ယောဘဝတ္ထု ၂၅

၃။ဗိလဒတ်၏ တတိယစကားထိုးစစ် (အခန်း ၂၅)

ဤနောက်ဆုံးအချီ တတိယခေါက်တွင် ဇောဖာမပေါ်လာတော့ပါ၊ ရှူဘာလူမျိုး ဗိလဒတ်က နှစ်ယောက်စာပြောလေရော့သလား။ ဗိလဒတ်၏ တတိယစကားသည် ယောဘကျမ်းတွင် လေကြောအတိုဆုံးဖြစ်သည်။

ဗိလဒတ်၏စကားသည် အသစ်အဆန်းများမဟုတ်သော်လည်း လက်တွေ့ကျသည်။ ရဲရင့်ပြတ်သားသည်။ ယောဘ၏မိတ်ဆွေများသည် ဧကန္တလေကြောင်းပြောင်းလဲချင်ဟန်ရှိသည်။ သူ့စကားသည် အတွေးသက်သက်မဟုတ်ပဲ စကားကြီးစကားကျယ်ဖြစ်သည်။ အရည်အသွေးရှိသည်။ ထိမိသည်။ ရိုးစင်းသော်လည်း ကျက်သရေရှိသည်။ မဂ်လာရှိသည်။ အားရှိသည်။ တင်စားချက်များပါရှိသော်လည်း ထိရောက်သည်။ သို့သော်လည်း ဘဝရပ်တည်ချက်ကား လူမှန်နေရာမှန်မဟုတ်သေး။၂၆

စကားဖောင်ဖွဲ့ ၊ လေကြောရှည်သော်လည်း အကျိုးအာနိသင်မရှိပုံကို သဘေပေါက်သောကြောင့် အချက် ၂ ချက်သာပြောဆိုဟန်ရှိသည်၊ ဘုရားသခင်၏ ကြီးမြတ်ခြင်း (ငယ် ၁-၃) နှင့် လူ၏တန်ဖိုးမဲ့ပုံကို (ငယ် ၄-၆) တို့ကို ဝန်ခံသွားသည်။

၂၅:၁-၃ ဘုရားသခင်သည် အာဏာတန်ခိုးနှင့်ပြည်စုံသောကြောင့် ချစ်ကြောက်ဖွယ်ဖြစ်သည်။သူ့တဘက်တွင်ရှိသော ရန်သူများကို မှုစရာမလို။

၂၅:၄-၆ ဘုရားသခင်ရှေ၌လနှင့်ကြယ်များသည်လည်း မဖြူစင်ပါ။ မိုးယံနက္ခတ်တာရာများ၌ထိုသို့သော အင်္ဂါရပ်ရှိလျှင် လူမိန်းမက မွေးသော လူသတ္တဝါများသည် အဘယ်မှာဆိုဖွယ်ရာရှိတော့မည်နည်း။ လောက်ကောင် တီကောင်များသာဖြစ်သည်။ ဗိလဒတ်၏စကားသည် သွေးထွက်အောင်မှန်သော်လည်း ချစ်ခြင်းမေတ္တာမပါ။ ဖြေဆည်စရာမရှိသဖြင့် ယောဘအတွက်အဟာရမဖြစ်ထွန်းစေပါ။

Previous Article
Next Article