ယောဘဝတ္ထု ၂၈

၂၈:၁-၁၁ ဤအခန်း၏ အဓိကမင်္ဂလာစကားသည် ငယ် ၁၂ နှင့် ၂ဝ ဖြစ်သည်။

ပညာကို အဘယ်မှာတွေ့ရမည်နည်။

ဉာဏ်သည်အဘယ်ဆီမှာ နေရာကျသနည်း။

လူသည် အဖိုးတန်ကျောက်မျက်ရတနာနှင့် သတ္တုများကို တူဖော်လုပ်ဆောင်နိုင်စွမ်းရှိသည်။ ဤကျမ်းချက်တွင် လူသည် ထိုအဖိုးတန်ကျောက်မျက်ရတနာများကို တူးဖော်နိုင်စွမ်းရှိသောလည်း ဉာဏ်ပညာရရှိခြင်း မဟုတ်ဟုဆိုသည်။ ငယ် ၁၃-၁၉ တွင် လူကဉာဏ် ပညာဝယ်ယူရန် ကြိုးစားသော်လည်ဒ မရှိနိုင်ပုံကို၎င်း ငယ် ၂၁-၂၈ တွင်ဘုရားသခင် တပါးတည်းသာလျှင် ညာဏ်ပညာရှိပုံကို၎င်း ရှင်းပြထားသည်။

ရှေးအခါက သတ္တုတူးဖော်ခြင်းသည် ခေတ်နောက်ကျလွန်းသောကြောင့် အသုံးအဆောင်နှင့်လုပ်ကိုင်ပုံများ ဘာသာပြန်ဆိုရန် အခက်အခဲရှိသည်။အထူးသဖြင့်ငယ် ၄ သည် ခက်ခဲသည်။ အင်္ဂလိပ်ကျမ်း မုများကလည်း အမျိုးမျိုးဖွင့်ဆိုကြသည်။ Anderson က ဟေဗြဲကျမ်းမူကို ကြည့်ရှုု၍ ဘာသာပြန်ကြသည်ဟု ယုံကြည့်ရခက်သည် ဟုမှတ်ချက်ချသည်။

ဗိလဒတ်က လူကို လောက်ကောင် နှင့်ခိုင်းနှိုင်း၍ယောဘကပါးနပ်စွာတွင်းတူးသတ္တဝါနှင့် ပုံနှိုင်းထားသည်။

လူ၏မြေအောက်သတ္တတူးဖော်နိုင်ပုံသည် ပါရည်နပ်ရည်ရှိလှသည်။သို့သော် မြေကြီးထဲက အသိညာဏ် အညာသာဖြစ်သည်။

၂၈:၁၂-၁၉ ဉာဏ်ပညာသွားသောလမ်းကို လွယ်လင့်တကူမတွေ့နိုင် ဝိဇ္ဇာတို့သွားသောလမ်းသည် မင်းမဟော်လမ်းမမဟုတ်။ကုန်မြေပေါ်မှာရှိသကဲ့သို့ ပင်လယ်ရေပြင်တွင်လည်း ရှာမတွေ့နိုင်။ ထောင်ချောက်ဆင်ဖမ်းဆီ၍မရကဲ့သို့ ငွေနှင့်ဝယ်၍လည်းမရနိုင် အဘယ်ကြောင့်ဆိုသော် ကျောက်စမ်း၊နီလာ တွင်းထွက်ကျောက်မျက်များထက်မြက်သကဲ့သို့ ရွှေစင်နှင့်လည်းအဖိုးမဖြတ်နိုင်။

၂၈:၂၀-၂၈ ဉာဏ်ပညာနှင့်အလိမ္မာတရား ကိုသက်ရှိလူသားများမမြင်ရ။ဝှက်ထားသည် ပျက်စီးခြင်းနှင့် သေဆုံးခြင်းကိုသာ ခေါင်းထဲတွင် စွဲမှတ်တတ်ကြသည်။စင်စစ်ဘုရားသခင်သည် ဉာဏ်ပညာ၏အရင်းအမြစ်ဖြစ်သည်။ရေသောက်မြစ် ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ထိုအသိဉာဏ်ပညာဟူသမျှသည် ဘုရားသခင် စီစဉ်ပြင်ဆင်ပေးခြင်းဖြစ်သည်။ မကောင်းမှုဒုစရိုက်များကို ရှောင်ကြဉ်ခြင်း သည်လိမ္မာခြင်းဖြစ်၍ ဘုရားသခင်ကို ကြောက်ခြင်းသည် လည်း ဉာဏ်ပညာဖြစ်သည်။

ဘုရားသခင်ကို သိကျွမ်းခြင်းမရှိကြသော်လည်း ဘုရားသခင်သည် လူသားများအား လိုလေးသေးမရှိ အောင်ပြုစုထောက်ပံ့ကြောင်း ၍အခန်းက သွန်သင်ပါသည်။