ယေရမိအနာဂတ္တိကျမ်း ၂

၂။ ပြည်ပသို့ ယေရမိအမှုတော်(အခန်း၂၁၀)

(က) ယုဒတို့၏သစ္စာပျက်ခြင်း(::)

:အခန်း၂မှ ၁၉ထိ ယုဒများကိုရှုတ်ချထားသည်။ ယုဒလူမျိုးသည် တခါက ဘုရားသခင်၏ အချစ်တော်လူမျိုးစုဖြစ်သည်။ ယေဟောဝါဘုရားရှင်က စိတ်ရှည်စွာ သည်းခံခဲ့သည်။ ဘုရားသခင်ရှေ့တွင် သန့်ရှင်းသောလူမျိုး ဖြစ်သည်။ ဘေးအန္တရာယ်များကိုလည်း ကွယ်ကာပေးသည်။ ယခုမူကား ဇောက်ထိုး ပြောင်းပြန် ဖြစ်ကုန်ပြီ။ ထိုအကြောင်းကို Kyle  Yates ကဤသို့ရှင်းပြ သည်။

ပျားရည်စမ်း ခရီးပြီးဆုံးသွားပြီ။ ဘုရားသခင်က ဣသရေလလူမျိုးအား နွေထွေးစွာ ဆက်ဆံခဲ့ပုံ၊ အချစ်စစ်အချစ်မှန်ဖြင့် ချစ်ခင်ယုယပုံများကို ပြန်လည် မြင်ယောင်စေသည်။ မပျက်ပြယ်နိုင်သော မေတ္တာ၊ ပျော်ရွှင်သောအသက်တာ၊ မျှော်လင့်ချက် ဘဝဂီတသံစဉ်များ ပေးခဲ့သည်။ ဘုရားသခင်ရှေ့တွင် သန့်ရှင်းစင်ကြယ် မြင့်မြတ်ခဲ့သည်။ ဣသရေလတို့ ဝတ်ပြုကိုးကွယ်သမျှတွင် မတင့်တယ်။ မစင်ကြယ်သောဘုရား ဟူ၍ မရှိ။ အပြစ်မူတမှုံ မမြင်။ သို့သော် ယခုတွင်မူတခန်းရပ် ပြည့်ဖုံးကားချလိုက်သည်။ ဘုရားသခင်၏ စိတ်တော် ထိခိုက်စေကြပြီး စိတ်ပျက်စေကြပြီ။ ဣသရေလတို့အပြစ် ကွင်းကျယ်တွင် ပျော်စံနေကြပြီ။ ကတိက ဝတ်လည်း မတည်။ အခြားဘုရားငယ်များ ကိုးကွယ်ကြပြီ။ သို့ကြောင့် ယေဟောဝါဘုရား၏ ချစ်ခြင်းမေတ္တာ တုံးကြပြီ။ အရှက်ရစရာအကျင့်ဆိုး၌ ကျင်လည်နေကြပြီ။

:၁၉ အဘယ်ကြောင့် ထိုသို့ ပြောင်းလဲမျက်နှာများကြသနည်းဟု ဘုရားရှင်က မေးပါသည်။ ပြည်သူပြည်သား၊ ယဇ်ပုရောဟိတ်များ အုပ်စိုးသူမင်းများနှင့် ပရောဖက်များအပေါ် ပြုတော်မူသော ဘုရားသခင်၏ အမှုတော်များ မေ့လျှော့ကုန်ကြပြီ။ စိတ်နှလုံးကြမ်းတမ်းသော ခိတ္တမ်ပြည်နှင့် ကေဒါပြည်သားများပင်လျှင် သူတို့ရုပ်တုဘုရားအပေါ် သစ္စာမပျက် စည်း​စောင့်ကြသည်။ ဘုရားသခင်၏ မေတ္တာခံယူသော ယုဒလူမျိုးကား ဘုရာသခင်ကို သစ္စာဖေါက်လျက်ရုပ်တု ဆင်းတုလင်ငယ်နောက် ပါသွားကြပြီ။ မေတ္တာရှင် ဘုရားသခင်ကို အဘယ်ကြောင့် နောက်ကျောခိုင်းပြီး အာရှုရိနှင့် အဲဂုတ္တုပြည်တို့၏ ကျွန်ခံချင်ကြသနည်း။

:၂၀၂၅ အငယ်၂၀တွင် “ရှေးကာလ၌ သင်ထမ်းရသောထမ်းဘိုးသည် သင်၌ ချည်သောနှောင်ဖွဲ့ခြင်းကို ငါချိုးချွတ်၍” ဟု ဆိုထားသည်။ အဲဂုတ္တုပြည်မှ ပြန်လည်ရွေးနှုတ် ခေါ်ထုတ်ခြင်းကို ဆိုလိုသည်။ သို့မဟုတ်” ထမ်းပိုးဟောင်းကို ချိုးပစ်ခဲ့ကြပြီ။ အချုပ်အနှောင်မှ လွတ်မြောက်ကြပြီ၊ ငါနှင့် မဆိုင်တော့ပါ” (RSV)ဟု နားလည်နိုင်သည်။ ဆိုလိုသည်မှာ ယုဒလူမျိုးသည် ဘုရားမဲ့တရားမဲ့ မဟုတ်ကြတော့ပါ။ ဘုရားသခင်က စီစစ် ခေါ်ထုတ်သူများဖြစ်၏။ တစ်နည်းအားဖြင့် ယုဒလူမျိုးများ ရုပ်တုဆင်းတု ပြန်ကိုးကွယ်လာကြခြင်းလည်း ဖြစ်နိုင်သည်။  ဘုရားသခင်က ယုဒလူမျိုးအား မြင့်မတ်စင်ကြယ်သောလူမျိုး ဖြစ်စေချင်သည်။  အကောင်းဆုံးသော စပျစ်နွယ်၊ မျိုးစစ်သောအပင် အဖြစ် စိုက်ပျိုးသည်။ သို့သော်လည်း မျိုးမစစ်သောအပင်အဖြစ်သို့ ဖောက်ပြန်ရောက်ရှိသွားသည်။ ယုဒတို့၏ အပြစ်အညစ်များကို ဆပ်ပြာဖြင့် စင်ကြယ်အောင် မသန့်ရှင်းစေနိုင်။ မိတ်လာ၍ ကိလေသာစိတ်ဖြင့် ဂဏှာမငြိမ်ပြေးလွှားနေသောမြည်းရိုင်းမကဲ့သို့ ဆက်စလူးခါသည်။ မရေရာ မသေချာသူများနှင့် မိတ်ဆွေဖွဲ့ကြပြီးတကား။

:၂၆၃၇ ဣသရေလအိမ်တွင် အပြစ်ဒုစရိုက်ပေါင်းစုံ ကျရောက်၍ အကူအညီ အော်ခေါ်သော်လည်း သူတို့ကိုးကွယ်သည့်ဘုရားများက မကူညီနိုင်ပါ။ ဘုရားသခင်၏ လမ်းတော်မလိုက်ခြင်း၊ မထီမဲ့မြင်ပြုခြင်းများသည် ဘုရားသခင်အားပြည့်တန်ဆာမ အမူအကျင့်များကို ဘုရားရှင်စီရင်မည်။ ဘုရားသခင်၏ သွန်သင် ဦးဆောင်မှုကို ငြင်းပယ်ခဲ့ကြသောကြောင့် ပြည်နှင်ဒဏ်သင့်ကြမည်။ ဘုရားသခင် အရေးယူဆုံးမမည်။

Previous Article
Next Article