ယောနဝတ္ထု ၂

၂။ပရောဖက်ယောနကယ်တင်ခံရခြင်း(အခန်း၂)

(က) ယောန၏ဆုတောင်းချက် (:)

ယောနသည် ငါးကြီ:ဝမ်းဗိုက်ထဲမှ ဘုရားသခင်ထံ ဆုတောင်းသည်။ ဤငါးကြီးဝမ်းဗိုက်မှ ကယ်လွှတ်ရန်နှင့်ကျေးဇူးတော်ကို ချီးမွမ်းစကားဖြင့် ယဖ်ပူဇော်မည့်ကြောင်းဆုတောင်းသည်။ ထိုဆုတောင်းချက်ကို ဘုရားရှင်အဖြေပေးသည်။ သူ့ဆုတောင်းချက်များမှာ ဆာလံကျမ်းအပိုင်းအစများဖြစ်သည်။ထိုဆုတောင်းချက်ကို J. Sidlow Baxter က ဤသို့ခွဲခြားစိတ်ဖြာ သုတေသနပြုခဲ့သည်။

ယောနဆုတောင်းချက်တွင် အသနားခံခြင်းတလုံးတပါဒမျှမပါရှိပါ။ ကျေးဇူးတော်ကိုချီးမွမ်းခြင်း(ငယ်၊၂)နောင်တရခြင်း(ငယ်၇) မိမိသက်တာကို အကြွင်းမဲ့အပ်နှံခြင်း(ငယ်၊၉) ကိုသာတွေ့ရသည်။ ဆာလံသီချင်းချီးမွမ်း ပူဇော်ခြင်းအမှန်ဖြစ်သည်။ တခါကဆန်အိုးဟောင်းလောင်းထဲဦးခေါင်းစိုက်နစ်၍ ဘုရားရှင်အားဆုတောင်းနေသူတစ်ဦးကိုတွေ့ဖူးသည်။ ဘုရားရှင်က ထိုအိုးလွတ်ထဲ ဆန်ဖြည့်ပေးမည်ဟု ယုံကြည်ကြောင်းကို ပြသလိုဟန်ရှိသည်။ သို့သော် အပြောကျယ်သည့်ပင်လယ်ပြင်၌ ငါးကြီ:ဝမ်းဗိုက်ထဲတွင် စိတ်နှလုံး၊ ဦးနှောက်အကြွင်းမဲ့ဖြင့် ဘုရားရှင်အား ချီးမွမ်းယဇ်ပူဇော်ခြင်းမျိုးကား ခိုင်းနှိုင်းတုပနိုင်ဖွယ် မရှိပါ။

ယောနဆုတောင်းခြင်းသည်နောင်အနာဂတ်ဣသရေလတို့အတွက် ရှေ့ပြေးနိမိတ်နောင်တ ဖြစ်သည်။ တမျိုးသားလုံး မေရှိယသခင်အား သိကျွမ်း၍ကယ်တင်ရှင်အဖြစ် လက်ခံသောအခါ ဘုရားသခင်ထံမှ ကောင်းမင်္ဂလာအဖြာဖြာခံစားကြရဦးမည်။

အပိုဒ်ငယ်(၂)တွင် မရဏာနိုင်ငံ၏ဝမ်းပိုက်ဟူသောစကားကို ထောက်ခြင်းအားဖြင့် ယောနသည်ငါးကြီးဗိုက်ထဲတွင် အမှန်တကယ်သေသွားပြီးမှ ပြန်လည်ထမြောက်ခြင်းဖြင့်မည်ဟု အချို့က ယုံကြည်ကြသည်။ ဟေဗြဲစကား (Sheol) မရဏာသည် သင်္ချိုင်းကုန်း၊ တမလွန်အစရှိသဖြင့် အဓါပ္ပါယ်ထွက်သည်။ ဤနေရာတွင် စာပေသဒ္ဒါကျကျ “အနက်ရှိုင်းဆုံးနေရာ”ဟုပြန်ဆိုနိုင်သလို “အုတ်ဂူ”ဟုလည်းဆိုနိုင်သည်။

မည်သို့ပင်ဖြစ်စေ ယောန၏သေခြင်း၊ ပြန်ရှင်ခြင်းသည် ခရစ်တော်ဘုရားအသေခံခြင်း၊ သုံးရက်သုံးည သင်္ဂြိုလ်ခံရခြင်းနှင့် ဘုန်းတန်ခိုးဖြင့် ရှင်ပြန်ထမြောက်ခြင်း(မ၊၁၂:၄၀)ကို  နိမိတ်ပြခြင်းဖြစ်သည်။ ယောနဝတ္ထုသည် ဖြစ်စဉ်ပြအကြောင်းအရာ ဖြစ်ပါသည်။ ခေတ်သစ်တရားဟောဆရာများ ဟောသကဲ့သို့ပုံဥပမာ မဟုတ်ပါ။

() ဘုရားသခင်၏အဖြေစကား (:၁၀)

ယောန၏ပြောင်းလဲပြီးဆုတောင်းသံကို ဘုရားရှင်ကြားသောအခါ ငါးကြီးအား ကုန်းပေါ်တွင် ယောနကို ပြန်အန်ထုတ်စေသည်။

Previous Article
Next Article