ရာဇဝင်ချုပ်ဒုတိယစောင် ၆

:၁၁ ရှောလမုန်ဘုရင်သည် ဗိမာန်တော်အား အနုမောဒနမခေါ်ခင်၊ တိုင်းသူပြည်သားများသို့ မိန့်ခွန်းပြောသည်။ ဣသရေလတို့၏ အတိတ်သမိုင်းကြောင်း ပြန်ပြောင်းသတိရစေသည်။ ဘုရားသခင်သည် မှောင်မိုက်ထဲတွင် စိုးစံတော်မူခြင်း မရှိသကဲ့သို့ မြို့တော်နှင့် အုပ်စိုးသူမင်းကိုလည်း ရွေးကောက်ခြင်းမရှိခဲ့။ (ရှမွေလ အပါအဝင် ဣသရေလအမျိုးသား ခေါင်းဆောင်များသည် အုပ်စိုးခြင်း၏ အချုပ်အခြာအာဏာ မဆွဲကိုင်ခဲ့ကြ)။ ယခု ကာလတွင် ဘုရားသခင်က ဒါဝိဒ်အား ဘုရင်အဖြစ် ခန့်အပ်၍ ယေရုရှလင်ကိုလည်း ဣသရေလမြို့တော် အဖြစ် စီရင်ပြီ။ ဒါဝိဒ်မင်းသည် ဗိမာန်တော် တည်ဆောက်ရန် ဆန္ဒမွန်ရှိသော်လည်း အခွင့်အရေးမရရှိ။ သူ့သားသို့သာ ဘုရားသခင်က အခွင့်အရေး ပေးသည်။ ထို့ကြောင့် ရှောလမုန်သည် ဘုရားသခင်၏ လူဖြစ်ကြောင်း သက်သေထူရမည်။ ပြည်သူများကိုလည်း ကောင်းကြီးမင်္ဂလာပေးသည်။

:၁၂၁၃ အခန်းကြီး (၆) ၏ အချုပ်အခြာသည် ရှောလမုန်ဘုရင်၏ ဘုရားသခင်ထံသို့ ဆုတောင်းချက် (ငယ်၁၂-၄၂) ဖြစ်သည်။ သမ္မာကျမ်းစာ တအုပ်လုံးတွင် အရှည်လျားဆုံး ဆုတောင်းချက်ဖြစ်၍ ချီးမွမ်းခြင်းနှင့် ကိုးကွယ်ခြင်း၊အနုမောဒနခေါ်ခြင်းဖြင့် လွှမ်းထုံသည်။ ဗိမာန်တော် အလယ် ပရိသတ်ရှေ့တွင် ရှောလမုန်သည် ဒူးထောက်လျက်၊ လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်၍ဆုတောင်းသည်။ လှိုက်လှဲစွာ ကျေးဇူးတော်ချီးမွမ်းသည်။ကျေးဇူးတော် မစခြင်းများကို ရေတွက်သည်။

:၁၄ ပထမဦးစွာ ဣသရေလရာဇပလ္လင်တော်အတွက် ချီးမွမ်းသည်။ ဘုရားသခင်၏ သစ္စာတော်အား ရှောလမုန်မင်းထံသို့ ဆက်လက်၍ တသွင်သွင် စီးဆင်းဖို့တောင်းခံသည်။

:၁၈၂၁ ဤကျမ်းချက်တွင် စကားလေးခွန်းသာ ပါရှိ၍ ဆုတောင်းခြင်းသက်သေဖြစ်သည်။ တသဘောတည်းရှိ၍ နာခံခြင်းနှင့် အပြစ်ခွင့်လွှတ်ဖို့ (ငယ် ၂၁)ဖြစ်သည်။

:၂၂၂၃  နောက်တချက် ဆုတောင်းချက်မှာ ယဇ်ပလ္လင်ရှေ့တွင် တိုင်တည်ဆုတောင်းချက်အား နားညောင်းတော်မူ၍ အရေးယူပေးရန်ဖြစ်သည်။

:၂၄၂၅   ဣသရေလတို့ မိမိတို့အပြစ်ကြောင့် စစ်ရှုံး၍ မိမိတို့အပြစ်ကို ဝန်ချတောင်းပန်သောအခါ အပြစ်ခွင့်လွှတ်ပြီး စစ်အောင်မြင်ခွင့်ပေးဖို့ ဆက်လက်ဆုတောင်းသည်။

:၂၆၂၇   အပြစ်ဒုစရိုက်ကြောင့် မိုးခေါင်၍ ဆုတောင်းကြသောအခါ ဆုတောင်းခြင်း ပြည့်စုံစေဖို့ လျှောက်လဲသည်။

:၂၈၃၁ အစာရေစာငတ်မွတ်ဘေး၊ ကာလနာရောဂါမှ ကွယ်ကာစောင့် ရှောက်ရန် ဆုတောင်းသည်။ သို့သော် ထိုဆုတောင်း ချက်သည် ဣသရေလလူများ ဘုရားသခင်ကို သိရှိကြောက်ရွံ့ဖို့ဖြစ်ပါစေ။

:၃၂၃၃ တိုင်းတပါးလူမျိုးကြားများကိုလည်း ထာဝရဘုရားသခင်အား သိရှိကြစေဖို့ ဖိတ်ခေါ်ပေးရန် ဆုတောင်းသည်။

:၃၄၃၅ တိုက်ပွဲတရာအောင်ပွဲ တရာအောင်မြင်ဖို့ ဆုပန်သည်။

:၃၆၃၉ ဣသရေလလူများ အပြစ်ဒုစရိုက်ကြောင့် ဖမ်းဆီးကျွန်ပြုပြင်ခြင်းခံရ၍ တစိတ်ဖြင့်ပြန်လည်ဆုတောင်းသောအခါ နားထောင်ပေးဖို့ ဆုချွေသည်။

:၄ဝ၄၂ နောက်ပိတ်ဆုံးတွင်(၃)ခု ဆုတောင်းသည်။ သူ၏ ဆုတောင်းချက်များကို လက်ခံစေချင်သည်။ ဘုရားသခင်၏ ဗိမာန်တော်၌ အမှုတော်ထမ်း ဆောင်ကြသောယဇ်ပုရောဟိတ်များ အား ကျေးဇူးတော်နှင့် ကရုဏာတော်ခံစားစေချင်သည်။ ဖခင်ဒါဝိဒ်မင်းအား ဘုရားသခင်ရှေ့၌ မျက်နှာတော်ရသကဲ့သို့  ရှောလမုန်မင်းကိုလည်း  မျက်နှာသာရစေချင်သည်။

ဆုတောင်းချက်များသည် ကိုးကွယ်ခြင်းများချည်း ဖြစ်သည်။ တခုချင်းပြန်လည် လေ့လာကြည့်ကြပါစို့။ ဘုရားသခင်၏ ကြီးမြတ်သော ဂုဏ်အင် လက္ခဏာများကို တွေ့ရသည်။ ဘုရားသခင်၏ ထူးခြားလေးနက်မှု (ငယ် ၁၄)၊ ချစ်ခြင်းမေတ္တာ (ငယ် ၁၄)၊ ဘုရားသခင်၏ အထွဋ်အထိပ်ဖြစ်မှု (ငယ်၁၈)၊ နေရာတိုင်းတွင်ရှိမှု (ငယ်၁၈)၊ တိကျသေချာမှု (ငယ်၁၈)၊ တရားမျှတမှု (ငယ် ၂၃)၊ ခွင့်လွှတ်မှု(ငယ် ၂၅၊၂၇)၊ သဗ္ဗညုတဉာဏ်တော်(ငယ်၃ဝ)၊ ကျေးဇူးတော် (ငယ်၃၃)၊ ကရုဏာတော်(ငယ်၃၃) တို့ တွေ့ရသည်။

ထို့အပြင် နေရာတိုင်းတွင် ဘုရားသခင်၏ ပါဝင်မှုနှင့် မြင့်မြတ်စင်ကြယ်မှုကိုလည်း တွေ့မြင်နိုင်သည်။

Previous Article
Next Article