ယောဘဝတ္ထု ၄၂

(ဃ) ယောဘ၏နှိမ်ချဝန်ခံသောစကား(၄၂:၁-၆)

ယောဘသည် အဆံမရှိ မခံချည်းသာဖြစ်သည်း။ အနှစ်မရှိအကာသာဖြစ်သည်။ ဘုရားသခင်၏ အချုပ်အခြာ အာဏာကြီးမားပုံကို သိရှိသွားသည်။ မလိမ်မိုးမလိမ္မာဖြစ်သည်ပြောမခဲ့ကြောင်း ဝန်ခံသည်။ ကြားရုံသာမက မျက်ဝါးထင်ထင်တွေ့မြင်ရပြီး။ သို့ဖြစ်သူ့ကိုသူမုန်းမိသည် ။ သူ့ဘဝသည် ဖုန်းမှုန့်နှင့်ပြာမျှသာဖြစ်ကြောင်း နောင်တရသည်။ ဘုရားသခင်ကို မျက်ဝါးထင်ထင် မတွေ့မြင်ရသော်လည်း ဘုရားသခင်၏ ဉာဏ်ပဘာတော် တန်ခိုစး ဖန်းဆင်းထားသောအရာများ စောင့်ရှောက်ပုံ ဘုရားသခင်၏ ကြီးမြတ်ပုံတို့ကို တွေ့မြင်ရပြီ။

၁:၁ တွင်ယောဘသည် အပြစ်တင်စရာမရှိသူ ဟုဆိုခဲ့သော်လည်း။ ကျမ်းစာအဆုံးတွင် သူ့ကိုသူ ဘာမှမဟုတ်ကြောင်းဝန်ခံသည်။ ဘုရားတရားသိသော ဘုရားသခင်၏ လူသားများ မိမိဘဝတွင် ရွေးချယ်ရမည် နမူနာပုံစံဖြစ်သည်။ ဆရာကြီး D.L Moody ့ မိမိကိုယ်တိုင် တွေ့မြင်သဘောပေါက်လျှင်ပိုမိုပြည့်စုံသည် ဟုဆိုသည်။

 

၅။ နှုတ်ဆက်ခြင်း ယောဘအောင်ပွဲခံခြင်း(၄၂:၇-၁၇)

(က) ယောဘ၏မိတ်ဆွေများ အလင်းဝင်လာကြခြင်း(၄၂:၇-၉)

ဘုရားသခင်သည် ယောဘ၏ မိတ်ဆွေ များတို့၏ သောက်တလွဲ(အတော်ရိုင်းတာပဲ) ပြောဆိုမှုများကိုလည်း အပြစ်ဆိုသည်။ ယောဘ၏ အနာရောရါသည် အပြစ်ဒုစရိုက်၏ အဖြေဖြစ်ကြောင်း တလွဲတချော်ဆိုခဲ့ကြသည်။ ယောဘ၏ အနာရောရဂါ လူးလှိမ့်ခံစားခြင်းသည် သူတို့ပြောသဲ့သို့ မဟုတ်ပါ။ ဘုရားသခင်၏ အကြံအစည်ဖြစ်သည်။ သို့ကြောင့် အမှောက်အမှားများပြောဆိုခဲ့မှုများအတွက် ယစ်ပူဇော်ရမည်(wtf)။နွားခုနှစ်ကောင်၊သိုးခုနှစ်ကောင် ဖြစ် မီးရှို့ရာ ယစ်ပူဇော်ရသည်။ထိုသို့ဖြင့် ယောဘ၏မိတ်ဆွေများသည်လည်း ဘုရားသခင်၏ သဘောထားအမှန်ကို သိရှိပြီးဖြစ်သည်။ အလင်းဝင်လာကြသည်။ ယောဘကိုလည်းဘုရားသခင်က ပြန်လည်လက်ခံသည်။

(ခ) ပျက်စီးနစ်နာသောစည်းစိမ်ပြန်လည်ရရှိခြင်း (၄၂:၁၀-၁၇)

သူ့မိတ်ဆွေများအတွက် ဆုတောင်းပေးပြီးသည်နှင့်တပြိုင်နက် နစ်နာဆုံးရှုံးခဲ့ရမှုများကို ဘုရားသခင်က နှစ်ဆအလျှော်ပြန်ပေးသည် ။သိုး ကုလားအုပ် နွား မြည်းများ အများအပြားတိုးပွားလာကြသည်.

သား ရ ယောက်နှသ် သမီး ၃ ယောက်သည် ပြန်လည်ထွန်းကားသည်။ သားသမီး ၂ ဆရရှငိခြင်းသည် ပထမ သားသမီးများသည် ကောင်းကင်နိုင်ငံတွင်ရှိနေကြ၍ ယခုနောက်ထပ် ရဦးပြန်လည် ရရှိခြင်းဖြစ်သည်။ အသက်လည်း နောက် ၁၄ဝ ထပ်ရှည်သည်။ ယောဘဝသည် ယခင်ဘဝတွက် စည်းစိမ်ပိုရ အိုဇာတာကောင်းသည်။ သူ့သားသမီးများသည်လည်း ပြိုင်ဘက်မရှိလှပကြသည်။ ယောဘသည် ဘုရားသခင်ကို စောဒကတတ်သော်လည်း စာတန်ခိုင်းသလို မကျိန်ဆဲပါ။

ဘုရားသခင်၏ ကျေးဇူးတော်ငည် နှဏ်လိုဖွယ်ရာကောင်းပါသည်။ စိတ်ဆင်းရဲဖွယ်ရြ အနာရောဂါနှင့် ဆုလာဘ်များ ဆုံးရှုံးခဲ့ရသော်လည်း အသက်အရွယ် အိုခါမှ သားလှမသီးချောယများရရှိသောအခါ အဘယ်မျှ ချစ်အားကြီးမည်နည်း။ သမီးများ၏ နာမည်များကိုလည်း ချစ်စနိုးပေးထားသည်။

၆။ နိဂုံး ယောဘဝတ္တုမှသင်ခန်းစာများ

လူ့ဘဝခံစားချက် ယောဘ၏ခံစားချက်များကို စာဖွဲ့၍ မပီပြင်နိုင်သည့်အကြောင်းကို Wesley Baker ့ဤသို့ထောက်ပြသည် ။

ယောဘဝတ္ထုအဆုံးရှိအဖြေစကားကို စာပန်းချီချယ်၍ မမီနိုင်ပါ။ လူ့ အတွေးအမြင် လူ့စကားဖြင့် နားလည်နိုင်စွမ်းမရှိပါ။

မည်သို့ဖြစ်စေ သေချာစွာ နားလည်နိုင်သော အချက် ၂ ချက်ရှိသည်။

ယော၏ အနာဆင်းရဲဒုကခ ခံစားခြင်းသည့် သူ့အပြစ် ဒုစရိုက်ကြောင့်မဟုတ်ပါ ယုံကြည်ခြင်းသစ္စာမှန်ကန်ကြောင်း ဘုရားသခင်၏ ဆန်းစစ် အတည်ပြုပေးခြင်းဖြစ်သည်။ ဘုရားသခင်က ယောဘ၏ မိတ်ဆွေများကိုလည်း သူ့အပြစ်ကြောင့် ခံရခြင်း မဟုတ်ကြောင်း ရှင်းပြသည်။

ယောဘဝတ္ထုထဲမှ သင်ခန်းစာအချို့ကို ထုတ်နှုတ် ပြသပါမည်။

၁။ ဖြောင့်မတ်သန့်ရှင်းသူများသည်လည်း စုံစမ်းခြင်းမှမကင်းလွတ်။

၂။ စုံစမ်းခြင် ဟူသမျှသည် အပြစ်ဒုစရိုက်ကြောင့်မဟုတ်။

၃။ ဘုရားသခင်သည် ဖြောင့်မတ်သူများအား ပစ်ပယ်မထား။

၄။ ဖျားနာခြင်းနှု့်ဆင်းရဲဒုက္ခများသည် ဘုရားသခင်ထံမှ ရောက်လာသစည်မဟုတ်။စာတန်ထံမှလာခြင်းဖြစ်သည်။

၅: စာတန်သည် ဒုစရိုက်နယ်မြေကို ပိုင်ဆိုးသည်။ သဘာဝလွန် ဘေးဆိုးများ နှင့်သေခြင်းတရား။

၆။ ဘုရားသခင်၏ခွှု့်ပြုချက်ဖြင့် ယုံကြည်သူများသို့လည်း ကျရောက်စေနိုင်သည်။

၇။ ဆင်းရဲဒုက္ခများ ရောက်လာသောအခါ ဘုရားသခင်၏ ခွင့်ပြုချက်ဟုခံယူရမည်လား ညီတွားရမည်လား။

၈။ ဘုရားခင်၏ခွင့်ပြုချက်အရ ရောက်လာ၍ ဘုရားသခင်က ဖ.်ရှားပေးနိုင်သည်ဟု ခံယူသိမှတ်ရမည်။

၉။ဆင်းရဲဒုက္ခခံရသည့်အကြောင်းရင်းများကို ဘုရားသခင်က အမြဲတန်းရှင်းပြလေ့မရှိ။

၁၀။ ဆင်းရဲဒုက္ခခံခြင်းက စိတ်ရှည်ခြင်းဖြစ်ပေါ်စေသည်။

၁၁။သန့်ရှင်းသော သူများ၏ ဆင်းရဲဒုက္ခသည်ဆန်းစစ်ခြင်းဖြစ်သည်။ အပြစ်စီရင်ခြင်းမဟုတ်။

၁၂။ အလည်တခေါက် ရောက်ခြင်းမျိုးဖြစ်သည်။

၁၃။ လူ့နှစ်သိမ့်မှုများသည် မပြည်စုံ။ဘုရားသခင်ဍ်သာငြိမ်သက်ခြင်းပြည်စုံနိုင်သည်။

၁၄။ဘုရားသခင်သည် ကရုဏာတော် ကျေးဇူးတော်ကြီးမားကြောင့် အဆုံးတွင်တွေ့ရသည်။ဘဝ တစ်သက်တာတွင် တခါတရံ အမှားအယွင်းများ ကြုံရတတ်သည်။ ထိုအမှားသည်ဘဝ သင်ခန်းစာယူဖို့ဖြစ်သည်။

၁၅။ ယောဘ၏ အနာရောဂါခံစားရခြင်းသည် ဘုရားသခင်၏ ခွင့်ပြုချက်အရ ခံစားရခြင်းဖြစ်သည်။

၁၆။ ယောဘ၏ သီးခံခြင်းက စာတန်၏ ကောက်ကျစ်လိမ်လည်မှုကို ဖော်ထုတ်ထင်ရှားစေသည်။

၁၇။လူသည်ပတ်ဝန်းကျင်အရာဝတ္ထုများထက် ကြီးမြတ်သည်။။ သို့သော်ဘုရားသခင်ကြီးမြတ်ကြောင်းကို ရိုးသားစွာဝန်ခံရသသည်။

၁၈။ အပေါ်ယံကြောအဆင်းအင်္ဂါရပ်များကိုသာ တန်ဖိုးမဖြတ်သင့်။

၁၉။ စာတန်သည် နေရာတိုင်းတွငမရှိ အရာတိုင်းကိုမသိ တန်ခိုးအစုံမရှိ။

၂၀။ ဘုရားသခင်သည် အနာဒုက္ခခံစားရန် ခွင့်ပြုသော်လည်း လက်လွှတ်စပယ်မလုပ်။

လောကလူသား ယုံကြည်သူများဆင်းရဲဒုက္ခခံရသည့်အကြောင်းကို ယောဘဝတ္ထုနှင့် ယှဉ်၍ အခြားကျမ်းပိုဒ်များကို ကိုးကားဖော်ပြပါမည်။

၁။ တခါတရံလူ့လောကမှာ မပျက်စီးစေချင်သောကြောင့် တရားစီရင်သည်။

၂။ ဝိညာဉ်ရေးရာခွန်အားကြီးမားဖို့ စိတ်ရည်ဖို့ သီးခံဖို့ သွန်သင် ခြင်းဖြစ်သည်။

၃။ ဘုရားသခင်က လူများအား ငြိမ်သက်ဖြင်း ပေးသကဲ့သို့ ယုံကြည်သူအချင်းချင်း ခွန်အားပေးလိုသည်။

၄။ မိမိခံစားရသော ဆင်းရဲဒုက္ခအမျိုးမျိါ်းကို သိရှိခြင်းဖြင့် ခရစ်တော် ခံစားပေးခဲ့ရသော ဆင်းရဲဒုက္ခဝေဒနာကို သဘောပေါက်ပါသည်။

၅။ကောင်းကင်နှင့် မြေကြီးခြားနားပုံ သင်ခန်းစာဖြစ်သည်။ ဘုရားသခင်က သူ့ကိုသာ ချစ်ခင်စေချင်သည်။ သူ့ကိုဘဲ အားကိုတည်မှီစေချင်သည်။

၆။ ဘုရားသခင်က သားတော်ကို ချစ်မြတ်နိုးပုံကို သက်သေပြချင်သည်။

၇။ မိမိ်အစွမ်းဉာဏ်ပဘာကို အားမကိုး ဘုရားသခင်ကိုပါ ကိုးစားစေချင်သည်။

၈။ ဘုရားသခင်က သူ့လူများအား စုစည်းခြင်းဖြစ်သည်။

၉။ အနာဂတ်တွင် ဘုန်းတန်ခိုးတွေ့မြင်ထင်ရှားရာဖြစ်သည်။

၁၀။ လူ့တို့မခံနိုင်သော ဆင်းရဲဒုက္ခကို ဘုရားသခင်က မခံစားခိုင်းပါ ။ ထာဝရဘုရားသည် မိမိအမှုကို လတ်စသတ်တော်မူရာမှာ အလွန်သနားစုံမက်တော်မူကြောင်းကိုလည်း သိမြင်ကြရပြီ။