နေဟမိမှတ်စာ ၉

: ပွဲတော်ကျင်းပပြီးစီးသောအခါ တမျိုးသားလုံးနှင့်ဆိုင်သော အပြစ်ဖြေရာပွဲတော် ဆင်ယင်ကြသည်။ သူစိမ်းသရံများ မပါစေရ။ ဣသရေလ အမျိုးစစ်စစ်များ ဖြစ်ရသည်။ ဘုရားသခင်ရှေ့တွင် အပြစ်ဝန်ချတောင်းပန်ကြသည်။ ()နာရီလုံးလုံး ကျမ်းစာရွတ်ဖတ်၍ အစာရှောင် ဥပုသ်စောင့်ကြသည်။ ထို့နောက် ()နာရီလုံးလုံး အပြစ်ဖော်ပြ တောင်းပန်၍ပျပ်ဝပ်ကိုးကွယ်ကြသည်။

 :၃၈ ထို့နောက် လေဝိသားများမှစ၍ ပရိသတ်ကြီးသည် အပြစ်ဝန်ချ ဆုတောင်းကြသည် (ငယ် ၆-၃၇)။ ဘိသိက်ပေးကြသည် (ငယ် ၃၈)။ ဧဇရ၏ နာမည်မပါသော်လည်း ဧဇရက ဦးဆောင်ဆုတောင်းသည်ဟု အချို့ကယူဆကြသည်။ ဤကျမ်းပိုဒ်သည် သမ္မာကျမ်းစာထဲမှ ဆုတောင်းချက်အရှည်ဆုံးများထဲတွင် တခုအဖြစ်ပါဝင်သည်။

ဆုတောင်းချက်များကို ခြုံငုံလေ့လာလျှင် ဣသရေလလူမျိုးအပေါ် ဘုရားသခင်၏ ကွယ်ကာစောင့်ရှောက်မှု၊ ကတိတော် ပြည့်စုံမှုအကြောင်းဖြစ်သည်။  အချက်အလက်များကို ဤသို့ထုတ်နှုတ် နိုင်သည်။ ဖန်ဆင်းခြင်း (ငယ် ၆)၊ အာဗြဟံ အား ခေါ်ယူပဋိညာဉ်ဖွဲ့ခြင်း (ငယ် ၇၊၈)၊ အဲဂုတ္တုပြည်မှ ကယ်ထုတ်ခြင်း (ငယ် ၉-၁၂)၊ သိနာတောင်ပေါ်တွင် ပညတ်တော်ပေးခြင်း (ငယ် ၁၃၊၁၄)၊ ကန္တရခရီးတလျှောက်တွင် ဘုရားသခင် ကျွေးမွေးစောင့်ရှောက်ခြင်း (ငယ် ၁၅)၊ ခရီးတလျှောက် ပုန်ကန်သောင်းကျန်းခဲ့ကြသော်လည်း ကရုဏာတော်မပျက် စိတ်ရှည်သည်းခံတော်မှုခြင်း (ငယ် ၁၆-၂၁)၊ ခါနာန်မြေကို ပိုက်နိုင်ခြင်း (ငယ် ၂၂-၂၅)၊ တရားသူကြီးများ ခေတ်စောင့်ရှောက်ခြင်း (ငယ် ၂၆-၂၈)၊ ဖမ်းဆီးခြင်းခံရမည့် နိမိတ်ဆိုး သတိပေးခဲ့ခြင်း (ငယ် ၂၉-၃၁)၊ဖမ်းဆီးခံဘဝတွင်လည်း မျက်ကွယ်မပြု၊ အစဉ်ကြည့်ရှု၍ တဖန် ရွေးထုတ်တော်မှုခြင်း (ငယ် ၃၂-၃၇)၊ ဘုရားသခင်နှင့်ပဋိညာဉ်ဖွဲ့လိုခြင်း (ငယ် ၃၈)တို့တွင် တွေ့မြင်နိုင်သည်။

ထိုဆုတောင်းချက်များကို သမ္မာကျမ်းပိုဒ်နှင့်ယှဉ်၍ တမျိုးအချက်အလက် ပေးနိုင်သည်။ ငယ် ၆-၈ သည် ကမ္ဘာဦးကျမ်း၊ ငယ် ၉-၁၃ သည် ထွက်မြောက်ရာကျမ်း၊ ငယ် ၁၄သည် ဝတ်ပြုရာကျမ်း၊ ငယ် ၁၅-၂၀သည် တောလည်ရာကျမ်း၊ (ငယ် ၁၈ မှအပ)၊ ငယ်၂၁-၂၃သည် တောလည်ရာကျမ်းနှင့် တရားဟောရာကျမ်း၊ ငယ် ၂၄-၂၅သည် ယောရှုမှတ်စာ၊ ငယ်၃၀-၃၇သည် ဓမ္မာရာဇဝင် ပထမစာစောင်မှ ရာဇဝင်ချုပ် ဒုတိယစောင်ထိဖြစ်သည်။ ထိုဆုတောင်းချက်သည် သမ္မာကျမ်းစာနှင့်ဆိုင်သော ဆုတောင်းခန်းဖြစ်သည်။ ဘုရားသခင်၏ ကျေးရူးတော်နှင့် ကရုဏာတော်အား ဣသရေလလူမျိုးအပေါ် သက်ရောက်မှု ဝန်ခံခြင်းဖြစ်သည်။

အငယ်(၃၈)ကိုတမျိုးရှုမြင်နိုင်သည်။ ယုဒလူမျိုးများက ပြဿနာသည် ဘုရားသခင်ထံမှ လာခြင်းမဟုတ်။ ယုဒလူမျိုး၌ ပေါ်ထွန်းခြင်းဖြစ်သည်ဟု ခံယူသည်။ သို့ကြောင့် ယုဒလူများအပေါ်၌ မူတည်သည် (အခန်း ၁၀၌ အသေးစိတ်ဖော်ပြထားသည်)။ ဆုတောင်းခြင်းနှင့် အပြစ်ဝန်ချခြင်းသည် အရေးကြီးသည်။ ဘုရားစကားဖြစ်၍ ဘုရားစကားတော် နာခံခြင်းကို မည်သည့်အရာနှင့်မျှ အစားမထိုးနိုင်ပါ။