ရာဇဝင်ချုပ်ဒုတိယစောင် ၂၅

() အာမဇိမင်း (အခန်း ၂၅ )

၂၅:၁၀ အာမဇိမင်း နန်းတက်သောအခါ သူ့ဖခင်အား လုပ်ကြံသတ်သူများကို ဂလဲ့စားချေလေသည်။ ပြီးနောက် ပြည်ပရေးရာ ရန်သူများကို အာရုံစိုက်သည်။ ယောရံမင်းလက်ထက်တွင် ဧဒုံလူများ ပုန်ကန်ဆန့်ကျင်ခဲ့ကြသည် (၂၁ :၁၀ ) ။ ယခုတဖန် အာမဇိမင်းသည် ဧဒုံလူများအား ငြိမ်ဝပ်ပိပြားစေလိုသည်။ ထို့ကြောင့် ဧဒုံလူများအား နှိပ်ကွပ်ရန် ဣသရေလထံမှ စစ်အင်အား ငှားရမ်းရသည်။ ဣသရေလလူများထံသို့ ငွေအခွက်တထောင် ပေးလိုက်ရသည့်အကြောင်းကို ဘုရားသခင်၏လူအားထပ်မံမေးမြန်းရာ ဘုရားသခင်က ထိုထက်မကပြန်လည်ပေးစွမ်းနိုင်ပါသည်ဟု ဖြေသိမ့်လိုက်သည်။

၂၅:၁၁၁၃ အာမဇိမင်း၏ တပ်မတော်သည် ဧဒုံလူတစ်သောင်းကိုတိုက်ခိုက်သတ်ဖြတ်သည်။ အခြားလူများကို လက်ရဖမ်းဆီးသည်။နောင်တွင် ထိုလူများကို ချောက်ကပါးထိပ်မှ တွန်းချပစ်ကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် မင်းကျင့်တရားနှင့် မညီ။ လူ့အသက်ကို မညှာမတာရက်စက်စွာ သတ်ဖြတ်ခြင်းဖြစ်သည်။ အာမဇိလက်မှ လွတ်မြောက်သော ဧဖရိမ်လူများသည် နာကျည်းခံပြင်းကြသဖြင့် ယုဒမြို့ကြီးများကိုစီးနင်းဖြိုဖျက်ကြသည်။ လူပေါင်းသုံးထောင်ကျော်သေကြေကြသည်။

၂၅:၁၄၂၁ အာမဇိမင်းသည် ဧဒုံပြည်မှ သိမ်းယူလာသော သစ်သားဘုရားတုအား အနေကဇာတင်၍ ရှိခိုးကိုးကွယ်သည်။ ပုရောဖက် တပါးကဘုရားတုများသည် ယုဒလူများကို ကွယ်ကာစောင့်ထိန်းခြင်းမပြုနိုင်ကြောင်း ဆုံးမသောအခါဘုရင်ကြီးက ” အသက်ဆက်ရှုလိုသေးလျှင် ပါးစပ်ပိတ်ထား’ဟုဒေါသတကြီးဆိုသည်။ထိုပရောဖက်သည် အာမဇိ၏ဖခင်ကို ပရောဖက်ပြုခဲ့သော ဇာခရိဖြစ်နိုင်သည်(၂၄:၂၀-၂၂) ။ ထိုပရောဖက်က” မင်းကြီးသည် ငါပေးသော သတိပေးစကားကို နားမထောင်။ ဤအမှုကိုဆက်လုပ်လျှင် ပျက်ဆီးမည် ” ဟုထပ်မံသတိပေးလိုက်သည်။ မပြည့်စုံမရင့်ကျက်သောသူများသည် ပညာရှိများ အကြံပြုချက်ကို လက်မခံ။ ကိုယ်ထင်ရာအဟုတ်ထင်ကြသည့်၏အတိုင်း အာမဇိမင်းသည်လည်း ပရောဖက်စကားကို ဂရုမစိုက်။ ငါမြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်လုပ်သည်။ အကြံပြုချက်အားပယ်ချ၍ ဣသရေလ ယဟောရှမင်းနှင့် စစ်ခင်းသည်။

၂၅:၂၂၂၈ အာမဇိမင်းစစ်ရှုံး၍ အရှက်တကွဲ အကျိုးနည်းဖြစ်ရသည်။ ယေရှုရှလင်မြို့တော်လည်း ဖျက်စီးခြင်းခံရသည်။ ဗိမာန်တော်ကိုလည်း ကျူးကျော်ဖျက်ဆီ:ကြသည်။ ဇာတ်လမ်းအစမှာ ယုဒဘုရင်အာမဇိက စစ်မီးမွှေးခြင်းဖြစ်သည်။ အဆုံးမှာ သူပဲထွက်ပြေးရသည်။ အသက်ကိုဖက်ရွက်ဖြင့်ထုတ်၍ ထွက်ပြေးသော်လည်းမလွှတ်။ လာခိရှတွင် ဖမ်းဆီးမိ၍ ခေါင်းဖြတ်သတ်ခြင်းခံရသည်။ သူ့အလောင်းကို ယေရှုရှလင်တွင် ပြန်လည်သဂြိုဟ်ကြသည်။

Previous Article
Next Article