ယောဘဝတ္ထု ၂၉

၂၉:၁-၁ရ ယောဘသည် ဘုရားသခင်ထံမှ ကောင်းကြီးမင်္ဂလာခံစားခဲ့သည် နေ့ရက်များကို ပြန်လည်တမ်းတ မိန်းမောဆွတ်ပျံသည်။ဘုရားသခင်၏ လမ်းညွှန်ပြသမှုတွင် ကျေနပ်တင်းတိမ်ခဲ့သည်။ သားသမီးရတနားများ ထွန်းကားခဲ့သည်။ ဇိမ်ရှိရှိနေထိုင်၍ မြို့မျက်နှာဖုံးဖြစ်ခဲ့သည်။ သက်ကြီးရွှယ်လက်မရွေးလေးစားကြသည်။ ဖြောင့်မတ်ခြင်း၊ ရက်ယောခြင်း၊ တရားမျှတခြင်းတို့ကြောင့် လူကြီးသူကောင်းပြုခြင်းခံရသည်။

၂၉:၁၈-၁၅ လောကစည်းစမ်ဥစ္စာကြွယ်ဝ၍ခွန်အားပြည့်စုံခဲ့သည်မှာ သစ်ကိုင်းပေါ်မှာ တညဉ့်လုံးဆီးနှင်းကျသကဲ့သို့ ပြည့်လျှံသည် ဘုန်းကန်တန်ခိုးများသည်လည်း အမြဲသစ်လွင်ဆန်းသဖြင့် ငြိမ်းအေးသွား ဘဝချုပ်ငြိမ်းမည်ဟု ထင်မှတ်ခံယူခဲ့သည်။လယ်သမားများက မိုးဦးစောင့်သကဲ့သို့ သူ့အကြံများကို တခြားလူများက စောင့်မျှော်ကြသည်။ သူ့ပီတီအပြုံးသည် ယုံကြည်ခြင်းအသစ်ဖြစ်သည်။သူ၏ ဦးစီးခောင်းဆောင်မှုသည် အကြီးအမှူး၊ စစ်သူကြီး ၊ စစ်ဘုရင်ကဲ့သို့ဖြစ်သည်။ အားနွဲ့သူများကိုလည်း ယုံကြည်ခြင်းခိုင်မာစေသည်။ မျက်ရည်ကို အားအင်သို့ပြောင်းလဲစေနိုင်စွမ်းရှိသည်။ ထိုကဲ့သို့သောလူကိုဘုရားသခင်က အနာရောဂါကျရောက်စေသည်မှာ နားလည်ရခက်သည်။