ယောဘဝတ္ထု ၂၄

၂၄:၁-၁၂ ဘုရားသခင်မမြင်နိုင်သော အရာတခုမှမရှိပါ။ မတရားသောသူများအား ဘုရားခင်သိကျွမ်းစေဖို့ရန် ဘုရားသခင်က အဘယ်ကြောင့် အရေးယူဆုံးမခြင်းမပြုသည်ကို ယောဘစဉ်းစားမရ။လူဘောင်လောကမှာ မတရားမှုများ နှင့်ဟန်ဆောင်လောက လူပြွမ်းနေကြောင်းမျက်မြင်တွေ့ရှိနေရသည်။ဒုစရိုက်သမားများက ဒုစရိုက်ပြု၍ ဆင်းရဲသူများက ဆင်းရဲနေသည်။ ကြီးသောငါး များလည်းလွတ်နေကြသည် ။ ထိုအကြောင်းကို Ridout ကဤသို့ဆိုသည်။ မကောင်းမှုဒုစရိုက်ပြုသူများသည် လက်ရှိဘဝအတွင် အရေးယူပပြစ်ပေးခြင်းခံရသည်ဟူသောအတွေဒဿနကို ဧလိဖတ်သည် ဘယ်ကရရှိလာသနည်း။ ထိုအပြစ်ဒုစရိုက်ပြုသူများကိုယ်စား ယုံကြည်သူများကို လည်း ဆင်းရဲဒုက္ခခံစားနေကြာင်း ဘုရားသခင်က မည်သို့ သိရှိစေနိုင်သနည်။ ထိုသကာလည်း ယောဘ၏ အဖြေမရသော ဘဝပုစာ္ဘဖြစ်သည်။

လောကလူသားများ ဘဝဆင်းရဲခံစားရခြင်းအပေါ် ဘုရားသခင်၏ အုပ်စိုးမှုကို ယောဘဝ (အငယ်၁၂) တွင်ဤသို့ဆိုထားသည်။

လူတို့သည်မြို့ထဲမှာညည်တွားကြ၏

နာသောသူတို့သည် အော်ဟစ်ကြ၏

သူတို့ဆုတောင်းစကားကိုဘုရားသသခင်စည် ပမာဏပြုတော်မမူ။

၂၄:၁၃-၁ရ လူသတ်သမားများ မုဒိမ်ဒကောင်များ ဓါးပြများ၏ အကျင့်ဆိုးများကိုလည်း ယောဘက ထောက်ပြသည်။ ထိုသူများသည် အမှောင်ရိပ်ကို အကာအကွယ်ယူ၍ ဆိုးသွမ်းယုတ်မာကြသည်။ အလင်းရောင်ကို သေမိန်းကဲ့သို့ကြောင့်လန့်ကြသည်။

၂၄:၁၈-၂၅ ထိုသို့ဆိုးသိမ်းမိုက်ကမ်းနေကြသော်လည်း ကမ္ဘာမြေကို ဒုက္ခပေးမြဲပေးနေကြသည်။ ဘုရားသခင်ကလည်း ဘေးမဲ့ပေးထားသည်။ လူသူတကာတဖြုတ်ဖြုတ်သေနေသော်လည်း မတရားသူများမသေနိုင်ကြ ရှင်သန်မြဲရှင်သန်သည်။

ဤအခေါက်တွင် ဧလိဖတ်သကားသည် တိုတောင်သည်။ ဇေဖာက တစ်လုံးတပါဒမျှမပါ။ ယောဘသာ လေကြောရှည်သည်။ အချို့ကျမ်းစာပညာရှင်များက ငယ် ၁၈-၂၅သည် ယောဘ၏ စကားလုံးဝမဟုတ်ကြောင်းဆိုကြသည်။ ခေတ်သစ်ကျမ်းများက မူ ထင်ကြေး အမျိုးမျိုးပေးကြသည်။

ယောဘ၏နှုတ်ထွက်စကားများ မဟုတ်ဟုမဆိုနိုင်ကြောင်း Andersen ကဤသို့ဆိုထားသည်။

ယောဘ၏စကားမဟုတ်ကြောင်း အတင်းမဖယ်ရှားသင့်ပါ။ အဘယ်ကြောင့်ဆိုသော် စကားသွား စကားလာအရ တလေသံတည်းဖြစ်နေသည်။ သို့ကြောင်း ၃ မျိုး စဉ်းစားစရာရှပါသည်။ သူ့သူငယ်ချင်ူများထက် ယောဘ၏လေကြောသည် ရှည်လွန်းသည။ သူ့မိတ်ဆွေများအနက် တစ်ဦးဦး ဗိလဒတ် သို့ဟမဟုတ် ဇောဖာဖြစ်နိုင်သည်။ ယောဘ၏ စကားကို သူ့မိတ်ဆွေက ကိုးကားငြမ်းစင်ခြင်းဖြစ်နိုင်သည။ (ကျမ်းမူ ၂၁-၂၄ တွင် ယောဘနှင့်စကားပြောသူ Gordis ငယ် ၁၈-၁၄ ကို ကိုးကားရေးသူဟုဆိုသည်။)