ယောဘဝတ္ထု ၃၇

၃၇း၁-၁၃ ဘုရားသခင်၏ ဘုန်းတန်ခိုးထွန်း တောက်ပုံ ဉာဏ်ပညာကြီးမားပုံ၊ တန်ခိုးပြည့်ဝပုံများကို ချီးမွမ်းခန်းဖွင့်သည်။ ပတ်ဝန်းကျင်နေရာတိုင်း အချိန်တိုင်းမှာ ကြည့်တတ်လျှင်မြင်ရသည်။ မိုးလေဝသကို ဥပမာပေးထောက်ပြသည်။ လေမုန်တိုင်းများနှင့် အတူမိုးသည်းထန်စွာရွာစေသည်။ ရာသီလေ မိုးနှင်းများ ဖန်ဆင်းသည်။ တောင်လေက မိုးရေသယ်ဆောင်၍ မြောက်လေပြန်က အအေးယူဆောင်လာသည်.။ တိမ်တောင်တိမ်လိပ်များ အကြားကနေရောင်ခြည် ဖြိုးဖြိုးဖျဖျနှင့် သက်တန့်ရောင်စုံပေါ်ထွန်းစေသည်။

၃၇း၁၄-၂၃ ဧလိဟုက ယောဘအား “အိုယောဘ ဤစကားကို နားထောင်လော့။ ဘုရားသခင်၏ အံ့ဘွယ်သော်အမှုတော်တို့ကို ငြိမ်သက်စွာဆင်ခြင်လော့” ဟုတိုက်ရိုက်ပြောဆိုသည်။ လောက သဘာဝတရားအပေါ် ယောဘ၏အတွေးအမြင်များကို စိန်ခေါ်လိုက်သည်။ ဘုရားသခင်က လူသားများ အကျိုးရှိအောင် ရာသီဥတု ကို အလည့်ကျ အချိန်ကိုက်ပြုလုပ်ပေးသည်။ ပူလောင်သောအခါ တောင်လေလာစေ၍ အအေးသက်သာစေသည်။ အအေး မလွန်ကဲစေရန် တိမ် သလ္လကမ္ဗလာ သိုင်းလွှာပေးသည်။ ထိုမျှလောက်ကြီးမားသော ဉာဏ်ပညာတော်ကို တထွာ တမိုက် ဝေဖန်စော ကြောချင်ကြသည်။ ထို့ကြောင့် ဘုရားသခင်အား ချစ်ကြောက်ရိုသေခြင်းသည်အကောင်းဆုံး၊ ဘုရားသခင်အား ဝန်ခံခြင်းသည် အမြတ်ဆုံးဖြစ်သည်။ ယောဘနောက်တခေါက် ဘုရားသခင်ကို မစောကြောနှင့်။

၃၇း၂၄ ဤကျမ်းပိုဒ်တွင် ပြောလိုသမျှအားအနှစ်ညှစ်ထုတ်၍ ယောဘသို့ မိန့်ဆိုသည်။ ပထမ စကားသည်ရှင်းသော်လည်း ဒုတိယစကား ကနားရှုပ်စေသည်။ ဟေဗြဲကျမ်းမူတွင် မဟုတ်ဝါကျပုံစံဖြင့် ရေးသားထားရာ နားလည်ရလွယ်ကူအောင် Andersonu  အဟုတ်ဝါကျပုံစံဖြင့် ပြောင်းပြန်လှန်၍ ဤသို့ရေးသားထားသည်။

သို့ကြောင့် လူသည် ဘုရားသခင်ကို ချစ်ကြောက် ရိုသေအပ်သည်။ စိတ်နှလုံးအရင်းဖြင့် အကြွင်းမဲ့ချစ်ကြောက်ရသည်။

Previous Article
Next Article