ဓမ္မရာဇဝင်တတိယစောင် ၅

() ရှောလမုန် ဘုရင်၏ ဗိမာန်တော် (အခန်း )

() ဟိရံမင်းနှင့် သဘောတူညီချက် (အခန်း )

:၁၂  ဟိရံ မင်းသည် လေဗနုန်တောအုပ် ကြီးကို ပိုင်ဆိုင်သော တပါးအမျိုးသားမင်းဖြစ်သည်။ ဒါဝိဒ်မင်းနှင့် နှစ်ပြည့်တစ်ပြည် ရွှေလမ်းငွေလမ်းထားသော မိတ်ဆွေကောင်းဖြစ်သည့် အားလျော်စွာ ဒါဝိဒ်မင်း၏ သားတော် ရှောလမုန်မင်းနှင့် လည်း မဟာမိတ်ပြုလိုသည်။ ရှောလမုန်မင်းက ဗိမာန်တော ဆောက်လုပ်ရန် သစ်ခုတ်သမားများကို စေလွှတ်သည်။ ခုတ်ထွင်ပိုင်းဖြတ်ပြီးသော သစ်များကို ဖောင်ဖွဲ့၍ မြေထဲပင်လယ်ရေလမ်းခရီးဖြင့် ယုပ္ပမြို့သို့ မျှောချကြသည်။ ယုပ္ပမြို့မှ ယေရုရှလင်မြို့သို့ ကုန်းလမ်းခရီးဖြင့် သယ်ဆောင်ကြသည်။ သစ်ဖိုး အဖြစ် ရှောလမုန်မင်းက ဟိရံမင်းအား နှစ်စဉ်ရိက္ခာထောက်ပံ့သည်။

:၁၃၁၈  ပြည့်ရှင်မင်း ရှောလမုန် ဘုရင်၏ အမိန့်အတိုင်း ထင်းခုတ်လွှဆွဲကြသူများမှာ လူပေါင်းသုံးထောင် ရှိသည်။ သုံးသုတ်ခွဲ၍ တစ်လစီ အလှည့်ကျ လုပ်ရသဖြင့် အိမ်မှာ ၂လ၊ လုပ်ငန်းခွင်မှာ နေကြရသည်။ ထို့ပြင် ခါနန်ကျွှန်း ပေါင်းနှစ်ထောင်လည်း ပါဝင်သေးသည်။ ထင်းခုတ်လွှဆွဲခြင်းအပြင် ကျောက်ထုအုတ်ဖုတ်ခြင်းလည်း လုပ်ကြရသည် (အငယ် ၁၅ ကို ၆ရာ ၂:၁၇-၁၈ နှင့် ယှဉ်ဖတ်)။ လူပေါင်းခုနှစ်သိန်း လုပ်အားကို အသုံးပြုခဲ့သည်။

ရှောလမုန်မင်းကြီး၏ လူ့စွမ်းအား သက်သက်ဖြင့် ဗိမာန်တော် ဆောက်လုပ်ခြင်းသည် ကျေးကျွန်တို့၏ အင်အားစု (:၁၅၂၂ နှင့် ယှဉ်ဖတ်)ကို အဓိကအားထားသည်။ လုပ်အားမလုံလောက်သဖြင့် ဣသရေလ မျိုးနွယ်စုများ (ယုဒမျိုးနွယ်တို့ မပါဝင်ဟု ယူဆရဖွယ်ရှိ)ကိုလည်း ချောဆွဲ အတင်းအဓမ္မ လုပ်အားခိုင်းစေခဲ့သည်။ ဣသရေလ လူမျိုးမှာ မူလကပင် လွတ်လပ်မှုကို ခုံမင်ကြသူများဖြစ်ရာ ယခုဆင်းရဲပင်ပန်းစွာ ကျေးကျွန်သဖွယ် ခိုင်းစေခံရမှုကြောင့် မကျေမချမ်းဖြစ်ကြသည်။ ၎င်းအရာမှာ တိုင်းနိုင်ငံ နှစ်ပိုင်းကွဲသည်အထိ ဣသရေလမျိုးနွယ်စုတို့ ရင်ထဲ၌ တငွေ့ငွေ့လောင်မြိုက်နေသည့် မီးကျည်ခဲဖြစ် လာခဲ့သည် (၁၂: ကိုကြည့်) အခြားသူများ အကျိုးစီးပွားပျက်စီးစေသော အနိုင်အထက်ပြုကျင်မှုမှ ရှောင်ကြည်တတ်စေဖို့ ဘုရားသခင်ထံမှ ဉာဏ်ပညာတော် လိုအပ်လှပေသည်တကား (Daily Notes of the Scripture Union)

(ဤအခန်းကြီးနှစ်ခုတွင် ကိန်းဂဏန်းကွာခြားမှု များရှိရာ၊ ရာဇဝင်ချုပ် ဒုတိယစာစောင်၏ အခန်း(၂) ဆိုင်ရာမှတ်စုများက ရှင်းလင်းနားလည်စေပါမည်။)