ယောဘဝတ္ထု ၃၆

၃၆:၁-၁၂ ဧလိဟု၏ စတုတ္ထစကားဖြစ်သည်။ ဆင်းရဲဒုက္ခနှင့်ပ်တငတ်၍ ဘုရားသခင်၏ သစ္စာတရားကို အကြေအလည်ရှင်းပြသည်။ ဘုရားသခင်သည် မတရားသော ဒုစရိုက်သမားများနှင့် ဖြောင့်မတ်သောသူများကိုလည်း တရားတော်နှင့်အညီ စီရင်ပါသည်။ရှင်ဘုရင်သည် ရာဇပုလင်ပေါ်တွင်စိုးစံစေ၍ချုပ်နှောင်ခံထိုက်သူများကိုထောင်နန်းစံစေသည်။ဖြောင့်မတ်သူများ မတရားပြုမှုလုပ်လျှင် လမ်းမှန်ကမ်းမှန်ပြန်ရောက်ဖို့ ဘေးဒုက္ခပေး၍ ဆွဲမသည်။နာခံခြင်းရှိသူများကို ငြိမ်သက်ချမ်းသာခြင်းပေးသည်။ ဘုရားသခင်ကိုပစ်ပယ်၍ ဖောက်ပြန်ကြလျှင် ကိုယ်အားဓါးဖြင့်မွှန်းတတ်ပါသည်။

၃၆:၁၃:၂၁ ယောဘသည်လည်း အပြစ်ဝန်ခံ၍ နောင်တရလျှင် ဆင်းရဲဒုက္ခ အနာရောဂါသည် ဘဝမှ ဘုရားသခင်က ပြန်လည်ကယ်တင်မည်။ စိတ်ပျက်အားငယ်ခြင်းအား စိတ်နှလုံးရွှင်လန်းစေမည်၊ယခုအတိုင်း မိမိ ကိုယ်ကို လူကောင်းသူမြတ်သူတော်စင်ဟု လူမိုက်များနည်းတူ ဘဝင်လေဟပ်နေလျှင်တရားစီရင်ခြင်းခံစားနေရဦးမည်။ မိုက်လက်စနှင့် ဆက်မိုက်နေလျှင် အနာဆင်းရဲမှ ရွှေးနှုတ်စရာမရှိ ဟုသတိပေးသည်။

၃၆:၂၂-၃၃ ဘုရားသခင်သည် အလုံးစုံသိမြင်ကြောင်း ယောဘသိသည် ။ မိုလေဝသ တိမ်တောင် မိုးကြိုးနှင့် လျှပ်ပစ်ခြင်းမှစ၍ ဘုရားသခင်၏လက်တော်ထဲတွင်ရှိသည် ။ဘုရားသခင်၏ ဉာဏ်ပညာကြီးမားပုံကို လူ့အသိဖြင့်လို်က်မမှီနိုင်။ သို့သော်လူသားများအပေါ် ကျေးဇူးတော် မကုန်ခန်းနိုင်ကြောင်းကို သိရှိနိုင်သည်။ ထိုအကြောင်ကို ဤသို့ဆိုသည်။

တဘက်တွင် လေမုန်တိုင်းထန်၍ ကမ္ဘာလောက လူသားများကို ပျက်စီးအောင် အရေးယူအကြံပေး တတ်သော်လည်း တခြားတဘက်တွင် ကောင်းကြီးမင်္ဂလာ ကြွယ်ဝစွာပေးပါသည်။ ကောင်းကြီး မင်္ဂလာအသီးအပွင့်များ ဝေဆာစွာသီးပွင့်စေသည်။ မတရားသူများသားသမီးများအား သှု်ဆတ်မပြတ် ကျေးဇူးတော်ပြုပါသည်။