ယောဘဝတ္ထု ၃၁

၃၁:၁-၁၂ ယောဘသည် လှပသောမဒီကညာများကို မျက်စိအရသာခံ၍ လှည့်မကြည့်ပါ၊ အရာရာကို မြင်နေသော ဘုရားသခင်၏ မျက်လုံးတော်ကို စိုးရိမ်သည်။ ကောက်ကျစ်လိမ်ညာခြင်းမပြု မုသားစကားမဆို ဘုရားသခင်၏ဂုဏ်အင်ကို ဖြောင့်မှတ်စွာလိုက်စားသည်။ ဖြောင့်မတ်ခြင်းတရားတော် လမ်းမှမသွေ တနည်းအားဖြင့် သူကြဲခဲ့သောမျိုးစေ့များ မရိတ်သိမ်းရ အိမ်နီးနားချင်းအမျိုးသမီးများကို လည်း တပ်မက်စိတ်ခြင့် မပြစ်မှား။ သူ့မိတ်းမသည်လည်း သူများလင်နှင့်မန သူပိုင်ဆိုင်မှာမိသားစုသည်လည်း ယောဘကဲ့သို့ ဖြောင့်မတ်ကြပါလျှက် ကံတူအကျိုးမပေးကြ။

၃၁:၁၃-၁ရ ယောဘသည် သူ့အစေခံကျွန်များကိုလည်း ကိုယ်ချင်းစာနာဿ စေတနာထားသည် မရှိဆင်းရဲသား မုဆိုးမနှင့် ခိုကိုးရာမရှိသော မိဘမဲ့ကလေးသူငယ်များကိုလည်း ကူညီစောင့်ရှောက်သည် ငွေမက်၍ လောဘဖော်မတတ်။မနာလိုမုန်းထားသူများကိုလည်း ရန်ဖြင့်မတုန့်ပြန်။ မကောင်းကြံခြင်းမပြု ယုတ်လတ်မြတ်မရွေးလူတိုင်းသို့ ဧည့်ဝတ်ကျေပြွန်သည်။ လယ်ယာမြေကိုလည်း မတော်မတရားနယ်နိမိတ်မှတ်တိုင်း ရွှေ့ထားခြင်းမပြု ယောဘ မကောင်းကြောင်း အချက်အလက်ကျကျရေးသားနိုင်ကြပါက ကျေနပ်စွာခံယူပါမည်။

၃၁:၃၈-၄ဝ ဤအခန်းဆုံးတွင်ယောဘ၏ စကားသည်လည်း နိဂုံးချုပ်သည်။သို့သော် ယောဘတွင်း ပြောစရားစကားများကျန်အုံးမည်ဟု Ridout ကဆိုသည်။

ယောဘသည် ဘုရားသခင်အား ကျေးဇူးတော်ချီးမွမ်းစကားဆိုဖို့ရှိမည်သေချာသည် ကောင်းကြီးမင်္ဂလာကြွယ်ဝစွာပေးခဲ့သော်အရှင်သခင်အား ချီးမွမ်းဖို့အသင့်ရှိနေသည်။ သို့သော် ဤနေရာတွင် တခန်းရပ်အဖြစ်ရပ်နားကြပါစို့။