ယောဘဝတ္ထု ၄၀

၄ဝး၁-၂ ဘုရားသခင်က ယောဘအား အပြစ်တင်သည်။ ဘုရားသခင်၏ ဘုန်းတန်ခိုးတော်များအပြစ် ရှာခြင်းမပြုရန်တားမြစ်သည်။ အကယ်၍ပညာတရားနှု့်ပြည့်စုံ၍ အစွမ်းအစပြည့်ဝလျှင် ဘုရားသခင်က သူံကိုယ်ခန္ဒာပေါ်တွင် နာရောဂါကျရောက်စေ သည့်အကြောင်း နာလည်လာလိမ့်မည်ဟု ဆိုသည်။

(ခ) ယောဘ၏တုန့်ပြန်စကား (၄ဝး၃-၅)

၄ဝး၃-၅ ဘုရားသခင်က ယောဘအား အပြစ်ဝန်ခံခိုင်းသည်။ အသိညာဏ်ကင်း မဲ့ကြောင်းနှင့် ဘုရားသခင်အား အပြစ်ရှာခြင်း ဝန်ခံခိုင်းသည်။ ယောဘသည်လည်း ကျေနပ်စွာဝန်ခံသည်။ အကျွနုပ်သည် ဆိုးပါသည်။ ကိုယ်တော်အား အလယ်သို့ ပြန်လျှောက်ရပါမည်သနည်။ ကိုယ်နှုတ်ကို ကိုယ့်လက်နှင့် ပိတ်ပါမည် တကြိမ်ပြောမိပြီး နောက်တစ်ခါမပြောတော့ပါ ဟုကတိပေးလိုက်သည်။ ယေဘသည် ဘုရားသခင်၏ စကားတော်ကို နားလည်သဘောပေါက်သောကြောင့် နောက်တဖန် လျှာမရှည်ဝံ့။ နှုတ်ဆိတ်သွားသည်။

(ဂ) ဒုတိယမ္မိ စိန်ခေါ်ခြင်း (၄ဝး၆-၄၁:၃၄)

(၁) လူသားကဲ့သို့တုန့်ပြန်ရန် စိန်ခေါ်ခြင်း

၄ဝး၆-၁၄ ယောဘက နောင်တရပါပြီ မှားမိပါသည်ဟု ဝန်ခံပြီးသောအခါ ဘုရားသခင်သည် မိုစးသက်မိုန်တိုင်းထဲက အသံဖြင့် ယောဘအား ဆက်လက်စိန်ခေါ်သည်။ သူသားကဲ့သို့ သဘောထားတုန်ု့ပြန်ခိုင်းသည် ။ ယောဘက ဘုရားသခင် မတရားအကြောင်း အမျိုးမျိုးစွပ်စွဲပြီး သူ့ကိုသူ့ ဖြောင့်မတ်မှန်ကန် သူဟု ခံယူသည်။ ထိုအသံများကို ဘုရားရှင်ကြားသိပြီးသောအခါ မိုးကြိုးကဲ့သို့ ပြင်းထန်သောစကား ဖြင်ယောဘကို စိန်ခေါ်သည် ။ ဘုရားကဲ့သို့ ဆက်ရုံးရည် နှလုံးရည် ရှိသလော ထူးဆန်းသောတန်ခိုးအာနုဘော်ရှိသလော မာနထောင်လွှားမှုကို ဝန်ခံ၍ အောက်ကျို့နှိမ်ချသလော။ အကယ်၍ ဤအချက်အလက်များကို လိုက်နာဆောင်ရွက်နိုင်လျှင် ယောဘကို ဘုရားသခင်က ယုံကြည်အသိအမှတ်ပြုလိုက်မည်။

(၂) ဗေဟမုတ်မြင်းကိုကြည့်ခိုင်းခြင်း (၄ဝး၁၅-၂၄)

ထို့နောက် ယောဘနှင့်အတူ ဖန်ဆင်းထားသော ဗေဟမုတ်မြင်းကို ကြည့်ရှုသင်ခန်းစာယူခိုင်းထားသည်။ ကျမ်းစာပညာရှု် အချို့က ဗေဟမုတ်မြင်းနှင့်လေဝိသန်ငါးများသည် ရှေးသတ္တဝါများ ဖြစ်၍ သိကာ္ခချဖြင်း ဖြစ်သည်ဟုဆိုကြသည်။

ဗေဟမုတ်ဆိုသည်မှာ ဟေဗြဲဘာသာစကားတွင် အများသူငါနေ့စဉ်သုံးစကားဖြစ်၍ ကျွဲနွားတိရစာ္ဆန် ကိုဆိုလိုသည်။ ဗဟုကိန်း ဖြစ်၍ အဟိတိရစာ္ဆန်များကို သိမ်းကြုံးခေါ်ဆိုဖြင်းဖြစ်သည်။

ဗေဟမုတ်သည် ဘုရားသခင်အမြင်တွင် အကြီးမြတ်ဆုံးသတ္တဝါဖြစ်သည်။ ထိုသတ္တဝါကို နိုင်သော သူသည် ထိုအရာကိုဖန်ဆင်းရှင်တပါးတည်းသာဖြစ်သည်။လေဝိသန်ငါးသည် အကြီးဆုံးဖြစ်သည်။

အဟိတိရစာ္ဆန်လောကတွင် ဗေဟမုတ်သတ္တဝါ အကြီးဆုံးဟု ဘုရားသခင်သတ်မှတ်သည်။ ထိုအကြောင်းကို လူ့အသိဉာဏ်ဖြင့် အတညာ်ပြုနားမလည် နိုင်သော်လည်း အရွက်စား ကုန်းတစ်ပိုင်းရေတပိုင်းသတ္တဝါဖြစ်သည်။ ခွန်းအားအကြီးဆုံးသတ္တဝါဖြစ်သည် ဟုသိရှိရသည်။ စိမ့်စမ်းမြေ အရိပ်ထူသောနေရာတွင် ခိုအောင်းလေ့းရှိပြီး လွယ်လင့်တကူ မတွေ့မြင်နိုင်။ ယောဘသည် ထိုသတ္တဝါကို မစိုးမိုးနိုင်လျှင် ကမ္ဘာလောကကြီးကို မည်သို့ ပိုင်စိုးနိုင်မည် နည်းဟုမေးဖြင်းဖြစ်သည်။

ဗေဟမုတ်ကို တခါတရံ ကြံ့သတ္တဝါနှင့် ခိုင်းနှိုင်း ပြီး ကျမ်းစာဆရာကြီးများက ကျမ်းစာသားပါအတိုင်း ကောကင်ယူကြသည်။ သို့သော်ဘုရားသခင်အမြင်တွင် ကြံ့မဟုတ်သည်မှာ သေချာသည်။ ဆင် မျိုးတုံးသွားပြီဖြစ်သော ဆင်းမျိုးဟုယူဆရသည်။

ခရန်ယာန်ပညာရှင်များက ဗေဟမုတ်သည် ထူးခြားသော သတ္တဝါတမျိုးဖြစ်ရမည်။ အာဖရိက တော်ကြီးမျက်မည်းထဲတွင် ခိုအောင်းတတ်သောသတ္တဝါဖြစ်မည်ဟုဆိုသည်။ ယခုကာလတွင် မတွေ့မြင်ရ တော့သော ဒိုင်နိုဆောကဲ့သို့ သတ္တဝါမျိုးဖြစ်ရမည်ဟု ဆိုသည်။