ယောဘဝတ္ထု ၄

၂။ ဧလိဖတ်၏ပထမားစကား (အခန်း၄၊၅)

အခန်း ၄ သည် ယောဘမိတ်ဆွေများ၏ စကားနှင့်ယောဘ၏ တုန့်ပြန်စကားများဖြစ်သည်။ထိုပြောစကားများကို Ridout ကဤသို့အတိုချုံးရှင်းပြထားသည်။

ယောဘမိတ်ဆွေ ၃ ဦး၏စကားသည် စည်းလုံးမှုရှိ၍ ယောဘ၏သဘောထားနှင့်ဆန့်ကျင်ကြသည်။ လူ့ကံကြမ္မာအတိုင်း အနာရောဂါရရှိခြင်းဖြစ်သည်။ ဘုရားသခင် ချစ်ခြင်းမေတ္တာထက် အပြစ်စီရင်ခြင်းဖြစ်သည်ဟု ဆိုနိုင်သော်လည်း အလိုတော်တွင်မှု ဆက်စပ်နေသည်။ မည်သို့ဖြစ်စေ ဆင်းရဲဒုက္ခဝေဒနာသည် ဖြောင့်မတ်သူ အပေါ်တွင်ဖြစ်စေ မတရားသူအပေါ်တွင်ဖြစ် စေကျရောက်နိုင်သည် ဟုသင်ခန်းစာယူနိုင်သည်။၁၀

အခန်း ၄ နှင် ၅ တွင် ဧလိဖတ်၏စကားတွေ့ရသည်။ ဧလိဖတ်၏အဓိပ္ပါယ်မှာ ဘုရားသခင်သည် ငါ့ခွန်အား သို့မဟုတ် ဘုရားသခင်သည် ရွှေစင်ဖြစ်သည်။ နာမဗေဒအင်္ဂါရပ်အရ ဘုရားသခင်၏ ကြီးမြတ်ခြင်းကို တွေ့မြင်ရသူ ထင်မြင်ရသော်လည်း ကံ အကြောင်းမလှ ဘုရားတရားမသိသူဖြစ်နေသည်။ သူ့စကားများသည် ကြမ်းတမ်းသထက်ကြမ်းတမ်း၍ ဆိုးရွှားသထက်ဆိုးရွှားလာသည်။ ယောဘမိတ်ဆွေများ၏ စကားသည် နိမ့်သထက်နိမ့်ဆင်းသော်လည်း ယောဘသည် ဘုရားသခင်ဘက် ကောင်းသထက်ကောင်းလာကြောင်းတွေ့ရသည်။ အမှန်တကယ်နှိမ့်ချစွာဖြင်ဘုရားသခင်ကို လက်ခံယုံကြည်သူဖြစ်သည်။

၄:၁-၁၁ ဧလိဖတ်စကားသည် ထိမိသည်။ “သင်သည်အခြားသူများကို ကူညီမစသည်။ (ချိနဲ့သောဒူးကို ထောက်မပြီ (ငယ် ၄) James Mpffatt) သို့သော်လည်း မိမိကိုယ်ကို မကယ်တင်နိုင်ပါလား) ဟုဆိုသည်။ (သခင်ခရစ်တော်သည်လမ်း လက်ဝါးကပ်တိုင် ပေါ်တွင် ထိုစကားဖြင့် စော်ကားခြင်းကို ခံရသည်။ သူများကို ကယ်တင်နိုင်သော်လည်း မိမိကိုယ်ကို မကယ်တင်နိုင် တနည်းအားဖြင့် မိမိကိုယ်ကို မကယ်တင်နိုင်ဘဲနှင့်အခြားသူများကို တကယ်ကယ်တင်နိုင်မလားဟုအနက်ရသည်)။

၄:၁၂-၂၁ ဧလိဖတ်က တိတ်ဆိတ်စွာရရှိသော ဗျာဒိတ်တော်ကို ယောဘသို့ပြောပြသည်။ ဝိညာဉ်တပါးက ဧလိဖတ်အား “သေတတ်သောသူသည် ဘုရားသခင်ရှေ့မှာသန့်ရှင်းခြင်းရှိသလော့” ဟုဆိုသည် (ငယ် ၇)။ ဆိုလိုသည်မှာ သူသည် ဘုရားသခင်၏ စကားအားတုန့်ပြန်နိုင်စွမ်းမရှိ။ လူ၏ဆင်းရဲဒုက္ခခံစားခြင်းသည် ဘုရားသခင်နှင့်မသက်ဆိုင်။ ကိုယ့်အပြစ်ကြောင့် ခံရခြင်းဖြစ်သည်။ ထို့အပြင် ဘုရားသခင်သည် အတိုင်းအဆမရှိဖြောင့်မတ်သူဖြစ်၍ လူသားများအပေါ် ကရုမစိုက်အား။ သို့ကြောင့် ကောင်းကင်တမန်များသည်လည်း အမှားအယွင်းပြုလုပ်ကြသည်။ ထိုစကားသည် အဘယ်မျှတရားလက်လွတ်သနည်း။ လူ့ဘဝကို ခြပိုးပမာ သတ်မှတ်ရာရောက်သည်။

Previous Article
Next Article