ယောဘဝတ္ထု ၂၇

၅။ ယောဘ၏ အပိတ်လေကြော (အခန်း ၂၇-၃၁)

ယောဘ၏မိတ်ဆွေများသည် လှေနံဓါးထစ်မရပ်တည်ပါ။ သို့သော် ယောဘကိုလည်း နှစ်သိမ့်အားပေးခြင်း မဖြစ်စေပါ။ ယောဘသည် ယုံကြည်ရာလမ်းမှန်ပေါ်တွင် ခိုင်မြဲစွာရပ်တည်နေသည်။

ယောဘ၏စကားတွင် အချက် (၃) ချက်ရှိသည်။ဆိုးသွမ်းသူများ၏ ပျက်စီးခြင်းသို့မရောက် (အခန်း ၂၇)၊ ဥာဏ်ပညာ၏ အဖိုးတန် တန်ခိုးကို အသိအမှတ်ပြုသည် (အခန်း ၂၈)။ ယုံကြည်ချက်ပေါ်တွင်ရပ်တည်သည်(အခန်း ၂၉-၃၁)။

၂၇း၁-၅ ဤအခန်းကို “ယောဘသည်လည်း စကားဆက်မြွက်သည်” ဟူသောစာတန်းဖြင့် ပြည်ဖုံးကား ဖွင့်လှစ်သည်။ ၂၆:၁ တွင်ပါရှိသော ဗိလဒတ်၏စကားကိုဆက်ဖြေသည်။ သို့သော် ဗိလဒတ်တစ်ဦး တည်းသာမက စာဖတ်ပရိတ်သတ်များလည်း အကြုံးဝင်သည်။ ဆိုခဲ့ပြီးသည့်အတိုင်း ယောဘသည် ရိုးသားဖြောင့်မတ်သည်၊ တည်ကြည်သည်။ မှန်ကန်သည် ဟု သူ့ကိုသူ ခံယူသည်။ သူ့တွင် လူမသိသူမသိသော အပြစ်ဒုစရိုက်များ ရှိသည်ဟူသော သူ့သူယ်ချင်းများ၏ စွဲချက်များကိုလက်မခံ။

၂၇း၆-၂၃ ယောဘသည် မတရားသူများကို၊ ဆိုးညစ်သူများ၊ မိမိကိုယ်ကို အထင်ကြီးသူများ ကာကွယ်ပြောဆိုခြင်းမဟုတ်။ ဘုရားသခင်က မတရားသူများ ဆက်ဆံပုံကို သာမိတ်ဆွေများကို ပြောပြသည်။ မတရားသူများသည် မိသားစုများနှင့် မကြာခဏ (အမြဲတမ်းမဟုတ်ပါ) အိုးအိမ်စည်းစိမ်ချမ်းသာကြသည်။

Previous Article
Next Article