ယောဘဝတ္ထု ၃၄

(ဂ)ယောဘ၏ မိတ်ဆွေများသို့ ဧလိဟု၏ဒုတိယစကား(အခန်း ၃၄)

၃၄:၁-၁၅ ဧလိဟုက ယောဘ၏မိတ်ဆွေများအား ထမင်းဟင်းလျာကောင်းစားခဲ့ဘူးကြကြောင်းအတည်ပြုသည်။ ထိုသို့ပင် ယောဘ၏စကားကိုလည်း မြည်းစမ်းသိရှိခဲ့ကြပြီ။ ယောဘ “ဘုရားသခင်သည် တရားသဖြင့် အမှုတော်မစီရင်သူကဲ့သို့သော လူမှန်အား အနာဆင်းရဲဒုက္ခခံစေခြင်းသည် မတရားပါ” ဟု ဆိုစကားကိုဆင်ခြင်ခိုင်းသည်။ ဘုရားသခင်သည် ဘယ်သောအခါမှ တရားတော်နှင့်အညီစီရင်ခြင်း မပြုသောအချိန်မရှိ။ အကယ်၍ ဘုရားသခင်က မဖန်ဆင်းလျှင်လူသည် မြေမှုန့်ဘဝ၌သာရှိနေမည်။ မစောင့်ရှောက်လျှင်ပျက်စီးချင်တိုင်းပျက်စီကြမည်။

၃၄:၁၆-၃ဝ ဘုရားသခင်သည် ရှင်ဘုရင် လူကုံတန်များနှင့် ကျောမွဲလူတန်းစားများအားမခွဲခြားပါ။ အုပ်စိုးသူမင်းအာဏာရှင်များကိုလည်း မျက်နှာသာပေးလေ့မရှိပါ။ ဘုရားသခင်ရှေ့တွင် ပြုမှားသောဒုစရိုက်များဖုံးကွယ်၍ မရပါ။  မကောင်းဒုစရိုက်ပြုသူများနှင့် ဖိနှိပ်သူလူတန်းစားများကို လူအများသင်ခန်းစာယူနိုင်အောင် လူသိရှင်ကြား အရေးယူအပြစ်ပေးလေ့ရှိသည်။

၃၄:၃၁-၃၇ ယောဘမိတ်ဆွေများထံသို့ တိုင်တည်၍ ယောဘသို့ဆိုသည်။ ယောဘသည် သူ့အပြစ်များကို ဝန်ချတောင်းပန်သင့်သည်။ ဘုရားသခင်အားစောဒက တက်ခြင်းကို ရပ်တန်းကရပ်သင့်သည်။ မိမိဖြစ်စေချင်သည့် အတိုင်း ဘုရားသခင်ကို ပြုခိုင်းရိုးရှိသလား။ ယခုသင်တို့ရှေ့မှာ ယောဘသည် ဘုရားသခင်အား မဖွယ်မရာစကားဆိုနေပြီ. ပုန်ကန်ဆန့်ကျင်ခြင်း အပြစ်ပြုခြင်း ဘုရားသခင်ကို မေးခွန်းထုတ်ခြင်းပြုနေပြီ။

Previous Article
Next Article