ဧသတာဝတ္ထု ၈

()မော်ဒကဲရာထူးတိုးခြင်းနှင့် ယုဒလူများ ကွယ်ကာရာရခြင်း (အခန်း )

 : ရှင်ဘုရင်ကြီးက ဟာမန်၏ နေအိမ်အား ဧသတာသို့လက်ဆောင်ပေး၍ မော်ဒကဲကိုလည်း ရာထူးတိုးပေးလိုက်သည်။

 : ဟာမန်သည် လူ့ဘဝမှပျောက်ကွယ်သွားသော်လည်း ဘဝဇာတ်လမ်းသည် ကျန်ရှိနေဆဲ။ တဖန် ဧသတာသည်ဘုရင်ကြီးရှေ့သို့ မဖိတ်မခေါ်ဘဲ ရောက်ရှိလာပြန်သည်။ သူ့အသက်ကို ကယ်တင်ပြီးဖြစ်သော်လည်း သူ့အမျိုးကိုကူညီဖို့ မျက်ရည်ဝဲလျက်တောင်းဆိုသည်။ ရှင်ဘုရင်ကြီးကလည်း ရာဇရွှေလှံတံတော်ကို ကမ်းပေးသည်။ အငယ်၃သည် ဆုတောင်းခြင်းအကြောင်းဖြစ်၍ အသေးစိတ်ကို အငယ် (၅)၊ (၆)တွင် ရေးမှတ်ထားသည်။ တိုင်းပြည်အဝှမ်းသို့ ယုဒလူများသည် သတ်ပစ်ဖို့ ဟာမန်ထုတ်ပြန်ထားသောအမိန့်အား ဖျက်သိမ်းပြင်ဆင်ခြင်း မရှိသေး။ သို့ဖြင့် ဟာရွှေရုမင်းသည် မိဖုရား ဧသတာလျှောက်လဲသည့်အတိုင်း ယုဒတပြည်လုံးသို့ အမိန့်စာတဖန်ထုတ်ပြန်သည်။ ဟာမန်သို့ အပ်ထားသော အမိန့်ပြားလက်စွပ်ကိုလည်း မော်ဒကဲသို့ ပေးလိုက်သည်။

 :၁၄ ယုဒလူများ၏ ဘဝအိုးအိမ်လုံခြုံမှု အမိန့်ကြော်ငြာစာကို ဘာသာစကား အမျိုးမျိုးဖြင့်ရေး၍ တတိုင်းပြည်လုံးသို့ မနှေးအမြန် ခြေမြန်တော်များဖြင့် လိုက်လံပို့ဆောင်စေသည်။ သို့ဖြင့်စာတန်၏ နှိပ်ကွပ်မှုအောက်မှ လွတ်မြောက်လာကြသောသူများ၏ သတင်းကောင်းသည် ပျံ့နှံ့၍ ယုဒလူများ ငြိမ်သက်ချမ်းသာရာရရှိသွားကြသည်။

:၁၅၁၇ အဝတ်စုတ် အဝတ်ပြဲဝတ်သော မော်ဒကဲသည် ပြည့်ရှင်မင်းတရားကြီး ချီးမြှင့်သော နန်းတွင်းဝတ်ကောင်းစားလှကို ဆင်မြန်းသဖြင့် လူနှင့်သူနှင့်တူပြန်သည်။ စိတ်ပျက်အားငယ်ခဲ့သော ယုဒလူများသည် ဝမ်းသာပျော်ရွှင်ကြသည်။ ရန်သူများကိုလည်း မှုစရာမလို။ ထိုယုဒလူများ၏ ယုံကြည်ခြင်းကို စောင့်ကြည့်နေသော တပါးအမျိုးသားများသည်လည်း ယုဒလူတို့၏ ယုံကြည်ခြင်းသစ္စာကို လေးစားကြသည်။

Previous Article
Next Article