ဓမ္မရာဇဝင်တတိယစောင် ၁၂

၃။ နိုင်ငံတော် ပြိုကွဲခြင်း(အခန်း ၁၂၂၂)

(က) ယုဒဘုရင်ရောဗောင် (၁၂:၂၄)

ရှောလမုန်ဘုရင်၏သား ရောဗောင်သည် ယုဒရှင်ဘုရင်အဖြစ် ဘီစီ ၉၃၁/၃၀ မှ ၉၁၃ ခုနှစ်အထိ နှစ်ပေါင်း (၁၇)နှစ် နန်းစံခဲ့သည် (၃ရာ၊၁၂:၂၀-၂၄၊ ၅ရာ၊ ၁၁ နှင့် ၁၂)။

၁၂:၁၁  ရောဗောင်သည် ထီးနန်းဆက်ခံရန် ရှေခင်မြို့သို့ သွားရသည်။ ရှောလမုန်ကွယ်လွန်ကြောင်း ကြားသိရသော ယေရောဗောင်ကလည်း အဲဂုတ္တုပြည်မှ ပြန်လာ၍ ဣသရေလ လူအုပ်ကြီး ခြံရံလျက် ရှေခင်သို့ ရောက်လာသည်။ ဣသရေလ တိုင်းသူပြည်သားများက တောင်းဆိုချက်ကို တင်ပြကြသည်။ ခမည်းတော်တင်ခဲ့သော ဝန်ထုတ်ဝန်ပိုးကို ပေါ့ပါးစေလျှင် ရောဗောင်ကို ထောက်ခံအားပေးကြမည် ဟူ၍လည်း ကြွေးကြော်ကြ၏။ ခန်းနားကြီးကျယ်သော ထီးနန်းစည်းစိမ် အဆောင်အယောင်တို့အတွက် ရှောလမုန်မင်းက ကြီးလေးသော အခွန်အတုတ်များနှင့် အဓမ္မလုပ်အားဖြင့် တိုင်းသူပြည်သားများအပေါ် ဖိစီးထားသည်။ ၎င်းတို့ကို လျှော့ပေါ့ပေးခြင်း မပြုလျှင် ထောက်ခံမည် မဟုတ်ဟု တင်ပြကြသည်။ ရောဗောင်က စဉ်းစားဖို့ ()ရက် တောင်းသည်။ ထိုအတောအတွင်း သက်ကြီးရွယ်ကြီး မင်းတိုင်ပင်အမတ်တို့ နှင့် ဆွေးနွေးတိုင်ပင်သည်။ အမတ်များက ပြည်သူ့ ဆန္ဒလိုက်လျောရန် အကြံပေးသော်လည်း လက်မခံ။ မင်းမြှောင်လိုက် မင်းကြိုက်ခစားသော လူပျိုတော်သားတို့က ပြည်သူကို အလိုမလိုက်နှင့်၊ ရောင့်တက်မည်။ ခေါင်းမထောင်နိုင်အောင် ယခင်ကထက် ပိုကြီးလေးသော အခွန်အတုတ်ကောက်ရန် အကြံပြုကြသည်။ ရောဗောင်အား ငါ့လက်သန်းသည် ခမည်းတော် ခါးထက်ကြီးသည်။ ခမည်းတော်က ကြိမ်လုံးဖြင့်သာ ရိုက်လျှင် ငါက တင်းမြီးကောက် (သံချွန်းသီးတပ်သော ကြာပွတ်ဖြစ် ဟန်ရှိ) ဖြင့်ရိုက်မည် ဟု ခြိမ်းခြောက်သင့်ကြောင်း အကြံပေးလိုက်ကြသည်။

၁၂:၁၂၂၀  သို့ဖြင့် ချိန်းချက်ထားသည့် ရက်မြောက်နေ့ယေရောဗောင်သည် လူအပေါင်းကိုခေါ်ဆောင် ရောက်ရှိလာသောအခါ ရောဗောင်က လူပျိုတော်သားတို့ အကြံပေးချက်အတိုင်း ဆုံးဖြတ်ချက်ကို ကျေညာလိုက်သည်။ အငယ် ၁၅ ၌ ဤကားရှိလောမြို့သား ပရောဖက် အဟိယ၏ ပရောဖက်ပြုချက် (၁၁:၃၀-၃၉) ပြည့်စုံခြင်း ဖြစ်ကြောင်း ရှင်းပြသည်။ ယင်းကျေညာချက်ကြောင့် ဣသရေလ လူတို့က ရောဗောင်မင်းအား ဆန့်ကျင်ပုန်ကန် ကြတော့သည်။ ဣသရေလ လူအချို့ ယုဒမြေပေါ်တွင် ဆက်လက်နေထိုင်ကြသော်လည်း အများစုက ရောဗောင်ကို ပုန်ကန်၍ ယေရောဗောင်နောက် လိုက်ကြသည်။ ရောဗောင်က သူ့အခွန်တော်ဝန် အဒေါရံအား အခွန်ကောက်ခံရန် စေလွှတ်သောအခါ ကျောက်ခဲ့ဖြင့် ဝိုင်းပေါက်သတ် ခံရသည်။ သို့ဖြင့် ဣသရေလ လူတို့က ယေရောဗောင် အား ရှင်ဘုရင် အဖြစ် တင်မြှောက်ကြသည်။ အပိုဒ်-၂၀ တွင် ရောဗောင်ဘက်သို့ ရပ်တည်သူများစာရင်း၌ ယုဒတမျိုးကိုသာ ဖော်ပြသော်လည်း ဗင်္ယာမိန်အမျိုး (ငယ်၊၂၁)၊ ရှိမောင်အမျိုး (ယောရှု၊ ၁၉:၁) နှင့် လေဝိအမျိုးသား အများစုကလည်း ယုဒလူမျိုးများဘက်တွင် ရှိကြောင်းသိထားရမည်။

၁၂:၂၁၂၄  ရောဗောင်မင်းသည် ဤနိုင်ငံရေး အရှုပ်အထွေးကို စစ်ရေးနည်းဖြင့် ဖြေရှင်းဖို့ ကြံစည်သော်လည်း ဘုရားသခင်က အခွင့်မပြု။ အတွေ့အကြုံရင့် အမတ်အိုတို့၏ အကြံပြုချက်ကို မလေးစားခဲ့သမျှ ယခု ဘုရားသခင်ဆုံးဖြတ် သည့်အတိုင်း နာခံရတော့မည်။ အလိုတော်အတိုင်း နှုတ်ကပတ်တော်သည် သွေးမြေခစေဘဲ နိုင်ငံတော်ကို ခွဲခြမ်းခဲ့သည်။

 

တိုင်းနိုင်ငံပိုင်းခြားပုံ

 

ရှောလမုန်ဘုရင် နောက်တွင် တိုင်းပြည်ပိုင်းခြားပုံကို အအခန်းမှစ၍ ဓမ္မရာဇဝင် စတုတ္ထစောင် အဆုံးထိ ဆက်လက် ဖော်ပြသွားသည်။ ယေရောဗောင်က ဣသဗရလနိုင်ငံဟု လူသိများသည့် မြောက်ပိုင်းနိုင်ငံလူမျိုး ၁၀ မျိုးကို အုပ်စိုးသည်။ တခါတရံ အချို့ပရောဖက်များက ဧဖရိပ်ဟုလည်း ခေါ်ဝေါ်သည်။ မင်းဆက် ၉ ဆက်စလုံး၌ အားလုံးမင်းဆိုးမင်းညစ် ဖြစ်ကြသည်။

ရောဗောင်အုပ်စိုးသော တောင်ပိုင်းနိုင်ငံကို ယုဒနိုင်ငံဟု လူသိများသည်။ ဒါဝိဒ်မင်း၏ နန်းရိုးမင်းဆက် တစ်ဆက်တစ်စပ်တည်း အုပ်စိုးခဲ့သည်။ ဤမျိုးဆက်မှ သခင်ယေရှု၏ အမည်ခံအဖယောသပ် (မဿဲ၊၁ ဆွေစဉ်မျိုးဆက် စာရင်းရှု) ဆင်းသက်လာသည်။ လူ့ဇာတိအစဉ် အလာအရ ဒါဝိဒ်မင်း၏ သားတော် နာသန်၏ မျိုးရိုးစဉ် အလာအရ ဒါဝိဒ်မင်း ၏သားတော် နာသန်၏ မျိုးရိုးစဉ် (လုကာ၊ ၃ မျိုးနွယ်စာရင်းကြည့်)မှ မယ်တော်မာရိ ဆင်းသက်သည်။ ယုဒနိုင်ငံကို စိုးစံရသော မင်းများအနက် အချို့သည် ဘုရားသခင်အတွက် အပြောင်းအလဲများ လုပ်ဆောင်ခဲ့သော်လည်း အများစုမှာ မင်းဆိုးမင်းညစ် အကျင့်တန်သူများ ဖြစ်ကြသည်။

 

ဣသရေလနှင့် ယုဒပြည် အုပ်စိုးသော ဘုရင်များ

 

ဣသရေလမင်းဆက်             ယုဒမင်းဆက်

၁။  ယေရောဗောင်                                  ၁။ ရောဗောင်

နာဒပ်                                                 အဘိရမ်

(အဘိယ)

၂။   ဗာရှာ                                                 အာသ

(ကောင်း)

ဧလာ                                                 ယောရှဖတ်

(ကောင်း)

၃။  ဇိမရိ                                                  ယဟောရံ

(ယောရံ)

၄။  သြမရိ-တိဗနိ                                      အာခဇိ

အာဟပ်                                              အာသလိ

(အဓမ္မသိမ်းပိုက်သူ)

အာခဇိ                                               ယောရှ

(ယဟောရှ)

(ကောင်း)

ယောရံ                                               အာမဇိ

(ယဟောရံ)                                        (ကောင်း)

၅။  ယေဟု                                               သြဇိ

(အာဇရိ)

(ကောင်း)

ယောခတ်                                           ယောသံ

(ကောင်း)

ယဟောရှ                                           အာခက်

(ယောရှ)

ယေရောဗောင်(၂)                                ဟေဇကိ

(ကောင်း)

ဇာခရိ                                                 မနာရှေ

(ဇေခရိ)

၆။  ရှလ္လုံ                                                  အာမုန်

၇။  မေနဟင်                                            ယောရှိ

(ကောင်း)

ပေကဟိ                                             (ယောခတ်)

(ရှလ္လုံ)

၈။  ပေကာ                                               ယောယကိမ်

(ဧလျာကိမ်)

၉။  ဟောရှေ                                             ယေခေါနိ

(ယောယခိန်)

ဇေဒကိ

(မဿနိ)

 

နိုင်ငံတော်ပိုင်းခြားခြင်း သမိုင်းစဉ် (၄)ပိုင်း ခွဲခြားလေ့လာနိုင်သည်။ ပထမပိုင်းကို ယေရောဗောင်မင်း (၃ရာ ၁၂:၁) မှ သြမရိ (၃ရာ ၁၆:၂၈)ထိ၊ ဒုတိယပိုင်းကို သြမရိ (၃ရာ၊ ၁၆:၂၉)မှ ယေဟု (၄ရာ၊၉)ထိ၊ တတိယပိုင်းကို ယေဟုမှ ဣသရေလ ပြည်အား အာရှုရိတို့ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဘီစီ-၇၂၂ (၄ရာ၊ ၉-၁၇)ထိ၊ နောက်ဆုံးအပိုင်းကို ဗာဗုလုန်နိုင်ငံသို့ ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရသည့် ဘီစီ ၅၈၆(၄ရာ၊ ၁၈-၂၅) ထိဟူ၍ ပိုင်းခြားနိုင်သည်။

ဣသရေလပြည်သည် တိုင်းနိုင်ငံဟူ၍ ပီပီပြင်ပြင်ဖြစ် မလာတော့ပါ။ ယုဒပြည်သည် နှစ်ပေါင်း (၇၀)ကြာ ဖမ်းဆီး ခြင်းခံရပြီးသည့် နောက်ပိုင်းတွင် ယေရုရှလင်သို့ ပြန်လည် စုဝေးလာကြကြောင်း ဧဇရနှင့် နေဟမိတို့က မှတ်တမ်းတင်ခဲ့သည်။ သို့ဖြင့်  တောင်ပိုင်းနိုင်ငံတော်သည် ခရစ်တော် မမွေးဖွားမီ နှစ်ပေါင်း-၅၀၀ မျှ တပါးကျွန်ဖြစ်ခဲ့ရသည်။

ဓမ္မဟောင်းနှောင်းပိုင်းတွင် ယုဒပြည်လည်း ပါရှားဘုရင်လက်ကျရောက်သွားသည်။ ပါရှာတို့ကို ဂရိတို့က အောင်မြင်သောအခါ ယုဒတို့သည် ဂရိလက်အောက်သို့ ကျရောက်ပြန်သည်။ ထိုမှတဆင့် ရောမအင်ပါယာကြီး တန်ခိုးထွားလာ သောအခါ ရောမကျွန်ဖြစ်ရပြန်သည်။ ထိုခေတ်တွင် သခင်ယေရှုပေါ်ထွန်းခဲ့လေသည်။

မြောက်ပိုင်းနှင့် တောင်ပိုင်းနိုင်ငံတို့၏ သမိုင်းကြောင်းလေ့လာသောအခါ ခုနှစ်သက္ကရာဇ်ကွဲလွဲမှုများကို မကြာခဏ တွေ့ရတတ်သည်။ သို့ဖြစ်ရခြင်းမှာ ခုနှစ်သက္ကရာဇ် အတိအကျဖြင့် မှတ်တမ်းတင်ခြင်းမဟုတ်ဘဲ၊ နန်းစံနှစ်ဖြင့် ရေတွက်သော ကြောင့်ဖြစ်၏။ နောက်အရေးကြီးသော အချက်တစ်ခုမှာ မကြာခဏ နန်းလွှဲနန်းပြောင်း ရှိခြင်းဖြစ်သည်။ ထိုဘုရင်များ နန်းစံနှစ်၊ နန်းကျနှစ်အသေးစိတ်များကို Edwin R. Thiele ၏ The Mysterious Mumbers of the Hebrew Kings တွင် လေ့လာဖတ်ရှုနိုင်သည်။

ဤကျမ်းစာစောင်၌ ဣသရေလ နှင့် ယုဒတိုင်းပြည် နှစ်ခု၏ နန်းပြိုင်ထီးပြိုင် မင်းများအကြောင်းကို အစဉ်အတိုင်း လေ့လာကြမည်။ ထိုမင်းများလက်ထက်၌ အရေးကြီးသော ဖြစ်ပျက်မှုများကို ဖော်ပြထားသည်။ ခုနှစ် သက္ကရာဇ်များကို အထက်တွင် ပြဆိုထားခဲ့သော Thiele ၏ စာအုပ်မှ ကိုးကား ရယူပါသည်။

 

() ဣသရေလဘုရင် ယေရောဗောင် (၁၂:၂၅၁၄:၂၀)

ဧဖရိမ်အမျိုး နေဗတ်၏သား ယေရောဗောင်က ဣသရေလဘုရင်အဖြစ် ဘီစီ ၉၃၁/၃၀ မှ ၉၁၀/၀၉ ခုထိ နှစ်ပေါင်း (၂၂)နှစ်ခန့် မျှစိုးစံခဲ့သည်။

 

၁။ ယေရောဗောင်၏ မိစ္ဆာဗိမာန်တော်များ (၁၂:၂၅၃၃)

၁၂:၂၅၃၀  ဣသရေလတို့၏ ပထမဦးဆုံး ရှင်ဘုရင် ယေရောဗောင်သည် ရှေခင် ကို မြို့တော်အဖြစ် သတ်မှတ်၍ ယော်ဒန်တဖက်ကမ်း၌ ပေနွေလ မြို့သစ်ကိုတည်၏ ထိုသို့ ယော်ဒန်မြစ်တဖက်ကမ်း၌ မြို့သစ်တည်ခြင်းမှာ ရိုးရာထုံးတမ်းစဉ် လာပွဲတော်များတွင် ယေရုရှလင်သို့ မကြာခဏ သွားသဖြင့် ပြည်သူပြည်သား စိတ်ပြောင်း၍ ယုဒဘုရင်ထံ ခိုလှုံသွားကြမည်ကို စိုးရိမ်၍ဖြစ်သည်။ ဒန်မြို့ နှင့် ဗေသလမြို့တွင်လည်း ရွှေနွားရုပ် တစ်ခုစီ တည်ထားစေသည်။ ပြီးမှဤ ရုပ်တုတို့သည် ဣသရေလလူများကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ပေးသော ဘုရားဖြစ်သည်ဟု ထုတ်ပြန်ကျေညာသည်။

၁၂:၃၁၃၃  ထို့ပြင် တောင်ကုန်းများပေါ်၌ ဗိမာန်ဆောက်၍ လေဝိနွယ်မဟုတ်သော သာမန်လူများကို ယဇ်ပူရောဟိတ် အဖြစ် ခန့်အပ်သည်။ ဘာသာရေးပြက္ခဒိန် အသစ်ကို ရေးဆွဲပြဠာန်းသည်။ နှစ်စဉ်အဌမလ၏ (၁၅)ရက်နေ့ကို တဲတော်ပွဲဟု သတ်မှတ်၏ ထိုနေ့တွင် ဗေသလရှိ ရွှေနွားရုပ်ကို ယဇ်ပူဇော်ကြသည်။ ယုဒတို့၏ ထုံဒတမ်းစဉ်လာတဲတော်ပွဲမှာ သတ္တမလ၏ (၁၅)ရက်နေ့ ဖြစ်သည်။

ထုံးတမ်းစဉ်လာကို ပစ်ပယ်၍ ထိုသို့ ထင်မြင်ရာလုပ်ခြင်းမှာ ဘုရားသခင်နှင့် ဝေးကွာရသည့်အကြောင်းရင်း ဖြစ်သည်။ ရွှေနွားရုပ် ကိုးကွယ်ခဲ့ကြသောကြောင့် ဘိုးဘေးများ အပြစ်ဒဏ် သင့်ခဲ့ကြသည်ကို အမှတ်မရှိ (ထွ၊ ၃၂)။ ရှောလမုန် ဘုရင်လည်း တောင်ကုန်းပေါ်၌ ရုပ်တုဘုရားတည်သောကြောင့် ထီးနန်းပျောက်ရသည် (အခန်း ၁၁)။ ကောရနှင့်နောက်လိုက် နောက်ပါများက ယဇ်ပုရောဟိတ် အရိုက်အရာလုယူဖို့ ကြိုးပမ်းခဲ့သဖြင့် ဘဝဆုံးရှုံးခဲ့ရသည် (တော၊ ၁၆)။ ထိုအပြစ်ဒုစရိုက် များကို အမှတ်မထား သင်ခန်းစာမယူဘဲ ထပ်မံကျူးလွန်ခြင်းသည် ယေရောဗောင်အတွက် ပျက်စီးရာလမ်း ထွင်ခြင်းဖြစ်သည်။ ဘုရားသခင်ကို ချစ်တတ်သော စိတ်နှလုံးရှိ၍ ဘုရားသခင်၏ အမှုတော်ကို မျိုးရိုးစဉ်ဆက် တာဝန်ယူလုပ် ဆောင်ကြသော လေဝိအမျိုးများသည် ယုဒပြည်နှင့် သွားပေါင်းကြသည် (၆ရာ၊ ၁၁:၁၄-၁၆)။ လူလုပ်ဘုရားကို မကိုးကွယ် လိုကြပါ။ တချိန်က မဆိုးဘူးဟု ယုံစားခဲ့သော ယေရောဗောင်သည် ဘုရင်ဖြစ်လာသောအခါ၌ ဖောက်ပြန်ကာ မင်းဆိုးမင်းညစ် တစ်ပါး ဖြစ်လာပါသည်။