နေဟမိမှတ်စာ ၁၀

 ၁၀:၂၇ ဤကျမ်းချက်တွင် လူထုပရိသတ်ကိုယ်စား ပဋိညာဉ်ဖွဲ့သူများ အမည်စာရင်းတွင် တွေ့ရသည် (၉:၃၈)။ နေဟမိ၏ နာမည်ကို ထိပ်ဆုံးတင်ထားသည် (ငယ် ၁)။ သူ့နောက်မှ ယဇ်ပုရောဟိတ်များ (ငယ် ၂-၈)၊ လေဝိအမျိုးသားများ (ငယ် ၉-၁၃) လူမျိုးနွယ်စုခေါင်းဆောင်များ (၄-၂၇)ဟူ၍ အစဉ်လိုက် ဖော်ပြထားသည်။

 ၁၀:၂၈၂၉ လက်ရှိလူများနှင့်တကွ နောင်လာနောက်သားသမီးများသည်လည်း ဘုရားသခင်၏ ပညတ်တော်များကို လိုက်နာမည့်အကြောင်းနှင့် အမိန့်တော်များအား တသွေမသိမ်း စောင့်ထိန်းကြမည့်အကြောင်း ပဋိညာဉ်ပြုချက်ဖြစ်သည်။

 ၁၀:၃၀၃၈ အငယ် (၃၀)တွင်အထူသဖြင့် မိမိတို့သားသမီးများအား လူမျိုးခြားနှင့် အိမ်ထောင်မပြုရန် ကြပ်တည်းစွာတားမြစ်သည်။ ဥပုသ်နေ့နှင့် ဥပုသ်နှစ်ကိုလည်း မကျိုးစေရ (ငယ် ၃၁)။ ဗိမာန်တော် အလျှူတော်ငွေများကိုလည်း သစ္စာရှိစွာ ပေးလျှူရသည် (ငယ် ၃၂၊၃၃)။ ယဇ်ပုလ္လင်မီးရှို့ရာ ထင်းကိုလည်း အလုံအလောက်ပံ့ပိုးရသည် (ငယ် ၃၄)။ သားဦ: ပူဇော်ခြင်း ရွေးနှုတ်ခ အဖိုးငွေနှင့် အဦးသီးများကို ဗိမာန်တော်သို့ မှန်ကန်စွာ ယူဆောင်လာ၍ ယဇ်ပုရောဟိတ်များနှင့် လေဝိသားများကို ထောက်ပံ့ရသည်။ ဆယ်ဘို့တဘို့ကိုလည်း မချို့ယွင်းစေရ (ငယ်၃၅-၃၉)။

ယုံကြည်ခြင်း ခိုင်မြဲစေရန် ပဋိညာဉ်ဖြင့် ဖွဲ့နှောင်ကြသည်။ အငယ် ၃၀၊ ၃၁မှလွဲ၍ ကျန်အချက်များသည် ဗိမာန်တော်နှင့် သက်ဆိုင်သည်။

၁၀:၃၉ဘုရားသခင်၏ အိမ်တော်ကို စွန့််ပစ်မထားရကြ ဟူသော ပဋိညာသည် ယုဒတမျိုးသားလုံးနှင့် သက်ဆိုင်သည်။ ထိုစဉ်ကာလ လူသားများမှ လွဲ၍နောင်လာနောက်သားများသည် အပြင်ပန်း သဏ္ဍာန်အားဖြင့် ယုံကြည်ခြင်းရှိကြဟန်တူသော်လည်း ပဋိညာဉ်ဖွဲ့ချက် လေးလံလွန်းသောကြောင့် မရှူနိုင် မကယ်နိုင်၊ ချို့ယွင်းယိမ်းသည်။ သို့ကြောင့် ခရစ်တော်က ကရုဏာတော်သက်ရောက်ခဲ့သည်။ မည်သို့ပင်စေကာမူ၊ အပြစ်ကင်းစင်၍ ဘုရားတရားကိုင်းရှိုင်းခြင်းသည် ယေဟောဝါဘုရား၏ စိတ်တော်နှင့် ထိတွေ့ပျော်ရွှင်စေရာ ဖြစ်သည်။