ရာဇဝင်ချုပ်ဒုတိယစောင် ၉

: ရှောလမုန်ဘုရင်၏ ဂုဏ်သတင်း ကို ရှေဘ ဘုရင်မကြားသိသောအခါ ကိုယ်တိုင် တွေ့မြင်လိုသဖြင့် မြင်းရထား တပ်ကြီးဖြင့် ဆုလက်ဆောင် များယူဆောင်၍ ယေရုရှလင် သို့ ချီတက်သည်။ ကိုယ်တိုင် ကိုယ်ကျ တွေ့မြင်သောအခါ ရှောလမုန်ဘုရင်၏ ဉာဏ်ပညာ နှင့် ဟော်နန်း ချမ်းသာကြွယ်ဝမှုများသည် အံ့မခန်းဖြစ်သည်။ မေးခွန်းထုတ်စရာ မရှိ။ သူကြားခဲ့သမျှသည် တကယ့်အဖြစ်အပျက်၏ တဝက်မျှသာရှိသည် ဟုဝန်ခံလိုက်သည်။ ရှောလမုန်ဘုရင်၏ ကြွယ်ဝချမ်းသာမှု စည်းစိမ်သည် ဘုရားသခင်ပေးသနားခြင်းဖြစ်ကြောင်း ဂုဏ်ပြု ပြောဆိုသွားသည်။

 :၁ဝ၁၂ အပိုဒ်ငယ် ၁ဝ၊၁၁ သည် ရှောလမုန် ဘုရင်၏ ကြွယ်ဝချမ်းသာမှု တစိတ်တဒေသ ဟိမန္တာချီးမွမ်းခန်းဖြစ်သည်။ ရှေဘဘုရင်မ ပြန်သွားသောအခါ ရှောလမုန်ဘုရင်က ရှေဘ ဘုရင်မယူလာသော လက်ဆောင်ပစ္စည်းထက် တန်ဘိုးကြီးမားသော ဆုလက်ဆောင်များ ပေးလိုက် သည်။

 :၁၃၂၈ ရှောလမုန်ဘုရင်သည် နှစ်စဉ် ရွှေအကျပ် ၆၆၆ ရရှိ၍ အချို့ ကို ရွှေဒိုင်း လွှားပြု လုပ်သည်။ အချို့ကို ဆင်စွယ်ပလ္လင်တော်အား ကွပ်ထားသည်။ စားပွဲအသုံးအဆောင်ပစ္စည်းများ အဖြစ် ပြုလုပ်သည်။ သူ၏ကြွယ်ဝချမ်းသာမှု စည်းစိမ်ကို နိုင်ငံတကာရှင်ဘုရင် များက ‘ဩ’ချကြသည်။ တာရှိ(စပိန်နိုင်ငံဟုယူဆသည်)၁၀ တိုင်အောင် ကူးသန်းရောင်း ဝယ်သည်။ မြင်းကောင်း မြောက်များစွာ မွေးမြူချမ်းသာသည်။၁၁ ရွှေထည် ငွေထည် ပြည့်လျှံသည့် အပြင် အာရဇ်တောကြီး များလည်း ပိုင်စိုး သည်။ ဥဖရတ်မြစ် တိုင်အောင် ပိုင်ဆိုင် သော်လည်း မြောက်ပိုင်း ဣသရေလနိုင်ငံ ပြန်လည်ပူး ပေါင်းခြင်းမရှိ။  အခွန်အခများ ကိုကောက်ယူသည်။

Previous Article
Next Article