ယောဘဝတ္ထု ၃၀

၃ဝး၁-၈ ယခုမူကားမလောက်လေးမလောက်စား၊ မိမဆုံးမ ၊ ဖမဆုံးမသားများက ငါ့ကိုစော်ကားပြောင်လှောင်နေကြပြီ။တချိန်က သူတို့အဖေများ ငါသိုးထိန်းခွေးနေရာတွင် မထားချင်သူများဖြစ်သည်။ စုတ်ပြတ်ချိနဲ့၍ ကြုံရာကောက်စားသူများ ဖြစ်သည်။ လူတကာကို ရန်တွေ့ပစ္စည်းမဲ့ဒေါသပေါက်ကွဲသူများဖြစ်သည်။ နေရာအတည်အကျမရှိခြေသလုံး အိမ်တိုင်တည်သော သူများဖြစ်သည်။

၃ဝး၉-၁၅ ယခုတွင်မူကားယောဘသည် လူငယ်လူရွှယ်များ၏ အဖျက်သီချင်းနောက်ပြောင်စရာ ရွံရှာဝေးဝေးရှောင်စရာ ပုံနှိုင်းစရာ ခြေထောက်ဖြင့်ကန်ကျောက်စရာ လမ်းပိတ်ဟန့်တားစရာ ဖြစ်သည်။ မျက်နှာကို တံတွေးဖြင့်ထွေးနေကြပြီ။ တချိန်ကယောဘ၏ကျက်သရေမျက်နှာများသည် ပျောက်ကွယ်ကုန်ပြီ။

၃ဝး၁၆:၂၃ ခန္ဓာကိုယ်ပေါ်မှ အနာစိမ်းများသည် ကိုက်ခဲနာကျင်လွန်းသဖြင့် သက်သာလိုသက်သာငြား ပြာပုံထဲလူးလိမ်နေပြီ။ သေဖို့အဆင်သင့် ပြင်စောင့်နေသည်။ သို့သော် ဆုတောင်းချက်မပြည့်စုံ။ သေလုမတတ် နာကျင်ဝေဒနာခံစား၍ သေဖို့တတွင်တွင်ဆုတောင်းသော်လည်း ဆုတောင်းမပြည်။

၃ဝး၂၄-၃၁ သေလုမတတ်ခံစား၍ သေချင်သော်လည်း မရောက်နိုင်။ အနာရောဂါသာလျှင် လူးလှိမ့်ခံစားနေရသည်။ သူတပါးကို မေတ္တာ ဂရုဏာထားသော်လည်း တန်းပြန်အကျိုးသက်ရောက်မှုမခံစားရ အထီးကျန်ခြင်းနှင့် လူရာမသွင်း ဝိုင်းကြဉ်ခြင်းသာခံရသည်။ အနာရှိန်ကြောင့် ခန္ဓာကိုယ်တုန်လှုပ်နေကဲ့သို့ စိတ်ချောက်ခြားနေသည်။ ယောဘကဲ့သို့သော် လူမှန်အား ဘုရားသခင်သည် အဘယ်ကြောင့် တောခွေး များနှင့် ဆွေမျိုးသပ်ပေးချင်သနည်။