ရာဇဝင်ချုပ်ဒုတိယစောင် ၄

:၂၂ အဓိက အသုံးပြုသော သတ္တုများမှာ ရွှေနှင့်ကြေးဖြစ်သည်။ အခန်း(၄)တွင် ထိုသတ္တုနှစ်မျိုးဖြင့် မွမ်းမံထားသော အသုံးအဆောင် ပစ္စည်းနှင့် အထည်များ ရှင်းပြထားသည်။ ကြေးကို မီးရှို့ရာ ယဇ်ပလ္လင်၊ ရေကန်နှင့် ရေကန်ထမ်းသော နွားများ တွင် (ငယ်၂-၅၊၁ဝ) သုံးသည်။ အင်တုံ(၁ဝ)ခု (ငယ်၆)ကို တန်တိုင်းနားတွင် ချထားသည်( ငယ်၉)။ အခန်းအဆောင် ပစ္စည်း အမျိုးမျိုး (ငယ်၁၁၊၁၄-၁၈)နှင့် တိုင်မကြီးနှစ်တိုင် ( ငယ်၁၂၊၁၃)လည်း ပါဝင်သည်။ ကြေးဝါထည်အားလုံးကို သုကုတ်မြို့နှင့် ဇာသန်မြို့ကြားရှိ ယော်ဒန်ချိုင့်ဝှမ်း တွင် ကြေးသွန်းထားသည်(ငယ်၁၇)။

ရွှေကို သန့်ရှင်းဆုံး ဌာနတော်ထဲရှိ မီးတိုင်စင်များ (ငယ်၇၊၂ဝ)၊ ပစ္စည်းပစ္စယများ တင်ရာစားပွဲ(ငယ်၈၊၁၉)၊ ရွှေယဇ်ပလ္လင် (ငယ်၁၉)၊ အသုံးအဆောင်ပစ္စည်းများ (ငယ်၈၊၂၁၊၂၂)၊ ပြုလုပ်ရာတွင် သုံး၍ အသန့်ရှင်းဆုံး ဌာနတော် ထဲ၌ သုံးဆောင်ရသည်။ သာမန်အားဖြင့် ရွေကို အတွင်းပစ္စည်းတွင် သုံး၍ ကြေးကို အပြင်ခန်းသုံး ပစ္စည်းတွင် သုံးရသည်။

ပဋိညာဉ်သေတ္တာတော်ထဲ မှလွဲ၍ ဗိမာန်တော်အသုံး အဆောင်များ ကို ရှောလမုန်မင်း ပြုလုပ်သည်။

Previous Article
Next Article