်ရပ်ဝံ့သူ မည်သူရှိမည် နည်း။ သခင်ယေရှုက ဗိမာန်တော်ကို သန့်ရှင်းမှုပြုခဲ့ခြင်းသည် ဒုတိယအကြိမ်ကြွလာသောအခါ သန့်ရှင်းစင်ကြယ် စေမည့်အကြောင်း ပုံရိပ်ဖြစ်သည်။  ဒုတိယအကြိမ်ကြွရောက်လာသောအခါ ဗျာဒိတ်တော်အကုန်ပြည့်စုံလာမည်။ လေဝိ၏သားများ (ယဇ်ပု ရောဟိတ်များ)အား သန့်ရှင်းစင်ကြယ်စေခြင်းဖြင့် သူတို့သည် ဘုရားသခင်နှစ်သက်အားရသော သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်း ပူဇော်သက္ကာကို ရှေးကာလနည်းတူ ပူဇော်နိုင်စေမည်။

: ကိုယ်တော်ဘုရား ကြွရောက်လာသောအခါ ပြုစားတတ်သူများ၊ သူတပါးအိမ်ရာပြစ်မှားသူများ၊ မမှန်မကန်မုသာပြောသူများ၊ မုဆိုးမနှင့် မိဘမဲ့ကလေးများကို ညှင်းဆဲဖိစီးသူများ၊ ဘုရားသခင်မကြောက် သူများကို ထိရောက်စွာ အပြစ်ပေးအရေးယူ တရားစီရင်မည်။

          : ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိသော သခင်ဖြစ်သောကြောင့် ယာကုပ်သားတို့အား ပျက်စီးခြင်း သို့ မရောက်ရန် စောင့်ထိန်းကွယ်ကာမည်။

() လူတို့ဖောက်ပြန်ကျဆင်းခြင်း (:)

          ဘုရားသခင်က လူတိုင်းအထံတော်သို့ ပြန်လည် တိုးဝင်ချဉ်းကပ်လာရန် ဖိတ်ခေါ်နေသော်လည်း လူအများက မကြားဟန်ပြု၍ ဝေးရာသို့ သွားကြသည်။ အဘယ်သို့ လာရပါမည်နည်းဟု စောဒကတက် မေးမြန်းတတ်ကြသည်။

() ဆယ်ဖို့တစ်ဖို့နှင့် အလှူငွေမပေးခြင်းဖြင့် ဘုရားဘဏ္ဍာကို လုယူကြခြင်း (:၁၂)

          :၁၂ မောရှေ၏ ပညတ်ကျမ်းအောက်၌ ဣသရေလလူများသည် စိုက်ပျိုးခြံထွက်သီးနှံများနှင့် အိမ်မွေး တိရစ္ဆာန်များ အကျိုးအမြတ်ဆယ်ဖို့တစ်ဖို့ကို ဘုရားသခင်ထံပေးလှူရသည်။ ငွေကြေးဖြင့် တန်ဖိုးသင့်တွက်ချက် ၍လည်း ပေးလှူနိုင်သည်။ အခြားသော ပူဇော်သက္ကာများအပြင် ဆယ်ဖို့တစ်ဖို့ပေးလှူခြင်းမှာ အရာခပ်သိမ်းကို ဘုရားသခင်က ဖြည့်ဆည်းသည်ကို သိမှတ်ကြောင်း တုန့်ပြန်ခြင်းဖြစ်သည်။

ဓမ္မသစ်ကာလတွင်မူ လွတ်လပ်စွာ သဒ္ဓါကြည်လင်စွာပေးလှူနိုင်သည်။ ဘုရားသခင်၏ကရုဏာနှင့်ကျေး ဇူးတော်ခံယူရရှိသည်နှင့် လျော်ညီစွာသြတ္တပစိတ်သန့်သန့်ပေးလှူဖို့ သွန်သင်ကြပါသည်။ မည်ရွေ့မည်မျှ သို့မဟုတ် ဆယ်ဖို့တစ်ဖို့ဖြစ်ရမည်ဟု ကန့်သတ်မှုမထားပါ။ ပညတ်တရားအောက်၌ အသက်ရှင်ကြသော ယုဒများပင် ဆယ်ဖို့ တစ်ဖို့ပေးလှူနိုင်လျှင် ကျေးဇူးတော်အောက်၌ အသက်ရှင်ကြရသော ယနေ့ယုံကြည်သူများသည် ထိုထက်မက ပေးလှူသင့်သည်မဟုတ်လော။

ဓမ္မဟောင်းခေတ်ကာလ၌ ဆယ်ဖို့တစ်ဖို့ကို သစ္စာရှိရှိပေးလှူကြသော ယုံကြည်သူများအတွက် ဆုလာဘ် မှာ ရုပ်ဝတ္ထုကြွယ်ဝခြင်းဖြစ်သည်။ ယနေ့ခေတ်ကာလ သစ္စာရှိယုံကြည်သူဘဏ္ဍာထိန်းများအတွက် ဆုလာဘ်မှာမူ ဝိညာဉ်ရေးရာကြွယ်ဝခြင်းကောင်းချီးမင်္ဂလာပင်ဖြစ်ပါသည်။

ထို့ကြောင့် ဆယ်ဖို့တစ်ဖို့နှင့် ပူဇော်သက္ကာပေးလှူရန် ပျက်ကွယ်သူများသည် ဘုရားဘဏ္ဍာတော်အား ခိုးဝှက်လုယက်ခြင်းပင်ဖြစ်သည်ဟု မာလခိက သတိပေးသည်။ အကယ်၍ ဆယ်ဖို့တစ်ဖို့ကို သစ္စာရှိရှိပေးလှူလျှင် အံဖွယ်ကောင်းချီးမင်္ဂလာကို ခံယူစရာနေရာ မလောက်သည်ထိ၊ အကုန်အစင်သွန်းလောင်းပေးမည်။ သားရဲ တိရစ္ဆာန်၊ ရောဂါဆိုး၊ ရန်သူနှင့် သီးနှံဖျက်ကျိုင်းများ စသောဘေးအန္တရာယ်ဆိုးအမျိုးမျိုးမှ ကင်းဝေးလုံခြုံ စေလျက် မြေကြီးပေါ်တွင် ကြွယ်ဝကြလိမ့်မည်။

() ဘုရားသခင်အား လွဲမှားစွာ အပြစ်တင်ကြခြင်း (:၁၃၁၅)

          :၁၃၁၅ မိမိအား တလွဲမြင်အပြစ်တင်ခြင်းကိုလည်း ကိုယ်တော်ကသတိပေးသည်။ နာခံခြင်း၊ ဘုရား ဝတ်ဆောင်ရွက်ခြင်း၊ ပညတ်တရားနှင့် အညီညွတ်ကျင့်ကြံခြင်း နှိမ့်ချခြင်းတို့သည် အကျိုးမရှိဟု ဣသရေလ လူတို့ပြောကြပြီ။ မာနထောင်လွှားသူ၊ စဉ်းလဲကောက်ကျစ်သူ၊ ဘုရားသခင်အားစုံစမ်းခြင်းပြုသူတို့မှာ အထိအရှမရှိသည့်အပြင် လောကဘုန်းကံ စည်းစိမ်ဥစ္စာတိုးပွားလျက် ချမ်းသာကြွယ်ဝနေသည်ဟု ဣသရေလ လူတို့ သွန်သင်နေသည်မှာ ဘုရားသခင်အား လွဲမှားစွာပြစ်တင်ခြင်းပင်ဖြစ်သည်ဟု ညွှန်ပြဆုံးမသည်။

၂။ ရွေးကောက်သူများအဖို့ ကောင်းချီးမင်္ဂလာ၊ ဆိုးယုတ်သူများအဖို့ အပြစ်စီရင်ခြင်း (:၁၆:)

(က) ရွေးကောက်ထားသော ယုံကြည်သူများ ပြန်လည်စုစည်းခြင်း (:၁၆၁၈)

          :၁၆၁၈ သို့သော်လည်း ယေဟောဝါဘုရားသခင်အား အမှန်ကြောက်ရွံ့၍ ယုံကြည်သစ္စာရှိသူ အချို့ ရှိသေးသည်။ ထိုသူများသည် ဘုရားသခင်၏ကောင်းချီးမင်္ဂလာခံထိုက်သူ။ ဘုရားရှင်ပိုင်ဆိုင်သော ဘဏ္ဍာရတနာ များဖြစ်သည်။ William Kellyက ဤသို့ရေးသားသည်။

ဂျူးများကိုယ်တိုင် မိမိတို့ဂျူးများ ဖြစ်ရုံမျှဖြင့် ကျေနပ်မနေသင့်တော့ပေ။ အပြင်လောက၏အချည်းနှီး ဖြစ်ခြင်းနှင့် ဘုရားသခင်၏တန်ဖိုးထားခြင်းကို သိမြင်လာကြသည်နှင့်အမျှ ဂျူးလူမျိုးဖြစ်လျက် ဆိုးညစ် သူတို့ကို စက်ဆုပ်ရွံရှာလာကြမည် (ငယ်၊၁၈)

Previous Article
Next Article