ယောဘဝတ္ထု ၁၈

၃။ ဗိဒလတ်၏ဒုတိယစကား (အခန်း ၁၈)

၁၈:၁-၄ ရှုအားအမျိူးသားဗိဒလတ်က ယောဘနှင့်သူကိုယ်တိုင် အလေးအနက်စကားပစ်ထည့်သည်။သူ့စကားများသည် အခြားမိတ်ဆွေနှစ်ဦးထက် လိုရင်းတိုရှင်းရောက်သည်။သူ့မိတ်ဆွေ ယောဘ၏ အတော်မသတ်နိုင်သော ပြောမဆုံးပေါင်တောသုံးတောင်စကားကို အပြီးသတ်ဖို့ ပြတ်ပြတ် သားသား ပြောခြင်းဖြစ်သည်။

၁၈:၅-၂၁ လူဆိုးများသည်မိမ်ခင်းထားသော ဒုစရိုက်ထောင်ချောက်တွင် ပြန်မိသည်ဟု စကားကျော့သည်။ သို့ဖြင် အပြစ်ဒုစရိုက်သမားများ အကုသိုလ်ဝဋ်လည်ပုံကို တခုခြင်းရှင်းပြသည်။ မတရာသူ၊ သူယုတ်မာများသည် မိမိတို့ပြုမှားခဲ့သောအပြစ်များကြောင့် ဆင်းရဲဒုက္ခရောက်ရသည်ဟုဆိုသောကြောင့် ယောဘသည်လည်း အပြစ်ဒုစရိုက်သမားဖြစ်ရသည်။ လူ့ဘဝသို့ ရောက်ရှိလာမျှသော ဆင်းရဲဒုက္ခဟုသမျှသည် မိမ်အပြစ်ကြောင့်မဟုတ်ပါ။