ယောဘဝတ္ထု ၃၃

(ခ)ယောဘသို့ ဧလိဟုစကား (အခန်း ၂၂)

၃၃:၁-ရ ယောဘက သူ့စကားအား အလေးထားဂရုစိုက်ရန် အိုးယောဘ ဟု ချောင်းဟန့်လိုက်သည်။ ယောဘသည် ဘုရားသခင်ရှေ့တွင် ဖြောင့်မတ်မှန်ကန်သူဖြစ်ကြောင်း သူ့ကိုသူ သက်သေထူလိုသည်။ ယောဘနှင့်ဧလိဟုသည် ဘုရားသခင်က ဖန်းဆင်းခြင်းဖြစ်၍ ဘုရားသလင်ရှေ့တွင်ဘဝတူများဖြစ်သည်။ထိုစကားကို စိတ်ဆိုးခြင်းမရှိပဲ ဟုတ်တိုင်းမှန်ရာစကားတုန့်ပြန်ခိုင်းသည်။ နှစ်ယောက်စလုံး စိတ်မဆိုး ဗွေမယူကြေး ရင်းနှီးပွင့် လင်းစွာပြောဆိုဖို့ စကားခေါ်သည်။

၃၃:၈-၁၈ သူ့တွင့် အပြစ်တစုံတရာမရှိသော်လည်း ဘုရားသခင်က ရမယ်ရှာ၍ သူ့အား အရေးယူ အပြသ်ပေးပါသည်ဟူသော ယောဘ၏ စကားကို မကျေနပ်သဖြင့် ယောဘအားအပြစ်တင်သည်။ ဘုရားသခင်သည် လူထက် ကြီးမြိတ်မြင့်မားသည်ဖြစ်၍ ခိုင်းနှိုင်းစရာမဟုတ်။ ထိုသို့ ကြီးမြတ်သော်လည်း လူသားများနှငိ့ဆက်ဆံသည်။ အိပ်မက်များဖြင့်၊ ဗျာဒိတ်ရူပါရုံဖြင့်၊ အိတ်မိမိတ်ဖြင့် နည်းမျိုးစုံသုံး၍ လူတို့၏မာန်မာနများကို သတိပေးသည်သေခြင်းမှကွယ်ကာသည်။

၃၃:၁၉-၃ဝ လူမမာလူနာများက ရသာမြိန်သောထမင်းကို အော့အန်ချင်သကဲ့သို့ ဘုရားသခင်သည် လူများက မခံချင်မလိုချင်တော့အောင် ဖျားနားရောဂါစွဲကပ်ခြင်းဖြင့် စကားပြောတတ်ပါသည်။ဧလိဟုက ရွေးနှုတ်ခအကြောင်းကိုမရှင်းပြသော်လည်း မိမိကိုယ်ကို ရွေးနှုတ်ခအဖြစ်ခံယူသော တပါးတည်းသောသားတော်ကို ရည်ညွှန်းသည်။ဘုရားသခင်၏အစံတော်ကိုကြား၍ ပြန်ထိုးသူသည် ခန္ဓာကိုယ်ကျန်းမာခြင်းနှင့် စိတ်ဝိညာဉ်ချမ်းမြေ့ခြင်းခံစားရသည်။ မိမိအပြစ်ကို ဝန်ခံသူသည် စိတ်ဝိညာဉ် ငြိမ်သက်ခြင်း ခန္ဓာကိုယ်ဝပြောခြင်းနှင့်ပြည့်စုံသည်။သေခြင်းမှ ကယ်တင်ခြင်းခံရသည်။

၃၃:၃၁-၃၃ ဤပြောသမျှတွင် ယောဘကစကားဝင်စွက်လိုလျှင်ပြောနိုင်သည်။ သိုု့သောမပြောပဲနေလိုပါက ဧလိဟုစကားဆက်ပြောမည်။ သေချာစွာနားထောင်ပါ။ ငြိမ်သက်ချမ်းသာင၍ ဉာဏ်ပညာတိုးပွာမည် စကားဆက်ဆိုပါမည်။