ယောဘဝတ္ထု ၃၈

၄။ဘုရားသခင်၏ ဗျာဒိတ်တော် (၃၈:၁-၄၂:၆)

(က)ယောဘအားပထမအကြိမ်စိန်ခေါ်ခြင်း။(၃၈:၁-၄၁:၂)

၃၈:၁-၃ ဘုရားသခင်ကိုယ်တိုင်က မိုးသက်မုန်တိုင်းကြားမှ ယောဘအား စကားဆိုသည်။ ဓမ္မဟောင်းကာလတွင် ဘုရားသခင်အား ကိုယ်တွေ့မျက်မြင် ရင်ဆိုင်ရိုးထုံစံမရှိ။ ဘုရားသခင်၏စကားတာ်များသည် လူများ၏ စိတ်ဝိဉာဏ်ငြိမ်းသက်ချမ်းသာရာ ဖြစ်ကြောင်း ယခင်ကျမ်းပိုဒ်များတွင် ဖတ်ရှုသိရှိခဲ့ကြ ပြီး ယောဘ၏ အသိတရားသည် တိမ်လွှာဖုံလွှမ်း၍ မှောင်မိုက်သဖြင့် ဘုရားသလင်က လူသားများ ဆက်ဆံပုံကို ရှင်းလင်းစွာ မမြင်။ သို့ကြောင့် နားလည်သဘောပေါက်စေရန် ဘုရားသခင်၏ မေးခွန်းဖြင့် စမေးသည်။ ဖြေကြားဖို့ပြင်ဆင်ပေလော

မေးခွန်းထဲတွင် ယောဘ၏ အနာရောဂါ ဆင်းရဲဒုက္ခခံစားရခြင်းအကြောင်း အသေးစိတ်မပါရှိပါ။ သွယ်ဝိုက်သောအားဖြင့် အရာခပ်သိမ်းကို ဘုရားသခင် တတ်စွမ်းနိုင်ကြောင်း ပြောပြသည်။ ဘုရားသခင်၏ ဘုန်းတန်ခိုးကြွယ်ဝပုံ ဉာဏ်ပညာကြီးများပုံများကို အုပ်မေးသည်။

ပညာမရှိဘဲနှင့်ငါ့အကြံကို မိုက်မဲစကားပြောသူ သည်အဘယ်သူနည်။လူယောက်ျားကဲ့သို့ ခါးစီးလော့။ ငါမေးသောပြဿနာကို ဖြေလော့ ဟုအသံတော်လာသည်။ ထိုကျမ်းစကားအရ ယောဘသည် အစွမ်းအစမရှိသူ မလေးစားလောက်သူ မသေချာသူမှန်းသိလသည်။

ဘုရားသခင်၏ စကားတော်နှင့ ပတ်သတ်၍

ဤနေရာတွင် တထွာတမိုက် လူ့ဉာဏ်နှင့်မဆင်ခြင်ရ ယောဘ၏မိတ်ဆွေများ၏ လူ့အတွေး အမြင်စကားမ]ုတ် ဘုရားတရားယုံကြည်သူ ယောဘ၏ဒုက္ခ ငိုယိုသံလည်းမဟုတ်။ ဧလိဟုအသံလည်းမဟုတ်။ ယောဟောဝါဘုရားသခင်က ယောဘနှင့်အတူ လူသားအားလုံးသို့ပြောနေပါသည်။

ဘုရားသခင်၏ မေးခွန်းစကားက လူများအား မိမိကိုယ်ကို ပြန်လည်ဆေးကြောခိုင်းပါသည်။ သို့သော ထိုမျှမကပါ။ ထိုထက်လေးနက်သော ဝိညာဉ်ရေးရာ စကားဖြစ်သည် မိမိ ကိုယ်ကို ဆန်းစစ်လျှင် လူသည်အမောင်ထုထဲတွင် မှန်ကြည့်နေသူနှင့်တူသည်။

 

(၂)ဩကာသလောကသို့စိန်ခေါ်ခြင်း()

၃၈:၄-၇

ဤကျမ်းပိုဒ်သည်ကဗျာလင်္ကာမဆန်ပါ။ လူ့အသိဉာဏ်ဖြင့် နားလည်အာင် တည့်တိုးပြောထားသည်။ ဘုရားသခင်က ငါကမ္ဘာတည်စတွင် အတိုင်းအတာမည်မျှရှိကြောင်း မည်သူသိသနည်း။ မည်သူတိုင်းတာသနည်. ဟုဆိုသည်။ ထိုသို့ တည်စဉ်တွင် ကောင်းကင်သားများက ကြွေးကြော်ချီးမွမ်းကြသည်။ အသင်ဘယ်ရောက်နေသနည်။

၃၈:၈-၁၁ အာကသာ စကြာသဠာပြင်မှ ဘူမိဗေဒနှင့်ပင်လယ်သမုးဒ္ဒရာအကြောင်း ထောက်ပြသည်။ ပင်လယ်သမုဒ္ဒရာဖန်ဆင်းစဉ်က ကမ္ဘာမြေပေါ်သို့ ရေလျှံမတက်အောင် ကမ်းမြေကုန်မြေမည်သူ ဆီးတားသနည်။ သမုဒ္ဒရာကို မိုးတမ်မြင့်ကလေး ထောင်လွားသကဲသို့ မည်သူပါဝင်ကူညီသနည်။

၃၈:၁၂-၁၈ နေ၏အလင်းရောင်လင်းစေပုံကို ထပ်ရှင်းပြသည် နံနက်မိုးသောက်အာရုဏ်လင်းသော အခါ ထက်ကောင်းကင်ယံအလင်းပေးလျက် ကမ္ဘာတခွင် အလင်းမြင်ရစေသည်။ သို့သော် အမေှာင်ထု ကိုခိုလှုံသောလူများအတွက်မူ လင်းလွန်းသည်။ ရွှံသေးမြေပေါ်မှာစာရေးသကဲ့သို အထင်အရှားဖြစ်စေသည်။ ပင်လယ်သမုဒ္ဒရာ၏ အနက်ကို သိပါသလား။ သေခြင်းတရား၏နက်ရှိုင်းမှု ကမ္ဘာမြေ၏အသက်ကို သိသလားဟုမေးသည်။

၃၈:၁၉-၂၄ ဆက်လက်၍ မူလအရင်းအပြစ်နှင့် အလင်၏ သဘောသဘာဝကို ဖြတ်မေးသည်။ ထိုမေးခွန်းတွင်နေသည် လုံလောက်သောအဖြေမဟုတ်။ အလင်းရောင်သာဖြစ်သည်။ နေကိုဘုရားသခင်ဖန်ဆင်းသည်။ ယောဘသည် ထိုစဉ်ကာလတွင် ရှိနေပြီလား ထိုအရာများကို သိရှိ်ပါသလား။ ဆီးနှင်းနှင့်မိုးသီးများအကြောင်း စုံလင်စွာမသိရှိနိုင်ဘျှင် စစ်နှင့်ဘေးဒုက္ခရောက်သည် အကြောင်းမည်သို့သိနိုင်မည်နည်။ အလင်းရောင်နှင့် အရှေ့လေက ကမ္ဘာကြီးတစ်ခုလုံးလွှမ်းခြုံသည့် အကြောင်းမည်သို့သိနိုင်မည်နည်း။

၃၈:၂၅-၃ဝ နောက်တဖန် ရာသီဥတုအကြောင်း ဆက်မေးသည်။ မိုးရွာသွန်းခြင်း မိုးချိန်းခြင်း မြစ်ချောင်းများ သစ်ပင်ပေါက်ရောက်စေခြင်း ဆီးနှင့် မိုးရေ နှင့်မြူများ၏ အရင်အမြစ်ကိုမေးသည်။ ရေကို ကျောက်တုံးကဲ့သို့မာကြော အောင် ရေမျက်နှာပြင်ကို မှန်ကဲ့သို့ မာတောင့်အောင် မည်သူက ပြုလုပ်သနည်။

၃၈:၃၁-၃၃ မည်သည့် သိပပဘာရှင်ကပမှ နက္ခတ်တာရာ စကြဝဠာဖွဲ့စည်းပုံကို မတိုင်းတာနိုင်ကြပါ။ ဂြိုလ်နတ်က္ခတ်တာရာများနှု့်အစွမ်းသတ္တိများစကို ဘုရားရှင်က ထိန်းချုပ်သည်။ ကမ္ဘာမြေတခုလုံးကို ပိုင်သည်။ လောကတွင် မည်သည့်အစွမ်းအစရှိပါသနည်း။ နားလည်နိုင်စွမ်းရှိပါသလား။

ခေတ်သစ်ကာလတွင် ပညာရှင်များက စကြဝဠာအား ထိန်းချုပ်ရန် ကြိုးပမ်းကြပုံကို ကျမ်းမူအငယ် ၃၁ အပေါ်အခြေတည်၍ ဤသို့ဆိုသည်

လူ့အစွမ်းအစများကို ဟုတ်လှပြီဟု အထင်ကြီး မဟုတ်မှတ်နေလျှင် သဘာဝတရားကြီးက ဟားတိုက်ရယ်ချပေမည်။ မှိတ်တုတ်မှိတ်တုတ်လင်းလက် နေသောကြယ်ပွင့်အကြောင်းကို အသေအချာမသိနိုင်။ နေ၏ အလင်းရောင်အကြောင်း ကိုစုံလင်စွာမသိနိုင်ကြ။ မိမိ အစွမ်းအစကို ချီးမွမ်းခြင်းသည် ကောင်းကင်သားများ၏ ပြောင်လှောင်သရော်စရာဖြစ်သည်။ အထက်မိုးကောင်ကင်ရှိ နေလ ကြယ်များ၏ လွှမ်းမိုးမှုကိုခံနေရကြောင်းကိုလည်း သေချာစွာ မသိကြ။ သဘာဝတရားကြီး၏ ပရိယာယ်ကို နားမလည်နိုင် လှည့်စားမှု ခံနေကြရသည်။ မိုးလေဝသ ရာသီဥတုများသည် ဘုရားသခင်စီမံရာဖြစ်သည် လူမျိုးရိုးသည်လည်း ဘုရားသခင်လက်ထဲမှာရှိသည်။ ဘုရားသခင်မျက်မှောက်တော်တွင်လည်း လူသည် အဘယ်မျှသောသတ္တဝါဖြစ်သနည်။

၃၈:၃၄-၃၈ ဘုရားသခင်၏ ဉာဏ်ပညာတော်ကြီးမားပုံကို မည်သူမှန်းဆတိုင်းထွာနိုင်သနည်။ မိုးရွှာဖို့ အိမ်မိုးဖို့ မည်သည့်လူသားက အမိန့်ပေးနိုင်သနည်း။ဘုရားသခင်၏ ဉာဏ်ပဘာကျပ်ပြန့်မြင့်မားပုံကို ယောဘတွေးဆမိပါသလား။ ဘုရားသခင်ကဲ့သို့ ရာသီဥတုကို စေခိုင်းနိုင် သူတဦးတစ်ယောက်မှမရှိ။ မိုးရွှာမည့်အကြောင်းသိ အောင် ဖားပြုပ်နှင့်မိုးစွေဌက်ကို မည်သူအသိတရား ပေးသနည်။ မြေတစ်ပြင်လုံး ပြန်လည်ကြပ်ခဲအောင်မည်သူပြုလုပ်သနည်။

(၃) သတ္တလောကသို့ စိန်ခေါ်ခြင်း (၃၈:၃၉-၄ဝး၂)

၃၈:၃၉-၄၁ ဩကာသလောကအကြောင်းမေးမြန်းသောအခါ ဘုရားသခင်သည် ယောဘအား သတ္တလောကအကြောင်း ဆက်မေးသည်။ ဘုရာသခင်သည် ယောဘအား `တ္တလောကအကြောင်းဆက်မေးသည်။ဘုရားခင်က ဝေနေယျသတ္တဝါအပေါင်းအပေါ်သို့ လက်တောဆန့်တန်း၍ အစာရေဆာကျွေးမွေးပုံကို ရှင်းပြသည်။ တော်ဘုရင်ခြင်္သေ့မင်းအား မည်သူအစာကျွေးသနည်။ ဂူးအောင်းနေသောသားငယ်များ မည်သို့ အစာစားကြသလဲ သိပါသလား။ ကျီးကန်းကျီးအများသားသမီးကျွေးမွေးပုံကို သိပါသလားဟုဆိုသည်။