ရာဇဝင်ချုပ်ဒုတိယစောင် ၂

()ဗိမာန်တော်ဆောက်လုပ်ရန်ပြင်ဆင်ခြင်း၊ ဆောက်လုပ်ခြင်းနှင့် အနုမောဒနာပြုခြင်း(အခန်း )

:  ရှောလမုန်ဘုရင်သည် ဗိမာန်တော်တည်ဆောက်ဖို့ တတ်ကျွမ်းပညာရှင်များ ဆန်ခါ တင်ရွေးချယ်ထားသည်။ ကုန်ကြမ်းပစ္စည်းများ စီမံခန့်ခွဲဖို့ လူခုနှစ်ထောင်၊ ကျောက်တုံး ကျောက် ပြား လှီးဖြတ်ပုံသွင်းဖို့ ရှစ်ထောင်၊ ကြီးကြပ်ကွပ်ကဲဖို့ သုံးထောင်ခြောက်ရာ ခန့်အပ်သည်။

:၁ဝ ဖခင်ဒါဝိဒ်မင်းအား အာရဇ်သစ်သားများ ပံ့ပိုးကူညီခဲ့သော တုရုဘုရင် ဟိရံမင်းထံမှလည်း အကူအညီထပ်တောင်းသည်။ စီမံကိန်းရေးဆွဲပြီးနောက် ရှောလမုန်ဘုရင်သည် လက်မှုအတတ် ပညာရှင်များ ကိုလည်း သီးသန့်ပြင်ဆင်ထားသည်။ သစ်သားထည် ကျွမ်းကျင်သော ပန်းပု၊ ပန်းပွတ် ပညာရှင်များကိုလည်း ခေါ်ပင့်သည်။ ဟိရံမင်းထံမှ အကူအညီတောင်းခံသော ထိုလက်မှုပညာရှင်ဆရာကြီးများကို ထိုက်တန်စွာ ဉာဏ်ပူဇော်ခ ချီးမြှင့်သည်။ ထိုပညာရှင်များ အရေအတွက်ပမာဏသည်  ကွာခြားချက်ရှိနိုင်သည်။

ကိန်းဂဏန်းကွဲပြားချက်

ဓမ္မရာဇဝင် တတိယစောင်နှင့်ဓမ္မရာဇဝင်စတုတ္ထစောင်ရှိ အရေအတွက် ကိန်းဂဏန်းများသည် ဤရာဇဝင်ချုပ်ကျမ်းစာနှင့်ကွဲလွဲမှုရှိနေသည်။  ထိုကွဲလွဲချက်များကို စာဖတ်ပရိတ်သတ်များအား  နားလည်မှုမလွဲစေလိုပါ။ ထိုကိန်းဂဏန်း ပမာဏကွာခြားချက်ကို အလေးထား၍ သမ္မာကျမ်းစာအား ယုံကြည်မှုမလျော့ပါးစေလို။  ထို့ကဲ့သို့လည်းမဖြစ်တန်ရာ။  အောက်ပါအတိုင်း ရှင်းပြချင်ပါသည်။ အကယ်၍ ရှင်းပြချက်အား ဘဝင်မကျလျှင်လည်း ထိုကိန်းဂဏန်းကွာဟမှုအား ချုပ်နှောင်မှုမရှိဘဲ၊ အတွေး ပြင်ပ သို့ထုတ်ပစ်စေလိုသည်။ အဘယ်ကြောင့်ဆိုသော် ကိန်းဂဏန်းကွာဟမှုက သမ္မာကျမ်းစာဝိညာဉ်တော် မှုတ်သွင်းမှုအား မထိပါးစေနိုင်ပါ။ သမ္မာကျမ်းစာမူရင်းသည် ဘုရားသခင်က တန်ခိုးမှုတ်သွင်း ထားသောကြောင့် အမှားအယွင်း၊ မရှိနိုင်။  ထောက်ကွက်၊ ချို့ယွင်းချက်မရှိနိုင်ပါ။

ပြဿနာ၏အဖြေကို အောက်ခြေမှတ်စုတွင် ရှင်းပြထားပါသည်။ တချို့စာလုံးများသည် သီးခြားဘာသာရပ်ဆိုင်ရာ  အသုံးအနှုန်းများ ဖြစ်၍  အနက်ဖွင့်ကျမ်းတွင် လူတိုင်းနားလည်အောင်  ရှင်းပြရန် အခက်အခဲရှိပါသည်။  ထို့ကြောင့် လိုရင်းတိုရှင်း ဖြင့် ရှင်းပြထားပါသည်။

ကိန်းဂဏန်းတခုနှင့်တခု မတူညီခြင်းသည် အများအားဖြင့် ထပ်ဆင့်ကူး ယူရာတွင် မှားယွင်းခြင်း ဖြစ်သည်။ ရာစုနှစ်ပေါင်း များစွာကြာသည်။ သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးသော ယနေခေတ်ကာလ တွင်ပင်လျှင် စာစီ၊ စာကူးရာတွင် အမှားအယွင်းရှိပါသည်။

မူရင်းကျမ်းစာရေးသား သူများအား အမှားအယွင်း မရှိအောင် ဘုရားသခင်က ကြီးကြပ်ကွပ်ကဲ သည်မှန်လျှင် တဆင့်ကူးယူသူများ ကိုလည်း အမှားအယွင်း မရှိအောင်ဘုရားသခင်က အဘယ်ကြောင့် မကွပ်ကဲသနည်းဟု မေးကောင်းမေးနိုင်ပါသည်။ ဘုရားသခင်က ဆောင်ရွက်နိုင်ပါသည်ဟု အဖြေပေးရပါမည်။ ဘုရားသခင်သည် သဗ္ဗညုတဉာဏ်တော်ရှင်ဖြစ်ပါသည်။ အကုန်လုံးကို သိမြင်ပါသည်။ သို့သော် စာကူးယူသူများ မမှားယွင်းစေသည့်နည်းလမ်းကို မရွေးချယ်ပါ။ အရေးကြီး နားလည်ရသည်မှာ သမ္မာကျမ်းစာတွင် မှားယွင်းသော စကားလုံးများသည် ကိန်းဂဏန်းနှင့် အမည်နာမစာလုံးပေါင်း မှားခြင်း များသာဖြစ်၍ အသေးအဖွဲ့ကိစ္စရပ်များဖြစ်သည်။ ဘုရားသခင်၏ အာဘော်ကို မထိခိုက်ပါ။ သခင်ယေရူခရစ်တော် ကိုယ်တိုင် လူ့လောကမှာရှိနေစဉ် ဓမ္မဟောင်းကျမ်းချက်များ ကို မကြာခဏ ကိုးကားလေ့ရှိကြောင့် တွေ့ရပါသည်။ ထိုအချက်ကပင် ခိုင်လုံသက်သေဟု ဆိုချင်ပါသည်။ မူရင်းကျမ်းကို ကိုးကားသည်ဟု မဆိုပါ။ ယနေ့ဖတ်ရှုနေ ကြသော နှုတ်ကပတ်တော်ဟု သုံးနှုန်းပါသည်။ထို့ကြောင့် ယနေ့ခေတ်ကာလတွင်လည်း ကျမ်းစာမှာ ပါသမျှသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဟု ယုံကြည်လက်ခံ ရပါသည်။

:၁၁၁၆ ဟိရံမင်းကလည်း ရှောလမုန်မင်းထံ လက်မှုပညာရှင်များ စေလွှတ်ပေးမည့် အကြောင်း စာတုန့်ပြန်ရေးပါသည်။လက်မှုပညာ ရှင်ဆရာကြီး ဟိရံအဘိကို တပါးတည်း စေလွှတ်ပေး လိုက်သည်။ လေဗနုန်တောင်ပေါ်မှသစ်သားများ ကို ဖောင်ဖွဲ့စေလွှတ်ပေးမည့်အကြောင်း နှင့် ဂျုံဆန်၊ မုယောဆန်၊ စပျစ်ရည်၊ ဆီတို့ကို အဖိုးအဖြစ် ပြန်ပေး ရမည်ဟုဆိုသည်။ လေဗနုန်တောင်မှ မြေထဲပင်လယ်ရေလမ်း ခရီးဖြင့် ပို့ဆောင်၍ ယုပ္ပဆိပ်ကမ်း မှ ယေရုရှလင်သို့ ကုန်းကြောင့်ဖြင့် သယ်ဆောင်ရသည်။

:၁၇၁၈ထိုကာလတွင် တိုင်းတပါး ခါနန်ပြည်သား တစ်သိန်းငါးသောင်းသုံးထောင် အလုပ်သမားများအဖြစ် စေခိုင်းသည်။

Previous Article
Next Article