ယောဘဝတ္ထု ၁၃

၁၃:၁-၁၉ ယောဘက သူ့အခက်အခဲပြဿနာကိုစောကြောသည်။သူ့တစ်သက်တာတွင် အထူးအဆန်းဟူ၍မတွေ့။သူ့ခန္တာကိုယ်တွင်ခံစားရသော ဆင်းရဲဒုက္ခအား ဘုရားသခင်ထံတွင် ကိုယ်တိုင်လျှောက်ချင်သည်။သူသည် ငြိမ်သက်နေလျှင်ပညာရှိဟုထင်တတ်ကြသည်။ သူ့ဆင်ခြေဆင်လက်များသည် ဘုရားသခင်ရှေ့တွင်မခိုင်လုံပါ အားနည်းချက်များရှိသည် အတည်ယူ၍မရ။ သို့သော် ယောဘသည် သူ့စကားအား သက်သေထား၍ ဘုရားသခင်ရှေ့တွင်အစစ်ခံရဲသည်။ ဘုရားသခင်က သူ့အားသေဒဏ် ပေးလျှင်လည်း ယုံကြည်ခြင်းသစ္စာပျက်မည်မဟုတ်။

၁၃:၂၀-၂၈ ၁၃:၂ဝ မှ ၁၄:၂၂ သည် ယောဘက ဘုရားသခင်သို့ တိုင်တည်သောစကားဖြစ်သည်။အနာရောဂါ သက်သာစေရန်နှင့် အဘယ်ကြောင့် ထိုကဲ့သို့ နာကျင်စေသည့်အကြောင်းမေးမြန်း လျှောက်လဲသည်။ သူ့ဘဝသည် ပိုးရွကိုက်စားသောအဝတ်အစားကဲ့သို့ စုတ်ပြတ်နွမ်းပါးသည်။

ယောဘ၏စကားကို Francis Anderson ကဤသို့ဆိုသည်.

ယောဘသည်သူ့မိတ်ဆွေများထက် သူ့ကိုယ်သူအား ပို့၍ဖြောင့်မတ်သူ၊ အတွေးအခေါ်ရှိသူဟုခံယူထားသည်။ သူ့အတွေးအခေါ်များသည် ဘုရားသခင်ကို ဗဟိုပြုသည်။ ဧလိဖတ်၊ ဗိလးတ် နှင့် ဇောဖာတို့သည် ဘုရားသခင်ကို သိဟန်ရှိသည်တူသော်လည်း အပေါ်ယံကြောမျှသာဖြစ်သည်။ ယောဘ၏ ယုံကြည်မှန်ဖြစ်သည်။