ယောဘဝတ္ထု ၄၁

(၃) လေဝိသန်ငါးကိုကြည့်ခိုင်းခြင်း အခန်၄၁

ဘုရားသခင်သည် ယောဘ၏ ဆင်ခြေဆင်လက်များကို တည့်တိုးအဖြေမပေးပါ။ သင့်ထက်အဆ ပေါင်းများစွာ တန်ခိုးကြီး၍ အမှုလက္ခဏာပြုူနိုင်သောသူ၏ ဉာဏ်ပညာမြင့်မားပုံနှင့် ချစ်ခြင်းမေတ္တာသည် ကျပ်ပြန့်ပုံကငို သိရှိဝန်ခံစေရမည် ဟုဆိုသည်။

၄၁:၁-၉ ဘုရားစသခင်၏ ဖန်ဆင်းထားသော သတ္တဝါများတွှု် အများနှင့်မတူ တမူတူခြားသောသတ္တဝါမှာ လေဝိသန်ငါးဖြစ်သည်။ ထိုငါး အကြောင်းကို ယောဘ အဘယ်မျှ သိရှိသနည်း။ ဘုရားသခင်က သိစေချင်သည် ။ လက်နှင့်ထိရုံမျှထိကြည့်ပါ။ နောက်တဖန်ရန်ပြုစရာ အကြောင်းရှိတော့မည်မဟုတ် ။ လေဝိသန်ငါးဆိုသည်မှာ စာပေများတွင် တွေ့ရသော ဦးခေါင်းခုနှစ်လုံးရှိသည့် ပင်လယ်နဂါးဖြစ်သည်။ ဝေလိသန်ငါးသည် ရေသတ္တဝါမဟုတ်။

အင်္ဂလိပ်စကားလုံးတွင် အသုံးနေသော Thursday,January နှင့် Hell များသည်လည်း ဗာဟိရဝါဒီမှ ယူဆောင်လာခြင်းဖြစ်သည်။ မူရင်းစာပေတွင် အမှန်တကယ်ရှိသည် ဟုတ်မယုံကြည်ကြ။ ယနေ့ခေတ်ကာလ တွင်ထိုသတ္တဝါရှိခဲ့သည် ဟုမယုံကြည်ကြ။

ဗေဟာမုတ်ကို ကုန်းသတ္တဝါဟု ယူဆလျှင် ဝေလိသန်ငါးသည် ရေသတ္တဝါကို ကိုယ်စားပြုမည်။

၄ဝး၁၀-၁၁ ဘုရားရှင်က မေးခွန်းအလေးအနက်ထုတ်သည်။ ဘုရားသခင်ဖန်ဆင်းထားသော ထိုသတ္တဝါရှေ့မှာ ရပ်တည်နိုင်စွမ်းမရှိကြလျှင် ထိုသတ္တဝါကို ဖန်ဆင်းသော အရှင်သခင်ရှေ့တွင် မည်သည့် လူသားရပ်တည်နိုင်စွမ်းရှိသနည်။ အပြင်ပန်း ခွန်အားနှင့်ပြည့်ဝသော အရှု်သခင်ကို မည်သို့ပြိုင့် ဝံ့မည်နည်း။ထိုအကြောင်းကို Kline ကဤသို့ဆိုသည်။

ကျမ်းချက်၏အဓိကအချက်ဖြစ်သည်။ ယောဘသည်သူ့ အစွမ်းအစမပြည့်စုံမှုကို သဘောပေါက်သွားသည်။ ဖန်းဆင်းထားသောသတ္တဝါကို မအောင်မြင်လျှင် ထိုသတ္တဝါဖန်ဆင်းရှင်ကို မော်ကြည့်ဖို့ရန် မထိုက်တန်။