နေဟမိမှတ်စာ ၈

() ယေရုရှလင်တွင် ဘာသာရေးရှင်သန်လာခြင်း (အခန်း ၁၀)

 : အခန်း (၈)သည် ယုံကြည်သူများ ဝိညာဉ်တန်ခိုးကြီးစေရာ သတင်းကောင်းဖြစ်၍ အရေးကြီးသည်။ ဤအခန်းတွင် နေဟမိသည် ပထမလူပုံစံဖြင့်မရေးဘဲ၊ တတိယလူပုံစံဖြင့် (၁၂:၃၁)ထိ စီရင်ရေးဖွဲ့သည်။ လာမည့်အခန်းများတွင် ဧဇရ၏ သွင်ပြင်လက္ခဏာများကိုလည်း  အနည်းအကျဉ်းတွေ့ရမည်။

 သတ္တမလ၏ ပထမနေ့ရက်တွင် ပြည်သူလူထုကြီးသည် တံပိုးမှုတ်ပွဲတော် ပါဝင်ဆင်နွဲဖို့ ကြက်ပျံမကျ၊ ငှက်ပျံမကျစုရုံးကြသည် (ဝတ် ၂၃:၂၄-၂၅)။ တပါးအမျိုးသားများအကြားရှိ ယုဒလူများသည်လည်း အစီအရီပေါ်ထွက်လာကြသည်။ သီးသန့်သတ်မှတ်ထားသော နေရာတွင် လေဝိအမျိုးသား (၁၇)ဦး မတ်တပ်ရပ်၍ ဧဇရက မောရှေကျမ်းအား နာရီပေါင်းများစွာ ကြာအောင် ရွတ်ဖတ်ကြသည်။ လေဝိသားများက ပရိသတ်ကြီးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အား နက်ရှိုင်းစွာ ခံယူကြသည် (ငယ် ၇)။ အငယ် (၈)တွင်အနက်ဖွင့် ရှင်းပြသည်ဟု ဆိုသည်။ အာရမိဘာသာစကားဖြင့် ရွတ်ဆိုပြီး၊ အနက်ကို ဟေဗြဲဘာသာဖြင့် ရှင်းပြသည်။ အယူအဆခံယူချက် ရှင်းပြရန် လိုအပ်သည်။

ယနေ့ခေတ်ကာလတွင်ကာလဒေသ ရာစုချီ၍ ပြောင်းလဲသွားပြီ။ အယူအဆ၊ အတွေးအခေါ် စာပေဒဿနပြောင်းလဲကုန်ပြီ။ သို့ကြောင့် ကျမ်းစာပညာရှင်များက နှိုက်နှိုက်ချွတ်ချွတ် ပိုမိုရှင်းပြရန် လိုအပ်သည်။ ထိုအကြောင်းနှင့် ပတ်သက်၍ Dr. Donald Cambell ကဤသို့ဆိုသည်။

ဧဇရ နှင့် သူ၏ လုပ်ဖော်ဆောင်ဖက်များသည် နှစ်လရှည်ကြာနေရာနှင့်တကွ သမ္မာကျမ်းစာ သင်ကြားပို့ချသူများဖြစ်သည်။ ထိုသို့သွန်သင်ခြင်းနည်းလမ်းသည် ဘုရားသခင်ကောင်းကြီးပေးသော နည်းလမ်းကောင်းတစ်ခုဖြစ်သည်။  ဝိညာဉ်ရေးရာတွင် ထိရောက်သော လက်နက်စွမ်းတစ်မျိုးဖြစ်သည်။ ဒေသနာခေါင်းစဉ် တခုတည်းနှင့် ခွန်အားရရှိနိုင်သကဲ့သို့ တရားဒေသနာအာဘော်ဖြင့် ပိုမိုဖြည့်ဆည်းပံ့ပိုးပေးသည်လည်း ရှိသည်။ ဧဇရ၏ တရားဒေသသည် နှိုင်းယှဉ်စရာမရှိအောင် ရိုးစင်းနားလည် ရလွယ်ကူသည်။ ထိမိ၍ ဆောက်တည်ဖွယ်ရာ တရားဒေသနာ ဟောပြောနိုင်ခြင်းသည် ဘုရားပေး ဝိညာဉ်ဆုကျေးဇူး ဖြစ်၍ ထိုတရားဒေသနာ ကြားနာခွင့် ရရှိသူများသည် ပါရမီ အခံကောင်းသူများ ဖြစ်သည်။

 :၁၂ တရားဒေသနာ ကြားနာသူများသည် ရင်မှာ မချိအောင် ခံစားကြရသောကြောင့် မျက်ရည်စများ ဝဲကုန်သည် (ငယ် ၉)။ ယခင်က သမ္မာကျမ်းစာ ဖတ်ဘူးခဲ့ကြသော်လည်း ယခုကဲ့သို့ယခုကဲ့သို့ စိတ်နှလုံး ကြွေပြုန်းအောင် မခံစားခဲ့ကြ။ တရားဒေသနာသည် ဝမ်းနည်းကြေကွဲစရာမဟုတ်။ ဆောက်တည်စရာ အားအင်ဖြစ်သည်။ ယုဒလူများအဖို့ အစာရှောင် ဥပုသ်စောင့်၍ မျက်နှာသေမည့်ရက်သည် အပြစ်ဖြေရာနေ့ရက်ဖြစ်သည်။ ထိုနေ့ရက် အပြစ်ဖြေခြင်းမပြုလုပ်သေးခင်တွင်သာ မျက်နှာညှိုးငယ်ရသည်။ အခြားပွဲရက်များ၌ ရွှင်လန်းပျော်မြူးရသည်။ ဝိညာဉ်အသီးအပွင့်များကို မြင်လွယ်သည်။ အချင်းချင်းမေတ္တာပြုကြရသည်။ ဘုရားသခင်ရှေ့၌ ပျော်ရွှင်စွာစားသောက်ကြရသည်။ ကြောက်ရွံတုန်လှုပ်ခြင်း၊ သောကစိုးရိမ်မှုများ ဘေးဖယ်၍ ငြိမ်သက်ချမ်းမြေ့ရသည်။ မျက်ရည်များကို ပီတိအဖြစ်သို့ ပြောင်းလဲပစ်ရသည်။ ဘုရားသခင်၌ ပျော်ရွှင်စွာ ခွန်အားယူကြသည်။

 :၁၃၁၅ နောက်တနေ့တွင် အမျိုးသားခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ်များနှင့် လေဝိသားများသည် အထူးတလည် ကျမ်းစာလေ့လာကြသည်။ လာမည့်လတွင် တဲတော်ပွဲ ကျင်းပမည့်အမိန့်ကို နာခံကြသည်။ ပွဲတော်အကြောင်းလည်း စဉ်းစားစီစဉ်ကြသည်။

 :၁၆၁၈ ထိုပွဲတော်သည် ကတိတော်မြေ၌ ဣသရေလလူများ လုံခြုံစွာနေရသည့် အထိမ်းအမှတ်ဖြစ်သည်။ ထိုပရိသတ်ထဲတွင် ယောရှုလက်ထက်ကတည်းက တခါမှ မဆင်နွဲဘူးသူများ ပါဝင်ရာ ယခုကဲ့သို့ ကြံတွေ့သေယအခါ အလွန်အားရပျော်ရွှင်ကြသည်။ တချို့သည် ဖမ်းဆီးကျွန်ပြုမှုခံစဉ် မွေးဖွားသူများဖြစ်၍ ယေရုဗာဗေလ လက်ထက်တွင် ပြည်တော်ပြန်ဝင်လာသူများဖြစ်သည် (ဧဇ ၃:၄)။ မြို့ပြပြည်ရွာ ကျေးလက်အနှံ့စည်ကား သိုက်မြိုက်စွာ ကျင်းပကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဆာလောင်ငတ်မွတ်သူများအား လျင်မြန်စွာဝလင်စေပါသည်။ ထိုပွဲတော်သည် လ၏ (၁၅) ရက်နေ့မှ(၂၂) ရက်နေ့အထိ ခြိမ့်ခြိမ့်သဲ ကျင်းပဆင်နွဲခဲ့ကြသည်။